အာဆီယံဖလား ပထမအကျော့ ဗိုလ်လုပွဲ သွင်းဂိုး (၂)ဂိုးဖြင့် အနိုင်ရလဒ် ထွက်ပေါ်ခဲ့သည့် ဗီယက်နမ်အသင်း
ထိုင်းနှင့် ဗီယက်နမ်လက်ရွေးစင်အသင်းတို့၏ အာဆီယံမစ်ဆူဘီရှီဖလားပထမအကျော့ဗိုလ်လုပွဲစဥ်ကို ယမန်နေ့က ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး၊ အိမ်ရှင်ဗီယက်နမ်အသင်းက သွင်းဂိုး (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။
ဒုတိယအကျော့ ဗိုလ်လုပွဲစဉ်ကို ယခုလ ဇန်နဝါရီ (၅)ရက်နေ့၌ ထပ်မံယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။
ကမ္ဘာ့အဆင့်(၁၁၄)တွင်ရပ်တည်နေသည့်
ဗီယက်နမ်အသင်းအနေဖြင့် အုပ်စုတွင်း ပွဲစဉ်မှစ၍ ဖိုင်နယ်အဆင့် အထိ (၆)ပွဲကစားခဲ့ရာ (၅)ပွဲနိုင် (၁)ပွဲသရေဖြင့် တက်လှမ်းခဲ့သည့်အသင်းတစ်သင်းဖြစ်သည်။
အလားတူ ကမ္ဘာ့အဆင့် (၉၇)တွင် ရပ် တည်နေသည့် ထိုင်းအသင်းမှာလည်း အုပ်စုတွင်း ပွဲစဉ်မှစ၍ ဖိုင်နယ်အဆင့် အထိ (၆)ပွဲကစားထားရာ (၅)ပွဲနိုင်(၁)ပွဲရှုံးရလဒ်ဖြင့် ဗိုလ်ပွဲသို့ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
