1 y - Translate

♍️VIRGO♍️

💫This is a general reading

အချစ်ရေး/လူမှုရေး/အိမ်ထောင်ရေးမှာ အချစ်ရေး စန်းကောင်းနေတတ်တဲ့ နှစ်တနှစ်ပါ၊ ကိုယ့်ရဲ့ ရုပ်ရည်/ ဝတ်စားပုံ အသွင်အပြင်/ အရည်အချင်း စသဖြင့် ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတခုခုကြောင့် လူအများရဲ့ အာရုံစိုက် အသိအမှတ်ပြုခံရတတ်တယ်၊ သတိထားဖို့က ကိုယ့်ရဲ့ စန်းကောင်းမှုကို မစားရတဲ့ အမဲ သဲနဲ့ပက်ချင်သူတွေနဲ့ မရနိုင်လို့ မနာလိုတဲ့သူတွေရဲ့ အပြစ်တင်ဝေဖန်မှုလေးတွေတော့ ရှိတတ်တယ်၊ တတ်နိုင်သလောက် ကိုယ့် ဘက်က လူမှုရေးမှာ အမှားမပါအောင် နေထိုင်ပါ၊ 2025 ခုနှစ်မှာ အချစ်ရေးနဲ့ ပတ်သတ်ပြီး အဆင်မပြေခဲ့တဲ့/ မပြေလောက်တော့ဘူး ထင်တဲ့ အရာတွေမှာ ပြန်ပြုပြင်နိုင်ဖို့ အခွင့်အရေးတွေ ရလာလိမ့်မယ်၊ တချို့အရာတွေမှာတော့ ကိုယ်တိုင်ကိုက လွှတ်ချလိုက်တာမျိုးတွေ ရှိတတ်တယ်၊ ကိုယ့်အတွက် အဆင်မပြေနိုင်တဲ့ အရာတွေကို လွှတ်ချလိုက်ခြင်းကလဲ ဘဝ မှာ ပျော်စရာ ကောင်းသွားတတ်တယ်ဆိုတာမျိုး သိလာတာမျိုးလဲ ရှိတတ်ပါတယ်

အလုပ်အကိုင်နဲ့ ငွေကြေးမှာတော့ အနည်းငယ် အကြပ်အတည်းလေး ရှိတတ်တဲ့ နှစ်လို့ပြောလို့ရပါတယ်၊ အထူးသဖြင့် ကိုယ့် အပေါ်မှာ ကောင်းကျိုးလိုလားသူတွေ တွေ့ဖို့ ခက်ခဲတတ်တာမျိုးပါ၊ ဒီနှစ်ထဲ အလုပ်လုပ်ကိုင်ရာမှာ ဘယ်သူ့ကိုမှ ကိုယ့်စိတ်နဲ့ နှိုင်းပြီး 100% ပစ်မယုံပါနဲ့၊ ကိုယ့် အနေနဲ့ ဖြစ်နိုင်ရင် ကိုယ့်အားကိုယ်ကိုးပြီး လုပ်ပါ၊ ကြိုးစားပါ၊ ကိုယ့်ကိုယ်ကိုသာ အားထားပါ၊ ယုံကြည်မှုရှိရှိသာ ကြိုးစားနိုင်ရင် အရာရာ အဆင်ပြေပါလိမ့်မယ်

ပညာရေးမှာတော့ ကံကောင်းနေတတ်ပါတယ်၊ စိတ်ပါဝင်စားစွာ စာကျက်မှတ်နိုင်လာမယ်၊ ကိုယ် ဖြစ်ချင်တဲ့ ဆန္ဒတွေ ပြည့်ဝမယ်၊ ကိုယ့် ပညာရေးမှာ တက်လမ်းတွေ ရှိမယ်၊ နိုင်ငံရပ်ခြား ပညာရေးကံ ကောင်းမွန်တဲ့ နှစ်တနှစ် ဖြစ်ပါတယ်

ကျန်းမာရေးမှာ ဆီးချို သွေးတိုး သွေးတွင်းအဆီများ ဝေဒနာလေးတွေ ဂရုစိုက်ပါ၊ ကျန်းမာရေး ဆေးစစ်တာမျိုးလေး လုပ်ကြည့်သင့်တဲ့ နှစ် ဖြစ်ပါတယ်

Guidance from Universe

1. လှိုင်းကြီးလှေအောက်ဆိုသလို ဘယ်လောက် ကြီးမားတဲ့ ပြသနာ ဖြစ်ဖြစ် သေချာကြိုးစားဖြေရှင်းရင် အချိန်တန်ရင် ဖြေရှင်းဖို့ နည်းလမ်းတွေ့စမြဲပါပဲ
2. တချို့အရာတွေမှာ ရုပ်မျက်စိအပြင် ညဏ်မျက်စိနဲ့ပါ ကြည့်ပြီး အမှားအမှန် ပိုင်းခြားပါ
3. ကိုယ့်ကိုယ်ကို အားကိုးသင့်သလို ကိုယ့်ကို စောင့်ရှောက်ပေးနေတဲ့ Angel အစောင့်အရှောက်လေးတွေကိုလဲ ယုံယုံကြည်ကြည် တိုင်တည်ပါဆုတောင်းပါ

Lucky numbers: 8,36,46


#2025newyear
#tarot
#virgo

image
1 y - Translate

ပြင်းအား ၆ ဒသမ ၆ ရှိငလျင် ဂျပန်အနောက်တောင်ပိုင်း၌လှုပ်ခတ်ခဲ့

တိုကျို၊ဇန်နဝါရီ ၁၄

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း၌ ပြင်းအား ၆ ဒသမ၆ စကေးရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး မီယဇခိနှင့်ခိုချိဒေသများတွင် ဆူနာမီအငယ်များပါဖြစ်ပေါ်ခဲ့သည်ဟုသိရသည်။

ယခုငလျင်ကြောင့် လူ‌ေ-သဆုံးမှုနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ အများအပြားမရှိခဲ့သော်လည်း ငလျင်အခြေအနေကို မိုးလေဝသဌာနကဆက်လက်စောင့်ကြည့်နေဆဲဖြစ်သည်ဟုလည်းသိရသည်။

ငလျင်နောက်ဆက်တွဲအနေဖြင့် အမြင့် ၂၀ စင်တီမီတာဝန်းကျင်ရှိ ဆူနာမီတစ်ခုကို မီယဇခိစီရင်စု၌ မြင်တွေ့ခဲ့ရပြီး ခိုချိစီရင်စု၏ အခြားဧရိယာများတွင် ၁၀ စင်တီမီတာခန့်အထိမြင်ရသော်လည်း နောက်ပိုင်းတွင် မိုးလေဝသအေဂျင်စီက ဆူနာမီအကြံပြုချက်အားလုံးကိုပြန်ရုတ်သိမ်းခဲ့သည်။

ငလျင်အရှိန်ကြောင့် ကျူရှူးကျည်ဆန်ရထားလိုင်း၏ နေရာဒေသအချို့တွင် ဝန်ဆောင်မှုကို ယာယီရပ်ဆိုင်းထားခဲ့ရကြောင်း ရထားအော်ပရေတာကပြောကြားခဲ့သည်။

image

ဟိုလူကချစ်သလို၊ ဒီလူကချစ်သလိုနဲ့
ဘယ်သူမှတကယ်၊မချစ်သည်ကို သိလိုက်ရသောအခါ

#funny

image

၂၀၂၇ ခုနှစ်တွင် တရုတ်လေတပ်သည် အမေရိကန်ထက် အင်အားကြီးဖွယ်ရှိ

ဝါရှင်တန်၊ ဇန်နဝါရီ ၁၄

၂၀၂၇ ခုနှစ်တွင် အမေရိကန်၏ စစ်အင်အား ဖြန့်ကြက်ချထားသည့် ကမ္ဘာ့အနောက်ခြမ်း ဒေသများ၌ တရုတ် လေတပ်သည် အမေရိကန်တပ်ဖွဲ့များထက် ပိုမိုအင်အား သာလွန်လာနိုင်ကြောင်း အမေရိကန်တပ်မှူးတစ်ဦးက ပြောကြားခဲ့သည်ဟု The Aviationist သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

၂၀၂၇ ခုနှစ်တွင် ထိုဒေသများ၌ အမေရိကန် ခေတ်မီတိုက်လေယာဉ် ၁ စင်းရှိပါက တရုတ်က ၁၂ စင်းအထိရှိနိုင်ပြီး အမေရိကန်၏ ရေကြောင်းကင်းလှည့်လေယာဉ် ၁ စင်းရှိချိန်တွင် တရုတ်က ၃ စင်းအထိ ရှိလာနိုင်သည်ဟု အမေရိကန်လေတပ် တပ်မှူးတစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ် ဒေါက် ဝစ်ကတ် (Doug Wickert) က ပြောကြားခဲ့ သည်။

ကယ်လီဖိုးနီးယား (California) ပြည်နယ်၊ အက်ဒွပ် လေတပ်စခန်း (Edwards AFတွင် ဇန်နဝါရီ ၆ ရက်က ပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခု၌ အမှတ် ၄၂၁ Test Wing လေတပ်၏ တပ်မှူးဖြစ်သူ ဝစ်ကတ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်စစ်တပ်၏ စွမ်းဆောင်ရည်များ၊ အထူးသဖြင့် မကြာသေးမီက ထုတ်ဖော်ပြသခဲ့သည့် တရုတ်၏ မျိုးဆက် သစ် လေယာဉ်များနှင့်ပတ်သက်ပြီး စိုးရိမ်စရာကောင်းကြောင်း ၎င်းက ဆိုသည်။

အမှတ် ၄၁၂ Test Wing တပ်ဖွဲ့သည် လေတပ်၏ အားထုတ်ကြိုးပမ်းမှုများကို စမ်းသပ်ခြင်း၊ အကဲဖြတ် ချင့်တွက် ခြင်း၊ ခေတ်မီ ဆော့ဖ်ဝဲများနှင့် လက်နက်စနစ်များမှအစ လေယာဉ် အစိတ်အပိုင်း အားလုံးကို စမ်းသပ်စစ်ဆေး ရသည့် တပ်ဖွဲ့ဖြစ်သည်။

၎င်းတို့တပ်ဖွဲ့တွင် ကျွမ်းကျင်ပညာရှင်ပေါင်း ၅၀၀၀ ကျော်ရှိပြီး မတူကွဲပြားသည့် လေယာဉ် အမျိုးစားပေါင်း ၃၀ ခန့် ပါဝင်သော လေတပ်လေယာဉ်အစင်း ၉၀ ကို ပျံသန်းရန် အသင့်အနေအထား ထားရှိခဲ့သည်။

ဝစ်ကတ်၏ တပ်ဖွဲ့ဝင်များသည် စမ်းသပ်ပျံသန်းသည့် ခရီးစဉ်ပေါင်း ၂၀၀၀ အပါအဝင် မစ်ရှစ် ၇၄၀၀ ကို ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

မကြာသေးမီ ကာလများအတွင်း တရုတ်ကွန်မြူနစ်ပါတီ(CCP)၏ ဆိုက်ဘာ တိုက်ခိုက်မှုများရှိခဲ့ပြီး အမေရိကန်၏ အခြေခံ အဆောက်အအုံများကို ပစ်မှတ်ထားခဲ့ကြောင်း ဝစ်ကတ်က ပြောသည်။

ထို့ပြင် တရုတ်စစ်တပ်၏ ဖွံ့ဖြိုးတိုးတက်မှုသည် လျှင်မြန်ပြီး စစ်အင်အားကို အဆင့်မြှင့်တင် မွမ်းမံမှုသည်လည်း အမေရိကန်၏ အားထုတ်ကြိုးပမ်းမှုထက် သာလွန်ခဲ့ကြောင်း ဝစ်ကတ်က ပြောကြားခဲ့သည်။

Source: The Aviationist

ပုံ - အမေရိကန်လေတပ်တပ်မှူး ဗိုလ်မှူးချုပ် ဒေါက်ဝစ်ကတ်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image
1 y - Translate

SCORPIONES

image
1 y - Translate

SCORPIONES

image
1 y - Translate

SCORPIONES

image
1 y - Translate

SCORPIONES

image
1 y - Translate

SCORPIONES

image
1 y - Translate

SCORPIONES

image