1 နှစ် - ဘာသာပြန်ပါ။

Three Gorges Dam လို့နာမည်ပေးထားတဲ့
ဒီဆည်ကြီးကို တရုတ်နိုင်ငံက ဒေါ်လာ ၃၂ ဘီလီယံ
အကုန်ချခံပြီး ၁၉၉၄ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီးတော့ ၂၀၀၆ ခုနှစ်မှာပြီးစီးခဲ့ပါတယ် ။
၁၂နှစ်ကြာအောင် အချိန်ယူ တည်ဆောက်ခဲ့ရတဲ့ ဒီဆည်ကြီးဟာ လက်ရှိကမ္ဘာ့အကြီးဆုံး ဆည်အဖြစ်မှတ်တမ်းဝင်ထားပါတယ် ။
ဒီဆည်ကြီးရဲ့ ကြီးမားလှတဲ့ ပမာဏကြောင့် မှာ မိုးရာသီဆိုရင် ရေအလေးအချိန် ( ၃၉ ထွီလီယံကီလိုဂရမ် ) အထိ ထိန်းသိမ်းထားနိုင်ပါတယ်။
ဒီလိုရေပမာဏအများကြီးက ဒီဆည်ကြီးဆီမှာ လာစုပြုံနေတာကြောင့် ကမ္ဘာလည်ပတ်ရာမှာ အလေးချိန်မညီမျှမူဖြစ်ပေါ်လာပြီးတော့ ကမ္ဘာကြီးရဲ့တစ်နေ့တာလည်ပတ်မူကို 0.06 မိုက်ခရိုစက္ကန့် နှေးသွားစေတယ်လို့ ပညာရှင်တွေက ဆိုပါတယ် ။
Crd

image
1 နှစ် - ဘာသာပြန်ပါ။

တိတ်တဆိတ်နေလိုက်ခြင်းဟာ...
သင့်စကားများကို တန်ဖိုးမထားသူအတွက်
အကောင်းဆုံး အဖြေဖြစ်သည်။
#စာတို

1 နှစ် - ဘာသာပြန်ပါ။

ရှိရင် လက်တို့ကြပါဦး 😛

image
1 နှစ် - ဘာသာပြန်ပါ။

မုန့်ကြိုးလိမ်

မြန်မာရိုးရာမုန့်တမျိုးဖြစ်တဲ့ မုန့်ကြိုးလိမ်ကတော့ ချိုချိုလေးနဲ့လူကြိုက်များပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါ၀င်သောပစ္စည်းများ
၁။ ကောက်ညှင်းမှုန့်- ၄ ခွက်
၂။ ဆန် မှုန့်- ၁ ခွက်
၃။ ဆား - လက်ဖက်ရည်ဇွန်း တ ၀ကျ
၄။ ဆော်ဒါ (baking soda)- လက်ဖက်ရည် ဇွန်း တဝက်
၅။ ရှာလကာရည် - ထမင်းစားဇွန်း ၁ ဇွန်း
၆။ ရေကျက်အေး - ၂ခွက် နှင့် ခွက် လေးပုံတပုံ
၇။ ကြော်ရန် ရွှေဆီတော် ပဲသန့်ဆီ
၈။ သကြားရည်အတွက် - သကြား - ၂ ခွက် နှင့် ရေ ၁ ခွက်
( ၁ ခွက် = 240ml = ၇ိုး၇ိုးကောျဖီခှကျ ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ဆား ၊ ဆိုဒါတို့ကိုရောပါ။ ပြီးလျှင် ရှာလကာရည် နှင့် ရေကျက်အေး ၂ ခွက်ကို အရင်ထည့်ပြီး မုန့်သားကိုညက်နေအောင်အထိနယ်ပါ။။ အလုံးလုံးလို့၇တဲ့အနေအထားဆိုရင် ကျန်ရေ လေးပုံတပုံကို မထည့်ပါနှင့် ။ မရသေးရင် ရေလေးပုံတပုံကို ဖြေးဖြေးချင်းထည့်နယ်ပါ။ ထို့နောက် ရေခဲ သေတ္တာထဲတွင် တည နှပ်ထားပါ။(ေ၇ခဲသတေ်တာထဲမနှပျထားရငျဆီပေါကျတတျပါသညျ။မုနျ့သားကို ညက်နေအောင်မနယ်ရင်လဲဆီပေါက်တတ်ပါတယ်။ ရေကျက်အေးနဲ့မနယ်ရင်လဲဆီပေါက်တတ်ပါတယ်။)
၂။ သကြား ၂ ခွက် နှင့် ရေ ၁ ခွက်ကို အိုးတခုထဲထည့်ရ်ျ မီးဖိုပေါ်မှာ သကြားအရည်ပျော်သိအထိပွက်လာအောင်တည်ပါ။ ထို့နောက် အအေးခံထားပါ။
၃။ ကြော်ရန်အတွက် ရွှေဆီတော်ပဲသန့်ဆီ ကို အပူပေးပါ။(ဒယ်အိုးကို ဇောက်နက်သောဒယ်အိုးကိုသုံးပါ။) နှပ်ထားသော မုန့်နှစ်များကို မုန့်ကြိုးလိမ် လုပ်ရန် အလုံး လုံးပြီး ရှည်ရှည်လေးတွေရအောင်လက်နှင့်လှိမ့်ပြီး အလယ်တည့်တည့်ကနေပြီး ချိုးပြီး ကြိုးလိမ်သလိုလိမ်ပါ။ ထို့နောက် ဆီထဲထည့်ကြော်ပါ။ မုန့်ကြိုးလိမ်များကျွပ်ကျွပ်လေးဖြစ်အောင်ကြော်ပြီး ဆီအိုးထဲမှဆယ်ပါ။ ပြီးလျှင် အအေးခံထားသော သကြားရည်ထဲကို နှစ်ပါ။ သကြားရည်ထဲမှ ဆယ်ပြီးလျှင် အအေးခံထားပါ။
၄။ အေးသွားလျှင် မုန့်ကြိုးလိမ်ချိုချိုလေးကိုသုံးဆောင်နိုင်ပါပြီဗျ။
#မြိန်မြိန်
#crd

image

လီဗာပူးလ်အသင်းဟာ ဖီယင်နုအသင်းတောင်ပံကစားသမား အေနစ်ဟန်ဂျ်မူဆာကို အသင်းဆီခေါ်ယူအားဖြည့်ဖို့အတွက်စီစဉ်နေတယ်လို့ Football Insider သတင်းအရင်းအမြစ်ကဖော်ပြခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်အေနစ်အန်ဂျ်မူဆာဟာအဂ်လန်ပရီးမီးယားလိဂ်နာမည်ကြီးကလပ်လီဗာပူးလ်အသင်းရဲ့ကစားပုံကိုအနီးကပ်စောင့်ကြည့်ခံနေရပြီး သူ့အနေနဲ့လက်ရှိကလပ်အသင်းဖြစ်တဲ့ဖီယင်နုအသင်းနဲ့အကောင်းမွန်ဆုံးစွမ်းဆောင်ရည်တွေလုပ်ဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ကြိုးကြာနီအသင်းအနေနဲ့ကတော့ အေနစ်ဟန်ဂျ်မူဆာကို အီဂျစ်လက်ရွေးစင်တိုက်စစ်မှူး မိုဟာမက်ဆာလက်နေရာအတွက် အရံအဖြစ်ထားရှိဖို့မျှော်လင့်နေတာဖြစ်ပါတယ်။

အေနစ်ဟန်ဂျ်မူဆာဟာ ဖီယင်နုအသင်းအတွက်ဒီရာသီကာလမှာ ပြိုင်ပွဲစုံ ၁၉ ပွဲပါဝင်ကစားထားခဲ့ပြီး ၆ ဂိုးသွင်း ၂ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

imageimage
1 နှစ် - ဘာသာပြန်ပါ။

အသက်အာမခံ
တောက် ...နာတယ်ကွာ

အိမ်နီးချင်းနိုင်ငံတွေကို စစ်တိုက်နိုင်စွမ်း မြောက်ကိုရီးယားမှာ ပိုရှိလာတယ်လို့ သတိပေး

ဝါရှင်တန်၊ ဇန်နဝါရီ ၉

မြောက်ကိုရီးယားတပ်တွေဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားနဲ့အတူ တိုက်ပွဲဝင်နေမှုကနေ အကျိုးအမြတ်တွေရရှိနေပြီး အိမ်နီးချင်းနိုင်ငံတွေကို စစ်တိုက်နိုင်စွမ်း ပိုရှိလာတယ်လို့ အမေရိကန်က သတိပေးလိုက်ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက် ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေးဟာ ပိုမိုနီးကပ်လာခဲ့ပြီး လက်ရှိမှာတော့ ရုရှားမှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၂၀၀၀ ကျော်ထိ ရှိနေပါတယ်။

မြောက်ကိုရီးယားဟာ ရုရှားဆီကနေ စက်လက်နက်နည်းပညာ၊ အတွေ့အကြုံတွေကနေ သိသာထင်ရှားတဲ့ အကျိုးအမြတ်တွေရနေပြီး အိမ်းနီးချင်းနိုင်ငံတွေကို စစ်တိုက်နိုင်စွမ်းရှိလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒိုရိုသီကမ်မေးရှီရာက သတိပေးပါတယ်။

ဒါအပြင် စစ်ရေးစွမ်းရည်တိုးတက်လာတာကို အသုံးပြုပြီး မြောက်ကိုရီးယားဟာ ကမ္ဘာတစ်ဝန်း လက်နက်ရောင်းချမှုနဲ့ စစ်ရေးဆိုင်ရာ စာချုပ်တွေကို တိုးမြှင့်ဖို့ လုပ်ဆောင်လာနိုင်တယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြောဆိုခဲ့ပြီး မကြာသေးမီက ဒုံးပျံစမ်းသပ်မှုကိုလည်း ဝေဖန်ခဲ့ပါတယ်။

နိုင်ငံရဲ့ ခုခံကာကွယ်ပိုင်ခွင့်အတွက် ဒုံးကျည်စမ်းသပ်မှုဟာ တရားမျှတတယ်လို့ မြောက်ကိုရီးယား သံအမတ်ကြီး ကင်ဆောင်ကဆိုပါတယ်။ အမေရိကန်ဟာ စံနှုန်းနှစ်ခုကျင့်သုံးနေတယ်လို့လည်း သူကပြောပါတယ်။

ဂါဇာမှာ အရပ်သား ၄၅၀၀၀ ကျော်သေဆုံးခဲ့တာမှာ အစ္စရေးရဲ့ လုပ်ရပ်တွေကို ခုခံကာကွယ်ခွင့်လို့ သတ်မှတ်ထားပြီး မြောက်ကိုရီးယားက ကိုယ့်ကိုကိုယ် ကာကွယ်ပိုင်ခွင့်တရားဝင်ကျင့်သုံးမှုအပေါ် ပြသနာရှာနေတယ်လို့ သူက ထုတ်ဖော်ပြောဆိုပါတယ်။

Ref:Reuters
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

မီးသတ်‌​ဆေးဘူးမပါသည့် YBS ယာဥ်များကို အ‌​ရေးယူ​မည်ဟုဆို

ဇန်နဝါရီ ၉

ရန်ကုန်မြို့အတွင်း ပြေးဆွဲ​နေသည့် YBS ယာဥ်များအနေဖြင့် မီးသတ်‌​ဆေးဘူးများ တပ်ဆင်ထားခြင်းမရှိပါက အ‌​ရေးယူ​ဆောင်ရွက်မည်ဖြစ်‌​ကြောင်းရန်ကုန်တိုင်း​ဒေသကြီးပုဂ္ဂလိကသယ်ယူပို့‌​ဆောင်‌​ရေးကြီးကြပ်မှု‌​ကော်မတီ YRTC က အသိပေးထားသည်။

အဆိုပါ YBS ယာဥ်များပေါ်၌ မီးသတ်​ဆေးဘူး​များ ထားရှိရန် ညွှန်ကြားထားပြီးဖြစ်သဖြင့်် ယာဥ်စည်းကမ်းထိန်းသိမ်း​ရေးအဖွဲ့​မျမှ လိုက်လံစစ်‌​ဆေးသည့်အခါ ယာဉ်ပေါ်တွင် မီးသတ်ဆေးဘူးမပါရှိပါက ချက်ချင်းဝယ်ယူတပ်ဆင်ခိုင်းခြင်း၊ ဒါဏ်ငွေရိုက်ခြင်းနှင့် မီးသတ်ဆေးဘူး တပ်ဆင်မပြီးမချင်း ယာဉ်မထွက်ခွင့်မပြုခြင်း စသည့် အရေးယူမှုများကို ဆောင်ရွက်သွားမည်ဟုဆိုသည်။

ထို့ပြင် YBS ယာဉ်များတွင် အသင့်အသုံးပြုနိုင်သော အရန်ဘီး၊ ပြုပြင်မှုတန်ဆာပလာ၊ အရေးပေါ်ထွက်ပေါက်၊မှန်ခွဲရန်တူ သို့မဟုတ် ပုဆိန်၊ ရှေးဦးသူနာပြုဆေးသေတ္တာ စသည့်အရာများ စီစဉ်ထားရှိရန်လည်းသက်ဆိုင်ရာတာဝန်ရှိသူများက အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

#centralnewsnaypyitaw

image

Squid Game ထဲက အရုပ်မ မကြီးခိုင်ဗားရှင်း