ပျော်ရွှင်ခြင်းကို
လူတွေက "ရှိခြင်း" လို့ အဓိပ္ပာယ် ဖွင့်ကြတယ်။
ကားရှိ၊ အိမ်ရှိ၊ ပိုက်ဆံရှိ၊ နာမည်ရှိ၊
အာဏာရှိ၊ ရာထူးရှိတာက ပျော်ရွှင်ခြင်းပေါ့။

တကယ်တမ်းမှာ ပျော်ရွှင်ခြင်းက
"မရှိခြင်း" ဖြစ်တယ်။
အဖျားအနာမရှိ၊ စိုးရိမ်ပူပန်မှုမရှိ၊
ဘေးဥပဒ်မရှိ၊ ဆင်းရဲဒုက္ခမရှိ၊
ချုပ်နှောင်မှု မရှိတာကမှ
ပျော်ရွှင်ခြင်းဖြစ်တယ်။
နောက်ပြီး..... ပိုင်ဆိုင်ပြီးမှ
ဆုံးရှုံးသွားတဲ့အချစ်တွေကလဲ
အစထဲကမချစ်မိအောင်နေတတ်ခြင်း၊
အချစ်မရှိခြင်းဟာကလဲ ပျော်ရွှင်ခြင်းပါဘဲ။

#aungsitt