Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
"ပြောင်းပြန်ဖြစ်လို့နေတယ်"
_______________________________
ဗျသနတရား(၅)ပါးထဲမှာ…
ငရဲမကျစေနိုင်တဲ့ ဗျသနတရား(၃)ပါးနဲ့
ငရဲကျစေနိုင်တဲ့ ဗျသနတရား(၂)ပါးရှိတယ်။
ငရဲမကျစေနိုင်တဲ့ ဗျသနတရား(၃)ပါးက
- ဥာတိဗျသန (ဆွေမျိုး ပျက်စီးခြင်း)
- ဘောဂဗျသန (စည်းစိမ်ဥစ္စာ ပျက်စီးခြင်း)
- ရောဂဗျသန(ကျန်းမာရေး ပျက်စီးခြင်း)
အဲ့ဒီဗျသနတရား(၃)ပါးကတော့
ငရဲသို့ မကျရောက်စေနိုင်ပါဘူး။
ငရဲကျစေနိုင်တဲ့ဗျသနတရား(၂)ပါးက
- သီလဗျသန(ကိုယ်ကျင့်သီလ ပျက်စီးခြင်း)
- ဒိဋ္ဌိဗျသန (အယူဝါဒ ပျက်စီးခြင်း)
ထိုဗျသနတရား(၂)ပါး ပျက်စီးပြီဆိုရင်တော့
ငရဲသို့ ကျရောက်စေနိုင်တယ်…။
စဉ်းစားကြည့်မယ်ဆိုရင်…
လောကကြီးက ပြောင်းပြန်ဖြစ်လို့နေတယ်။
ဘယ်လိုပြောင်းပြန်ဖြစ်နေလဲဆိုရင်
လောကမှာ အမေသေလို့၊ အဖေသေလို့၊
စီးပွားပျက်လို့၊ ရောဂါစွဲလို့ဆိုပြီး ငိုကြတယ်။
သီလပျက်လို့ဆိုပြီးတော့…
ငိုကြတဲ့ပုဂ္ဂိုလ် မရှိဘူး။
အယူဝါဒပျက်ယွင်းလို့ဆိုပြီးတော့…
ငိုကြတဲ့ပုဂ္ဂိုလ် မရှိဘူး။
ဒီလိုဖြစ်နေတယ်နော်…။
အရေးကြီးတာ မကြီးဘဲ
အရေးမကြီးတာ သွားပြီးတော့
အရေးကြီးနေပုံပြောပါတယ်…။
ဒါကြောင့်မို့…
တရားနာပရိတ်သတ်များ မှတ်သားရမှာက
ဥာတိဗျသန - ဆွေမျိုးတွေပျက်စီးပြီးတော့
လောကကြီးထဲမှာ တစ်ကောင်ကြွက်
တစ်မျက်နှာနဲ့ နေရတာဟာ
ရှက်စရာ၊ အားငယ်စရာမဟုတ်ဘူး။
သီလပျက်တာ၊ အယူဝါဒပျက်တာကမှ
ရှက်စရာ၊ အားငယ်စရာဖြစ်တယ်လို့
ဒီလိုသဘောပေါက်ရမယ်နာ်…။
ဘောဂဗျသန - စီးပွားပျက်တာဟာလည်း
ရှက်စရာ၊ အားငယ်စရာမဟုတ်ဘူးနော်။
သီလပျက်တာ၊ ဒိဋ္ဌိပျက်တာကမှ
ရှက်စရာ၊ အားငယ်စရာ။
ရောဂဗျသန - ရောဂါကြီးတွေစွဲတာက
ရှက်စရာ၊ အားငယ်စရာမဟုတ်ဘူး။
သီလပျက်တာ၊ ဒိဋ္ဌိပျက်တာကမှ
ရှက်စရာ၊ အားငယ်စရာနော်…။
ဒါကြောင့်…
ငရဲကိုကျရောက်စေနိုင်တဲ့
သီလဗျသနနဲ့ ဒိဋ္ဌိဗျသနတရား(၂)ပါး
မဖြစ်အောင် အထူးကြိုးစားရမယ်နော်…။
ဘဒ္ဒန္တ အဘိဇာတာလင်္ကာရာဘိဝံသ
(စစ်ကိုင်းတိပိဋကဆရာတော်)
( စစ်ကိုင်းတိပိဋကဆရာတော်ဘဒ္ဒန္တအဘိဇာတာလင်္ကာရာဘိဝံသ ဟောကြားတော်မူခဲ့သော-
“ပျက်စီးခြင်းနှင့်ပြည့်စုံခြင်း”တရားတော်မှ)
(တရားစာသားအားမူလရေးသားတင်လှူပူဇော်သူအား credit ပေးပါသည်)
#photocrd
#ပျက်စီးခြင်းနှင့်ပြည့်စုံခြင်း
#ဘဒ္ဒန္တအဘိဇာတာလင်္ကာရာဘိဝံသ
#စစ်ကိုင်းတိပိဋကဆရာတော်
Supernatural မှာ Sam Winchester က အဓိကဇာတ်ကောင်လား
ဒီကနေ့မှာတော့ Supernatural ဟာ Winchester ညီနောင်ထဲက Sam ကို အဓိကဦးတည်ထားတယ်ဆိုတာကိုပြသမယ့် အကြောင်းအရာတချို့ကို ကောက်နှုတ်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်။
Supernatural ရဲ့ ပထမဆုံးအပိုင်းကနေ Season 5 အထိ ဇာတ်လမ်းတစ်ခုလုံးဟာ Sam Winchester ရဲ့ ရုန်းကန်ကြိုးစားရမှုတွေ၊ Sam ရဲ့ ရည်းစားအသတ်ခံရတာကနေ Sam ဟာ Yellow Eyes Demon ရဲ့ လက်ရွေးစင်အဖြစ်သတ်မှတ်ခံရပုံတွေ၊ Sam ရဲ့ ရှုထောင့်ကို ပိုမိုအသားပေးပြသမှုတွေကိုပဲတွေ့ခဲ့ရပါတယ်။ (သို့ပေမယ့် Season 4 နဲ့ Season 9 တွေမှာ Dean Winchester ကိုပဲ အဓိကဦးစားပေးကာ Sam ကို အရန်သဘောမျိုးအသုံးပြုထားတာကိုလည်း သတိထားဖို့လိုပါတယ်)
Sam နဲ့ Dean ကို လေ့လာကြည့်တဲ့အခါမှာ Sam တစ်ခုခုကြုံရတိုင်း Dean က Sam အတွက်ရှိနေပေးသလို Sam ကလည်း Dean အတွက်ဆိုရင် ဘာမဆိုလုပ်ပေးမယ့် ညီကောင်းတစ်ယောက်ဖြစ်ပါတယ်။ သို့ပေမယ့် ကမ္ဘာတစ်ခုလုံးရဲ့အရေးကိစ္စနဲ့ မိသားစုအရေးယှဥ်လာတဲ့အခါမှာ Dean က မိသားစုကိုပိုမိုဦးစားပေးထားတာကိုတွေ့ရပေမယ့် Sam ကတော့ ဟီးရိုးတစ်ယောက်ရှိသင့်တဲ့အချက်အလက်တွေနဲ့ ပိုမိုကိုက်ညီနေတာကိုတွေ့ရပါတယ်။ (သို့ပေမယ့် မတူညီတဲ့ရှုထောင့်ကနေ ကြည့်ရှုမယ်ဆိုရင်တော့ Dean ဟာ Sam ထက် ပိုပြီးရင့်ကျက်သလို မိသားစုကိုတန်ဖိုးထားတဲ့အစ်ကိုကြီးအနေနဲ့တွေ့ရပါတယ်)
သိသာတဲ့အချက်တစ်ခုကတော့ Dean ရဲ့ ဇာတ်ကောင်စရိုက် ဟာ Supernatural တစ်လျှောက်လုံးမှာ ပုံစံမပျက် တွေ့ရပေမယ့် Sam ကတော့ Season ကြာလာလေလေ ပြောင်းလဲမှုတွေပိုမိုဖြစ်ပေါ်လာလေလေဖြစ်လာပြီး အတွေ့အကြုံရင့်ကျက်ထက်သန်လာတာကိုတွေ့ရပါတယ်။
Apocalypsed World က လူတွေကိုခေါ်လာပြီး hunter ကွန်ယက်တစ်ခု တည်ဆောက်တဲ့အခါမှာလည်း Sam ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ စီမံခန့်ခွဲနိုင်တာကိုပြခဲ့တာကလည်း Sam ဟာ အဓိကဇာတ်ကောင်တစ်ယောက်ဆိုတာကို သွယ်ဝိုက်နည်းနဲ့ပြသခဲ့တယ်လို့မှတ်ယူပါတယ်။
အဓိပ္ပါယ်မရှိတဲ့အမြင်ကနေကြည့်ရှုသုံးသပ်မယ်ဆိုရင် Final Season မှာ Sam ဟာ အသက်ရှင်ကျန်ရစ်နိုင်ခဲ့တာကလည်း Sam ကို အဓိကဇာတ်ကောင်တစ်ယောက်ဆိုတာကို သွယ်ဝိုက်နည်းနဲ့ပြသခဲ့တယ်လို့မှတ်ယူပါတယ်။
မည်သို့ပင်ဆိုစေကာမူ Supernatural ပရိသတ်တစ်ယောက်ရဲ့အမြင်မှာ Supernatural မှာ Sam ရော၊ Dean ဟာ အဓိကဇာတ်ကောင်တွေဖြစ်ကြပြီး ညီအစ်ကိုသံယောစဥ်ရဲ့စစ်မှန်မှုနဲ့ ချစ်ခြင်းမေတ္တာကိုပြသနိုင်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုအဖြစ် အမြဲမှတ်ယူထားပါတယ်။
ရွေးချယ်မှု မှန်ကန်ခဲ့တယ်လို့ပြောရမယ့် Lisa
ဖေဖော်ဝါရီ ၊ ၂၈၊ ၂၀၂၅
HBO Max ရဲ့ နာမည်ကြီး ဇာတ်လမ်းတွဲဖြစ်တဲ့ The White Lotus Season 3 ကတော့ ဇာတ်လမ်းအစမှာတင် စိတ်ဝင်စားဖို့ ကောင်းအောင်လုပ်ထားလို့ အားရနေတယ်လို့ပြောလို့ရပါတယ်။
The White Lotus က Newtopia လို Lisa ကိုပဲ ပြစားနေတဲ့ ဇာတ်လမ်းမဟုတ်ဘူးလို့တော့မြင်တယ်။ Lisa ကိုပြသင့်သလောက်ပြထားတယ် တစ်ခန်းနှစ်ခန်းလောက်ပေမယ့် သူပါတဲ့အခန်းတင်မဟုတ်ဘူး တခြား Cast တွေရဲ့ အလွဲတွေနဲ့တင်ကြည့်ရတာ ပိုစိတ်ဝင်စားဖို့ကောင်းလာတယ်။ ပြောရရင် ဇာတ်လမ်းအစမှာတင်ပျင်းစရာကောင်းတယ်လို့ကို မခံစားရတာပါ။
ဒီဇာတ်လမ်းမှာ Lisa က တခြား သရုပ်ဆောင်လုပ်နေကြတဲ့ Blackpink Member Jennie Kim နဲ့ Jisoo ထက်ကို Character ရွေးချယ်မှုပိုင်းမှာ မှန်ကန်ခဲ့တယ်လို့ သတ်မှတ်ရပါမယ်။
The White Lotus Season 3 မှာ Lisa ကို Side Character သဘောမျိုးကိုမှ သူ့ကို Target သိပ်မလုပ်ပဲ Hotel လာတည်းတဲ့ မိသားစုတွေကို Target ဖြစ်အောင်လုပ်ထားပါတယ်။ အဓိကကတော့ Lisa ဆိုတဲ့ ပုံရိပ်ကို ချိုးထားပြီး ဟိုတယ်ဝန်ထမ်း Mook ဆိုတာကို ပေါ်အောင်လုပ်ထားတာတော့ သဘောကျပါတယ်။
ဒီလိုချိုးထားတာလည်း တစ်ခုကောင်းပါတယ်၊ Main Lead အနေနဲ့ပွဲထွက်လာမယ်ဆိုရင် သရုပ်ဆောင် Skill တွေကြောင့်ရော ဇာတ်လမ်းကြောင့်တွေပါ Jisoo လိုမျိုး ပြောစရာတွေဖြစ်လာမှာမို့လို့ Side Character နဲ့ ခြေလှမ်းအသစ်ကို စထားတာက ပိုပြီးကောင်းပါတယ်။
ပြီးတော့ Lisa က သူ့နေရာ၊ သူ့ဒေသဖြစ်တဲ့အတွက် သရုပ်ဆောင်မှုပိုင်းနဲ့ စကားပြောရာတွေမှာ သာမာန်ထက် ပိုလွတ်လပ်နေသလိုဖြစ်နေတာကို တွေ့ရမှာပါ။ ဒါကလည်း အားသာချက်ပါပဲ။
တခြား Character တွေမှာဆိုရင်လည်း Lisa တာဝန်ယူရတဲ့ အတွဲတစ်တွဲကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် Lisa တို့ ဟိုတယ်ပိုင်ရှင်နဲ့ ဒီ အတွဲ ဘယ်လိုတွေပတ်သက်လည်းဆိုတာကိုပါ Twist အနေနဲ့ထားခဲ့ပါသေးတယ်။
တစ်ခုသဘောကျတာက ထိုင်းတွေပါ။ ထိုင်းတွေက အခုဆိုရင် သူတို့ရဲ့ ဒေသနဲ့ ကျွန်းတွေကို ဇာတ်လမ်းတွေမှာ Promote လုပ်ပြီး ရိုးရာ၊ ယဥ်ကျေးမှုတွေကို နိုင်ငံတကာက ပိုသိအောင်လုပ်ထားတာကိုတော့ ချီးကျူးရမယ်။ ပြောရရင်တော့ ထိုင်းက မြန်မာနိုင်ငံထက် အများကြီးတိုးတက်သွားတာတော့ အမှန်ပါပဲ။
အခုဆို The White Lotus Season 3 မှာပါဝင်တဲ့ Koh Samui ကျွန်းကလည်း Phuket ပြီးရင် ဒုတိယ အကြီးဆုံး ကျွန်းလည်းဖြစ်သလို လှလည်း လှတော့ The White Lotus Season 3 ကြောင့် ခရီးသွားတွေ ပိုများလာတယ်လို့လည်း သိရပါတယ်။