Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကြက်အူ အာလူးမဆလာ ဟင်းပါ
......................................................
ကြက်အူကိုင်ရတာ အင်မတန်လက်ဝင်ပါတယ်နော်.
ဒါတောင် စျေးသည်က ကြက်အူတွေကိုင်ပေးလိုက်တာ အိမ်ရောက်တော့
ကြက်အူတွေကို ဇကာထဲထည့် လက်အိပ်စွပ်
(ဒေါ်ခကတော့ ရာဘာလက်အိပ် အသေး ဆောင်ထားပါတယ် ကြွပ်ကြွပ်အိတ်တွေက
သိပ်အဆင်မပြေပါဘူး)
ကျောက်ချဉ်တုံးထည့် ဇကာထဲမှာပွတ်တိုက်ပြီး အညှိတွေထုတ်ရေနဲ့ဆေး တခါ ဇလုံထဲ မှာ ဗာနီကာရည်နဲ့ နယ်ပြီး ၂ခါဆေး အနှစ်တွေညှစ်ချ ရေနဲ့ ၃ထပ်ဆေးပြီးမှ သန့်စင်တဲ့ကြက်အူတွေရပါတယ်
အဲတော့မှ အထုံးလေးတွေထုံး ဂျင်းရည်ညှစ် ဆနွင်းထည့် ကြက်သားမှုန့်ထည့်ပြီး နယ်ကာ နှပ်ထားရတာ ပြီးမှ အိုးထဲထည့် နာနတ်ပွင့်၂ပွင့်ထည်ု့ပီး သူ့ရေနဲ့သူခမ်းအောင်ပြုတ်ပါတယ် ။
ဒါဆို ညှီနံ့ကင်းတဲ့ ကြက်အူရပါပြီ။
ချက်တော့မယ်ဆို .....
အာလူးကို အခွံနွှာ ၄စိတ်စိတ် ရေဆေးပြီး ဆီနဲနဲနဲ့ကြော်ပါတယ် အပေါ်ယံတင်းပြီဆိုရင် ဆယ်ထားပြီးတော့ အဲဒီဆီထဲကိုပဲ ပျဉ်းတော်သိမ်ရွက်လေးဆီသပ် ကြက်သွန်ဖြူနီငြုပ်သီးထောင်းအနှစ်ထည့်ဆီသပ်မွှေးပြီးရဲလာရင် ကြက်အူထည့် အာလူးထည့် ရေအနည်းငယ်ထည့်ပြီးချက်ပါတယ်
အာလူးနူးပြီဆိုရင်အရသာမြည်း အချိုအငံလိုတာထည့် မဆလာလေးအုပ် ၁ချက်၂ချက်မွှေပေး ပြီး မီးပိတ် အိုးချပါ အရသာရှိလှတဲ့ကြက်အူ အာလူး မဆလာချက်လေးရပါပြီ....
ခရစ္စမတ်နေ့ နိုင်ပွဲအများဆုံးကစားသမား ဂျိမ်းစ် ဖြစ်လာ
--------------------
အမေရိကန် NBA ဂန္ထဝင်ကစားသမား လီဘရွန်ဂျိမ်းစ်ဟာ ခရစ္စမတ်နေ့မှာ ကစားတဲ့ NBA ပွဲစဉ်မှာ နိုင်ပွဲအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ LA လိတ်ကာအသင်းနဲ့ ဂိုးဒင်းစတိတ် ဝါရီယာအသင်းတို့ပွဲစဉ်မှာ လီဘရွန်ဂျိမ်းစ် ပါဝင်နေတဲ့ လိတ်ကာအသင်းက ၁၁၅ မှတ် - ၁၁၃ မှတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အခုနိုင်ပွဲက အသက် ၃၉ နှစ် အရွယ် လီဘရွန်ဂျိမ်းစ်အတွက် ကစားသမားဘဝ ၁၁ ပွဲမြောက် ခရစ္စမတ်နေ့နိုင်ပွဲ ဖြစ်ခဲ့တာပါ။
လီဘရွန်ဂျိမ်းစ်ရဲ့ ကစားသမားဘဝ ခရစ္စမတ်နေ့ပွဲစဉ် ၁၉ ပွဲမှာ အခုလိုမျိုး ၁၁ ပွဲမြောက်နိုင်ပွဲကို ရယူနိုင်ခဲ့တာ ဖြစ်ပြီး လိတ်ကာ အသင်းဖော် ဝါဒီရဲ့ ခရစ္စမတ်နေ့ပွဲစဉ်နိုင်ပွဲအများဆုံး စံချိန်ကို ချိုးဖျက်ခဲ့တာ ဖြစ်ပါတယ်။ အခုပွဲစဉ်မှာလည်း ဂျိမ်းစ်က အကောင်းဆုံးလက်စွမ်းကို ပြသသွားနိုင်ခဲ့ပြီး လိတ်ကာအသင်းအတွက် ရမှတ် ၃၁ မှတ်အထိ ရယူပေး သွားနိုင်ခဲ့ပါတယ်။
နိုင်ပွဲရဖို့အတွက် နောက်ဆုံး စက္ကန့်အထိ ကြိုးစားခဲ့ရပေမယ့် ပွဲအပြီးမှာ နိုင်ပွဲရခဲ့သလို စံချိန်မှတ်တမ်းသစ်တစ်ခု ကိုလည်း ရေးထိုးနိုင်ခဲ့တဲ့အတွက် ကျေနပ်ပျော်ရွှင်မိပါတယ်လို့ ပွဲအပြီးမှာ လီဘရွန်ဂျိမ်းစ်က ပြောသွားခဲ့ပါတယ်။ အခုပွဲစဉ်မှာ လိတ်ကာအသင်းရဲ့ အားထားရတဲ့ ကစားသမား ဒေးဗစ်က ခြေကျင်းဝတ်ဒဏ်ရာ ရသွားခဲ့လို့ လာမယ့် ပွဲစဉ်တွေကို လွဲချော်ရဖွယ် ရှိနေပါတယ်။