❝လုပ်သားစုဆောင်းရာမှာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြဖို့ အေဂျင်စီတွေကို အလုပ်သမားဝန်ကြီး သတိပေး❞

နိုဝင်ဘာ ၂၉

လုပ်သားစုဆောင်း စေလွှတ်ပေးသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေဖြင့် လုပ်သားစုဆောင်းရာတွင် သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီလိုက်နာဆောင်ရွက်ကြရန် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က သတိပေးပြောကြားသည်။

ကျင့်ဝတ်နှင့်ညီသော လုပ်သားစုဆောင်းခြင်းစနစ်အတွက် လုပ်ငန်းဆောင်ရွက်မှုများကို နားလည်မှုမြှင့်တင်စေရေး (၁၉) ကြိမ်မြောက် International Recruitment Integrity System (IRIS) ဆွေးနွေးပွဲ အခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားကို အလုပ်သမားဝန်ကြီး ဌာနနှင့် IOM တို့ ပူးပေါင်း၍ နိုဝင်ဘာ ၂၈ ရက်၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ Novotel Hotel ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ကောင်းမွန်သည့် စီမံခန့်ခွဲမှုများဖြစ်စေရန်၊ စေလွှတ်ထားသည့် လုပ်သားများ၏အချက်အလက်များ စနစ်တကျပြုစုထားရှိရန်နှင့် ကောင်းမွန်သည့် အလေ့အထကောင်းများ ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

မေတ္တာငတ်နေတဲ့ကောင်ပါ
မင်းရောက်လာတော့မှ ပျော်ရပြီး
မင်းရောက်လာမှ ကလေးဆန်တတ်လာတယ်
အဲ့ကလေးဆန်တာတွေကလည်း
တစ်ခါတလေကျရင် အပြစ်တွေပါဖြစ်ရပါတယ် အချစ်ရယ်။

🍂❤️

image
1 y - Translate

လက်ရှိ အခြေနေ..."

image
1 y - Translate

အတိအကျကြီးပါလားဟ😂

image
1 y - Translate

ချစ်ခြင်းမေတ္တာဟာ
အံ့သြခြင်းတွေနဲ့အတူကြောက်ဖို့လည်းကောင်းပါတယ်

နှစ်ရှည်လများတွဲခဲ့တဲ့သူတွေဟာ
ရက်ပိုင်းအတွင်းတွေ့တဲ့သူနဲ့ယှဥ်ရင်
ကျန်ရစ်ခဲ့တာရမို့

သံယောဇဥ်ဆိုတာကိုလည်း သံသယဖြစ်မိပါတယ်
အမှတ်တရဆိုတာတွေကိုလည်း မေးခွန်းတွေမေးမိပါတယ်

ချစ်ရမှာကိုလည်းကြောက်မိပါတယ် ...။

#depayy
29.11.2024

image
1 y - Translate

My Fri- နင်ကသကြားမေမေဆို

Me- 🥲

image

လယ်ဝေးမြို့ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်

နိုဝင်ဘာ ၂၉

လယ်ဝေးမြို့ ဗဟိုပြု၍ ယနေ့ နံနက် ၁၁ နာရီကျော်အချိန်က အင်အား ရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁) နာရီ၊ (၃၂) မိနစ်၊ (၅၈) စက္ကန့်အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်တောင်ဘက် (၂၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (လယ်ဝေးမြို့၏ အနောက်-အနောက်တောင်ဘက် (၁၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၅၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၁) ဒီဂရီ၊ အနက် (၂၄) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်း သိရသည်။

#centralnewsnaypyitaw

image
1 y - Translate

လူတစ်ယောက်အတွက် စကားပြောဖော်ဆိုတာ
တကယ်လိုအပ်ပါတယ်..
အဆင်ပြေခြင်း မပြေခြင်းနဲ့
ပျော်ရခြင်း မပျော်ရခြင်းတွေကို
ဝေမျှဖို့အတွက်ပေါ့ ။

ဒါပေမဲ့ စိတ်မကောင်းစရာက
တစ်ခါတလေမှာ ကိုယ့်ရဲ့စကားပြောဖော်က
ကိုယ်ကိုယ်တိုင်ပဲဖြစ်နေရတတ်တယ်။
ဘာလို့ဆို ကိုယ့်ရဲ့စိတ်ကို ကိုယ်ကပဲအသိဆုံးမလို့
ကိုယ်ကပဲ နားလည်ပေးနိုင်တာမို့
ကိုယ်ကပဲ ခံစားပေးတတ်တာကြောင့်ပါပဲ။

🍂🍀

image
1 y - Translate

လူတွေက သိပ်ရယ်ရတာပဲ သိလား
ကိုယ့်ကြောင့် သူတို့နာကျင်တော့ သိတယ်
သူတို့ကြောင့် ကိုယ်နာကျင်တာတော့ မသိဘူး

#1918a

image
1 y - Translate

ကျနော်တို့ဘဝမှာ
ချစ်ရလူနဲ့ တွေ့ကောင်းတွေ့မယ်
ချစ်တဲ့လူနဲ့ လွဲချင်လည်းလွဲမယ်
အဆုံးသ-တ်မှာ ပူ-လောင်ရတာချည်းပါပဲ

image