မော်လမြိုင်
၁၉၆၃ ခုနှစ်
#crdnheurfarrpunyadee
#oldburma
#ရှေးရှေးတုန်းကဗမာပြည်

image
2 yrs - Translate

Moana 2 (2024)
#အကြည်ဗားရှင်း
Auli’i Cravalho က မိုအာနာအဖြစ် နဲ့ Dwayne “The Rock” Johnson ကပဲ မာဝီအဖြစ် ပြန်ပါဝင်ထားပါတယ်။
မိုအာနာအရင်ကားရဲ့ ထူးခြားချက်အတိုင်းပဲ သီချင်းလှလှတွေ စွန့်စားခန်းကောင်းကောင်းတွေနဲ့ ခံစားရမှာပါပဲ။
ဇာတ်လမ်းအကျဉ်း
မိုအာနာတစ်ယောက် ကြီးပြင်းလာချိန်မှာ ဘိုးဘေးတွေရဲ့ ဆင့်ခေါ်မှုကြောင့် ပင်လယ်ပြင်ကြီးထဲကို စွန့်စားခန်းထွက်ဖို့ ဖြစ်လာပါတယ်။
ဒါကတော့ ကျွန်းအားလုံးအတွက် အန္တရာယ်ဖြစ်လာစေနိုင်တဲ့ နတ်ဘုရားတစ်ပါးရဲ့ ကျိန်စာကို မရောက်ဖူးတဲ့ ပင်လယ်ပြင်အဆုံးစွန်ထိသွားပြီး ချေဖျက်ရမှာဖြစ်ပါတယ်။
ဒီတစ်ခါစွန့်စားခန်းကတော့ အရင်ထက် ပိုခက်ခဲနေသလို အနည်းငယ် ရင့်ကျက်လာတဲ့ ခေါင်းဆောင်ဖြစ်လာတဲ့ မိုအာနာတစ်ယောက်လည်း ချိန်ဆစရာတွေ များလာပါတယ်။
ဒါပေမဲ့ အရင်ခရီးစဉ်လိုမဟုတ်ဘဲ လှေထိုးသား တစ်သိုက်နဲ့ ကြက်ကလေး ဝက်ကလေးတွေအပါ စွန့်စားခန်းဖွင့်လာရပြီး မာဝီနဲ့ အတူ ဘယ်လိုတွေ ခရီးဆက်ကြမလဲဆိုတာ ကြည့်ရမှာပါ။
Credits...

image
2 yrs - Translate

၂၀၂၄ ခုနှစ် မြန်မာ့ပေါကားလောကရဲ့ အကယ်ဒမီ ရရှိမယ့်သူစာရင်း ပေါက်ကြား
ဖေဖော်ဝါရီလမှာ ပြုလုပ်မယ့် မြန်မာ့ပေါကားလောကရဲ့ အကယ်ဒမီ ရရှိမယ့်သူစာရင်း ပေါက်ကြားလာတယ်လို့ သိရပါတယ်။ အမျိုးသမီးဇာတ်ဆောင်အကယ်ဒမီဆုကိုတော့ မင်းသမီးဝတ်မှုန်ရွှေရည်က တိမ်ပန်းချီ ရုပ်ရှင်ကားနဲ့ ရရှိမယ်လို့ သိရပါတယ်။
အမျိုးသမီးဇာတ်ပို့ဆုကိုတော့ နှောင် ရုပ်ရှင်ကားနဲ့ နော်ဖောအယ်ထားက ရရှိမယ်လို့ သိရပါတယ်။ တခြားခန့်မှန်းချက်တွေ အများအပြား ထွက်လာပေမယ့်လည်း ဒီဆု ၂ ခုကတော့ သေချာတယ်လို့ အတွင်းသတင်းကနေ သိရပါတယ်။

image

fashion

I leave my heart with your air

cute

#လွန်ရင်ဘေးတန်ရင်ဆေး
#ကြက်သွန်ဖြူ မစားသင့်သူများ
ကြက်သွန်ဖြူက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ပမာဏများများစားမိတဲ့အခါ ခံတွင်းနံ့ဆိုးတာ၊ ခံတွင်းပူတာ၊ ရင်ပူတာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်၊၊ ဒီဆိုးကျိုးတွေက များများစားလေလေ ပိုဆိုးလေလေပဲ ဖြစ်ပါတယ်၊၊
နောက်တစ်ချက်က ကြက်သွန်ဖြူက သွေးကျဲစေတဲ့ သတ္တိရှိပါတယ်၊၊ ဒါကြောင့် နဂိုသွေးမတိတ်ရောဂါရှိသူတွေ၊ သွေးကျဲဆေး သောက်နေသူတွေက ပမာဏများများစားတာကို ရှောင်သင့်ပါတယ်၊၊ ဒီအချက်ကြောင့်ပဲ ခွဲစိတ်မှု လုပ်စရာ ရှိတဲ့သူတွေဆိုရင် မခွဲခင် ၂ပတ်အလိုတည်းက ကြက်သွန်ဖြူစားတာကို ရပ်ထားသင့်ပါတယ်၊၊
ကြက်သွန်ဖြူ ကို အစိမ်း လိုက်စားတာဟာ သွေးတိုးကျစေလို့ သွေးဖိအားနည်းတတ်သူတွေအတွက် ကြက်သွန်ဖြူကို အစိမ်း စားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာလည်း ပုံမှန်အတိုင်း ချက်ပြုတ်စားတဲ့ထဲမှာပါတာက ပြဿနာမဟုတ်ပေမယ့် အလွန်အကျွံစားတာကို ဆင်ခြင်သင့်ပါတယ်၊၊
အစာအိမ်ရောဂါရှိသူတွေအနေနဲ့လည်း အစာအိမ်နာနေတဲ့အချိန်မှာ ကြက်သွန်ဖြူစားတာကို ရှောင်သင့်ပါတယ်၊၊
ဒါတွေအပြင် အောက်ပါအချက်တွေ ရှိတဲ့သူတွေက ကြက်သွန်ဖြူအလွန်အကျွံစားတာကို ရှောင်သင့်ပါတယ်၊၊ တကယ်လို့ ကြက်သွန်ဖြူ ဖြည့်စွက်အားဆေးတွေသောက်မယ်ဆိုရင်လည်း ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်၊၊
တီဘီဆေးသောက်နေတဲ့သူတွေ
သွေးကျဲဆေး သောက်နေရတဲ့သူတွေ
သန္ဓေတားဆေး သောက်နေရသူတွေ
HIV / AIDS ရောဂါကြောင့် ဆေးသောက်နေရသူတွေ
NSAIDs အမျိုးအစား အကိုက်အခဲပျောက်ဆေးသောက်နေရသူတွေ
ကြက်သွန်ဖြူ စားတာက ကျန်းမာရေးအတွက် ကောင်းစေတယ်ဆိုပေမယ့် အခုပြောပြတဲ့ ပြဿနာလေးတွေ ရှိနေမယ်ဆိုရင်တော့ သတိထားစားတာ အကောင်းဆုံး ဖြစ်မှာပါ။
#ကျန်းမာရေးဗဟုသုတများ

image
2 yrs - Translate

ထိုင်းနိုင်ငံမှာ သက်မွန်မြင့်နဲ့ တွေ့ဆုံခဲ့တဲ့ ယုသန္တာတင် 🥰🥰🥰

အချစ်တွေနဲ့ တွေ့ဆုံခဲ့တာလို့ သူမက ပြောပါတယ်။ ယုသန္တာတင်ဟာ ဘန်ကောက်မှာ ကျင်းပတဲ့ KPop အဆိုတော် 2NE1 ပွဲကို ကြည့်ဖို့ သွားရောက်ခဲ့တာပါ။ အနုပညာလောကထဲက နာမည်ကြီး မင်းသမီးဖြစ်တဲ့ သက်မွန်မြင့်ကလည်း ထိုင်းနိုင်ငံမှာ မိသားစုနဲ့အတူ အခြေချနေထိုင်နေတာဖြစ်ပါတယ်။ ထိုင်းကိုရောက်ရှိချိန်မှာပဲ သက်မွန်မြင့်တို့နဲ့တွေ့ဆုံခဲ့ကြတဲ့ အမှတ်တရပုံလေးတွေကို မျှဝလာခဲ့တာပါ။

image
2 yrs - Translate

ChatGPT မှာ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ပါလာပြီ

ChatGPT ကို မေးခွန်းတွေ မေးနိုင်တဲ့ အပြင် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကိုပါ ထည့်သွင်းပေးလိုက်ပါပြီ။ OpenAI က Tasks Feature လို့ အမည်ပေးထားပြီး ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်က Reminder, Notification နဲ့ တခြား Alerts တွေကို စီမံခန့်ခွဲပေးနိုင်ပါတယ်။
ဥပမာ အနေနဲ့ ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက်က နံနက် ၇ နာရီတိုင်းမှာ သတင်းတွေကို ပြောပြပေးနိုင်ပါတယ်။ သင့် သူငယ်ချင်း မွေးနေ့လို အရေးကြီးတဲ့ Event တွေအကြောင်း သတိပေးနိုင်ပါတယ်။
ဒါတင် မကသေးပါဘူး။ Chat မှာ သင်က ခရီးစဉ် တစ်ခုအကြောင်းပြောထားရင် ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက်က အဝတ်အစား၊ ပတ်စ်ပို့နဲ့ တခြား လိုအပ်တာတွေကို အကြံပြုပေးနိုင်ပါတယ်။
လက်ရှိမှာ Tasks ကို Paid Subscriber တွေမှာပဲ Web Version မှာ အသုံးပြုနိုင်ပါသေးတယ်။ Free User တွေအတွက် ဘယ်အချိန်မှာ ထည့်သွင်းပေးမလဲ ဆိုတာ မသိရသေးပါဘူး။
#digitalsphere

image

မိုတီလေးတဖြ"တ်

image