Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘယ်အရာမှ မတည်မြဲဖူးဆိုတာ
သိလာရတဲ့နောက်ပိုင်း
တစ်ယောက်ထဲနေပြီး
တိတ်တိတ်လေးပဲ ဘဝကို ဖြတ်သန်းချင်တော့တယ်
ချစ်နေရင်းက
ဗြုန်းစားကြီး မချစ်ချင်တော့တာတွေ
နွေးနွေးထွေးထွေးနေရင်းက
ရုတ်တရက်ကြီး အေးစက်သွားတာတွေ
ပိုင်ဆိုင်ရပြီလို့ ထင်နေတုန်း
ဆုံးရှုံးသွားလိုက်ရတာတွေကြောင့်
ကိုယ့်မှာ တကယ်ကို
ခံနိုင်ရည်အား လုံးဝမရှိတော့ပါဘူး
ရုတ်တရက်ဆိုသလို
မထင်ထားပဲ ဖြစ်ပျက်သွားတတ်တဲ့အရာတွေဟာ
သိပ်ကြောက်စရာကောင်းသလို
ဘယ်လိုမှ မျှော်လင့်မထားခဲ့တဲ့အရာတွေမို့
အခုဆို ဘယ်သူ့ဘဝထဲကိုမှ
လွယ်လွယ်နဲ့ မဝင်ရဲသလို ကိုယ်လဲ လက်မခံရဲတော့ဘူး
အထီးကျန်လို့ဆိုပြီးလဲ
ဘယ်သူ့ဆီမှာမှ မျှော့်လင့်တကြီးနဲ့ ရင်မဖွင့်ချင်တော့ဘူး
ကိုယ်လဲ အပူတွေမယူချင်သလို
အခြားသူကိုလဲ စိတ်ညစ်စေမဲ့ အပူသောကတွေမပေးချင်တော့လို့
နေခ/စာတိုက်ပုံး
ကျနော်တို့ ဘဝမှာ
အမြဲတမ်း ရင်ဘတ်ထဲ
သိမ်းထားတဲ့ လူတစ်ယောက်တော့ ရှိကြတယ်။
အဲ့ဒီလူဟာ
ဟိုးအဝေးကြီးမှာ ဖြစ်နိုင်သလို
အနီးနားမှာလည်း ဖြစ်ချင်ဖြစ်နေလိမ့်မယ်။
မခေါ်ရလဲ ဖြစ်တယ်။
မတွေ့ရလည်း ရတယ်။
ပတ်သတ်မှုဆိုတာထက်
ရင်ဘတ်ထဲက ခံစားမှုတစ်ခုပါ။
ချစ်တာ မချစ်တာက ကျယ်ပြန့်လွန်းလို့
မြတ်နိုးမှုပဲ ဆိုပါစို့။
တကူးတကကြီး နှုတ်မဆက်ဖြစ်ဘူး။
တစ်ခါတစ်ရံ လချီပြီး စကားမပြောဖြစ်ဘူး။
ပြောဖြစ်ရင်လည်း ခဏလောက်ပဲ။
သူနှစ်သက်တဲ့အရာတွေတွေ့ရင်
တကယ့်အခက်အခဲတွေကြုံရင်
သတိရလိုက်တယ်။ ဒီလိုပဲရိုးရှင်ပါတယ်။
အမြဲထုတ်မပြောဖြစ်တဲ့
ရင်ဘတ်ထဲသိမ်းထားတဲ့
ကျနော်တို့ရဲ့ တစ်စုံတစ်ယောက်ပေါ့။
- လူခေး -
အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွက် လက်တုံ့ပြန်ခွင့်ရှိပေမဲ့ လက်ဘနွန်အပစ်အခတ်ရပ်စဲရေးကို အီရန်ကြိုဆို
နိုဝင်ဘာ ၂၈
အီရန်နိုင်ငံဟာ ပြီးခဲ့တဲ့လက အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအတွက် လက်တုံ့ပြန်ခွင့်ရှိပေမဲ့ ဒေသတွင်းက တခြားတိုးတက်လာတဲ့အခြေအနေတွေကိုလည်း ထည့်သွင်းစဉ်းစားနေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်အရာချီက နိုဝင်ဘာ ၂၇ ရက်နေ့က ပြောကြားလိုက်ပါတယ်။
အင်္ဂါနေ့ (နိုဝင်ဘာ ၂၆ ရက်နေ့) က လက်ဘနွန်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အီရန်နိုင်ငံက ကြိုဆိုလိုက်ပြီး အဲဒီသဘောတူညီချက်ဟာ ထာရဝသဘောတူညီချက်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အရာ ချီက လစ္စဘွန်းမြို့ခရီးစဉ်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ပြင်သစ်နိုင်ငံတို့က ကြားဝင်ဖျန်ဖြေပေးမှုအရ အစ္စရေးနဲ့ အီရန်ထောက်ပံ့ထားတဲ့ ဟစ်ဘိုလာအဖွဲ့ကြား အပစ်အခတ်ရပ်စဲမှု သဘောတူညီချက်ဟာ နိုဝင်ဘာ ၂၇ ရက်နေ့ကနေ စတင်အကျိုး သက်ရောက်မှာဖြစ်ပါတယ်။
အခု အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဟာ အစ္စရေးနဲ့ အီရန်ကြား တင်းမာမှုတွေကို လျော့ကျသွားစေနိုင် သလားလို့ မေးတဲ့အခါ “ဒီကိစ္စက အစ္စရေးရဲ့ အပြုအမူပေါ် မူတည်ပါတယ်။” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အ ဘတ်အရာချီက ပြောပါတယ်။
“မကြာသေးခင်က အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တိုက်ခိုက်နိုင်ခွင့် ကျွန်တော်တို့မှာရှိ ပါတယ်။ ဒါပေမဲ့ ဒေသတွင်းက တိုးတက်လာတဲ့အခြေအနေအားလုံးကို ကျွန်တော်တို့ ထည့်သွင်းစဉ်းစားပါ တယ်။” လို့ ၎င်းကပြောပါတယ်။
အောက်တိုဘာ ၁ ရက်နေ့က အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အောက်တိုဘာ ၂၆ ရက်နေ့မှာ အစ္စရေးက အီရန်နိုင်ငံထဲက ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါ တယ်။
အီရန်အနေနဲ့ အစ္စရေးကို လက်တုံ့ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်နေကြောင်း နိုဝင်ဘာ ၂၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အီရန်ထိပ်တန်းခေါင်းဆောင်ရဲ့ အကြံပေးအရာရှိ အလီလာရီဂျာနီက ပြောပါတယ်။
ဟစ်ဘိုလာအဖွဲ့ဟာ ဆယ်စုနှစ်ပေါင်းများစွာ ခေတ်နောက်ကျနေပြီဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ဘင်ဂမင် န တန်ယာဟုက အင်္ဂါနေ့က ပြောကြားခဲ့ပေမဲ့ ခေါင်းဆောင်းအများအပြားကို အစ္စရေးက လုပ်ကြံသတ်ဖြတ်ခဲ့ပေမဲ့ ဟစ်ဘိုလာအဖွဲ့ဟာ အားနည်းသွားခြင်းမရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးအရာချီကပြောပါတယ်။
ဟစ်ဘိုလာအဖွဲ့ဟာ ပြန်လည်စုဖွဲ့ပြီး ထိရောက်စွာ တိုက်ခိုက်နိုင်စွမ်းရှိကြောင်း ၎င်းက ပြောပါတယ်။
“အစ္စရေးဘက်က အပစ်အခတ်ရပ်စဲရေးကို ဘာ့ကြောင့်လက်ခံလိုက်ရသလဲဆိုတဲ့ အဓိက အကြောင်းရင်းက ဒါပါပဲ။ ဟစ်ဘိုလာအဖွဲ့ရဲ့ ခေါင်းဆောင်တွေ၊ တပ်မှူးတွေ အမြဲတမ်း ဆုံးရှုံးနေရပေမဲ့ ဟစ်ဘိုလာအဖွဲ့ဟာ အင် အားအရရော စိတ်ဓာတ်အရရော ပိုမိုတောင့်တင်းလာပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Iran welcomes Lebanon ceasefire, reserves right to react to Israeli airstrikes
Credit - MI News Agency
#သတင်းဟင်းလေးအိုးကြီး




မြန်မာ ၈ ဦး ပါဝင်တဲ့ အကြီးမားဆုံး ကျားဖြန့်ဂိုဏ်း ထိုင်းနိုင်ငံမှာ ဖမ်းမိ
နိုဝင်ဘာ ၂၈
ထိုင်းရဲတပ်ဖွဲ့ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ်မှာ ဖုန်း/အွန်လိုင်းကတစ်ဆင့် ငွေကြေးလိမ်လည်တဲ့ ထိုင်း-တရုတ် ကျားဖြန့်ဂိုဏ်းတစ်ခုနဲ့ ဆက်စပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို အများဆုံး သိမ်းဆည်းရရှိခဲ့ ကြောင်း ဘန်ကောက်ပို့စ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
နိုဝင်ဘာ ၂၆ ရက်နေ့ (အင်္ဂါနေ့) က ချင်းမိုင်ပြည်နယ် မူယန်း၊ ဆန်ဆိုင်းနဲ့ ဆန်ကမ်ဖိုင်း ခရိုင်တွေက အငှားအိမ် ၁၁ လုံးကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ ဖုန်းဆင်းကတ် ၅၉၀,၀၀၀ ပါ ဆင်းကတ်ဘူး ၆၄၂ ဘူး၊ ကွန် ပျူတာ ၇၂ လုံး၊ မိုဘိုင်းဖုန်း ၁,၄၅၅ လုံး၊ ဆင်းကတ် Reader ၄၇ ခု သိမ်းဆည်းရရှိခဲ့ကြောင်း ဗဟိုစုံစမ်းစစ် ဆေးရေးဗျူရို (CIB ) ရဲမင်းကြီး ဒုတိယရဲချုပ်ကြီး ဂျီရာဟုတ်ဘူရီဒတ်က နိုဝင်ဘာ ၂၇ ရက်နေ့ကကျင်းပခဲ့တဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ဒီသိမ်းဆည်းရရှိမှုဟာ ထိုင်းနိုင်ငံသမိုင်းရဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းသိမ်းဆည်းရရှိမှာထဲမှာ အများဆုံးပဲဖြစ် ပါတယ်။” လို့ CIB ရဲမင်းကြီးက ပြောပါတယ်။
ဝင်ရောက်စီးနင်းမှုတွေမှာ ထိုင်းရဲတပ်ဖွဲ့က ထိုင်းနိုင်ငံသား ၂ ဦး၊ တရုတ်နိုင်ငံသား ၅ ဦးနဲ့ မြန်မာနိုင်ငံသား ၈ ဦးကို သံသယတရားခံတွေအဖြစ် ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းမိထားတဲ့အထဲက ဂျီရာပန်ပရာကော့ကစ်အမည်ရှိ အသက် ၃၀ အရွယ် ထိုင်းအမျိုးသမီးရဲ့ ခင်ပွန်းဟာ တရုတ်လူမျိုးဖြစ်ပါတယ်။
လက်ရှိအချိန်မှာ လွတ်မြောက်နေတဲ့ အဲဒီတရုတ်လူမျိုးဟာ အဆိုပါကျားဖြန့်ဂိုဏ်းခေါင်းဆောင်ဖြစ်တယ်လို့ ယူဆရပါတယ်။
ငွေလိမ်လည်လုပ်ငန်းဆောင်ရွက်နေတဲ့ အဲဒီအိမ်ကို အဆိုပါ ထိုင်းအမျိုးသမီးက ငှားရမ်းထားတာဖြစ်ပြီး အိမ် ငှားခနဲ့ တခြားဝန်ဆောင်ခတွေကို ၎င်းကပဲ ပေးချေနေတာဖြစ်ပါတယ်။
“ဆင်းကတ်တွေကို အကောင့်တုတွေဖွင့်ဖို့ အသုံးပြုပါတယ်။ ပြီးတော့ အဲဒီအကောင့်တုတွေကို တခြား အွန် လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ အွန်လိုင်းဒုစရိုက်လုပ်ငန်းဂိုဏ်းတွေကို ပြန်လည်ရောင်းချပါတယ်။” လို့ CIB အကြီး အကဲက ပြောပါတယ်။
၎င်းရဲ့ခင်ပွန်းဖြစ်သူ လွတ်မြောက်နေတဲ့ တရုတ်လူမျိုးဟာ လိုအပ်တဲ့စက်ပစ္စည်းတွေကို ဝယ်ယူပြီး အခုအဖမ်း ခံရတဲ့သူတွေကို ဝန်ထမ်းအဖြစ်ခန့်အပ်ကာ ငှားထားတဲ့အိမ်တွေမှာ ဖြန့်ခွဲနေရာချထားပြီး ဆင်းကတ်တွေအသုံး ပြုပြီးတော့ အကောင့်တုတွေနဲ့ လိမ်လည်ခိုင်းတာဖြစ်ကြောင်း ဂျီရာပန်က ပြောပါတယ်။
Ref: Thailand's biggest seizure of call scam equipment
#centralnewsnayptitaw

မက်ဒရစ်နာကျင်မှုကို အဆုံးသတ်နိုင်ခဲ့လို့ ဝမ်းမြောက်ကြောင်း ဆလော့ပြော
နိုဝင်ဘာ ၂၈
လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရယ်လ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် နည်းပြ အာနီဆလော့က အသင်းရဲ့ နှစ်ပေါင်းများစွာကြာ မက်ဒရစ်နာကျင်မှုကို အဆုံးသတ်နိုင်ခဲ့လို့ ဝမ်းမြောက်ကြောင်း ပြောခဲ့ပါတယ်။
အာနီဆလော့က “ချန်ပီယံလိဂ်ကို အကြိမ်ပေါင်းများစွာ ရယူထားတဲ့ အသင်းနဲ့ ကစားရတာဟာ ဘယ်လောက် ထူးခြားလဲဆိုတာ ခင်ဗျားတို့ သိပါတယ်။ လီဗာပူးလ်အတွက်လည်း နှစ်ပေါင်းများစွာကြာ နာကျင်ခဲ့ရတာပါ။ ဒါက ကြီးမားတဲ့ ရက်သတ္တပတ်ဖြစ်ပြီး မြင်ရတာ အလွန်ကောင်းပါတယ်။ ဒီလိုပွဲကြီးပွဲကောင်းတွေကို အနိုင်ရတာက အမြဲတမ်းကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ ၁၆ သင်းအဆင့်မှာ ရီးရယ်လ်နဲ့ ထပ်တွေ့ပြီး အနိုင်ယူနိုင်ခဲ့ရင် ပိုကြီးမားတဲ့ ကြေညာချက် ဖြစ်လာပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ လီဗာပူးလ်အသင်းအတွက် ဂိုးတွေကို မက်အလစ္စတာနဲ့ ဂတ်ပိုတို့က သွင်းယူခဲ့ကြပြီး ဘတ်ပီနဲ့ ဆာလက်တို့ ပင်နယ်တီလွဲချော်ခဲ့ကြပါတယ်။
လီဗာပူးလ်အသင်းဟာ ရီးရယ်လ်အသင်းကို ၂၀၁၈ နဲ့ ၂၀၂၂ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေ အပါအဝင် နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၆ ကြိမ်စလုံး အနိုင်ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။
ဒီနိုင်ပွဲဟာ လီဗာပူးလ်အသင်းအတွက် ရီးရယ်လ်အသင်းကို ၂၀၀၉ ခုနှစ်နောက်ပိုင်း ၁၅ နှစ်အကြာမှ ပထမဆုံး နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ဒီရာသီချန်ပီယံလိဂ်ပွဲစဉ် ၅ ပွဲစလုံးကို ရာနှုန်းပြည့် နိုင်ပွဲရယူထားတဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ရပ်တည်နေပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲတွေကြောင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ နီးစပ် သွားခဲ့ပြီဖြစ်တာပါ။
ရီးရယ်လ်အသင်းကတော့ ပွဲစဉ် ၅ ပွဲ ကစားအပြီးမှာ ၃ ပွဲအထိ ရှုံးပွဲကြုံတွေ့ထားကာ အဆင့် ၂၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ရီးရယ်လ်အသင်း အနေနဲ့ နောက်တဆင့် တက်ရောက်နိုင်ဖို့အတွက် လက်ကျန် ၃ ပွဲစလုံး ရလဒ် ကောင်း ရယူနိုင်ဖို့ လိုအပ်နေပါတယ်။
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက သူတို့နောက်တဆင့်ကို တက်ရောက် နိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် ဂီတာဖေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး လီဗာပူးလ် အသင်းက ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပုံ - အာနီဆလော့ကို တွေ့ရစဉ်
#centralnewsnaypyitaw
ရန်ကုန်တိုင်းအတွင်း ဒေါ်လာ ၇ သန်းခွဲကျော်နှင့် ကျပ်သန်း ၁,၅၀၀ တန်ဖိုးရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၉ ခု အတည်ပြု
နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေါ်လာ ၇ သန်းခွဲကျော်နှင့် ကျပ်သန်း ၁,၅၀၀ တန်ဖိုးရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၉ ခုအား ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး (၁၁/၂၀၂၄)တွင် အတည်ပြုပေးခဲ့သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ စက်မှုလုပ်ငန်းနှင့်ဝန်ဆောင်မှုလုပ်ငန်းတို့တွင် ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၈ ခုတို့ကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
အတည်ပြုပေးခဲ့သည့် လုပ်ငန်းအမျိုးအစားများမှာ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်း၌ ရာနှုန်းပြည့်ရောင်းချမည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် Wool Fiber & Yam ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် ဆံပင်အတုအမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်မျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ စက္ကူတံဆိပ်ရိုက်ခြင်းဝန်ဆောင်မှုလုပ်ငန်းနှင့် ပြည်တွင်း၌ ရာနှုန်းပြည့်ရောင်းချမည့် အထည်ချုပ်လုပ်ငန်းတွင် အသုံးပြုသော ပလတ်စတစ်အိတ်အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ်သန်း ၁,၅၀၀ (ကျပ်တစ်ဘီလျံခွဲ)နှင့် ဒေါ်လာ ၇ ဒသမ ၆၉၀ သန်းတန်ဖိုးရှိပြီး ပြည်တွင်းအလုပ်သမား ၅,၂၅၅ ဦးအတွက် အလုပ်အကိုင်များဖန်တီးပေးနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍသို့ လက်ရှိတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ အများဆုံးဝင်ရောက်နေပြီး အော်ဒါအဓိကမှာယူနေသည့်နိုင်ငံများမှာ ဂျပန်၊ တရုတ်၊ ကိုရီးယားနိုင်ငံများဖြစ်သည့်အပြင် ပိုလန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှလည်း ဝယ်ယူမှုမြင့်တက်လာကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
Credit - MT News Agency
#သတင်းဟင်းလေးအိုးကြီး