Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သည်းခံတယ်ဆိုတာလည်း အတိုင်းအတာရှိတယ်...တဲ့
သူတို့ပြောကြတယ်...
ဟုတ်ကောင်းဟုတ်နိုင်ပါတယ်...
ဒါပေမယ့် တစ်ခါတစ်လေကျတော့
အဲ့ဒီအတိုင်းအတာကိုကျော်လာခဲ့လည်း
ကျနော်တို့တွေ မသိချင်ယောင်ဆောင်ပြီး
ခွင့်လွှတ်ထားခဲ့ကြတာပဲ...
ဘာဖြစ်လို့လဲဆိုတော့
အချစ်ဆုံးဖြစ်နေလို့ပါပဲ...
- မိုးနေ့ l အပိုင်းအစများ
လတန်ဆောင်တိုင်ရဲ့ အထူးအမြတ်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ဆီမီးများ ကပ်လှူပူဇော်ပြီး၊ ဆရာသမား၊လူကြီးမိဘတွေကို ရှိခိုးကန်တော့ရင်း သာယာဖြောင့်ဖြူးတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ UpdateNews မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျ…
#updatenews
ဒေလီမှာ မီးခိုးမြူတွေကြောင့် မူလတန်းကျောင်းအားလုံး ပိတ်ထားရ
နိုဝင်ဘာ ၁၅
အိနိ္ဒယနိုင်ငံ ဒေလီမြို့မှာ လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာတာကြောင့် မူလတန်းကျောင်းအားလုံးကို ပိတ်ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဒေလီနဲ့မြောက်ပိုင်း ပြည်နယ်တွေမှာ အပူချိန်ကျဆင်းခြင်း၊ မီးခိုးတွေ၊ ဖုန်မှုန့်တွေ၊ လေတိုက်နှုန်းနည်းတာနဲ့ မော်တော်ယာဉ်တွေကနေ မီးခိုးထုတ်လွှတ်တာတွေနဲ့ ကောက်ပဲသီးနှံစိုက်ခင်းတွေကို မီးရှို့တာတွေကြောင့် ဆောင်းရာသီမှာ မီးခိုးမြူတွေ နှစ်စဉ်ကျရောက်လေ့ရှိပါတယ်။
မြို့တော်ကို ဖုံးလွှမ်းနေတဲ့ မီးခိုးမြူတွေကြောင့် မူလတန်အားလုံးကို ပိတ်ထားပြီး အွန်လိုင်းကနေ သင်ကြားမှုပြောင်းလဲ ပြုလုပ်မယ်လို့ မြို့တော်ဝန် အာတီရှီမာလီနာဆင့်ချ်ကဆိုပါတယ်။
ဒေလီနဲ့ အနီးနားရှိမြို့တွေမှာတော့ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ လေထုညစ်ညမ်းမှုတွေ ကြုံတွေ့နေရပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဘေးကင်းတယ်လို့ သတ်မှတ်ထားတဲ့ လေထုအဆင့်ထက် အမှုန်အမွှားတွေဟာ အဆ ၅၀ ပိုမိုပါဝင်နေတယ်လို့ ပြောပါတယ်။
လေထုညစ်ညမ်းမှုကြောင့် ဒေလီဒေသခံတွေဟာ မျက်လုံးယားယံခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။ မြို့တော်ဒေလီမှာ နေ့စဉ်လူသေဆုံးမှုရဲ့ ၇ ဒသမ ၂ ရာခှိုင်နှုန်းဟာ အမှုန်အမွှားတွေနဲ့ လေထုညစ်ညမ်းမှုများကြောင့်ဖြစ်တယ်လို့ ဇူလိုင်လမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။
Ref:BBC
Photo:Reuters
Credit - VOM
#သတင်းဟင်းလေးအိုးကြီး
ပြည်မြို့ ရွှေဆံတော်ဘုရားပွဲ အပျော်စီးပင်လယ်ဓားပြလှေ မတော်တဆမှုဖြစ်ပွား
နိုဝင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ရွှေဆံတော်ဘုရားပွဲမှာ အပျော်စီးပင်လယ်ဓားပြလှေ လူတက် လှေကားပြိုကျမှု နိုဝင်ဘာ ၁၄ ရက် ညပိုင်းမှာ ဖြစ်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“လူအရမ်းများတော့ တစ်ခါတည်းပြုံတက်ရာကနေ လှေကားက နိမ့်ကျသွားတဲ့သဘောပေါ့။ ထိခိုက်တာတော့ မရှိဘူးထင်တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပုံစာ - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်ညပိုင်းမှာ မတော်တဆမှုဖြစ်ခဲ့တဲ့ ကျော်သူမိုး အပျော်စီးပင်လယ်ဓားပြလှေ
ဓာတ်ပုံ - CJ
#centralnewsnaypyitaw




ကိုယ့်ချစ်သူက ဖောက်ပြန်သွားတဲ့အခါ ကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့ ၊ ဝမ်းမနည်းနဲ့ ၊ ကိုယ့်တက်လမ်းအတွက် ပိုကြိုးစားပါ ၊ ရင့်ကျက်အောင်နေထိုင်ပါ ။ တစ်ချို့လူတွေနဲ့ ဝေးကွာရခြင်းဟာ ပိုကောင်းတဲ့သူတစ်ယောက်နဲ့တွေ့ရဖို့လို့သာ သတ်မှတ်ထားပါ။
တစ်ချိန်မှာ ချစ်သူတစ်ယောက်ကို ပြန်ရှာတွေ့မှာပဲ ။ အရင်လူထက် ပိုကောင်းတဲ့သူ ၊ ပိုနွေးထွေးတဲ့သူ ၊ ပိုဂရုစိုက်ပြီး ချစ်တက်တဲ့သူ ၊ ဒီလူနဲ့ ဆုံတွေ့ခွင့်ရခဲ့လို့ ထားသွားခဲ့တဲ့အရင်လူကို ကျေးဇူးတင်မိတဲ့အထိ အချစ်ခံရပါလိမ့်မယ် ။
တစ်ကြိမ်တစ်ခါလွဲချော်သွားတိုင်း ကျရှုံးသွားတယ်လို့ မဆိုသာပါဘူး ။ ပိုကောင်းတဲ့အရာတွေရောက်လာဖို့ လမ်းဖယ်ပေးရခြင်းလဲ ဖြစ်နိုင်ပါတယ်။
ဘယ်အခြေအနေမျိုးမှာမဆို ပိုကောင်းဖို့ဖြစ်လာတယ်လို့ တွေးလိုက်ရင် တစ်ဝက်လောက်က အေးချမ်းသွားတာပဲ.....။
#crd??