ကိုရီယားအခြေခံလုပ်ခလစာ အရင်နှစ်ကထက် တစ်နာရီကို ဝမ် ၁၇၀ တိုးမြှင့်သွားပြီး တစ်ရက်လုပ်ခလစာ ဝမ် ၁၀၀၃၀ ဖြစ်လာ

ဇန်နဝါရီ ၂

ကိုရီးယားနိုင်ငံက လာမယ့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ဘတ်ဂျက်ကာလမှာ အခြေခံလုပ်အားခ တစ်နာရီကို ဝမ် ၁၀၀၃၀ ဝမ်အဖြစ် တိုးမြှင့်ရရှိမှာဖြစ်ပြီး အရင်ကထက် တစ်နာရီကို ဝမ် ၁၇၀ တိုးမြင့်သွားတယ်လို့ ကိုရီးယား EPS စနစ်နဲ့ အလုပ်အကိုင်ဝန်ဆောင်မှုပေးနေတဲ့ EPS- Korea Agency မှ သိရပါတယ်။

ကိုရီးယားနိုင်ငံရဲ့ ၂၀၂၅ ခုနှစ်အတွက် အခြေခံလုပ်အားခကို တစ်နာရီလျှင် ၁၀,၀၃၀ ဝမ် သတ်မှတ်မှာဖြစ်ပြီး တစ်ပတ်လျှင် ၄၀ နာရီ အလုပ်လုပ်ပါက လစဉ်လစာမှာ ၂,၀၉၆,၂၇၀ ဝမ် ရရှိမှာဖြစ်ကာ မြန်မာငွေနဲ့ ပြန်လည်တွက်ချက်ပါက ၇၅ သိန်းဝန်းကျင် ရရှိမှာဖြစ်ပါတယ်။ အခွန်ဆောင်တာတွေအပြီးအစီးဆိုပါက သိန်း ၆၀ ကျော် ရရှိနိုင်တယ်လို့ ကိုရီးယား-မြန်မာ အလုပ်အကိုင် ဝန်ဆောင်မှုပေးနေတဲ့ ကိုရီးယားအခြေစိုက် မြန်မာအေဂျင်စီထံကနေသိရပါတယ်။

EPS- Korea Agencyမှ ဦးကျော်သူရက “ကိုရီးယားမှာက နှစ်စဉ် လုပ်ခလစာတိုးတယ်။ တစ်နှစ်ကိုနည်းနည်းစီပေါ့။ ရာဂဏာန်းလောက်စီက နှစ်တိုင်းတိုးတယ်။ တစ်ရက်ကို ရှစ်နာရီ အလုပ်လုပ်ရတယ်၊ Overtime မပါသေးဘူး။ ပါရင် ပိုရမှာပေါ့။ အခုက ကိုရီးယားက အလုပ်အကိုင်အခွင့်အလမ်းလည်းကောင်းတယ်။ အလုပ်ရဖို့လည်း အမှတ်စနစ်က ပိုမြင့်သွားတော့ ကြိုးစားမှ စာပိုလုပ်မှ ရနိုင်မယ်”လို့ ပြောပါတယ်။

ကိုရီးယားအလုပ်အကိုင်အခွင့်အလမ်းမှာ အမျိုးသားတွေကို ပညာအရည်အချင်းမသတ်မှတ်ထားပေမယ့် အခု ၂၀၂၅ ခုနှစ်မှာ ပထဆုံးအနေနဲ့ အမျိုးသမီးတွေကို ကိုရီးယားနိုင်ငံရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်နိုင်စေဖို့ ခေါ်ယူသွားမှာလည်းဖြစ်ပြီး ပညာအရည်အချင်းအ‌နေနဲ့ အနိမ့်ဆုံး ဆယ်တန်းအောင်မြင်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ဦးကျော်သူရက “အခုက အမှတ်ဖြတ်တာလည်း အရမ်းမြင့်လာတယ်။ ဝင်ရောက်ဖြေဆိုသူကလည်း အရင်ကထက် ဒီနှစ်ပိုင်းတွေမှာ ဆယ်ဆလောက်များလာတယ်။ အရင်က နှစ်သောင်းကျော် သုံးသောင်းလောက်ဖြေတာမှာ အခုက ပြီးခဲ့တဲ့ ၂၀၂၄ ကဆို သုံးသိန်းကျော် ဖြေတယ်။ နောက်ပြီး အခု ၂၀၂၅ ခုနှစ်ထဲမှာ သင်ရိုးတွေလည်း ပြောင်းဦးမှာမို့ ပညာအရည် အချင်း ကန့်သတ်မထားပေမယ့်လည်း စာပိုလုပ်မှပဲရမယ်။ ကြိုးစားမှရမယ်”လို့ ကိုရီးယားအလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သတ်လို့ ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ အခြေအနေကို ပြောပြပါတယ်။

#centralnewsnaypyitaw

imageimage

နေပြည်တော်မှာ ရဲဝန်ထမ်းက ဇနီးကျောင်းဆရာမကို သေနတ်နဲ့ပစ်သတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်

ဇန်နဝါရီ ၂

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့မှာ ဇန်နဝါရီလ ၁ ရက်နေ့ ညနေပိုင်းက ရဲဝန်ထမ်းတယောက်က ဇနီးဖြစ်သူကို သေနတ်နဲ့ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ မနေ့ ညနေ ၆ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လင်မယားချင်း စကားများရန်ဖြစ်ရာကနေ လူသတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“ပစ်ခတ်မှုဖြစ်ခဲ့တာ မှန်ပါတယ်။ ကိုယ်တွေလည်း ဒီမနက်ကမှ သိတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ဘာပြဿနာကြောင့်ရယ်လို့တော့ တိတိကျကျ မသိရသေးပါဘူး။ သာဝတ္ထိက ဆရာမရဲ့ အမေအိမ်မှာ အခင်းဖြစ်တာ။ ပစ်ခတ်မှုဖြစ်တော့ သေသွားတဲ့ ဆရာမရဲ့ညီမလေးကိုတောင် သေနတ်ရှပ်ထိသွားတယ်ပြောတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့ ရဲဝန်ထမ်းဟာ အေလာမှာ တာဝန်ကျနေသူဖြစ်ပြီး သူ့ရဲ့ ဇနီးဖြစ်သူကတော့ ကျောင်းဆရာမတယောက် ဖြစ်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်ကလည်း နေပြည်တော်မှာ ဆရာဝန် ဒုဗိုလ်မှူးကြီးတယောက်က ဇနီးဖြစ်သူကို သတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

အပိုင်း(၄)
သူဌေးသမီးလေးနဲ့ အရောင်းဝန်ထမ်း🍁

1 y - Translate

✅ နေ့စဉ်စားသုံးနေတဲ့ အခြေခံဝေါဟာရလေးတွေ သိထားဖို့

#englisheverywhere

~~~အမှတ်တရ ~~~ { ၉ } (ဇာတ်သိမ်းပိုင်း)
#ဂျူး
အခန်း -၉
“နားထောင်ရင်း အိပ်နော် ။ ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ တီးပြမယ်”
မောင့်မျက်နှာကို တစ်ချက် ငုံ့ကြည့်လိုက်သောအခါ မောင်သည် ကလေးငယ်တစ်ယောက်လို မျက်တောင်စင်းနေသည်။
မနက်ဖြန် ကျလျှင်တော့ ကျွန်မ ပြန်မှဖြစ်မည်။ နောက်ပြီး မန္တလေးမှာ ကျွန်မနှင့် မောင့်အတွက် ဤအိမ် မရှိမှ ဖြစ်မည်။ မောင် မေ့ပျောက်ထားပြီးသော ဝေဒနာတစ်ခုကို အသစ်ပြန် ဖန်တီးပေးသလိုလည်း မဖြစ်စေလိုပါ။
ငယ်စဉ်က xxx ကလေးတို့ဘ၀မှာ xxx ပျော်ပါးဖို့ရာ လွယ်ပါတယ် xxx ကိုယ်ရတာနဲ့ တင်းတိမ်ရောင့်ရဲ xxx စားချိန်မှာ ၀င်စားမယ် xxx အိပ်ချိန်မှာ ၀င်အိမ်မယ် xxx
အပူအပင်ကင်းမဲ့တဲ့ ကလေးလေးဘ၀သာ xxx တစ်ခါပြန်ပြီး ရချင်သေးတယ် xxx အပြစ်မသိသေးတဲ့ xxx
ရုတ်တရက် တုန်ခိုက်လာသောအသံများကြောင့် ကျွန်မ မောင့်ကို ရှက်ရွံ့စွာဖြင့် ရပ်တန့်ပစ်လိုက်မိသည်။
“မရဘူးမောင် ။ ကျွန်မ အသံတွေ ထိန်းလို့မရဘူး”
တလိမ့်လိမ့်ကျလာသော မျက်ရည်များကို သုတ်ပစ်ဖို့ လက်မအားသောကြောင့် ခေါင်းငဲ့၍ ပခုံးစွန်းဖြင့် ပွတ်သတ်ပစ်ရင်း တေးသွားအတိုင်း လက်က ဆက်တီးနေလိုက်သည်။
မောင်က အိပ်ရာမှ လက်ထောက်ကာ တစ်၀က်ထထိုင်၍ ကျွန်မ မျက်ရည်များကို ညင်သာစွာ ဖယ်ရှားပေးသည်။ ဂစ်တာတီးရင်း တစ်ချက် ရှိုက်လိုက်သောအခါ မောင်က “မိချစ်” ဟု အလန့်တကြား ရေရွတ်၍ ကျွန်မကို သူ့ဘက်လှည့်အောင် ဆွဲယူ၏။
“မငိုနဲ့ .. မငိုပါနဲ့။ ချစ်ကို မျက်ရည်တွေနဲ့တွေ့ရရင် ၊မောင် တအားငိုချင်တယ်။ ချစ်မငိုနဲ့နော်။ နင်ဖြစ်စေချင်တာ အကုန် မောင် လုပ်ပေးမယ်။ ပြော ချစ် ဘယ်လိုဖြစ်ချင်သလဲ”
ကျွန်မ လက်ထဲမှ ဂစ်တာကို ယူ၍ ဘေးချထားကာ ကျွန်မ နဖူးကို ခပ်ဖွဖွလေး နမ်းလိုက်သောအခါ ကျွန်မ ထိန်းချုပ်ဖို့ သတိရသွားသည်။
“စိတ်မကောင်း မဖြစ်ပါနဲ့ကွယ်။ အခုတလော ကျွန်မကိုက မျက်ရည်လွယ်နေတာပါ ဘာမှမဖြစ်ပါဘူး မောင်ရဲ့”
ကျွန်မ အသံကတော့ ဘာမှ မဖြစ်သည့်အသံ မဟုတ်နိုင်ပါ။
“မောင်ဆိုးခဲ့တာတွေ ၊ ယုတ်မာခဲ့တာတွေ ၊ တွေဝေခဲ့တာတွေအတွက် နင် ခွင့်လွှတ်ဖို့ အများကြီး လိုသေးတယ်”
စိတ်ဆင်းရဲမှုကြောင့် မောင့်အသံသည် တိမ်၀င်၍ လေးပင်နေသည်။ ကျွန်မ မောင့်နဖူးကို လက်ဖြင့် အုပ်ကိုင်၍ စမ်းသပ်ပြီးနောက် ခေါင်းယမ်းပစ်လိုက်၏။
“မဟုတ်ဘူး ။ မဟုတ်ဘူး ။ မောင်နဲ့ ပတ်သက်ပြီး ခွင့်လွှတ်ဖို့ ဘာမှ မလိုအပ်ဘူး ။ ကျွန်မကိုသာ ခွင့်လွှတ်ဖို့လိုတာ”
“ဘာကိုလဲ”
“သိပ်ခိုင်လွန်းတဲ့ သံယောဇဉ်ကြိုးကိုပေါ့”
မောင်က သက်ပြင်းတစ်ချက် ရှိုက်ပြန်၏။

#ဆက်ရန်ရှိ

image

အိမ်မှာဘဲလုပ်လတ်ဆတ်တဲ့ဒိန်ချဉ်လုပ်နည်း

နွားနို ၁ ပိသာကို ဆူအောင်ကျိုပါ ။ ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့ ။ ကြာကြာလေး ကျိုပါ ။ တအားလည်း မပျစ်ပါစေနဲ့ ။
ပြီးရင် မီးဖိုပေါ်က ချပြီး အအေးခံပါ ။ လုံးဝ အေးသွားတဲ့အထိ မစောင့်ရပါ ။ ( နွေးနွေးလေးမှာ အချဉ် ကို ထည့်ရမှာမိုပါ) လက်ညိုးကိုထည့်ကြည့်လို အပူခံနိုင်တယ်ဆိုရုံလေးပေါ့ ။
အချဉ် (ဟင်းခတ်ဇွန်း ၁ ဇွန်း) ထည့်ပြီး မွှေပေးပါ ။
ပြီးရင် အုပ်ဆောင်းနဲ့အုပ်ပြီး မရွေ့လျားစေဘဲ ၂၄ နာရီ ထားပါ ။ အခန်းအပူချိန်မှာပဲ ထားရမှာပါ ။ ၂၄ နာရီပြည့်ရင် ဒိန်ချဉ် ဖြစ်ပါပြီ။ သတိပြုရမှာတွေက လေလုံအောင် အိုးကိုပိတ်မထားရပါဘူး ။ ခဏခဏလည်း မမွှေရပါဘူး ။ အချဉ်ထည့်ချိန်မှာသာ မွှေပေးရတာပါ ။ အချဉ်ထည့်ချိန်မှာ လုံးဝအေးမနေရဘူး ။
အချဉ်ကို ဘယ်လိုလုပ်ရတာလဲဆိုတော့ နွားနို အစိမ်း အကြမ်းပန်းကန် ၁ လုံးစာကို ဘာမှမလုပ်ဘဲ ဘာမှမထည့်ဘဲ အခန်းအပူချိန်မှာ ၂၄ နာရီထားရင် အချဉ် ဖြစ်ပါပြီ ။ အဲဒီအချဉ်ကို အပေါ်ယံပဲဖြစ်ဖြစ် မွှေပြီးပဲဖြစ်ဖြစ်သုံးနိုင်ပါတယ် ။
ဒိန်ချဉ်ရပြီဆိုရင်တော့ နောက်ထပ်လုပ်မဲ့ ဒိန်ချဉ်အတွက် ဒိန်ချဉ်အဟောင်းကိုပဲ အချဉ်အဖြစ်သုံးနိုင်ပါတယ် ။
အချိုးအဆကတော့ နွားနို၁ပိဿာ အချဉ် ၁ ဇွန်းပါပဲ (ဟင်းခတ်ဇွန်း) ဒိန်ချဉ်ဖြစ်သွားပြီိဆိုရင် ရေခဲသေတာထဲမှာ အကြာကြီးထားလိုရပါတယ် ။

ဒိန်ချဉ်နဲ့စားဖို သကြားရည်ပဲကျိုကျို ၊ ထန်းလျက်ရည်ပဲကျိုကျို ဆားလေး နည်းနည်းထည့်ကျိုပါ ။ ရေကိုတော့ အများကြီးမထည့်ပါနဲ့။
သကြားရော ထန်းလျက်ရောက အပူပေးရင် ပျော်ပါတယ် ။ အိုးမကပ်ရုံသာ ရေထည့်ပါနော် ။ ကဲမိတ်ဆွေတို ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဒိန်ချဉ်လေး လုပ်စားကြည့်မယ်နော် ။
#မြိန်မြိန်လေး