52 w - Translate

ဆန်စပါးလက်ကျန် တန် ၄ သန်း ကျန်ရှိဟုဆို
---------------------
နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေကြောင့် စပါးစိုက်ခင်းတွေ ထိခိုက်ပျက်စီးခဲ့ပေမယ့် ဆန်စပါးလက်ကျန် တန်ချိန် ၄ သန်းလောက် ရှိနေတဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် နေပြည်တော်မှာ စပါးစိုက်ဧက ၅၀၀၀ လောက် ထိခိုက်ပျက်စီးခဲ့ပြီး အခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း စပါးစိုက်ခင်းတွေ ထိခိုက်ပျက်စီးတာရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ပျက်စီးသွားတဲ့ စပါးစိုက်ခင်းတွေ နေရာမှာ စပါး အပါအဝင် အခြားသီးနှံတွေ ပြန်လည် စိုက်ပျိုးပေးနိုင်ဖို့ စီစဉ်နေပြီး ဆန်စပါး လက်ကျန်တွေ ရှိနေတဲ့အတွက် ပြည်တွင်းဖူလုံမှုနဲ့ ပြည်ပတင်ပို့မှုတွေက စိုးရိမ်စရာမရှိဘူး လို့ ဦးရဲမင်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တဲ့ ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ မျိုးစပါး၊ ဓာတ်မြေဩဇာတွေ ထောက်ပံ့ပေးခဲ့သလို နေပြည်တော်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း(အရှေ့ခြမ်း)မှာလည်း ဆက် လက်ထောက်ပံ့ပေးဖို့ စာရင်းပြုစုနေတယ်လို့ ဆိုပါတယ်။

image
52 w - Translate

ချန်ဒူးအိုးပင်းချန်ပီယံဆု ရှန်ဂျန်းချန် ရရှိ
------------------
ချန်ဒူးအိုးပင်းတင်းနစ် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် တရုတ်တင်းနစ်သမား ရှန်ဂျန်းချန်ဟာ အေတီပီတိုး ချန်ပီယံဆုကို ရယူနိုင်တဲ့ ဒုတိယမြောက် တရုတ်တင်းနစ်သမားဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံ ချန်ဒူးမြို့မှာ စက်တင်ဘာ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့ ချန်ဒူးအိုးပင်းတင်းနစ် ဗိုလ်လုပွဲမှာ ရှန်ဂျန်းချန်နဲ့ ပဲရစ် အိုလံပစ် တတိယဆုရ အီတလီတင်းနစ်သမား မူဆက်တီတို့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့အဆင့်-၅၅ မှာ ရပ်တည်နေတဲ့ ရှန်ဂျန်းချန်အတွက် အခုဗိုလ်လုပွဲက ကစားသမားဘဝ ပထမဆုံး အေတီပီတိုးဗိုလ်လုပွဲ ဖြစ်ပေမယ့် တည်ငြိမ်တဲ့လက်စွမ်းနဲ့အတူ ပြိုင်ဘက်ကို ဖိအားပေးသွားခဲ့တာပါ။ ပထမပွဲ လတ်က အကြိတ်အနယ် ရှိခဲ့ပေမယ့် ဒုတိယပွဲလတ်မှာတော့ ရှန်ဂျန်းချန်က ပွဲအပြတ်အသတ်နဲ့ အသာရခဲ့ပါတယ်။

ပွဲအပြီးမှာ ရှန်ဂျန်းချန်က (၇း၆၊ ၆း၁)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး တရုတ်တင်းနစ်သမား ဝူယီဘင်းပြီးနောက် အေတီပီတိုး ချန်ပီယံဆုကို ရယူနိုင်တဲ့ ဒုတိယမြောက်တရုတ်တင်းနစ်သမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဂျူနီယာ တင်းနစ် ပြိုင်ပွဲတွေမှာ ကမ္ဘာ့အဆင့်-၁ နေရာကို ရယူနိုင်ခဲ့ဖူးတဲ့ အသက် ၁၉ နှစ်အရွယ် ရှန်ဂျန်းချန်ဟာ အခုနှစ်မှာ အေတီပီတိုး ချန်ပီယံဆုကို ရယူနိုင်တဲ့ အသက်အငယ်ဆုံး တင်းနစ်သမားအဖြစ်လည်း မှတ်တမ်းစိုက် ထူနိုင်ခဲ့ပါတယ်။

image
52 w - Translate

အပိုင်အခွင့်အရေး လွဲချော်မှုအများဆုံးအသင်းအဖြစ် မန်ယူအသင်း ထိပ်ဆုံးမှရပ်တည်

အပိုင်အခွင့်အရေး လွဲချော်မှုအများဆုံးအသင်းအဖြစ် မန်ယူအသင်းက နံပါတ် ၁ နေရာမှာရပ် တည်နေပါတယ်။

ဘောလုံးအချက်အလက် လေ့လာမှုအဖွဲ့ Opta ရဲ့ ထုတ်ပြန်ချက်အရ မန်ယူအသင်းဟာ တပွဲကို အပိုင်အခွင့်အရေး ၃ ကြိမ်အထိလွဲချော်ခဲ့ပြီး စုစုပေါင်း ၅ ပွဲမှာ အခွင့်အရေး ၁၇ ကြိမ်အထိ လွဲချော်ခဲ့တာပါ။

တောင်ပံကစားသမား ဂါနာချိုနဲ့ တိုက်စစ်မှူး ဇီယက်ဇီတို့က အပိုင်အခွင့်အရေး ၄ ကြိမ်အထိ လွဲချော်ခဲ့ပြီး ဘရူနိုဖာနန်ဒက်ဟာလည်း လွဲချော်မှု အမှားအများဆုံး ထိပ်တန်းကစားသမား ၈ ယောက်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

မန်ယူအသင်းရဲ့နောက်မှာ အက်စ်တန်ဗီလာ၊ လီဗာပူး၊ စပါးနဲ့ ဆောက်သမ်တန်အသင်းတွေက အစဉ်လိုက် ရပ်တည်ပါတယ်။
DVB

image
52 w - Youtube

52 w - Translate

Elbow shot
ကောင်းလိုက်တဲ့ တံတောင်ရိုက်ချက်

52 w - Translate

Tiger က ကျားဆိုတော့ ကျားသစ်က???
New Tiger မဟုတ်ဘူးလား

52 w - Translate

Giving laxatives to seagulls at the beach and hell break loose
ကမ်းခြေက ဇင်ယော်တွေကို ဝမ်းနှုတ်ဆေးထည့်ကျွေးလိုက်တဲ့အခါ.....🤣🤣🤣
ဗိုလ်တထောင်ကမ်းနားသွားလုပ်ရမယ် hehe

52 w - Translate

Employee of the month
ဆရာကျတယ်ဆိုတာ ဒါမျိုးကိုခေါ်တာ 😁

52 w - Youtube

52 w - Translate

Edge Circle Playstyle
ကဲ နောက်ထပ် Pro Team တွေဆော့လေ့ရှိတဲ့ Playstyle လေးတစ်ခုကို ပြောပြသွားပါမယ် ဒါကတော့ Edge Circle Playstyle ပဲဖြစ်ပါတယ် edge circle ဆော့တဲ့သူတွေကတော့ survive ဖြစ်ဖို့တွက် zone အစပ်ကနေ တဖြေးဖြေးတိုးဝင်တဲ့ safe play အခြေအနေတစ်ခုပဲဖြစ်တယ် loots အေးဆေးရှာပြီး scouter က safe ဖြစ်တဲ့ zone အစပ်က buildings တွေကိုရှာပါတယ် တွေ့ပြီဆိုတာနဲ့ Teamကလိုက်လာပြီး Zone အပြောင်းကိုစောင့်ရင်း နောက်ထပ် safe place တွေကိုရှာရင်း အမှတ်ယူတာပါ edge circle ဆော့မယ်ဆိုရင်တော့ မြေပုံအနေထားရယ် scouter ကောင်းကောင်းရယ်လိုပါလိမ့်မယ် မှတ်မှတ်ရရ admin scrims တွေဆော့တုန်းက scouter သမားက လူမရှိဘူးသားကြီးပြောလို့ တိုးလာရင်း ဆွမ်းကြီးဝိုင်းလောင်းခံရဖူးပါတယ် ပြောချင်တာကတော့ scouter သမားကအဓိက အကျဆုံးပါပဲ edge circle playstyleကတော့ အသင်းငယ်လေးတွေ အများဆုံးသုံးလေ့ရှိကြပါတယ်
#kendy
AAMG

image