ဂါဇာရှိ ဓားစာခံများ ပြန်မလွှတ်လျှင် ငရဲကဲ့သို့ ရင်ဆိုင်ရမည်ဟု ထရမ့်ပြော

ဝါရှင်တန်၊ ဒီဇင်ဘာ ၄

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က မိမိသမ္မတအဖြစ် စတင်ရုံးထိုင်မည့် ဇန်နဝါရီ ၂၀ ရက်မတိုင်မီ ဂါဇာတွင် ဖမ်းဆီးခံထားရသည့် ဓားစာခံများကို လွှတ်ပေးခြင်းမရှိပါက အားလုံး ပြဿနာတက်သွားမည်ဖြစ်ပြီး ငရဲကဲ့သို့ ရင်ဆိုင်ရမည်ဟု ပြောဆိုလိုက်ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန်သည့် အဆိုပါ ကြေညာချက်သည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အင်အားအပြင်းထန်ဆုံး သတိပေးချက် ဖြစ်လာခဲ့သည်။

ထရမ့်သည် ရွေးကောက်ပွဲ မတိုင်မီကတည်းက ဂါဇာစစ်ပွဲကို အဆုံးသတ်ရန် အားထုတ်ကြိုးပမ်းမည်ဟု ပြောကြား ခဲ့ပြီး ၎င်း၏ ဒုတိယသက်တမ်း မတိုင်မီ အပစ်အခတ်ရပ်စဲရေး ရယူရန် ကြိုးပမ်းနေသည်။

ထရမ့်က ၎င်းပိုင်ဆိုင်သည့် Truth Social လူမှုမီဒီယာတွင် အစ္စရေးနှင့် ဟားမာ့စ်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့သော အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် ၎င်း၏ အစိုးရအဖွဲ့ကို လှောင်ပြောင်သည့်အနေဖြင့် "အကုန်လုံးက စကားပဲပြောနေကြတယ်။ အလုပ်တော့မလုပ်ကြဘူး" ဟု ရေးသားဖော်ပြခဲ့သည်။

"ကျနော် အမေရိကန်သမ္မတအဖြစ် စတင်ရုံးထိုင်မယ့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်မတိုင်ခင် ဓားစာခံတွေ လွတ်မလာဘူးဆိုရင်တော့ အရှေ့အလယ်ပိုင်းမှာရှိတဲ့ သူအားလုံး ပြဿနာအကြီးကြီး တက်သွားပါလိမ့်မယ်။ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို လုပ်ဆောင်တဲ့ သူတွေအတွက် ပြဿနာနဲ့ ရင်ဆိုင်ရပါလိမ့်မယ်" ဟု ထရမ့်က ပြောကြားခဲ့သည်။

"ဓားစားခံတွေ ဖမ်းထားတဲ့ တာဝန်ရှိသူတွေက တခြားလူတွေထက် ပိုခံရမှာဖြစ်တယ်။ ဓားစာခံတွေကို အခု လွှတ်ပေးလိုက်ပါ" ဟု ထရမ့်က ရေးသားခဲ့သည်။

ထိုပို့စ်တွင် မည်သည့်ပုံစံမျိုးဖြင့် ခြိမ်းခြောက်ခံရမည် ဆိုခြင်းကို အသေးစိတ် မဖော်ပြခဲ့ဘဲ အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်တပ်လည်း ပါဝင်လာမည် ဟုတ်/မဟုတ်ကို ပြောကြားခဲ့ခြင်းမရှိပေ။

ဟားမာ့စ်အဖွဲ့က စစ်ပွဲကို အဆုံးသတ်ရန်အတွက် ဓားစာခံများကို လွှတ်ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း အစ္စရေးအစိုးရကမူ ဟားမာ့စ်အဖွဲ့ အလုံးစုံ မပျက်သုဉ်းမချင်း စစ်ပွဲဆင်နွှဲသွားမည်ဟု ပြောကြားထားသည်။

ထရမ့်၏ ရေးသား ဖော်ပြချက်နှင့်ပတ်သက်ပြီး အစ္စရေးအရာရှိတစ်ဦးက ကျေးဇူးတင်ကြောင်း X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား

ပုံ - ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image

နိုင်ငံတော်အလံကို လားရှိုးမြို့မှာ MNDAA ပြန်လွှင့်ထူ

ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ မြန်မာနိုင်ငံတော်အလံကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် မတော်(MNDAA)က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြန်လည်လွှင့်ထူလိုက်သည်ကို တွေ့ရသည်။

လားရှိုးမြို့နှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAA က ၁၀၂၇ ဒုတိယလှိုင်းမှာ တိုက်ခိုက်သိမ်း ပိုက်ခဲ့ပြီး နိုင်ငံတော်အလံများကို ဖြုတ်သိမ်းခဲ့သည်။

အလားတူ MNDAA တပ်ဖွဲ့သည် နိုင်ငံတော်အလံကို ခွေးတစ်ကောင်ပေါ်မှာ လွှမ်းခြုံ၍လည်း လှောင်ပြောင် သရော်ခဲ့သေးသည်။

သို့သော် ယခုအခါမှာတော့ နိုင်ငံတော်အလံကို MNDAA က လားရှိုးမြို့အတွင်းမှာ ပြန်လည်လွှင့်ထူလာသည်ကို တွေ့ရသည်။

ယနေ့(ဒီဇင်ဘာ ၃ ရက်)မှစ၍ ရောက်ရာနေရာမှ မိမိတို့တပ်များသည် ချက်ချင်း အပစ်အခတ်ရပ်စဲပြီး မြန်မာ့တပ် မတော်ကို အစပြုထိုးစစ်ဆင် တိုက်ခိုက်မည်မဟုတ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကြားဝင်စေ့စပ်ကြိုးပမ်း ဆောင်ရွက်မှုအောက်တွင် လားရှိုး အပါအဝင် သက်ဆိုင်ရာကိစ္စရပ်များကို တွေ့ဆုံ ဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ပါကြောင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်တွင် MNDAA က ထုတ်ပြန်ခဲ့သည်။

ပုံ - လားရှိုးမြို့မှာ နိုင်ငံတော်အလံကို MNDAA က ပြန်လည်လွှင့်တင်ထားစဉ် (ဓာတ်ပုံ- FYV)

#centralnewsnaypyitaw

image
image
image
image
image
1 y - Translate

"Wow, how many months are you?" ”

Me:

image
1 y - Translate

ကိုယ်ပျော်နေတဲ့သတင်းကြားရင်
လိုက်ပျော်ပေးတတ်ပြီး

ကိုယ်အဆင်မပြေတဲ့သတင်းကြားရင်
လိုက်ဝမ်းနည်းပေးမိတာမျိုး

အနီးအနားရှိနေမှ မေတ္တာဟာစစ်မှန်တာမဟုတ်ဘူး
အဝေးဆုံအရပ်မှာရှိနေရင်တောင်

ကိုယ့်အတွက်ထည့်တွေးပေးပြီး
သတိတရရှိနေပေးတာဟာလည်း ချစ်ခြင်းမေတ္တာပါပဲ...။

image
1 y - Translate

I'm obsessed 🫶

image
1 y - Translate

I'm obsessed 🫶

image
1 y - Translate

I'm obsessed 🫶

image
1 y - Translate

I'm obsessed 🫶

image
1 y - Translate

I'm obsessed 🫶

image
1 y - Translate

I'm obsessed 🫶

image