ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဉ်အရ အညာဒေသတွင် (၆)ကြိမ် ထောက်ပံ့မည်ဖြစ်ပြီး မြို့နယ်အရေအတွက်တိုးလာ

ဇန်နဝါရီ ၁၄

ယခုနှစ်ထောက်ပံ့ပေးမည့် ကမ္ဘာ့စားနပ် ရိက္ခာထောက်ပံ့မှုအစီအစဉ်ကို (၆)ကြိမ်ဆောင် ရွက်သွားမည်ဖြစ်ပြီး အညာဒေသတွင်ထောက်ပံ့မည့် မြို့နယ်အရေအတွက်တိုးလာကြောင်း စတော့ဟုမ်း ငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။

ပြီးခဲ့သည့် (၂၀၂၃)ခုနှစ် စက်တင်ဘာလ (၂၆)ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်၌ ကျင်းပခဲ့သော (၇၈) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံသို့ IBEC ဆရာတော်တက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ စစ် ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးရေး တောင်းဆိုခဲ့ကြောင်း သိရသည်။ အဆိုပါတောင်းဆိုချက်များအရ ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဉ် (WFP) မှ Pilot Project အဖြစ် စစ်ကိုင်း၊ မြင်းမူ၊ ချောင်းဦး၊ မုံရွာ၊ ‌ရွှေဘိုနှင့် ဟုမ္မ လင်းမြို့နယ်တို့ရှိ စစ်ရှောင်ပြည်သူများကို ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် ဇွန်လမှစ၍ စတင်ထောက်ပံ့ခဲ့ကြောင်း သိရသည်။ ယခု (၂၀၂၅) ခုနှစ်အတွက် ကမ္ဘာ့စားနပ် ရိက္ခာထောက်ပံ့ရေးအစီအစဉ် World Food Program (WFP) နှင့်အတူ ပြည်တွင်းအခြေစိုက် NGO အဖွဲ့ အစည်းဖြစ်သော Action for Green Earth (AGE) အဖွဲ့မှတာဝန်ယူကာ စစ်ကိုင်း IBEC ကျောင်း၌ ဖေဖော်ဝါရီလတွင် စတင်ဖြန့်ဝေတော့မည်ဖြစ်ကြောင်း သိရသည်။ "၂၀၂၄ ကတော့ ပြီးခဲ့ပြီ။ (၂၀၂၅) မှာက အထူးသဖြင့်တော့ မြို့ပျက်၊ ရွာပျက်သွားကြတဲ့သူတွေရဲ့ နေရပ်စွန့်ခွာလာတဲ့သူတွေကို ထောက်ပံ့ဖို့ပေါ့။ စစ်ကိုင်းတိုင်းဆိုလို့ရှိရင်လည်း ပြီးခဲ့တဲ့ (၂၀၂၄)မှာ (၆)မြို့နယ် လောက်ပေးတာလောက်ကို ဒီနှစ်မှာက (၁၀)မြို့နယ် လောက်ထပ်တိုးပေးလာတယ်။ စစ်ကိုင်းမှာကတော့ စစ်ကိုင်းတောင်တန်း၊ မင်းဝံတောင်တန်း ဘုန်းကြီး ကျောင်းတွေ၊ သီလရှင်ကျောင်းတွေမှာ နေရပ်စွန့်ခွာလာ ပြီး ခိုလှုံနေကြတဲ့ပြည်သူတွေ၊ စစ်ကိုင်းမြို့ပေါ်မှာ မှီခိုပြီးတော့နေကြတဲ့ပြည်သူတွေအတွက် ထောက်ပံ့ကူညီပေးတဲ့နေရာမှာ လုံးဝမရသေးတဲ့သူတွေကို ဦးစားပေး ဖို့ပေါ့" ဟု ဆရာတော်ဦးသောဘိတက မိန့်ကြားသည်။

ယခုနှစ်(၂၀၂၅)တွင် ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့မှုအစီအစဉ်ကို (၆)ကြိမ်ထောက်ပံ့ပေးသွား မည်ဖြစ်ပြီး စစ်ကိုင်း၊ မြင်းမူ၊ ချောင်းဦး၊ ဆားလင်းကြီး၊ မုံရွာ၊ ရွှေဘို၊ ဝက်လက်၊ ဟုမ္မလင်း၊ ကန့်ဘလူ အစရှိ သောနေရာများရှိ နေရပ်စွန့်ခွာပြည်သူများအား ‌ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။ "၂၀၂၄ မှာ လုံးဝမရသေးတဲ့သူတွေကို ဦးစားပေးအနေနဲ့ ထောက်ပံ့ပေးမှာပေါ့။ (၂၀၂၅) မှာတော့ တစ်နှစ်လုံးမှာ (၆)ကြိမ် ထောက်ပံ့မှာပေါ့။ နှစ်လတစ်ကြိမ်။ အဓိက ကတော့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကနေ ထောက်ပံ့တာပါ။ ဘုန်း ဘုန်းကတော့ ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့တို့၊ ကုလသမဂ္ဂတို့၊ အာဆီယံတို့နဲ့ ပေါင်းကူးပြီးတော့ လူထုရဲ့မျက်ရည်စ တွေကို ကူသောလက်နဲ့ ဗုဒ္ဓဘာသာရဟန်းတော်တွေက ဆောင်ရွက်ပေးတယ်ဆိုတဲ့စေတနာလေးနဲ့ ဆောင် ရွက်ပေးတာပါ"ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

UNOCHA ၏ ပြီးခဲ့သည့် ဩဂုတ်လအတွင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်း၌ နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်မှာ (၃)သန်း ဝန်းကျင်ရှိကြောင်း ခန့်မှန်းထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရပ်စွန့်ခွာ သူဦးရေ မြင့်တက်နေကြောင်း သိရသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image

စုမိဆောင်းမိတာလေးထုတ်ကြွားတာ

image

image
1 y - Translate

#englisheverywhere

image
1 y - Translate

#englisheverywhere

image
1 y - Translate

#englisheverywhere

image
1 y - Translate

#englisheverywhere

image
1 y - Translate

#englisheverywhere

image
image
image
image
1 y - Translate

19Pcs/Set Manicure Set Nails Tool Kit
စျေးနုန်း ၂၀၀၀၀ကျပ်
ခြေ လတ် မျက်နှာအထိပါ အစုံသုံးနိုင်တဲ့ set ပါ။
ပစ္စည်းအမျိုးအစား ၁၉မျိုးပါပါတယ်။
ဘူးလေးနဲ့သပ်သပ်ရပ်ရပ် ကျစ်လစ်မှုရှိလို့ အိတ်ဆောင်သယ်ယူသွားနိုင်ပါတယ်။
တစ်ကိုယ်ရည်သုံးဆောင်ထားဖို့အတွက်လည်း သင့်လျော်ပါတယ်။
#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း ၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
အသေးစိတ်အချက်လတ်များကို အောက်ပါလင့်မှဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.shop.com.mm/produc....ts/i123311293.html?s
#nailclipper #nails #spa #nailspa

image
1 y - Translate

19Pcs/Set Manicure Set Nails Tool Kit
စျေးနုန်း ၂၀၀၀၀ကျပ်
ခြေ လတ် မျက်နှာအထိပါ အစုံသုံးနိုင်တဲ့ set ပါ။
ပစ္စည်းအမျိုးအစား ၁၉မျိုးပါပါတယ်။
ဘူးလေးနဲ့သပ်သပ်ရပ်ရပ် ကျစ်လစ်မှုရှိလို့ အိတ်ဆောင်သယ်ယူသွားနိုင်ပါတယ်။
တစ်ကိုယ်ရည်သုံးဆောင်ထားဖို့အတွက်လည်း သင့်လျော်ပါတယ်။
#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း ၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
အသေးစိတ်အချက်လတ်များကို အောက်ပါလင့်မှဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.shop.com.mm/produc....ts/i123311293.html?s
#nailclipper #nails #spa #nailspa

image