51 ပတ် - ဘာသာပြန်ပါ။

Ring Size Adjuster
Spiral Silicone Tightener for Loose Rings-Ring Guards, Ring Size Adjuster
စျေးနုန်း ၁၅၀၀ကျပ်
လက်စွပ်ကြီးနေတာ ကွက်တီမဖြစ်တာနှင့် မတော်တဆ ကျွတ်ထွက်သွားမှာစိုးရိမ်နေသူတွေတွက် Size ကိုလိုသလိုချိန်ညှိနိုင်မယ့် ဆီလီကွန် ကြိုးလေးပဲဖြစ်ပါတယ်။
လတ်ဝတ်ရတနာဆိုတာ ကိုယ်နဲ့ ကွက်တိဖြစ်နေဖို့လိုပါတယ်။ တန်ဖိုးကြီးလက်စွပ်တွေဆိုရင်ပိုပြီး သတိထားရပါတယ်။
လက်စွပ်ကို ထိခိုက်မှုမရှိ ပြုပြင်စရာမလိုပဲ ကိုယ်နဲ့ကိုက်ညီစွာဝတ်ဆင်နိုင်ဖို့အတွက် ယခုဆီလီကွန်ကြိုးလေးကစွမ်းဆောင်ပေးနိုင်ပါတယ်။ လက်စွပ်တင်မကပဲ ကိုယ့်ရဲ့အသားရေကိုပါ ထိခိုက်မှုမှကာကွယ်ပေးပြီး အလှမပျက်အောင်တာဝန်ယူပေးပါတယ်။
လက်စွပ်ရဲ့ မူရင်အလှအတိုင်းရှိနေပြီး စိတ်ချယုံကြည်စွာဝတ်ဆင်နိုင်ပါတယ်။
အဖြုတ်အတပ်ရိုးရှင်းလွယ်ကူပြီး ခိုင်မာသပ်ရပ်မှုရှိပါတယ်။
#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
အသေးစိတ်အချက်လတ်များကို အောက်ပါလင့်မှဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.shop.com.mm/produc....ts/i122222925.html?s

#ring #beaury #gift #party #celebration #celebrate #jewellry #adjust #hand #finger

51 ပတ် - ဘာသာပြန်ပါ။

လွတ်လပ်ရေးနေ့ လွတ်ငြိမ်းတွင် သရုပ်ဆောင် သင်ဇာဝင့်ကျော် ပါဝင်လာတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image
51 ပတ် - ဘာသာပြန်ပါ။

ယနေ့လွတ်လပ်ရေးမှာ သရုပ်ဆောင်သင်ဇာဝင့်ကျော်ဟာ ပြန်လွှတ်မြောက်လာပြီးဖြစ်ကြောင်း သိရ

image
51 ပတ် - ဘာသာပြန်ပါ။

ဖောင်တင်ပါတော့မယ်နော် 😛

image

ဗန်းမော်တိုက်ပွဲ တလခန့် ကြာမြင့်လာပြီး ဆက်လက် ပြင်းထန်နေ

ဇန်နဝါရီ ၅

ကချင်ပြည်နယ် (တောင်ပိုင်း)၊ ဗန်းမော်မြို့မှာ နစကတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတာဟာ လက်ရှိမှာတော့ အချိန်တလခန့် ကြာမြင့်လာပြီဖြစ်ပြီး စစ်ရေးအခြေအနေ ဆက်လက် ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး မြို့အတွင်းရှိ ရဲစခန်းအပါအဝင် အုပ်ချုပ်ရေးဌာနဆိုင်ရာ ရုံးတချို့ကို KIA ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) နဲ့ ခြေလျင်တပ်ရင်း (ခလရ - ၄၇) အပါအဝင် မြို့ရှိ နစကတပ်ရင်း ဌာနချုပ်တွေကို KIA ပူးပေါင်းတပ်တွေက ဆက်လက် တိုက်ခိုက်နေဆဲဖြစ်သလို နစကဘက်ကလည်း လေကြောင်းပစ်ကူတွေ အရှိန်မြှင့် လုပ်ဆောင်လျက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲက ပိုဆိုးလာတယ်ပဲ ပြောရမယ်။ ဘုန်းကြီး‌ကျောင်း၊ ဆေးရုံ၊ ဟိုတယ်တွေနဲ့ အဆောက်အအုံအမြင့်တွေလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်သလောက် ဖြစ်နေပြီ။ မြို့ထဲဘက် အခြေအနေအရမ်းဆိုးတယ်။ ကျန်ခဲ့တဲ့သူတွေလည်း အထိအခိုက် ပိုများလာတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

အခုလို တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် သောင်းနဲ့ချီတဲ့ ဗန်းမော်ဒေသခံတွေဟာ ဧရာဝတီမြစ် တဖက်ကမ်းမှာရှိတဲ့ ကျေးရွာတွေဆီ သွားရောက် တိမ်းရှောင်နေကြရပြီး အရေးပေါ်အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

“အကုန်လုံး ဒုက္ခရောက်နေကြတာ။ ပြန်စရာအိမ်ကလည်း မရှိလောက်တော့ဘူးလေ။ ဘာတွေဖြစ်ကုန်ပြီလဲဆိုတာ သွားကြည့်လို့လည်းမရ။ ခွန်သာ၊ တပ်ကလေးရပ်ကွက် အားလုံးနီးနီး ပျက်စီးကုန်ပြီကြားတယ်။ စိတ်မကောင်းဖြစ်ရုံကလွဲပြီး မတတ်နိုင်တော့ဘူးလေ။ မိုးဖိန်းရွာဘက်ရောပဲ အိမ်တွေပျက်စီးကုန်ပြီပြောကြတယ်။ နောက်ထပ်ရောက်လာကြတဲ့ ‌စစ်ရှောင်တွေဆီက ကြားရတာ။ မပျက်စီးသေးတဲ့ တချို့အိမ်တွေကတော့ ပစ္စည်းတွေ အခိုးခံနေရတယ်။ အဲယားကွန်းတွေ ဖြုတ်ခိုးတာ။ ဆိုင်ကယ်တွေရော။ သူခိုးတွေက ရသမျှ အကုန်ယူနေကြတာ။ ဗန်းမော်မြို့ကတော့ အခြေအနေ အတော်လေးကိုဆိုးနေတာ” လို့ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။

ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ဟာ နစကရဲ့ အမှတ် (၂၁) စစ်ဆင်ကွပ်ကဲမှုဌာနချုပ် အခြေစိုက်ရာမြို့ဖြစ်ပြီး ခလရ (၂၃၆ ၊ ၄၇) ၊ အမြောက်တပ်တွေဖြစ်တဲ့ အမတ (၃၃၆ ၊ ၃၀၄) နဲ့ အမှတ် (၇၀၀၆) သံချပ်ကာတပ်၊ (၅၀၁၄) တင့်ကားတပ်တို့အပြင် လက်ရုံးတပ်ရင်း ငါးခုလောက် အခြေစိုက်ထားတဲ့ မြို့တမြို့ဖြစ်တယ်လို့ သိရပါတယ်။

ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့ရဲ့ တောင်ဘက် ၁⁠၁၅ မိုင်အကွာမှာ တည်ရှိကာ တရုတ်နယ်စပ်နဲ့ မိုင် ၄၀ ခန့် ကွာဝေးသလို တာပိန်မြစ်နဲ့ ဧရာဝတီမြစ်တို့ဆုံရာမှ ၅၃ မိုင် ကွာဝေးတယ်လို့ သိရပါတယ်။

Photo:CJ

#သတင်းဟင်းလေးအိုးကြီး

image
51 ပတ် - ဘာသာပြန်ပါ။

သိထားသင့်တယ့် ကျန်းမာရေးအထောက်အကူ ဝေါဟာရများ
#englisheverywhere

image
51 ပတ် - ဘာသာပြန်ပါ။

သိထားသင့်တယ့် ကျန်းမာရေးအထောက်အကူ ဝေါဟာရများ
#englisheverywhere

image
51 ပတ် - ဘာသာပြန်ပါ။

သိထားသင့်တယ့် ကျန်းမာရေးအထောက်အကူ ဝေါဟာရများ
#englisheverywhere

image
51 ပတ် - ဘာသာပြန်ပါ။

သိထားသင့်တယ့် ကျန်းမာရေးအထောက်အကူ ဝေါဟာရများ
#englisheverywhere

image
51 ပတ် - ဘာသာပြန်ပါ။

သိထားသင့်တယ့် ကျန်းမာရေးအထောက်အကူ ဝေါဟာရများ
#englisheverywhere

image