YBS ကဒ်စက်များ ပိတ်ထားသော ယာဉ်မောင်းများကို ထိရောက်စွာ အရေးယူတော့မည်ဟုဆို

ဒီဇင်ဘာ ၂၀

YBS ကဒ်စက်များ ပိတ်ထားသော ယာဉ်မောင်းများကို ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျင်ကျင့်မာန် က ပြောသည်။

၎င်းက ဒီဇင်ဘာ ၁၉ ရက်တွင် YRTC ရုံးချုပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဝန်ကြီးချုပ်ကနေပြီးတော့ ကျွန်တော်တို့ YRTC နဲ့ပတ်သက်ပြီးတော့ မှာကြားတဲ့ဟာတွေရှိပါတယ်။ YBS များ စီးနင်းရာမှာ အဆင်ပြေစွာစီးနင်းနိုင်ရေး ဆောင်ရွက်ထားတဲ့ YBS ကဒ်များ အသုံးပြုဖို့ အဆင်မပြေခြင်း ဖြစ်ပေါ်နေ ခြင်း၊ ခါးပိုက်နှိုက်များ ပပျောက်သွားစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန် YBS ယာဉ်ပေါ်မှာ မီးသတ် ဆေးဗူးများ အားလုံးထားရမည်ဆိုတဲ့ဟာတွေ အဲဒီ သုံးချက် မှာကြားပါတယ်” ဟု ဦးလျန်ကျင့်မာန်က ပြောသည်။

YPS ကတ်ကို အသုံးပြု၍ ယာဉ်စီးခပေးချေနိုင်သည့် ယာဉ်လိုင်းပေါင်း (၉၈) လိုင်းရှိပြီး ယာဉ်အစီးရေပေါင်း (၃၉၅၁) ခန့်ရှိကြောင်း သိရသည်။

“YBS ကဒ်တွေ အသုံးပြုလို့မရအောင်လုပ်ရင် CCTV တို့၊ Telematic Device တို့ အဲဒီစက်တွေအားလုံး သုံးလို့ မရအောင် ဆောင်ရွက်ထားတဲ့ ယာဉ်မောင်းတွေကို အရေးယူဖို့ ကျွန်တော်တို့ အဲဒီလိုမျိုးဖြစ်တဲ့ယာဉ်မောင်းတွေကို စုံခုံစစ်ဆေးပြီး‌တော့ ထိထိရောက်ရောက် အရေးယူဖို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော့်အနေနဲ့ စက်တွေဘာတွေ သုံးလို့မရအောင် လုပ်ထားတဲ့ယာဉ်မောင်းတွေဆိုရင် Asia Starmar Transport Intelligent ကနေပြီး‌တော့ အွန်လိုင်းမှာ Active ဖြစ်၊မဖြစ် သူတို့ဆီက စစ်ဆေးမယ်။ Active မဖြစ်ရင် ကျွန်တော်တို့အနေနဲ့ အဖွဲ့နဲ့ပူးပေါင်း ပြီး‌တော့ အဲဒီယာဉ်ကိုသွားရောက်ပြီးတော့ စစ်ဆေးပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တွေ့ရှိရင် စုံခုံ စစ်ဆေးမယ်။ စုံခုံစစ်ဆေးပြီးတော့ သူ့ဟာသူ စက်ရဲ့ချို့ယွင်းမှုမဟုတ်ဘဲနဲ့ ယာဉ်မောင်းတို့၊ ဟန့်တားတဲ့ဟာမျိုး၊ လူပရောဂကြောင့် ဖြစ်တယ်ဆိုရင် စုံခုံတွေ့ရှိချက်အရ ယာဉ်မောင်းကို ထိထိရောက်ရောက်အရေးယူသွားမှာ ဖြစ်ပါတယ်။ YBS ယာဉ်တွေ မောင်းခွင့်မပြု၊ မပေးတဲ့အထိ ထိရောက်စွာအရေးယူသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်များအားလုံး မီးသတ်ဆေးဗူးများ ဆောင်ထားရန် YBS ကုမ္ပဏီများကို ညွှန်ကြားထားပြီဖြစ်သဖြင့် မကြာခင်အချိန်အတွင်း စစ်ဆေးသွားမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက ဒဏ်ကြေးငွေ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ယာဉ်စီးခပေးချေရန် YBS ကဒ်အသုံးပြုသူဦးရေမှာ (၂)သိန်းကျော်ရှိပြီး QR Code အသုံးပြုရန် App Download ပြုလုပ်ပြီးသူ ဦးရေမှာ (၁)သိန်းခွဲကျော်ရှိကြောင်း ASIA ၏ အချက်အလက်အရ သိရသည်။ ထို့ပြင် YBS ယာဉ်လိုင်းပေါင်း (၁၃၂)လိုင်း၊ ယာဉ်အစီးရေ (၃၅၀၀) ကျော်ဖြင့် လူဦးရေ (၁၅)သိန်းကို နေ့စဉ်ပို့ဆောင်ပေးလျက်ရှိ ကြောင်း YRTC ၏ အချက်အလက်များအရ သိရသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image
2 yrs - Translate

ခုအချိန်ဆို ကလောမှာ
သော်ကပန်းတွေလှနေပြီ...🌿🧡
ကလောကိုအလည်လာရင်မြင်ရမယ့်သော်ကပန်းအလှ🌼
#popular Paoh Stars
Tin Soe Aung(ဓာတ်ပုံ)
#crd

image
2 yrs - Translate

ခုအချိန်ဆို ကလောမှာ
သော်ကပန်းတွေလှနေပြီ...🌿🧡
ကလောကိုအလည်လာရင်မြင်ရမယ့်သော်ကပန်းအလှ🌼
#popular Paoh Stars
Tin Soe Aung(ဓာတ်ပုံ)
#crd

image
2 yrs - Translate

ခုအချိန်ဆို ကလောမှာ
သော်ကပန်းတွေလှနေပြီ...🌿🧡
ကလောကိုအလည်လာရင်မြင်ရမယ့်သော်ကပန်းအလှ🌼
#popular Paoh Stars
Tin Soe Aung(ဓာတ်ပုံ)
#crd

image
2 yrs - Translate

ခုအချိန်ဆို ကလောမှာ
သော်ကပန်းတွေလှနေပြီ...🌿🧡
ကလောကိုအလည်လာရင်မြင်ရမယ့်သော်ကပန်းအလှ🌼
#popular Paoh Stars
Tin Soe Aung(ဓာတ်ပုံ)
#crd

image
2 yrs - Translate

ခုအချိန်ဆို ကလောမှာ
သော်ကပန်းတွေလှနေပြီ...🌿🧡
ကလောကိုအလည်လာရင်မြင်ရမယ့်သော်ကပန်းအလှ🌼
#popular Paoh Stars
Tin Soe Aung(ဓာတ်ပုံ)
#crd

image
image
image
image
2 yrs - Translate

ကမ္ဘာ့ ပထမဆုံး ရေအောက်ဟိုတယ်။
(တည တည်းခိုခ သိန်း ၂၂၀၀ ဝန်းကျင်ရှိပါတယ်။)
ကမ္ဘာပေါ်က ပထမဆုံး ရေအောက်ဟိုတယ်ကတော့ မော်လ်ဒိုက်မှာ ရှိပါတယ်။ ၂၀၁၈ ခုနှစ်ကတည်းက ဖွင့်လှစ်ထားတာပါ။
ကွန်ရတ် မော်လ်ဒိုက် ရမ်ဂါလီ (Conrad Maldives Rangali) ကျွန်းမှာ တည်ရှိတာဖြစ်ပြီး ဟိုတယ်နာမည်က "မူရာကာ" (Muraka) ဖြစ်ပါတယ်။
အ‌ဓိပ္ပါယ်ကတော့ ဒေသသုံးစကားနဲ့ဆို "သန္တာ"လို့ အမည်ရပါတယ်။
ဟိုတယ်က နှစ်ထပ်အ‌ဆောက်အဦဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ ရေမျက်နှာပြင်အောက် ၁၆ ပေအနက်မှာ ဆောက်လုပ်ထားတဲ့အတွက် သင့်ဘေးပတ်ပတ်လည်မှာ ငါးတွေကူးခပ်နေတာကိုကြည့်ပြီး အိပ်ရာဝင်နိုင်ပါတယ်။
ဟိုတယ်မှာ အိပ်ခန်း ၃ ခန်းအပြင် သီးသန့် အားကစားရုံ၊ဘား နဲ့ ရေကူးကန်တို့ပါဝင်ပြီး ၂၄ နာရီဝန်ဆောင်မှု ပေးပါတယ်။
ဟိုတယ်ရဲ့အပေါ်အထပ်ကတော့ အပန်းဖြေအနားယူစရာ ကုန်းပတ်ရှိပါတယ်။
အဲဒီအထပ်ကတော့ ရေမျက်နှာပြင်ပေါ်မှာဖြစ်ပြီး ဧည့်သည်တွေ နေပူဆာလှုံနိုင်ပါတယ်။
ဒီဟိုတယ်အခန်းတခုလုံးကို စင်ကာပူက ကမ္ဘာ့အဆင့်မီ အင်ဂျင်နီယာများက ပူးပေါင်းတည်ဆောက်ပြီးမှ မော်လ်ဒိုက်ကို အထူးသင်္ဘောနဲ့ ပို့ဆောင်ထားခြင်းဖြစ်ပါတယ်။
ဒီရေအောက်ဟိုတယ်မှာ တစ်ည တည်းခိုစရိတ်ကတော့ ဒေါ်လာ ၅ သောင်း ဖြစ်ပြီး မြန်မာငွေဖြင့်ဆိုရင် တညကို သိန်း ၂၂၀၀ ဝန်းကျင် ရှိပါတယ်။
တည်းခိုသူတွေဟာ သီးသန့် စားဖိုမှူးတဦးနဲ့ လှေတစင်းကို စိတ်ကြိုက်အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။
ဒီလို ငွေအများကြီးအကုန် မခံချင်ဘူးဆိုရင်တော့ ရေအောက်ဟိုတယ်က ရေအောက် စားသောက်ဆိုင်မှာ သွားရောက်စားသောက်ပြီး ရေအောက်အတွေ့အကြုံများကိုလည်း ခံစားနိုင်ပါတယ်။
ကဲ...ရုပ်ရှင်တွေထဲကလို ရေအောက်ကမ္ဘာမှာ ငါးတွေနဲ့အတူတူ အိပ်နိုင်ဖို့ သွားတည်းကြပါစို့။
#မော်လ်ဒိုက်
#ရေအောက်ဟိုတယ်
#crd_photo

image

ဗီယက်နမ်နဲ့ပွဲကို မောင်မောင်လွင် ပွဲပယ်ကြောင့် လွဲချော်မည်

ဒီဇင်ဘာ ၂၀

မြန်မာအသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ မောင်မောင်လွင်ဟာ ပွဲပယ်ကြောင့် ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင် မယ့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်ကို လွဲချော်မယ်လို့ နည်းပြ ဦးမျိုးလှိုင်ဝင်းက အတည် ပြုခဲ့ပါတယ်။

မောင်မောင်လွင်ဟာ မြန်မာအသင်းက လာအိုအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အာဆီယံချန်ပီယံရှစ် ပွဲစဉ်မှာ အဝါကတ် ပြသခြင်းခံခဲ့ရတာပါ။

မြန်မာအသင်း တောင်ပံကစားသမား မောင်မောင်လွင်ဟာ အဖွင့်ပွဲစဉ်ဖြစ်တဲ့ အင်ဒိုနီးရှားအသင်းနဲ့ ပွဲစဉ်မှာလည်း အဝါကတ် ပြသခံခဲ့ရတာကြောင့် အုပ်စုတွင်းမှာ အဝါကတ် ၂ ကြိမ်ထိခဲ့လို့ ၁ ပွဲပယ်ခံရမှာဖြစ်ပါတယ်။

အဲဒါကြောင့် မောင်မောင်လွင်ဟာ မြန်မာအသင်းရဲ့ အရေးကြီး ပွဲစဉ်ဖြစ်တဲ့ ဗီယက်နမ် အသင်းနဲ့ပွဲစဉ်ကို ပါဝင် နိုင်တော့မှာ မဟုတ်ပါဘူး။

မောင်မောင်လွင်ဟာ ၂၀၂၄ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်ဖြစ်တဲ့ ဖိလစ်ပိုင်အသင်းနဲ့ပွဲစဉ်မှာ မြန်မာအသင်းအတွက် ပြစ်ဒ-ဏ်ဘောကန်ချက်ကနေ တိုက်ရိုက် ဂိုးသွင်းယူနိုင်ခဲ့တာပါ။

မြန်မာအသင်းနည်းပြ ဦးမျိုးလှိုင်ဝင်းက မောင်မောင်လွင် မပါဝင်နိုင်ပေမယ့် ဗီယက်နမ်အသင်းနဲ့ပွဲစဉ်က အရေးကြီးတဲ့ပွဲဖြစ်လို့ ရလဒ်ကောင်းရဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။

မြန်မာအသင်းဟာ အာဆီယံ ချန်ပီယံရှစ် အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေတာပါ။

ဗီယက်နမ်အသင်းက အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၇ မှတ်နဲ့ အုပ်စုတွင်း ထိပ်ဆုံးနေရာ ရပ်တည်နေပြီး အင်ဒိုနီးရှားအသင်းက ၃ ပွဲကစား ရမှတ် ၄ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေကာ ဖိလစ်ပိုင်အသင်းက ၃ ပွဲ ကစား ရမှတ် ၃ မှတ်နဲ့ စတုတ္ထ၊ လာအိုအသင်းက ၄ ပွဲကစား ရမှတ် ၂ မှတ်နဲ့ အုပ်စုနောက်ဆုံးနေရာ ရပ်တည်နေပါ တယ်။

အုပ်စုနောက်ဆုံး ပွဲစဉ်တွေအဖြစ် ဒီဇင်ဘာ ၂၁ ရက်မှာ ဗီယက်နမ်နဲ့ မြန်မာအသင်း၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် အသင်းတို့ ယှဉ်ပြိုင်ရမှာပါ။

မြန်မာအသင်းအနေနဲ့ နောက်တဆင့် တက်နိုင်ဖို့အတွက် ဗီယက်နမ် အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရလဒ် ရယူနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

ပုံ - မောင်မောင်လွင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image

Fashion

ရန်ကုန်မှာ တစ်ရက် ၁၂ နာရီ လျှပ်စစ်မီးပျက်မည်

ဒီဇင်ဘာ ၂၀

ရန်ကုန်တိုင်းအတွင်း ဓာတ်အားစနစ်လိုအပ်ချက်အရ အုပ်စု A နှင့် အုပ်စု B နှစ်ခုခွဲ၍ တစ်ရက်လျှင် ၈ နာရီ လျှပ်စစ်မီးပျက်ရာမှ ဒီဇင်ဘာ ၁၉ ရက် (ယနေ့) မှစတင်ပြီး ည ၉ နာရီမှ မနက် ၁ နာရီအထိ ဓာတ်အားလျှော့ချထားမှုတစ်ချိန် ထပ်မံတိုးမည်ဖြစ်၍ တစ်ရက်လျှင် ၁၂ နာရီအထိ မီးပျက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အား‌ပေးရေးကော်ပိုရေးရှင်း(YESC)က ကြေညာထားသည်။

ယနေ့တွင် အသစ်ထုတ်ပြန်လိုက်သည့် လျှပ်စစ်ဓာတ်အား ပိတ်ထားမည့် အချိန်စာရင်းအရ နံနက် ၅ နာရီမှ နံနက် ၉ နာရီအထိ Group A ၊ မနက် ၉ နာရီမှ နေ့လယ် ၁ နာရီအထိ Group B ၊ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ Group A ၊ ညနေ ၅ နာရီမှ ည ၉ နာရီအထိ Group B ကိုပေးပြီး ည ၉ နာရီမှ နောက်နေ့ နံနက် ၁ နာရီအထိ မီးစတင်ပေးသည့် Group A ကို ဓာတ်အားပိတ်ထားမည်ဖြစ်သည်။

သို့သော် ​နေ့စဉ် နံနက် ၁ နာရီမှ မနက် ၅ နာရီအထိ Group A နှင့် B နှစ်စုလုံးအား ဓာတ်အားပေးထားမည်ဖြစ်ကြောင်းနှင့် စက်မှုဇုန်များအား Group A နှင့် B ခွဲ၍ လျှပ်စစ်ဓာတ်အားပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

#သတင်းဟင်းလေးအိုးကြီး

image