ကန်ဇွန်းရွက်သုပ်
လှိုင် သံလမ်းထိပ်က ကိုဦးဆိုင်မှာ စားဖူးတာတဲ့ ပုံစံလေးယူပြီးသုပ်ထားတာ စစ် - ကိုဦးဆိုင်ကတော့ တရုပ်ကန်ဇွန်း ကို ဝက်ပြုတ်ရည် ထဲ ခဏထည်ပြုတ်ပြီး ငရုပ်သီးစိမ်း နဲ့ ကြက်သွန်ဖြူ ဓါးပြားရိုက်ပြီး သံပုရာသီးညှစ်ပြီး ဝက်ရိုးပြုတ်ရည် အနဲငယ် ဆား ထည့်ပြီးသုပ်ပါတယ် - ကျွန်မကတော့ တရုပ်ကန်ဇွန်းမရှိလို့ ကုန်းကန်ဇွန်းကို ရေနွေးဆူဆူမှာ ခဏဖျောပြီး ရေအေး စိမ်ကာ ရေစစ်ပြီး သုံးပိုင်းလောက်ဖြတ် ကြက်သွန်နီတစ်လုံးပါးပါးလှီးထည့် -ငရုပ်သီးစိမ်း လေးတောင့်နဲ့ ကြက်သွန်ဖြူဥသေး တစ်လုံးကို ဓါးပြားရိုက်ပြီး ထည့် - မြေပဲလှော်ထောင်း နှမ်းလှော် ကြက်သွန်ဖြူဆီချက် ဖတ် ဝက်ရိုးပြုတ်ရည် အနဲငယ် ဆား ငံပြာရည်ထည့် သံပုရာသီး တစ်ခြမ်းထည့်ပြီး သုပ်တယ်။
