1 y - Translate

(၇) ရက်သား/သမီး အဟောများ...

တနင်္ဂနွေ သား/သမီး
အလုပ်တွင် အပြိုင်အဆိုင်များသော်လည်း၊ရန်အတိုက်အခံများဖြင့်အောင်မြင်မှုရတတ်သည်။ငွေကြေးကံ မြင့်မားကောင်းမွန်နေမည်။ကျန်းမာရေး အကောင်းဘက်တွင်ရှိသော်လည်းရောဂါဟောင်းရှိသူများရောဂါ ပြန်ထလာတတ်၍ သတိပြုရမည်အချစ်ရေး ကံခေနေတတ်ပြီး၊ချစ်သူနှင့် စကားများရတတ်မည်။ချစ်သူ၏ အထင်မှားမှု ခံရတတ်မည်။အိမ်ထောင်ရေးကံ ညံ့တတ်၍ နေအိမ်တွင်နေလိုစိတ်မရှိဖြစ်နေတတ်မည်။ခရီးတိုတစ်ခုထွက်ပေးပါ။ပညာရေးကံပုံမှန်တွင်ရှိနေမည်။သင့်တင့်သော အောင်မြင်မှုမျိုးရနေမည်။
ယတြာ--
အင်္ဂါ မွန်းမလွဲမီ စေတီတစ်ဆူ၏ တနင်္ဂနွေထောင့်တွင် သြဇာ(၈) ညွန့်လှူပေးပါ။-----
တနင်္လာသား/သမီး
လုပ်ငန်း သင့်တင့်စွာအောင်မြင်နေတတ်သော်လည်း ရရန်ငွေကြေးများ နှောင့်နှေးတုံ့ဆိုင်း နေတတ်မည်။ကျန်းမာရေး ညံ့တတ်၍ဝမ်းပိုက်တွင်းထိုးအောင့်ခြင်း၊အသဲရောဂါ၊အစာအိမ်ရောဂါ ထဲမှ သတိပြုရမည်။အချစ်ရေးကံ ကောင်းမွန်၍ အဆင်ပြေနေပြမည်။အိမ်ထောင်ရေး ပြဿနာအထူးမရှိပါ။အိမ်ထောင်ဖက် ခရီးယာယီ ထွက်ရတတ်မည်။ပညာရေးကံမညံ့သော်လည်း ပညာရေးတွင် ကြိုးစားလိုစိတ်ပျောက်ဆုံးနေတတ်ခြင်း၊ရလွယ်မေ့လွယ် ဖြစ်နေတတ်ခြင်းမျိုး ဖြစ်နေတတ်၍ သတိပြုပါ။
ယတြာ-- တနင်္လာနေ့ မွန်းလွဲပိုင်းတွင် စေတီတစ်ဆူ၏ရင်ပြင်ကို တံမျက်စည်းလှည်း၍ သန့်ရှင်းပေးပါ။---
အင်္ဂါ သား/သမီး
အလုပ်၊ငွေကြေး သင့်တင့်စွာ တိုးတက်နေမည်။သို့သော် စာရွက်စာတမ်းကိစ္စကြာင့် စိတ်ပူပန်ရတတ်မည်။ကျန်းမာရေးပြဿနာအထူးမရှိပါ။ဆေးမှား၊အစာမှားခြင်းအတွက် သတိပြုထားရန်လိုပါမည်။အချစ်ရေးတွင် ချစ်သူ၏ စိတ်ကောက်မှုကြုံရတတ်၍ စိတ်ပူပန်ရတတ်မည်။အိမ်ထောင်ရေးကံ မညံ့သော်လည်း၊အိမ်ထောင်ဖက်ကျန်းမာရေးအညံ့ပေါ်တတ်ခြင်းကိုသတိပြုရမည်။ပညာရေး ကြိုးစားသလောက် အရာမထင်
ဖြစ်နေတတ်မည်။
ယတြာ--- တနင်္ဂနွေနေ့ မွန်းမလွဲမှီစေတီတစ်ဆူ၏ သောကြာထောင့်တွင်အုန်း(၆)ညွန့် လှူပေးပါ။---
ဗုဒ္ဓဟူး သား/သမီး
လုပ်ငန်း၊ငွေကြေးပိုင်းသိသာစွာ အောင်မြင် တိုးတက်မှုရှိမည်။ကျန်းမာရေး ညံ့တတ်၍အာရုံကြောရောဂါ၊နှလုံးရောဂါ၊အရေပြားရောဂါ ထဲမှ သတိပြုပါ။အချစ်ရေးတွင် လမ်းခွဲရန်ထိ ပြဿနာ ပေါ်တတ်မည်။အိမ်ထောင်ရေးကံ ကောင်းမွန်နေပြီး၊မိသားစုအပန်းဖြေ ရက်တိုခရီးမျိုး သွားရတတ်မည်။ပညာရေး ကံကောင်းမွန်၍ အထူးအောင်မြင်မှုများ ရတတ်မည်။
ယတြာ-- စေတီတစ်ဆူတွင် ဗုဒ္ဓဟူးနေ့ မွန်းမလွဲမှီရွှေသင်္ကန်းကပ်ရန်ရွှေဆိုင်း(၄) ခုစာ လှူပေးပါ။----
ကြာသပတေး သား/သမီး
အလုပ်၊ငွေကြေးပိုင်းတုံ့ဆိုင်း ဆုတ်ယုတ်မှုမျိုးကြုံရတတ်မည်။အလုပ်သမားပြဿနာ ဖြေရှင်းရခြင်းမျိုး ပေါ်ပေါက်တတ်မည်။ကျန်းမာရေး ညံ့တတ်၍ခေါင်းကိုက်ခြင်း၊ခြေဆစ် လက်ဆစ်များ ယောင်ယမ်းခြင်းမျိုးသတိပြုပါ။အချစ်ရေး
ကံ ကောင်းမွန်အဆင်ပြေနေမည်။အိမ်ထောင်ရေးပုံမှန်အခြေအနေတွင်ရှိနေမည်။ပညာရေး ကြိုးစားသလောက် အောင်မြင်မှုရမည်။ဝိရိယ ရှိရန်တော့ လိုပါမည်။
ယတြာ-- စေတီတစ်ဆူ၏ ကြာသပတေးထောင့်တွင် ကြာသပတေးနေ့ မွန်းလွဲနောက်ပိုင်း၌ အောင်လံအနီရောင် (၅) လက် လှူပေးပါ။----
သောကြာ သား/သမီး
အလုပ်တွင် အောင်မြင်မှု ရသင့်သလောက် ရနေတတ်သော်လည်း၊အချို့စာရွက်စာတမ်းကိစ္စမျိုးတွင် အထစ်အငေါ့ ကြုံနေရတတ်မည်။ကျန်းမာရေးကောင်းမွန်နေမည်။အချစ်ရေး ပြဿနာ အထူးမရှိပါ။သို့သော် ချစ်သူကိုယာယီ ဆက်သွယ်မရ ဖြစ်နေရတတ်မည်။အိမ်ထောင်ရေး ပြဿနာ အထူးမရှိပါ။စကားကတောက်ကဆ အနည်းငယ် ကြုံတတ်မည်။ပညာရေး အာရုံစိုက်နေရဖြစ်နေတတ်‌သော်လည်း၊သင့်တင့်သောအောင်မြင်မှုမျိုး ရပါမည်။
ယတြာ-- စေတီတစ်ဆူတွင် သောကြာ ‌ နေ့ မွန်းလွဲပိုင်း၌ လျှပ်စစ်မီးပူဇော်ရန် အလှူခံပုံးတွင် အလှူငွေ ငါးရာ(တတ်နိုင်လျှင်
ငါးထောင်)ထည့်လှူပေးပါ။----
စနေ သား/သမီး
လုပ်ငန်း ၊ငွေကြေးပိုင်းတိုးတက်ဖြစ်ထွန်းမှုများရှိမည်။ရပ်ဝေးမှ မိတ်သစ်များ ရရှိဆက်ဆံ လုပ်ကိုင်ရတတ်မည်။ကျန်းမာရေး
အညံ့ အထူး မရှိသော်လည်း အပူဝမ်းသွားခြင်း၊သွားဖုံးများ ယောင်ယမ်းခြင်း(အပူကန်၍)သတိပြုပါ။အချစ်ရေးကံ ညံ့တတ်၍ ချစ်သူ၏ ရုတ်တရက် အဆက်ဖြတ်ခြင်းမျိုး ကြုံရတတ်မည်။အိမ်ထောင်ရေးသာယာအဆင်ပြေနေမည်။ပညာရေး ကံ ကောင်းနေတတ်၍စာမရဘူးဟုကိုယ့်ကိုယ်ကို ထင်မှတ်နေသော်မှ အောင်မြင်မှုရတတ်မည်။
ယတြာ--- စနေနေ့ မွန်းမလွဲမှီ စေတီတစ်ဆူ၏ စနေထောင့်တွင် နှမ်းဆီဖြစ့် ဆီမီး(၇) ခွက် ထွန်းညှိ ပူဇော်ပေးပါ။

ဆရာဝင်းမင်း(B.Sc)

ဖားကန့်တွင် မြေစာပုံပြိုပြီး လူ ၁၀ ဦးကျော် ပျောက်ဆုံးနေ

နိုဝင်ဘာ ၁၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဆီစာရွာရှိ လုပ်ကွက်ဟောင်းနေရာတစ်ခု၌ နိုဝင်ဘာ ၁၀ ရက် ညပိုင်းက မြေစာများ စွန့်ပစ်နေချိန် ပြိုကျမှုဖြစ်ပွါးပြီး လူ ၁၀ဦးကျော် ပျောက်ဆုံးနေကြောင်း ဖားကန့်မြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ ယနေ့(နိုဝင်ဘာ ၁၂ ရက်) ပြောသည်။

အဆိုပါ ကျောက်မျက်ကုမ္ပဏီ၏ လုပ်ကွက်ဟောင်းနေရာ၌ မြေစာများ စွန့်ပစ်နေချိန် ပြိုကျမှုကြောင့် မြေစာသယ်ကား နှစ်စီးနှင့်အတူ ရေမဆေးကျောက် ရှာဖွေနေသူများပါဝင်ခဲ့ကြောင်း ၎င်းကဆိုသည်။

“မျက်မြင်တွေပြောကြားချက်ကတော့ အဲဒီနားမြေစာလာစွန့်ချိန် ရေမဆေးကျောက်ရှာတဲ့သူ ၁၀ယောက်ဝန်းကျင်နဲ့ ကားပေါ်က ကားသမားတွေပါသွားတယ်ပြောတယ်၊ အတိအကျတော့ ပြောရခက်တယ်၊ အောက်ကရေကန်ကြီးဆိုတော့ ရှာဖို့အတော်ခက်ပြီ” ဟုဖားကန့်မြို့နယ် ရဲစခန်းမှ ရဲအရာရှိက ပြောသည်။

အဆိုပါ ပြိုကျမှုကြောင့် ပျောက်ဆုံးသွားသည့် ရေမဆေးကျောက်ရှာဖွေသူများကို ကျေးရွာအတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့အချို့က ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

#centralnewsnaypyitaw

image

အရက်သမားဋီကာ (၄)

image
image
image
Khine Su Zin shared a post  
1 y

1 y

ဒီတစ်ခေါက်မှာ writing and speaking အတွက် ၁၀၀ % အခမဲ့ IELTs ကို လေ့လာချင်သူများ၊ English စွမ်းရည်ကို မြင့်တင်ချင်သူများအတွက် UK ကနေ IELTS Live session အခမဲ့ သင်ကြားပေးနေပါတယ်။ Live session ဖြစ်တာကြောင့် ဆရာတွေကိုလည်း မေးခွန်းတိုက်ရိုက်မေးလို့ရမှာလည်းဖြစ်ပါတယ်။
နိုင်ငံတကာပညာရေး စိတ်ဝင်စားသောသူများ သိုမဟုတ် နိုင်ငံခြားမှာ သွားရောက် အလုပ်လုပ်လိုသူများ ကိုယ် English စာစွမ်းရည်ကို မြင့်တင်ဖို့အတွက် အခွင့်အရေးကောင်းပါ။
အသက်အရွယ်ကန့်သတ်ထားခြင်းမရှိပါ။
Link : https://ieltsonlinetests.com/l....ive-lessons/listing.

#crd

image

ဒီတစ်ခေါက်မှာ writing and speaking အတွက် ၁၀၀ % အခမဲ့ IELTs ကို လေ့လာချင်သူများ၊ English စွမ်းရည်ကို မြင့်တင်ချင်သူများအတွက် UK ကနေ IELTS Live session အခမဲ့ သင်ကြားပေးနေပါတယ်။ Live session ဖြစ်တာကြောင့် ဆရာတွေကိုလည်း မေးခွန်းတိုက်ရိုက်မေးလို့ရမှာလည်းဖြစ်ပါတယ်။
နိုင်ငံတကာပညာရေး စိတ်ဝင်စားသောသူများ သိုမဟုတ် နိုင်ငံခြားမှာ သွားရောက် အလုပ်လုပ်လိုသူများ ကိုယ် English စာစွမ်းရည်ကို မြင့်တင်ဖို့အတွက် အခွင့်အရေးကောင်းပါ။
အသက်အရွယ်ကန့်သတ်ထားခြင်းမရှိပါ။
Link : https://ieltsonlinetests.com/l....ive-lessons/listing.

#crd

image

Trump အစိုးရသစ်မှာ Marco Rubio နိုင်ငံခြားရေးဝန်ကြီးဖြစ်ဖွယ် သတင်းထွက်

နိုဝင်ဘာ ၁၃၊ နိုင်ငံတကာ။

အမေရိကန် ရွေးကောက်ခံ သမ္မတ Donald Trump က သူ့အစိုးရအဖွဲ့ အတွက် ပြီးခဲ့တဲ့ လေးနှစ်တာ အတွင်း သူ့အပေါ် နိုင်ငံရေး အရ သစ္စာ အရှိဆုံး ရီပတ်ပလီကန်တွေနဲ့ ဖွဲ့စည်းနေပါတယ်။ ရွေးကောက်ခံ သမ္မတ Trump က ဖလော်ရီဒါ အထက်လွှတ်တော် အမတ် Marco Rubio ကို နိုင်ငံခြားရေး ဝန်ကြီး အဖြစ်၊ South Dakota အုပ်ချုပ်ရေးမှူး Kristi Noem ကိုတော့ အမိမြေ လုံခြုံရေး ဌာန အကြီးအကဲအဖြစ်အမည်တင်သွင်းဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သတင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။

Rubio နဲ့ Noem တို့ဟာဆိုရင် Trump ရဲ့ ဒုတိယ သမ္မတလောင်းတွေ အဖြစ် လျာထား စာရင်းထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အိုးဟိုင်းရိုး အထက်လွှတ်တော် အမတ် JD Vance ကို ရွေးချယ်ခဲ့တာပါ။ Rubio နဲ့ Noem တို့ကတော့ Trump ရဲ့ အမာခံတွေ အဖြစ် ဆက်ကျန်ရှိနေတာပါ။

ဖလော်ရီဒါ လွှတ်တော် အမတ် Michael Waltz ကိုတော့ အမျိုးသား လုံခြုံရေး အကြံပေး အဖြစ် Trump က ရွေးချယ်ခဲ့ပါတယ်။ Washington နိုင်ငံတကာ လေဆိပ်ကို Trump အမည် အသုံးပြုရေး ဥပဒေကြမ်းကို Waltz က ထောက်ခံခဲ့တာပါ။

သန်းနဲ့ချီတဲ့အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နေရပ်ပြန်ပို့ရေးမှာ ဦးဆောင်ဖို့ အတွက် အရင် သူ့လက်ထက်တုန်းက လူဝင်မှု ကြီးကြပ်ရေး အကြီးအကဲဟောင်း Tom Homan ကို တနင်္လာနေ့မှာ ရွေးချယ်လိုက်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးမှာ သဘောထားတင်းမာသူအဖြစ် လူသိများတဲ့ Stephen Miller ကိုလည်း လူဝင်မှုကြီးကြပ်ရေး မူဝါဒဆိုင်ရာ အိမ်ဖြူတော်လက်ထောက် အရာရှိချုပ်အဖြစ် ခန့်အပ်ဖို့ စီစဉ်နေကြောင်း အမေရိကန်သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ ရွေးကောက်ခံ သမ္မတ Trump က သူ့ကို အခိုင်အမာ ထောက်ခံသူ နယူးယောက် လွှတ်တော် အမတ် Elise Stefanik ကိုတော့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် ရွေးချယ်ထားပါတယ်။ အာကန်းဆပ် အုပ်ချုပ်ရေးမှူးဟောင်း Mike Huckabee ကိုတော့ အစ္စရေးလ် ဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် ရွေးချယ်ထားပါတယ်။

📷 Donald Trump နဲ့ Marco Rubio တို့ကိုမဲဆွယ်ပွဲတခုမှာ အတူတွေ့ရစဉ် (နိုဝင်ဘာ ၄၊ ၂၀၂၄)

Credit - VOA

#သတင်းဟင်းလေးအိုးကြီး

image

နိုဝင်ဘာ ၁၃ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

နိုဝင်ဘာ ၁၃ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsmyanmar

image
1 y - Translate

ငါးခူဆူးပုတ်ငရုတ်သီးစိမ်းအချဉ်ဆီပြန်ချက်

ငါးခူကို ဆား သံပုရာရည်နဲ့နယ်ဆေး ဆား ဟင်းခပ်မူန့် ဆနွင်းထည့်‌နယ်ထား ငရုတ်သီးစိမ်းအမှည့်များများသုံးထားပါတယ် ငရုတ်သီးကြက်သွန်ဖြူနီ ငပိအနေတော်ထည့်ထောင်းပါ ဆူးပုတ်ထည့်မှာမို့ ဂျင်းမထည့်ပါဘူး အနံ့ပျောက်မှာစိုးလို့ပါ ဆီအနေတော်သတ်ပါ ဆနွင်းမူန့်အနဲငယ်ပြန်
ထည့်ပါ ငရုတ်ထောင်းထည့်မွှေ ခဏနေရင် ငါးခူထည့်မွှေ ရေအနေတော်ထည့်ပါ ဆူရင်မကျီးရည်ထည့် ရေခမ်းဆီပြန်လာရင် ဆူးပုတ်အုပ်ပါ
ရပါပြီရှင်

image
1 y - Translate

သူငယ်ချင်းတွေနဲ့ စာမေးပွဲဖြေခါနီး
လည်နေတဲ့အချိန်

image