1 y - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၆-၁၂-၂၀၂၄)

92 Ron ဓာတ်ဆီစျေး ၅၀ ကျပ် ဈေးတက်ပြီး ဒီဇယ်စျေး ၂၅ ကျပ် ဝန်းကျင်ခန့် စျေးကျသွားတဲ့ စက်သုံးဆီစျေးနှုန်းများ

image

ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့်မှာ မန်စီးတီးနဲ့ ဂျူဗင်တပ်စ် တွေ့ဆုံ

ဒီဇင်ဘာ ၆

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ လာမယ့်နှစ် အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုမှာ ဂျူဗင်တပ်စ်၊ ဝိုင်ဒတ်၊ အယ်လ်အိန်းအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့ပါတယ်။

မက်ဆီ ဦးဆောင်တဲ့ အင်တာမိုင်ယာမီအသင်းဟာ အယ်လ်အာလီ၊ ပေါ်တို၊ ပါလ်မီးရက်စ်အသင်းတို့နဲ့ ကျရောက်နေတာပါ။

အသင်းပေါင်း ၃၂ သင်းနဲ့ တိုးချဲ့ကျင်းပတဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကမ္ဘာပေါ်မှာရှိတဲ့ ထိပ်တန်း ကလပ်တွေ အများအပြား ပါဝင်ပြီး အားကစားကွင်း ၁၂ ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပုံစံအဟောင်းနဲ့ ကျင်းပခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မန်စီးတီးအသင်းက ချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။

၂၀၂၅ ခုနှစ်မှာ ကျင်းပမယ့် ပြိုင်ပွဲအတွက် အခြားအုပ်စုတွေမှာ ဥရောပချန်ပီယံ ရီးရယ်လ်အသင်းဟာ အယ်လ်အာလီ၊ ပါချူကာ၊ ဆဲလ်ဘတ်အသင်းတို့နဲ့ ကျရောက်နေပြီး ဘိုင်ယန်မြူးနစ်အသင်းက အော့ကလန် စီးတီး၊ ဘိုကာဂျူနီယာ၊ ဘင်ဖီကာအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

အင်တာမီလန်အသင်းက ရေးဗားပလိတ်၊ အူရာဝါရတ်၊ မွန်တာရေး၊ ပီအက်စ်ဂျီအသင်းက အသလက်တီကို၊ ဘိုတာဖိုဂို၊ ဆီတဲလ်ဆောင်းဒါးအသင်းတို့နဲ့ အုပ်စုကျရောက်နေပါတယ်။

ချယ်လ်ဆီးအသင်းက လီယွန်၊ ဖလာမင်ဂို၊ အက်စ်ပီးရန့်စ်၊ ဒေါ့မွန်အသင်းက ဖလူမင်နန့်စ်၊ အူလ်ဆန်ဟွန်ဆိုင်း၊ မာမီလိုဒီတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။

၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၅ ရက်ကနေ ဇူလိုင် ၁၃ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: CNA

ပုံ - ဖီဖာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ အုပ်စုမဲခွဲနေစဉ်

#centralnewsnaypyitaw

image
1 y - Translate

Beach M-o-o-d 🌊✨' ️🐚

image

နေပြည်တော်ရှိ ပုဂ္ဂလိကရုံးမှ ဝန်ထမ်းအမျိုးသားတစ်ဦး ကြိုးဆွဲချ၍ သေဆုံး

နေပြည်တော်၊ ဒီဇင်ဘာ ၆

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ဦးမင်းဒင်ရပ်ကွက်တွင် ပုဂ္ဂလိကရုံးမှ (Sub-contractor) ဝန်ထမ်းအမျိုးသားတစ်ဦး ဝိုင်ဖိုင်ကြိုးဖြင့် ကြိုးဆွဲချ၍ မိမိကိုယ်ကိုအဆုံးစီရင်၍ သေဆုံးမူဖြစ်ပွားကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ ၆ ရက် နံနက် ၂ နာရီ ၅၂ မိနစ်အချိန်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ၍ သေဆုံးကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ ဒေသခံ လူမှုကူညီရေးအသင်းမှ ရုပ်အလောင်းကို ကုတင် ၂၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက် ကြောင်း သိရသည်။

“ဝိုင်ဖိုင်ကြိုးနဲ့ ကြိုးဆွဲချသေတာ။ သူ့မှာ မိန်းမနဲ့ ကလေးရှိတယ်” လို့ ပျဉ်းမနားမြို့တွင် နေထိုင်သူတစ်ဦးထံမှ သိရသည်။

ထိုကြိုးဆွဲချ၍ သေဆုံးသည့် အမျိုးသားမှာ အသက် (၃၀) ဝန်းကျင်ရှိကြောင်း၊ ၎င်းမှာ mm-link Sub-contractor မှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး မည်သည့်ကိစ္စကြောင့် သေဆုံးသည်ကို သိရှိရခြင်းမရှိကြောင်း သိရသည်။

Photo - Credit

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

သူငယ်ချင်း‌ရေတစ်ကိုက်လောက်စားမယ်နော်
သူ့တစ်ကိုက်-

image
1 y - Translate

ကိုအောင်ရေ ကိုအောင်ဘယ်မှာလဲ ကို့ခလေးကိုထိန်းပါ
စိတ်ညစ်ပါတယ်ဟယ်....

1 y - Translate

နင်တို့သူငယ်ချင်တွေစုံရင် ဘာတွေလုပ်ကြလဲ
Me &My fri

image

image

မလှိုင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် သုံးဦးအား သတ်ဖြတ်ခံရ

နေပြည်တော်၊ ဒီဇင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရေနီကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် သုံးဦးအား PDF အဖွဲ့ဝင်များမှ သတ်ဖြတ်သွားကြောင်း သိရသည်။

ဒီဇင်ဘာလ (၅)ရက် ညနေ (၄)နာရီခန့်က ရေနီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်(ယခင် မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊ မြို့နယ်ကော်မတီဝင်) နှင့် သဖန်းကန်ကျေးရွာနေ ဦးဇော်မင်း (မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ယာဉ်မောင်း)နှင့် ဦးအောင်နေဦးတို့ သုံးဦးအား PDF အဖွဲ့ဝင်များမှ သတ်ဖြတ်သွားကြောင်း သိရသည်။

#centralnewsnaypyitaw

image

ပြည်ခိုင်ဖြိုးပါတီနှင့် United Russia ပါတီအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတိုးမြှင်နိုင်ဆောင်ရွက်နိုင်မည့် အခြေအနေများဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်သူ H.E.Mr Sholban Kara-Ool နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံသံရုံး သံအမတ်ကြီး H.E.Mr ISKANDER Azizov အား ဒီဇင်ဘာလ (၄) ရက်နေ့ ညနေ ၅ နာရီချိန်တွင် ပါတီဌာနချုပ်၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနှင့် ရုရှား နှစ်နိုင်ငံဆက်ဆံရေးအခြေအနေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် United Russia ပါတီအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင်နိုင်ဆောင်ရွက်နိုင်မည့် အခြေအနေ များအား ဆွေးနွေးခဲ့ကြသည်။

#သတင်းဟင်းလေးအိုးကြီး

imageimage