၂၀၂၅ ရွေးကောက်ပွဲကို နိုင်ငံတကာကို စောင့်ကြည့်လေ့လာခွင့်ပေးမယ်လို့ ရွေးကော်ဥက္ကဋ္ဌပြော

ဒီဇင်ဘာ ၈

လာမယ့် ၂၀၂၅ ခုနှစ်မှာ ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲမှာ ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို စောင့်ကြည့် လေ့လာခွင့် ပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောလိုက်ပါတယ်။

၂၀၁၅ ခုနှစ်မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲပုံစံအတိုင်း လေ့လာစောင့်ကြည့်ခွင့်ပေးသွားမှာ ဖြစ်တယ်လို့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ ဒီဇင်ဘာ ၇ ရက်က နေပြည်တော်မှာ တွေ့ဆုံချိန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲကို ရွေးကောက်ပွဲကို တရုတ်နိုင်ငံက ထောက်ခံထားပြီး၊ ရုရှား၊ အိန္ဒိယနဲ့ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့က နည်းပညာအကူအညီပေးမယ်လို့ ထုတ်ပြောထားချိန်မှာ ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို စောင့်ကြည့်လေ့လာခွင့်ပြုမယ်လို့ ပြောလာတာဖြစ်ပါတယ်။

အခုခွင့်ပြုမယ့်အထဲမှာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်တွေကိုစောင့်ကြည့်လေ့လာတာ၊ မဲလက်မှတ်တွေကို ရိုက်နှိပ်တာကို စောင့်ကြည့်လေ့လာတာ၊ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုတွေကို စစ်ဆေးတာနဲ့ ဆုံးဖြတ်တာတွေကို စောင့်ကြည့်လေ့လာတာတွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။

ဦးကိုကိုကတော့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ပြည်တွင်း၊ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့တွေကို လေ့လာခွင့်ပဲပေးခဲ့ပြီး စောင့်ကြည့်ခွင့်မပြုခဲ့ဘူးလို့ သူက စွပ်စွဲပြောဆိုပြီး ၂၀၂၅ ရွေးကောက်ပွဲကို လေ့လာခွင့်ရော၊ စောင့်ကြည့်ခွင့်ပါပေးမယ်လို့ ပြောပါတယ်။

အဲဒီတွေ့ဆုံပွဲကို မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး ပါတီ ၅၃ ပါတီက ဥက္ကဋ္ဌတွေနဲ့ ခေါင်းဆောင်တွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်။

ဒီတွေ့ဆုံပွဲ မတိုင်ခင်တုန်းကတော့ ပါတီတွေဟာ အခုတွေ့ဆုံပွဲ မတိုင်ခင်တုန်းကတော့ နိုင်ငံရေးပါတီတွေဟာ စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဥက္ကဋ္ဌတာဝန်ယူထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့လည်း တွေ့ဆုံထားပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ဖွဲ့စည်းပုံဆိုင်ရာ ပြင်ဆင်ဖို့ သင့်တဲ့သုံးသပ်ချက်တွေကို ပြဋ္ဌာန်းချက်တွေကို ဆွေးနွေးထားတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image
image
image
image

အောင်ပန်းမှာ ကုန်စိမ်းပွဲတော် နှစ်ရက်ကြာ ကျင်းပမယ်

ဒီဇင်ဘာ ၈

တောင်သူတွေ ဈေးကွက်ကောင်း ရရှိစေဖို့ရည်ရွယ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့မှာ ကုန်စိမ်းပွဲတော်ကို ဒီဇင်ဘာလ ၁၁ရက်ကနေ ၁၂ရက်အထိ ၂ရက်ကြာ ကျင်းပပြုလုပ်သွားမယ်လို့ ပွဲကျင်းပရေးတာဝန်ရှိသူတွေထံကနေ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှ စိုက်ပျိုးထွက်ရှိတဲ့ ငရုတ်၊ ကြက်သွန်နဲ့ ဂျင်း(ချင်း)သီးနှံကုန်စည်ပြပွဲကို အောင်ပန်းမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီပြပွဲကို ကလော၊ အောင်ပန်းနဲ့ ပင်းတယဒေသရှိ တောင်သူတွေအတွက် အဓိကကျင်းပခြင်းဖြစ်သလို တောင်သူတွေအနေနဲ့ အစုအဖွဲ့လိုက် ရောင်းဝယ်တတ်စေဖို့နဲ့ ဈေးကွက်ကောင်းတွေရရှိစေဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။

“အဓိကကတော့ ဒီကတောင်သူတွေက ဈေးကွက်ချိတ်ဆက်မှုအားနည်းတယ်။ ပြီးတော့ နယ်ဝေးကိုဆို ကုန်စည်တင်ပို့ဖို့ မဝံ့မရဲဖြစ်နေကြတာတွေ ရှိတယ်။ အခုထက်ပိုပြီး ကုန်စိမ်းတွေ၊ သီးနှံတွေ ဈေးကောင်း ရရှိလာစေဖို့နဲ့ ဈေးကွက်တစ်ခု ခိုင်ခိုင်မာမာရရှိလာစေဖို့ ဒီပွဲကိုကျင်းပပေးတာ ဖြစ်ပါတယ်”လို့ ပွဲကျင်းပရေးတာဝန်ခံတယောက်က ပြောပါတယ်။

အဲဒီပြပွဲမှာ ဝယ်ယူသူတွေအနေနဲ့ တောင်သူတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်မယ့်အပြင် စိုက်ပျိုးသူတွေ အဆင်ပြေစေဖို့ ပြပွဲကို (၁၅) ရက် တစ်ကြိမ်ကျင်းပမှာဖြစ်ပြီး တောင်သူဈေးနဲ့အတူ ပွဲရုံ၊ ကုန်သည်၊ ကုန်စည်ဒိုင်တွေ ဈေးကောင်းရရှိစေဖို့ အခြေခံဈေးနှုန်းတွေ သတ်မှတ်ဝယ်ယူပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တောင်သူတွေအတွက် စိုက်ပျိုးနည်းပညာအပြင် ဒေသမျိုးသန့်မျိုးစေ့တွေ၊ ဆိုလာရေသွင်းစက်တွေ၊ မြေသြဇာတွေနဲ့ စိုက်ပျိုးစရိတ် ကြိုတင်ထုတ်ပေးတဲ့ ဝန်ဆောင်မှုတွေကိုပါ တနေရာတည်းမှာ ရရှိနိုင်မှာဖြစ်သလို ပြည်တွင်း၊ ပြည်ပ ဈေးကွက်တွေနဲ့လည်း အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-Local

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

လောကကြီးကို အကြောတင်းတင်းနဲ့
ဖြတ်သန်းနေတဲ့ လူတယောက်ရဲ့အတိ!တ်မှာ
သူ့ကိုခေါင်းမထော!င်နိုင်အောင် ဖိနှိ!ပ်ခဲ့တဲ့ လက်တွေရှိတယ်...

ဘယ်တော့မှ ရင်မခုန်တတ်တော့တဲ့
အသည်းမာသူတယောက်ရဲ့ နောက်ကွယ်မှာ
သူ့အသည်းကို ပြန်ဆက်လို့မရအောင်
ခွဲခဲ့ဖူးတဲ့ သူတစ်ယောက်ရှိတယ်...

အရင်းနှီးဆုံးပါဆိုတဲ့ လူတွေကိုတောင်
မယုံကြည်ပေးနိုင်တဲ့ လူတယောက်ရဲ့
နောက်ကျောမှာ တချိန်က သူအရမ်းယုံခဲ့တဲ့သူတွေ
စိုက်ထားတဲ့ ဓားအပြည့်ရှိတယ်...

ခပ်ချေချေနေတတ်ပြီး လူတွေကို
အဖ!က်မလုပ်တတ်တဲ့ လူတစ်ယောက်ရဲ့အတိတ်မှာ
ကိုယ့်အကူအညီယူပြီးမှ အောင်မြင်သွားတဲ့
ကျေးဇူးကန်းတွေရှိတယ်...

တယောက်တည်း နေတတ်လာခြင်းရဲ့
နောက်ကွယ်မှာ သာပေါင်းညာစားပြီး ကောင်းချင်ယောင် ဆောင်ထားတဲ့ သူငယ်ချင်းကောင်းတွေ ရှိခဲ့ဖူးတယ်...

တကောင်တည်းနေတဲ့ ခြင်္သေ့ဆိုတာ
လွယ်လွယ်နဲ့ ဖြစ်လာတာတော့ မဟုတ်ဘူး...

လောကကြီးထဲမှာ ကိုယ့်အပေါ်
မကော_င်းတဲ့ သူတွေကို တို!က်ရင်းခို_က်ရင်း
သ_တ်ရင်းပု_တ်ရင်း ဖြတ်သန်းပြီးမှ ခြင်္သေ့ဖြစ်လာတာပါ။

image
1 y - Translate

One day, I will drive my own car 🤞☘️

image
1 y - Translate

One day, I will drive my own car 🤞☘️

image
1 y - Translate

One day, I will drive my own car 🤞☘️

image
1 y - Translate

One day, I will drive my own car 🤞☘️

image
1 y - Translate

One day, I will drive my own car 🤞☘️

image
1 y - Translate

One day, I will drive my own car 🤞☘️

image
1 y - Translate

One day, I will drive my own car 🤞☘️

image