1 နှစ် - ဘာသာပြန်ပါ။

Haunted Universities 3 (2024)
Haunted Universities 1 နဲ့ 2 ထွက်အပြီး အခုဆိုရင် နံပါတ်3ကားထပ်မံထွက်ရှိလိုလာပါပြီ။ဒီဇာတ်လမ်းရဲ့ ထုံးစံအတိုင်းပါပဲ တက္ကသိုလ်တွေတိုင်းမှာ ရှိတတ်တဲ့ ကြောက်မက်ဖွယ်ရာ သရဲဇာတ်လမ်းတွေထဲကနေကောင်းနိုးရာရာ ဇာတ်လမ်း၃ခုကို ရွေးချယ်ပြီးတော့ တင်ဆက်ပေးထားပါတယ်။

*ပထမဇာတ်လမ်းအနေနဲ့ ပညာသင်ဆုတစ်ဆုပဲပေးမယ့်ဟာကို လူက နှစ်ယောက်ဖြစ်နေတော့သူငယ်ချင်းနှစ်ယောက် အတွဲတွေအတွက် ဆုတောင်းပြည့်တယ်ဆိုတဲ့ နေရာကို သွားဆုတောင်းရင်း ဘယ်လိုဂြိုဟ်ဆိုးတွေ ဝင်လာမလဲ

*ဒုတိယဇာတ်လမ်းအနေနဲ့ကတော့ ကျောင်းမှာ လူသစ်တွေအတွက် စောင့်ရှောက်သူဆိုပြီး လူဟောင်းတွေကို ပြန်လုပ်ခိုင်းရာကနေကျောင်းမှာ လူသစ်တွေကို အနိုင်ကျင့်လွန်ပြီးတော့ သူ့ကိုသူ အပြစ်လွတ်အောင် သတ်သေသွားတဲ့ စီနီယာကြီးရဲ့ ဝိညာဉ်နဲ့ ဘယ်လိုတွေ စခန်းသွားကြမလဲ …**

*နောက်ဆုံးတစ်ပုဒ်အနေနဲ့ကတော့ မမြင်နိုင်တဲ့နတ်ကွန်းလို နာမည်ပေးထားခံရတဲ့ နတ်ကွန်းတစ်ခု၊အဲဒီနတ်ကွန်းဆီကနေ ပန်းကုံးကို ယူလိုက်မိရာကနေ ဘယ်လိုတွေ ပြဿနာတက်ကြမလဲ …***အစရှိတဲ့ ဇာတ်လမ်း ၃ပုဒ်ကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ကျွန်တော်တို့ဟာ သူငယ်ချင်းတွေပါ
အခက်ခဲရှိတိုင်း ရင်ဖွင့်ကြရတယ်
မတွေ့တာကြာလို့ မေ့မသွားဖူး
မမြင်တာကြာလို့ စိမ်းမသွားဖူး ဘယ်အချိန်ဖြစ်ဖြစ်
အမှတ်တရတွေပြန်ပြောရင် အခုထိ
ဟက်ဟက်ပက်ပက်ရယ်ကျတုန်းပဲ
နေ့တိုင်း စကားမပြောဖြစ်သလို
ပြောဖို့လဲမလိုအပ်ဖူး မာနတွေမရှိသလို
အဆင်တန်းကိုလဲမေ့ထားတယ်
ရင်ဘတ်နဲ့ပဲပေါင်းတယ်...//
ကျွန်တော် ဒီလိုနားလည်ထားတယ်
စိတ်ဆိုးလဲခဏပါပဲ မနာလိုတာမျိုးမရှိဖူး
ဒီလို ပျော်စရာရပ်ဝန်းကို
ကြိုက်သလိုခေါင်းစဉ် တပ်ခွင့်မရှိဖူး အရောင်မပါတဲ့ မေတ္တာတရားနဲ့ ဆက်ဆံရေးတစ်ခု..//
#ရိုးတံ
#crd

image
1 နှစ် - ဘာသာပြန်ပါ။

စကော့စျေး

#crd_photo

image
1 နှစ် - ဘာသာပြန်ပါ။

ကိုရီးယားဝန်ဆောင်မှုလုပ်ငန်းအတွက် အမျိုးသမီး အလုပ်လျှောက်လွှာများ ဇန်နဝါရီ ၂ ရက်တွင် စတင်လက်ခံမည်
မြန်မာနိုင်ငံမှ အမျိုးသမီးများအနေဖြင့် တောင်ကိုရီးယားနိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်နိုင်မည့်ဝန်ဆောင်မှုလုပ်ငန်းအတွက် အလုပ်လျှောက်လွှာများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ လက်ခံသွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က ကြေညာထားသည်။
အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းအုပ်စု(၁)အတွက် အလုပ်လျှောက်လွှာများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၈ ရက်တွင် ယင်းအလုပ်လျှောက်လွှာများကို စတင်လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းဝန်ဆောင်မူလုပ်ငန်းနှင့်အတူ ကုန်ထုတ်လုပ်ငန်း (ပထမအသုတ်)အတွက် အလုပ်လျှောက်လွှာများကိုမူ ဇန်နဝါရီ ၃ ရက်၊ ၆ ရက်နှင့် ၇ ရက်တို့တွင် ထုတ်ပေးမည်ဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နှင့် ၁၃ ရက်တို့တွင် လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစားကို EPS-Topik (၁၆)ကြိမ်မြောက် စာမေးပွဲတွင် ပထမဦးဆုံးထည့်သွင်းထားကာ အမျိုးသမီးများလည်း ဝင်ရောက်ဖြေဆိုခဲ့ကြရာ အမျိုးသမီး ၃၀၀၀ နီးပါး စာမေးပွဲ အောင်မြင်ထားကြောင်း သိရသည်။
အမျိုးသမီးလုပ်သားများအနေဖြင့် အလုပ်လျှောက်လွှာတင်ချိန်တွင် PJ နိုင်ငံကူးလက်မှတ်သက်တမ်း တစ်နှစ် ကျန်ရှိရမည်ဖြစ်သော်လည်း အလုပ်ခေါ်စာကျချိန်တွင်မူ PJ နိုင်ငံကူးလက်မှတ်ဖြစ်နေရမည်ဟု POEA ကအသိပေး ကြေညာထားသည်။
#photocredit
#updatenews

image
1 နှစ် - ဘာသာပြန်ပါ။

၁၅ နှစ်ကြာ ရပ်တည်ခဲ့သည့် အင်းလေးအမွေအနှစ် ဖောင်ဒေးရှင်း ဒီဇင်ဘာလကုန် ပိတ်သိမ်းတော့မည်
၁၅ နှစ်ကြာ ရပ်တည်ခဲ့သည့် အင်းလေးအမွေအနှစ်ဖောင်ဒေးရှင်းကို ဆက်လက်ရပ်တည်ရန် အခက်အခဲများကြောင့် ဒီဇင်ဘာလကုန်မှစ၍ ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း သိရသည်။
အင်းလေးအမွေအနှစ်ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ၌ မတွေ့ရတော့သည့် မြန်မာ့မျိုးရင်း ဗမာကြောင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိစေရန်နှင့် အများပြည်သူများ လေ့လာသိရှိစေရန်ရည်ရွယ်ပြီးပြန်လည်ခေါ်ဆောင်လာခြင်းမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင်အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန်အတွက် စားသောက်ဆိုင်၊ အမှတ်တရပစ္စည်းဆိုင်၊ အင်းလေးဒေသလူနေမှုပုံစံကို လေ့လာနိုင်ရန်အတွက် ခြေတံရှည်အိမ်များတိုးချဲ့တည် ဆောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အင်းလေးအမွေအနှစ်ဖောင်ဒေးရှင်းမှ ဟိုတယ်သက်မွေးမှုသင်တန်းကျောင်း ထပ်မံဖွင့်လှစ်ခဲ့ပြီးဒေသခံ လူငယ် ၃၆၆ ဦးအထိ သင်ကြားပေးနိုင်ခဲ့၍ ၎င်းကျောင်းသူ၊ကျောင်းသားများအနေဖြင့် သင်တန်းကျောင်းမှရရှိခဲ့သော အသိပညာများ၊ အတတ်ပညာများကို အသုံးပြုကာ မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်အတွက် ကောင်းကျိုးများကိုသာ ဆက်လက်လုပ်ဆောင်နေမည်ဟု မျှော်လင့်ကြောင်း သိရသည်။
#photocredit
#updatenews

image
1 နှစ် - ဘာသာပြန်ပါ။

ကြားရသူတိုင်း အံ့အားသင့်သွားစေမယ့် မြန်မာပြည်မြို့အလိုက် ဘိလပ်မြေဈေးနှုန်းများ (ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေ ပြိုလဲသွားရတဲ့ အကြောင်းရင်း)

မြန်မာနိုင်ငံမြို့အလိုက် ဘိလပ်မြေ တအိတ်ရဲ့ ဈေးနှုန်းများကို ဖော်ပြလိုက်ပါတယ်။ တံဆိပ်ခွဲခြားခြင်း မရှိဘဲ ယေဘုယျ သဘောမျိုး ဖော်ပြထားခြင်း ဖြစ်ပါတယ်-

(၁) မန္တလေး - ၁၇၀၀၀
(၂) ရန်ကုန် - ၁၆၅၀၀
(၃) ရခိုင် - ၁၅၀၀၀၀
(၄) မြစ်ကြီနား - ၅၀၀၀၀
(၅) ခန္တီး - ၁၅၀၀၀၀ (ရောင်းမယ့်သူ မရှိ)
(၆) မူဆယ် - ၅၀၀၀၀ (လိုချင်တိုင်း မရ)
(၇) ဟုမ္မလင်း - ၁၀၀၀၀၀
(၈) မိုးညှင်း - ၆၅၀၀၀
(၉) ကွမ်းလုံ - ၃၅၀၀၀
(၁၀) တမူး - ၄၅၀၀၀
(၁၁) ဖားကန့် - ၁၂၀၀၀၀
(၁၂) ကသာ - ၅၅၀၀၀
(၁၃) မူဆယ် - ၃၈၀၀၀
(၁၄) ထားဝယ် - ၂၀၀၀၀
(၁၅) နမ့်ခမ်း - ၄၀၀၀၀
(၁၆) မုံရွာ - ၂၅၀၀၀
(၁၇) တနိုင်း - ၁၂၀၀၀၀
(၁၈) ပူတာအို - ၁၀၀၀၀၀
(၁၉) လက်ပံတန်း - ၄၈၀၀၀
(၂၀) ရွှေကူ - ၈၀၀၀၀

လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်တဲ့ မြို့တွေမှာတော့ ဈေးအနည်းငယ်တက်ပေမယ့် လမ်းပိတ်ထားတဲ့ မြို့တွေ့မှာတော့ ဘိလပ်မြေတအိတ်ကို တသိန်းကျော် ရှိနေပါတယ်။ ဒီဈေးနှုန်းတွေအတိုင်း ဆက်တက်နေမယ်ဆိုပါက မြန်မာပြည် ဆောက်လုပ်ရေးလုပ်ငန်းတွေ အားလုံး ပြိုလဲသွားနိုင်တဲ့ အခြေအနေ ဖြစ်နေပါပြီ။

#ဘိလပ်မြေ
#ဆောက်လုပ်ရေး
#crd_photo

image
1 နှစ် - ဘာသာပြန်ပါ။

Gems
Natural Spinal (Mogok)🌸🌸🌸

ကျောက်သားပွင့်စူသန့် ဘလင်းဘလင်း ကာလာအစီးစပ်
၃မတ် ၁နီးနီး အရွယ်ထွား အလှလေးတွေကြီးပဲ
တစ်ကြိုးစာလှလှလေးခတ်လိုရတယ်နော်

1 နှစ် - ဘာသာပြန်ပါ။

မြန်မာခေါက်ဆွဲကြော်(အိမ်ကြော်)

ခေါက်ဆွဲတစ်အိုးစာ ဆိုင်ရောင်း သုံးပွဲစာ

ဆီ ၂ကျပ်ခွဲသားခန့်

ခေါက်ဆွဲ မိမိကြိုက်နှစ်သက်သောခေါက်ဆွဲသုံးပါ

ဂေါ်ဖီထုပ် သိုမဟုတ်မုန်ညှင်းဖြူ အနည်းငယ်

ရွှေပဲသီး ကြိုက်ရင်ထည့်သုံးပါ အနည်းငယ်

အသား ၂၅ကျပ်သား ကြက်/ဝက် အိမ်စား
ရောင်းစား ၅ကျပ်/၁၀ကျပ်သား

ကြက်ဥ ၁လုံးကြိုက်မှထည့်ပါ

ကော်မူန့် ၁ဇွန်း ထမင်းစားဇွန်း

ရေ ၁၂၀စီစီခန့် ကော်မူန့်နဲ့ရောပြီးဖျော်ထားပါ

ငံပြာရည် အနည်းငယ် ကြိုက်မှထည့်ပါ

ပဲငံပြာရည် အဖျစ် အနည်းငယ်

ကြက်သားမူန်း ၁ဇွန်းအမောက်

ခရုဆီ ၁ဇွန်းအမောက်

အသားကို ရေနည်းနည်းနဲ့ခဏပြုတ်ပြီရေစစ်ထားပါ
အသားပြုတ်ရေကိုသိမ်းထားပါ ကြော်တဲ့အခါသုံးရန်
၂၀၀စိစိလောက် ကျနော်ကတော့အသားပြုတ်ရည်ရှိတော့
ဆီအပူပေးပြီး
အသားကိုတခါတည်းကြော်တယ်ခဏကြော်ပြီးအရွက်တွေထည့်တယ်ခဏကြော်ငံပြာရေအနည်းငယ်ထည့်ခဏကြော်
ဘာကြောင့်လဲဆိုတော့ငံပြာရည်နဲခဏကြော်ရင်ငံပြာရည်အနံသိပ်မထွက်ဘဲမွေးလာအောင်ပါ ပြီးမှကြက်သားမူန့်ခရုဆီထည့်ပါပဲဆီအဖျစ်ကခေါက်ဆွဲထည့်ပြီးမှထည့်လဲရပါတယ်
ကျနော်ကခေါက်ဆွဲမထည့်ခင်အရင်ထည့်ပြီးခဏကြော်တယ်အဲဒါမှပဲဆီက အဖတ်အနှစ်လေးလိုခေါက်ဆွဲမှာဆွဲကပ်နေတာ ကျနော်အကြိုက်ပြီးရင်ကြက်ဥထည့်လို့ရပါပြီကြက်ဥထည့်ရင်ခေါက်ဆွဲ အိုးအလယ်ထည့်လဲရပါတယ် ဘေးထည့်လဲရပါတယ် ဥပဒေမရှိပါဘူးခင်ဗျာ ထည့်ရမယ်လို့ ထည့်ပြီးခဏမမွှေရမကျက်တကျက်ဖြစ်ရင်ခေါက်ဆွဲလှန်ပါသုံးလေးခါပြီးတာနဲ့ကြက်သားပြုတ်ရေ ထည့်ပါဆူးလာတာနဲ့ဖျော်ထားတဲ့ကော်ရည်ထည့်ပါအဖုံးခဏပိတ်စက္ကန့်၃၀နပ်လိုက်ရင်ခေါက်ဆွဲအိပြီးစားလို့ကောင်းပါတယ်

Crd.Min Kabar Sharr

image

Part_4
မောင်သာနိုးဘာသာပြန်တဲ့ ဘောင်းဘီဝတ်မိုးတိမ်
ဒါကြောင့် `ငါ့ဘွတ်ဖိနပ်က သံမှိုက ဂွည်ထည်ရဲ့ စိတ်ကူးယဉ်ထက် ထမင်း လုံးတစ္ဆေ ဆန်သေးသပ’လို ့ ရေးဖွဲ့ခဲ့တာ ဖြစ်တယ်။
ကဗျာဆရာ ကမ္ဘာကျော်လာပြီဆိုတော့ သူ့ကဗျာက ရည်ညွှန်းဖွဲ့ဆိုခဲ့တဲ့ ဇာတ်လိုက်မ ကောင်မလေးကို မရမက လိုက်ရှာကြတာဟာ စာပေသုတေသီတို့ရဲ့ အလုပ်ပါပဲ။
အဲဒီတော့ ‘ဘောင်းဘီဝတ် မိုးတိမ်’ရဲ့ ဇာတ်လိုက်မ မာရီယာဟာ ဘယ်သူလဲ မေးခွန်းတွေ ပလုံစီလာတယ်။ အဖြေရဖို့ ရှာကြ ဖွေကြပေါ့လေ။
မာယာကော့ဖ်စကီး သေပြီးလို့ ရာစုဝက်ကျော်လာတဲ့အခါ မွေးနေ့ ၉ဝ ပြည့် အထူးထုတ် ဆိုဗီယက် စာပေမဂ္ဂဇင်း (၁၉၈၃)ထဲမှာ အသစ်တွေ့ရှိချက် ‘ဩဒဲဆာမှာ ဖြစ်ပျက်ခဲ့တယ်’ဆိုတဲ့ ခေါင်းစဉ်နဲ့ မာယာကော့ဖ်စကီး ချစ်ခဲ့ရတဲ့ မာရီယာဟာ ဘာလဲဆိုတာ ခိုင်ခိုင်မာမာ ဖော်ထုတ်တင်ပြနိုင်ခဲ့တယ်။
မာယာကော့ဖ်စကီးရဲ့ မိတ်ဆွေ ကာမန်စကီး ကွယ်လွန်တော့ မှတ်တမ်းဝင် စာရွက်စာတမ်း အမြောက်အမြား ကျန်ရစ်ခဲ့တယ်။ အဲဒီစာရွက်တွေထဲက မာယာ ကော့ဖ်စကီးရဲ့ ဘဝနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ စာရွက်နှစ်ရွက် တွေ့ ရတယ်။
တစ်ရွက်က မာယာကော့ဖ်စကီး ကိုယ်တိုင်ဆွဲခဲ့တဲ့ “မာရီယာဒင်နီဆိုဖာ’ဆိုတဲ့ ကောင်မလေး ပုံပါပဲ။ ကဗျာဆရာဆိုပေမဲ့ ပန်းချီအနုပညာသင်ကျောင်းလည်း တက်ခဲ့သူဆိုတော့ ပုံတူပန်းချီ ကောင်းကောင်းဆွဲနိုင်ပါတယ်။ အဲဒီစာရွက်ထဲမှာ ‘မာရီယာဒင်နီဆိုဖာ’ကို ချစ်တဲ့အကြောင်း လျှို့ဝှက်စာလုံးတွေနဲ့ ရေးခဲ့သေးတယ်။ ဒါကို သုတေသီတွေက ဖော်ထုတ်တင်ပြလိုက်တယ်။
လျှို့ဝှက်စာလုံးတွေထဲ သိုသိပ်သိမ်းဆည်းထားတဲ့ မာယာကော့ဖ်စကီးရဲ့ အချစ်ဟာ ‘ဘောင်းဘီဝတ် မိုးတိမ်' (အခန်း ၄)မှာ ပွင့်အန်ယိုစီးလာပါတော့တယ်။
ရုပ်ဝါဒီ ကဗျာဆရာတစ်ယောက်ရဲ့ အချစ်ဘွဲ့ ဆိုပေမဲ့ တစ်မျိုးတစ်ဘာသာ လှတယ်။ ကဗျာရှည်ကြီးထဲက ဒီအပိုဒ်တွေဟာဖြင့် သီးခြားကဗျာတစ်ပုဒ် (epi- sode) လို ဖတ်ရှုခံစားလို့ ရတယ်။ ဟားဘတ်မာရှယ်ရဲ့ အင်္ဂလိပ်ဘာသာပြန် ကောင်းသလို မောင်သာနိုးရဲ့ မြန်မာဘာသာပြန်ကလည်း ကောင်းတာအမှန်ပဲ။

#ဆက်ရန်ရှိ

ခြေထောက်ခြေဖဝါးလေးတွေ ကိုက်ခဲနေပါသလား
နေ့စဉ်နှင့် အမျှ သွားလာလှုပ်ရှားနေသည့် တစ်ခါတစ်ရံ လမ်းလျှောက်များခြင်းကြောင့် ခြေထောက်လေးတွေ ခြေဖဝါးတွေ နာကျင်ကိုက်ခဲး ညောင်းညာခြင်း တို့ဖြစ်ပေါ်လာတက်ပါသည် ။ တစ်ချို့လမ်းလျှောက်သွားလာနေပေမဲ့ သတိမထားမိဖြစ်ပြီး မိမိခြေဖဝါးထိတွေသည့် စီးထားသော ဖိနပ်များ ရှူးများကြောင်းလည်း ပိုမို ခံစားဖြစ်ပေါ်တက်ပါသည် ။ ပျော့ပျောင်းသောအခံမပါသည့် ဖိနပ်များစီးခြင်း ဒေါက်အမြင့်ဖြင့် လမ်းလျှောက်များခြင်းကြောင့် ပိုမိုခံစားဖြစ်တက်ပါသည် ။
ညောင်ညာ ကိုက်ခဲနေသော ခြေထောက်လေးတွေ ခြေဖဝါးလေးတွေအတွက် လျှင်မြန်စွာ သက်သာစေသလို လုပ်ဆောင်ချက်အတွက် လွယ်ကူ အဆင်ပြေသည့် နည်းလမ်းတစ်ချို့မှာ အိမ်သုံးဆားကို စက္ကူအပေါ် သို့မဟုတ် ခြေထောက်နှစ်ဖက်ဝင်ဆံ့သော ခွက် တို့တွင်ထည့်ပုံပြီး ခြေဖြင့်နင်းခြင်း ပွတ်ခြင်း တို့ ပြု့လုပ်ပေးနိုင်သလို့ ဆားရေနွေးစိမ်ခြင်း ပြု့လုပ်ပေးနိုင်ပါသည် ။ ဆား လက်တစ်ဆုပ်စာဝန်ကျင်းခန့်ကို မပူမအေး ရေနွေးထည့်ထားသော ဇလုံးအတွင်း ထည့်ပြီး မိနစ်အနည်းငယ်ကြာ ခြေထောက်နှစ်ဖက်ကို စိမ်ထားပေးလိုက်ပါ စိတ်ပြီးပါက အနည်းငယ် ပူနွေးသော ရေဖြင့် ပြန်လည်ဆေးကြောပြီး ခြေထောက်နှင့် ခြေချောင်းလေးများကို အပေါ်အောက် လှုပ်ရှားပေးပါ ခြေထောက်များကို လှုပ်ရမ်းပေးပါ ။ ညအိပ်သည့် အခါတွင် ခြေထောက်ခြေဖဝါးကို ဖက်ခေါင်းအုံးအရွယ် အမြင့်အနေထားဖြင့်အောင် ခံပြီးမှ အိပ်ပေးပါ ။
နာကျင်နေပြီး ခြေချင်းဝတ်နေရာများတွင် ရောင်ရမ်းနေခြင်းဖြစ်ပေါ်နေခဲ့ပါက ရေခဲတုံး ရေခဲအစများကို အဝတ်ပါးပါးတစ်ခုတွင် ထည့်ပြီး ဖြစ်ပေါ်နေသည့် ခြေချင်းဝတ်နေရာများကို မိနစ်အနည်းငယ်ကြာအောင် ပွတ်ပွတ်ပေးပါ ။ ရေခဲဝတ်ကပ်ခြင်းကြောင့် ရောင်ရမ်းနေခြင်းအတွက် သက်သာစေပါတယ် ။
ရက်ကြာမြင့်စွာ ခြေထောက်တွေ ခြေဖဝါးတွေ နာကျင်နေခြင်း ကိုက်ခဲနေခြင်း အပြင် ရောင်ရမ်းနေခဲ့မည် ဆိုပါက တစ်ခြား ရောဂါများဖြစ်ပေါ်လာတက်သည့် အနေအထားတွေကြောင့် ဆရာဝန်ထံ ဖြစ်ပေါ်နေသည့် အနေအထားကို ပြသပြီး ကုသ ခံယူသင့်ပါသည် ။
#ကျန်းမာရေးဆိုင်ရာဗဟုသုတများ

image