ဟနွိုင်းမြို့သည် ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့ဖြစ်လာ
.............
ဗီယက်နမ်နိုင်ငံ,ဟနွိုင်းမြို့ဟာ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့ဖြစ်တယ်လို့ Bangkok Post သတင်းမှာ ဖေါ်ပြထားပါတယ်။
မကြာသေးမီရက်သတ္တပတ်တွေအတွင်းက ဟနွိုင်းမြို့ဟာ ယာဉ်ကြောပိတ်ဆို့မှုတွေ၊ စက်မှုဇုန်တွေ နဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကြောင့် မီးခိုးမြူ တွေ ထူထပ်စွာဖုံးလွှမ်းနေတာကြောင့် လေထုညစ်ညမ်းမှု အမြင့်မားဆုံး အခြေအနေအထိ ရောက်ရှိသွားတာဖြစ်ပါတယ်။
ဒီအချက်တွေကြောင့် ဟနွိုင်းမြို့ဟာ လေထုညစ်ညမ်းမှုအရှိဆုံးမြို့တွေစာရင်းရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိသွားတာဖြစ်တယ်လို့ ဗယက်နမ်အစိုးရက ပြောကြားခဲ့ပြီး အခုလို ဖြစ်စဉ်တွေကြောင့် ကာဗွန်ထုတ်လုပ်မှုတွေလျှော့ ချနိုင်ဖို့အတွက် လျှပ်စစ်ကား (EVs) တွေကို သာ ပိုမိုအသုံးပြုလာဖို့အတွက်လည်း တိုက်တွန်းထားပါတယ်။
အာရှမှာ စီးပွားရေး အလျင်မြန်ဆုံး တိုးတက်နေပြီး ဒေသတွင်းကုန်ထုတ်လုပ်မှု အချက်အချာဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အဓိကမြို့ကြီးတွေမှာ လေထုညစ်ညမ်းမှုကို နှစ်ပေါင်းများစွာ ဆိုးရွားစွာကြုံတွေ့ခဲ့ရပြီး ဟနွိုင်းမြို့ ကတော့ အဓိက လေထုညစ်ညမ်းမှုကို ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်။

