45 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်မြို့အနီးနားက

ရန်ကုန်မြို့နဲ့မနီးမဝေး သစ်ရိပ်ဝါးရိပ်ကြားမှာ Day Tripလုပ်လို့အဆင်ပြေတဲ့နေရာ🏡

Day Tripလည်းသွားချင်တယ် ရန်ကုန်နဲ့လည်းနီးတဲ့နေရာလည်းဖြစ်ရမယ်ဆိုရင် ဒီနေရာသွားရောက်အပန်းဖြေကြည့်နော်🍀

ပြည်လမ်း မှော်ဘီတိုးဂိတ်အကျော်က ရွာထဲမှာရှိတဲ့ သစ်ရိပ်ဝါးရိပ်နဲ့ နေလို့ရတဲ့ နေရာလေးဖြစ်တဲ့ AK Art Village 🏕

အပင်ချစ်သူများအတွက် အိုအေစစ်လေးဖြစ်သလို အေးအေးဆေးဆေးနဲ့ အနားယူချင်သော မိသားစုများ၊ ခေတ္တခဏ စိတ်အပန်းဖြေချင်သော လူငယ်များနှင့် ပန်းချီအနုပညာကို ချစ်မြတ်နိုးသော လူငယ်လူရွယ်များအတွက်လည်း လာရောက်လည်ပတ်ဖို့ သင့်လျော်တဲ့ နေရာလေးတစ်နေရာ🍀

⏱️Day return only မနက် ၉ - ညနေ ၆နာရီ

ဒီနေရာလေးကဝင်ကြေးနဲ့မဟုတ်ဘူးနော် Packageနဲဲ့ပါ သွားမယ်သေချာပြီဆိုရင် တစ်ရက်ကြိုပြီဘိုကင်တင်ပေးရတယ်နော်

🧒ကလေးအတွက်က 5နှစ်နဲ့အောက်ကို freeပါခင်ဗျာ

🍽အစားအသောက်အတွက် ကော်ဖီဆိုင်က မှာစားလို့ရမယ့် မီနူးလေးတွေလည်း ရှိပါတယ်ခင်ဗျာ

🏸Activity အနေနဲ့ကတော့ ဒိုးဇက်,Uno,ကြက်တောင်ရိုက်နဲ့အခြားဂိမ်းလေးတွေ ကော်ဖီဆိုင်ကနေ free ဌားလို့ရပါမယ်ခင်ဗျာ

📚အေးဆေးစာဖတ်ချင်သူတွေအတွက်လည်း စာအုပ်လေးတွေပါ ဌားလို့ရပါမယ်ခင်ဗျ

🏜Day return onlyဖြစ်ပြီး ဘိုကင်လေးကြိုတင်ပေးဖို့ လိုပါမယ်ခင်ဗျာ
ညအိပ် လက်မခံသေးပါဘူးခင်ဗျာ

✅Package(စျေးနှုန်း Commentမှာဝင်ကြည့်ပေးပါနော်😍)

AK Art Village
လိပ်စာကတော့ မှော်ဘီ တိုးဂိတ်အကျော်က ရွာလေးထဲမှာပါအောက်ဆုံးပုံမှာလမ်းညွှန်မြေပုံထည့်ပေးထားတယ်

သိလိုတဲ့အချက်က်များ Commentမှာဖုန်းနံပါတ်ချပေးထားတယ်ဖုန်းဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်😍

#popular Paoh Stars
#crd_photo

imageimage
+9
45 ပတ် - ဘာသာပြန်ပါ။

𝗛𝗮𝗽𝗽𝘆 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆🎊
အသက် ၂၇နှစ်ပြည့်သွားတဲ့ ဒီအမျိုးသားလေးက အဘက်ဘက်က ပြည့်စုံပြီးသားမလို့ အများကြီးမရေးတော့ပါဘူး။
အခုထက်ပိုပြီး ကောင်းမွန်တာတွေပဲ ရရှိပိုင်ဆိုင်ပါစေ။ဒီ့ထက် ဒီ့ထက် အများကြီးအောင်မြင်ပါစေ။ချစ်ရတဲ့မေမေ ချစ်ရတဲ့မိသားစု ချစ်ရတဲ့သူတွေအကုန်လုံးနဲ့ အသက်ထက်ဆုံး ပျော်ရွှင်ပါစေနော်❣️
အများကြီး အများကြီး ချစ်တယ်ရှင့်

#hz?

image

Uber နှင့် Foodpanda တို့၏ သဘောတူညီမှုကို ထိုင်ဝမ်ပိတ်ပင်

တိုင်ပေ၊ ဒီဇင်ဘာ ၂၇

ဂျာမနီ၏ Delivery Hero စီးပွားရေးလုပ်ငန်းစုက ပိုင်ဆိုင်သည့် Foodpanda လုပ်ငန်းကို ဒေါ်လာ သန်း ၉၅၀ ဖြင့် ထိုင်ဝမ်တွင် တစ်ဦးတည်း မူပိုင်ဝယ်ယူသော Uber Technologies ကုမ္ပဏီ၏ သဘောတူညီချက်ကို ထိုင်ဝမ် အာဏာပိုင်များက တားဆီးပိတ်ပင်ခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။

စျေးကွက်ပြိုင်ဆိုင်မှု ဆန့်ကျင်ရေး စိုးရိမ်မှုများကြောင့် တားမြစ်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်ဝမ်၏ တရားဝင် CNA သတင်းအေဂျင်စီက ဒီဇင်ဘာ ၂၅ ရက်တွင် ဖော်ပြခဲ့သည်။

Uber, Delivery Hero နှင့် Foodpanda ကုမ္ပဏီတို့ကမူ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်း မှုကို ဖြေကြားခဲ့ခြင်းမရှိပေ။

ထိုင်ဝမ်၏ ကုန်သွယ်ရေးမျှတမှု ကော်မရှင်ကလည်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သော်လည်း တိုင်ပေတွင် ပြုလုပ် မည့် သတင်းစာ ရှင်းလင်းပွဲတွင် ရှင်းလင်းတင်ပြသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

Uber နှင့် Delivery Hero ကုမ္ပဏီတို့သည် Foodpanda ဝယ်ယူရေးနှင့်ပတ်သက်သည့် သဘောတူညီချက်ကို မေလက ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့ပြင် Uber သည် ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိ Foodpanda ၏ ရှယ်ယာများကို ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့သည်ဟုလည်း ကြေညာခဲ့သည်။

အမေရိကန်ကုမ္ပဏီဖြစ်သည့် Uber သည် Foodpanda ကို ဝယ်ယူခြင်းဖြင့် နှစ်စဉ် ဒေါ်လာ သန်း ၁၅၀ ကို ရရှိရန် မျှော်မှန်းထားသည်။

ထိုသဘောတူညီချက်သည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် အပြီးသ-တ် ချုပ်ဆိုဖွယ်ရှိသည်။

Source: CNA

ပုံ - Uber နဲ့ Foodpanda ကိုတွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image
45 ပတ် - ဘာသာပြန်ပါ။

သံဖြူဇရပ်မြို့ တည်ထောင်ခြင်း နှစ် (၁၅၀)ပြည့် အထိမ်းအမှတ်ပွဲ ၅ ရက်ကြာ ပြုလုပ်မည်

ဒီဇင်ဘာ ၂၇

သံဖြူဇရပ်မြို့ တည်ထောင်ခြင်း နှစ် (၁၅၀)ပြည့် အထိမ်းအမှတ်ပွဲကို သံဖြူဇရပ်မြို့လယ်ရှိ ပန်းခြံအတွင်း၌ ဒီဇင်ဘာလ ၂၇ ရက်မှ ၃၁ ရက်အထိ (၅) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

အဆိုပါ သံဖြူဇရပ်မြို့တည်ထောင်ခြင်း နှစ် (၁၅၀)ပြည့် အထိမ်းအမှတ်ပွဲတွင် ပျော်ပွဲရွှင်ပွဲများအပြင် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကိုပါထည့်သွင်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် အဆိုပါ နှစ် (၁၅၀)ပြည့်အထိမ်းအမှတ်ပွဲအတွက် ပြင်ဆင်ခြင်းများ စတင်ဆောင်ရွက်နေပြီဖြစ်သလို ပွဲတော်ကျင်းပနေသည့် ကာလအတွင်း လုံခြုံရေး အပြည့်အဝ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image
45 ပတ် - ဘာသာပြန်ပါ။

ဒီဇင်ဘာ ၂၇ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

ဒီဇင်ဘာ ၂၇ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image
45 ပတ် - ဘာသာပြန်ပါ။

မကွေးတွင် ဆောင်းမြေပဲ(၁၈၀၀)တန် စုပေါင်းရောင်းချခဲ့
-------------------------------
မကွေးတိုင်းဒေသကြီး တောင်သူဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဆောင်းမြေပဲတန်ချိန်(၁၈၀၀)ခန့်ကို စုပေါင်းရောင်းချ နိုင်ခဲ့တယ်လို့ တိုင်းတောင်သူဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဥက္ကဋ္ဌရဲ့ ပြောကြားချက်အရ သိရပါတယ်။ တိုင်း တောင်သူ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အနေနဲ့ ရေသွင်းနှမ်း၊ မိုးနှမ်း၊ မိုးမြေပဲ၊ ဆောင်းမြေပဲ၊ ပဲစင်းငုံ စတဲ့ ရာသီအလိုက် သီးနှံတွေ ကို ဓာတုဓာတ်ကြွင်းလျှော့ချပြီး အော်ဂဲနစ်နည်းလမ်းနဲ့စိုက်ပျိုးကာ ထွက်ရှိလာတဲ့သီးနှံတွေကို စုပေါင်းရောင်းချပွဲ စနစ်နဲ့ ရောင်းချကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဆောင်းမြေပဲစုပေါင်းရောင်းချပွဲကို နိုဝင်ဘာ(၁၈)ရက်ကစတင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ(၁၈)ရက်အထိ တန်ချိန် (၁၈၀၀)ခန့် အရောင်းအဝယ်ပြုလုပ်နိုင်ခဲ့တယ်လို့ တိုင်းတောင်သူဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ညွန့် ကပြောပါတယ်။

ဒီနှစ်ဆောင်းမြေပဲဈေးကွက်မှာ အရည်အသွေးမြင့်တဲ့ ဆောင်းမြေပဲတောင့်တစ်တင်းကို ကျပ်(၃၈၀၀၀) အထိ ဈေးရရှိပြီး အရင်နှစ်ကထက် တစ်တင်းကို ကျပ်(၅၀၀၀)ကျော် ဈေးပိုရရှိတယ်လို့ ဆိုပါတယ်။ ဆောင်းမြေပဲ အထွက်နှုန်းကတော့ ရာသီဥတုအခြေအနေအရ ပြီးခဲ့တဲ့နှစ်ကထက် အထွက်နှုန်းနည်းခဲ့တယ်လို့ သိရပါတယ်။

image
45 ပတ် - ဘာသာပြန်ပါ။

Beautiful views of Hawaii 😍

image
45 ပတ် - ဘာသာပြန်ပါ။

Beautiful views of Hawaii 😍

image
45 ပတ် - ဘာသာပြန်ပါ။

Beautiful views of Hawaii 😍

image