15 w - Translate

အွန်လိုင်းလုပ်ငန်းမှတ်ပုံတင် တစ်သောင်းကျော် လျှောက်ထား
-------------------------------
အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့လုပ်ငန်းတွေအတွက် မှတ်ပုံတင်လျှောက်ထားမှုအနေနဲ့ လျှောက်ထားသူ တစ်သောင်း ကျော် ရှိတယ်လို့ စားသုံးသူရေးရာဦးစီးဌာနကနေ သိရပါတယ်။ အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့လုပ်ငန်းတွေအတွက် မှတ်ပုံတင်လျှောက်ထားမှုစတင်တဲ့ ပြီးခဲ့တဲ့၂၀၂၃ ခုနှစ် အောက်တိုဘာလ(၂)ရက်ကနေ အခုအချိန်အထိ မှတ်ပုံ တင်ဖို့ လျှောက်ထားတဲ့အထဲမှာ ကုမ္ပဏီအနေနဲ့ တစ်ထောင့်သုံးရာနီးပါးနဲ့ တစ်ဦးချင်းလုပ်ငန်းရှင်အနေနဲ့ ကိုးထောင်ကျော် ပါရှိတယ်လို့ ဆိုပါတယ်။

အွန်လိုင်းစီးပွားရေးကို တရားဝင်မှတ်ပုံတင်တာကြောင့် စားသုံးသူတွေရော လုပ်ငန်းရှင်တွေအနေနဲ့ပါ တာဝန် ယူမှု တာဝန်ခံမှုတွေ ပိုတက်လာမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန က လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က ပြောပါတယ်။ အခုလျှောက်ထားလာတဲ့ လုပ်ငန်းတွေကို အခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့ကစတင်ပြီး မြေပြင်မှာ အချက်အလက် တိုက်ဆိုက်စစ်ဆေးတာတွေ ဆောင်ရွက် နေသလို ပြည့်စုံမှန်ကန်တဲ့လုပ်ငန်းတွေကို မှတ်ပုံတင်ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် ၂၀၂၃ ခုနှစ် ဇူလိုင်၂၁ ရက်က အမိန့်ကြော် ငြာစာ ထုတ်ပြန်ခဲ့ပြီး မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့လုပ်ငန်း ဆောင်ရွက်ရင် အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရမယ်လို့ ဖော်ပြထားပါတယ်။

imageimage