ငံပြာရည်အစိုကြော်

ပါဝင်ပစ္စည်းများ
ပုဇွန်ခြောက်၁၀သား
ဆီ၁၅ကျပ်သား
ကြက်သွန်နီကြီးကြီး၁၀လုံး
ကြက်သွန်ဖြူ၅ကျပ်သား
မျှင် ငပိကွမ်းသီးလုံးခန့်
မကျည်းမှည့်အနှစ်ဟင်းဇွန်း၃ဇွန်း
သကြားteaဇွန်း၂ဇွန်း
ငရုတ်သီးအစိမ်းမှုန့်ဟင်းဇွန်း၂ဇွန်း
ငရုတ်သီးခွဲခြမ်းဟင်းဇွန်း၂ဇွန်း
ဆနွင်းမှုန့်အနည်းငယ်
ငံပြာရည်အကြမ်းပန်းကန်၁လုံး
(ငံပြာရည်ကတော့ကိုယ်အပေါ့အငံစားတာပေါ်မူတည်ပြီးထည့်နိုင်ပါတယ်။)
အချိုမှုန့်ကတော့ မထည့်လည်း ချိုတာမို့ မထည့်လည်းဖြစ်ပါတယ်။
ထည့်ချင်လည်းရပါတယ်.. အများကြီးတော့ မထည့်နဲ့ပေါ့။

ပြင်ဆင် ချက်ပြုတ်နည်း

အရင်ဆုံငရုတ်သီးအစိမ်းမှုန့်ထဲကြက်သွန်ဖြူ၊နီထည့်ထောင်းထားပါ။
ပုဇွန်ခြောက်ကိုရေနွေးစိမ်ထားပြီးမှရေတထပ်ထပ်ဆေးပြီးထောင်း
ထားပါ။
ပုဇွန်ခြောက်အမှုန့်သုံးရငေ်တာ့အငံကိုလျှော့ပါနော်
မျှင်ငပိ၊မကျည်းမှည့်အနှစ်နဲ့သကြားကိုအနှစ်ဖြစ်အောင်မွှေထားပါ။
ဆီပူလာရင်အနှစ်ထောင်းထားတာကိုဆနွင်းထည့်ဆီသပ်ပါ။
မွှေးပြီးအစိမ်းနံ့ပျောက်အရောင်ပြောင်းလာရင်ပုဇွန်ခြောက်ထည့်ပါ။
အဲ့ဒီ့အချိန်ကတူးတတ်လို့သတိထားပါ။
ပုဇွန်ခြောက်နံ့ပျောက်ပြီးမွှေးလာရင်ငရုတ်သီးခွဲခမ်းထည့်ပြီးမွှေပါ။
သတိထားပါတူးတတ်ပါတယ်
ပြီးရင်ဖျော်ထားတဲ့မကျည်းအနှစ်ထည့်ပါ။
ငပိနံ့ပျောက်ရင်ငံပြာရည်လောင်းပါ။
အရသာမြည်းပါ။
ပျော့ပျော့ထွေးထွေးအရည်ခြောက်ပြီးဆီလဲပြန်၊စိုစိုအိအိအနေထား
ချပါ။
သခွားသီး၊သရက်သီးတို့စရာနဲ့လိုက်ဖက်တယ်။
ငံပြာရည်အပျော့ကြော်ကိုထမင်းနဲ့နယ်ဘူးသီးကြော်၊ကြက်သွန်ကြော်
လေးနဲ့စားရင်လဲအရမ်းလိုက်ဖက်ပါတယ်။

Credit to Pan Kankayae

image