ကိုရီးယားရောက် မြန်မာနိုင်ငံသား ကျောင်းသား/ကျောင်းသူများ ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း မြန်မာသံရုံးအသိပေး

ဇန်နဝါရီ ၆

ကိုရီးယားသမ္မတနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုတွင် ဘွဲ့ကြို၊ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့ တက်ရောက်ခွင့်ရရှိထားပြီး ကျောင်းလခနှင့် နေထိုင်စရိတ်အခက်အခဲရှိနေသည့် မြန်မာနိုင်ငံသား ကျောင်းသား/ကျောင်းသူများအနေဖြင့် Global Elim Foundation မှပေးအပ်မည့် ပညာသင်ဆုကို လျှောက်ထားနိုင်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ပညာသင်ဆုကိုပေးအပ်ရာတွင် ကိုရီးယားဘာသာစကားသင်တန်းတက်ရောက်နေသူများ ပါဝင်မည်မဟုတ်ဘဲ သတ်မှတ်ထားသည့် အရည်အချင်းနှင့် ကိုက်ညီသော မြန်မာနိုင်ငံသား ကျောင်းသား/ကျောင်းသူ (၂) ဦးကိုသာ Global Elim Foundation Scholarship (GEFS) ပညာသင်ဆုကို စိစစ်ရွေးချယ် ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသူများအနေဖြင့် လိုအပ်သည့် စာရွက်စာတမ်း/အထောက်အထားများကို ပြည့်စုံစွာ ဖြည့်စွက်၍ ဇန်နဝါရီ ၂၃ ရက်၊ (၁၆:၀၀) နာရီ နောက်ဆုံးထား၍ Myanmar Embassy, Hannam-daero 28-gil 12, Yongsan-gu, Seoul, 04418 3 သို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ စာတိုက်မှတစ်ဆင့် သတ်မှတ်ချိန်အမီ အရောက်ပေးပို့၍သော်လည်းကောင်း၊ mentoringcenter global@gmail.com သို့ ပေးပို့၍သော်လည်းကောင်း လျှောက်ထားနိုင်ကြောင်းနှင့် သတ်မှတ်ရက်ထက်ကျော်လွန်ပြီးမှ ရောက်ရှိလာသည့် လျှောက်လွှာများအား လက်ခံ စဉ်းစားပေးမည် မဟုတ်ကြောင်းလည်း အသိပေးကြေညာထားသည်။

#centralnewsnaypyitaw