1 y - Translate

ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းမှာ မိုးထစ်ချုန်းရွာမည်
*****************
(မိုး/ဇလ) မေ ၁၃
ရန်ကုန်တိုင်းအပါအဝင် နိုင်ငံတစ်ဝန်းမှာ မိုးထစ်ချုန်းရွာသွန်းမယ်လို့ မေလ ၁၂ ရက် မွန်းလွဲပိုင်း ၃ နာရီအချိန်၌ မိုးလေဝသဌာနခွဲ(ရန်ကုန်)က ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါထုတ်ပြန်ချက်အရ လပွတ္တာ၊ မြောင်းမြ၊ ပုသိမ်၊ မအူပင်၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ညောင်လေးပင်၊ ကျိုက်ထို၊ ဖာပွန်၊ ဘားအံ၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မော်လမြိုင်၊ ရေး၊ ထားဝယ်၊ မြိတ်၊ သံတွဲ၊ မြောက်ဦး၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ၊ ဖလမ်း၊ မင်းဘူး၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲ၊ မယ်စဲ့တို့တွင် မိုးထစ်ချုန်းရွာသွန်းမယ်လို့ သိရပါတယ်။

ဒါ့အပြင် လောက်ကိုင်၊ ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းလား၊ မိုင်းဆတ်၊ မိုင်းတုံ၊ တာချီလိတ်၊ မိုင်းယောင်း၊ ပူတာအို၊ တနိုင်း၊ မုံရွာ၊ ရွှေဘို၊ ယင်းမာပင်၊ စစ်ကိုင်း၊ ရေဦး၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ သပိတ်ကျင်း၊ ကျောက်မဲ၊ တောင်ကြီး၊ ကလော၊ နမ့်စန်၊ လင်းခေး၊ မိုင်းရှူးနှင့် လားရှိုးခရိုင်တို့တွင်လည်း မိုးရွာနိုင်တယ်လို့ သိရပါတယ်။

ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ် (Low Pressure Cell)က မြောက်-အနောက် မြောက်ဘက်သို့ အနည်းငယ် ရွေ့လျားခဲ့ကာ၊ ယင်းအခြေအနေကြောင့် လာမယ့် ၃၆ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area)အဖြစ်သို့ ရောက်ရှိကာ အားကောင်းလာနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နေရာကွက်ကြား မိုးကြီးခြင်း၊ ဒေသအလိုက် မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသက်လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ အသိပေးထားပါတယ်။

image

ဆင်းဒူးစစ်ဆင်ရေး၌ အကြမ်းဖက်သမား ၁၀၀ ကျော်သေဆုံးဟုဆို
*****************
(နိုင်ငံတကာ) မေ ၁၃
အိန္ဒိယနိုင်ငံ က ပါကစ္စတန်နိုင်ငံ၌ရှိသော အကြမ်းဖက်သမားများကိုပစ်မှတ်ထားသည့် ဆင်းဒူးစစ်ဆင်ရေး ဆောင်ရွက်မှုအတွင်း အကြမ်းဖက်သမားအယောက် ၁၀၀ ကျော်သေဆုံးပြီး ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀ ကျော် ကွယ်လွန်သွားကြောင်း အိန္ဒိယစစ်ဘက်မှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဆင်းဒူးစစ်ဆင်ရေး တွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ရာဂျစ်ဂိုင်က အိန္ဒိယ၏တိုက်ခိုက်မှုကြောင့် ပါကစ္စတန် ရှိ လေတပ်စခန်း အနည်းဆုံး ၁၁ ခု ပျက်စီးဆုံးရှုံးသွားကြောင်းနှင့် ထိုကဲ့သို့တိုက်ခိုက်လိုက်သည့်အတွက် ပါကစ္စတန်၏စစ်ရေးစွမ်းရည်အပေါ် များစွာထိခိုက်စေကြောင်း မေလ ၁၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြော သည်။

အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နိုင်ငံရှိအကြမ်းဖက်သမားများနှင့် ၎င်းတို့၏အခြေခံအဆောက်အအုံများ အပေါ် ပစ်မှတ်ထားတိုက်ခိုက်သည့် ဆင်းဒူးစစ်ဆင်ရေးကို ပြီးခဲ့သည့် သီတင်းပတ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

ဆင်းဒူးစစ်ဆင်ရေးတွင် ပါကစ္စတန်၏စစ်ရေးပစ်မှတ်များကို ပစ်မှတ်ထားခြင်းမရှိကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်ထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

image
1 y - Translate

Three people are dead, and another is injured after falling off of a mountain in a climbing accident involving a suspected failed anchor while they were rappelling, police said.

https://abcnews.go.com/US/3-cl....imbers-dead-after-fa

image

ရုရှား-ယူကရိန်း ဆွေးနွေးပွဲ ပါဝင်လိုတယ်လို့ ဒေါ်နယ်ထရန့် ကမ်းလှမ်း
ဝါရှင်တန်၊ မေ-၁၃-၂၀၂၅
မျိုးဆက်(VOM)
လာမယ့် သီတင်းပတ်နှောင်းပိုင်းအတွင်း တူရကီမှာကျင်းပမယ့် ရုရှား-ယူကရိန်း ဆွေးနွေးပွဲကို ပါဝင်လိုတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကမ်းလှမ်းလိုက်ပါတယ်။
ယူကရိန်းစစ်ပွဲ ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးအတွက် ဥရောပနိုင်ငံတွေက ရုရှားကို တွန်းအားပေးနေချိန် ရုရှားနဲ့ဆွေးနွေးပွဲမှာ ပူတင်နဲ့တွေ့ဖို့ တူရကီမှာ သွားစောင့်နေမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောဆိုပြီးနောက် တရက်အကြာမှာ ထရန့်က အခုလို ပြောကြားလိုက်တာပါ။
အစ္စတန်လ်ဆွေးနွေးပွဲဟာ စစ်ပွဲအဆုံးသတ်ရေး အထောက်အကူဖြစ်နိုင်ပြီး ဒေသတွင်းမှာရှိနေချိန် ဆွေးနွေးပွဲမှာ ပါဝင်နိုင်တယ်လို့ ထရန့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။ လက်ရှိမှာတော့ သူဟာ ဆော်ဒီအာရေဗျ၊ ယူအေအီးနဲ့ ကာတာတို့ကို ယခုသီတင်းပတ်အတွင်း သွားရောက်မှာဖြစ်ပါတယ်။
အစည်းအဝေးတွေ တွေ့ဆုံမှုတွေ များစွာရှိမှာဖြစ်ပေမယ့် တူရကီကိုသွားရောက်ဖို့ တကယ်စဉ်းစားနေပြီး ဖြစ်နိုင်ခြေရှိတယ်လို့ ထရန့်က ဒုတိယအကြိမ် ပြည်ပခရီးစဉ်မထွက်ခင် ပြောပါတယ်။ တူရကီမှာ လာမယ့်ကြသပတေးနေ့ကို လျှော့တွက်လို့မရဘူးလို့ ဆိုပါတယ်။
ရုရှားဘက်ကတော့ တူရကီမှာ ပူတင်နဲ့တွေ့ဖို့ ယူကရိန်းသမ္မတရဲ့တောင်းဆိုမှုကို တုံ့ပြန်ခြင်းမရှိသေးပါဘူး။ ဒီအတောအတွင်း ရုရှားဟာ ယူကရိန်းကို တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ရုရှားဟာ တိုက်ရိုက်အစည်းအဝေးပြုလုပ်ဖို့ အဆိုပြုချက်နဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေပြီး ဒါဟာ အလွန်ထူးဆန်းတယ်လို့ ဇီလန်စကီးက ပြောပါတယ်။
.ယူကရိန်းစစ်ပွဲ ရက် ၃၀ အပစ်ရပ်ရေးကို သဘောမတူဘူးဆိုရင် ဥရောပနိုင်ငံတွေအနေနဲ့ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုအသစ်တွေ ချမှတ်သွားမှာဖြစ်ကြောင်း ဂျာမနီအစိုးရက မနေ့က ထုတ်ဖော်ပြောကြားထားပါတယ်။
Ref:CNA
Photo:Reuters

image
1 y - Translate

ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ဗလီနဲ့ ခရစ်ယာန်ကျောင်းတွေကို မူလအရွယ်အစားအတိုင်းသာ ပြန်လည်ဆောက်လုပ်ခွင့်ပြုမယ်
မေ - ၁၃ ၊ ၂၀၂၅
GG (VOM)
ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ဗလီနဲ့ ခရစ်ယာန်ကျောင်းတွေကို မူလအရွယ်အစားအတိုင်းသာ ပြန်လည်ဆောက်လုပ်ခွင့်ပြုမှာဖြစ်ကြောင်း သက်ဆိုင်ရာ သာသနာရေးမှူးရုံးတွေက အသိပေးထားပြီး ပျက်စီးအဆောက်အဦးကို ဖြိုဖျက်ခွင့်နဲ့ ပြန်တည်ဆောက်ခွင့်ပြုပေးမှုအပိုင်း ကြန့်ကြာမှုရှိနေ တယ်လို့သိရပါတယ်။
လက်ရှိမှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ဗလီအချို့ကို ဖြိုချခွင့် နဲ့ ပြန်တည်ဆောက်ခွင့်အတွက် သက်ဆိုင်ရာ မြို့နယ်နဲ့ခရိုင်ကို စာတင်ထားပေမယ့် ခွင့်ပြုမိန့် ချပေးခြင်းမရှိတာကြောင့် ဖြိုချခြင်းလုပ်ငန်းလည်းမလုပ်နိုင်သေးဘဲ ပြန်လည်ထူထောင်ရေးအပိုင်းမှာအခက်ကြုံနေရတယ်လို့ ဗလီအချို့ဆီက သိရပါတယ်။
" ဗလီပြန်ဖျက်ခွင့်ရော ပြန်တည်ဆောက်ခွင့်က ခုထိမကျသေးဘူး။စာတင်ထားတာကြာပြီ။ဆောက်လုပ်ဖို့ကအဆင်သင့်ဖြစ်နေပြီ။ခုက ဘာမှလုပ်မရဘူး။ကျောက်ဆည်မှာ ဘယ်ဗလီမှဖြိုတာမတွေ့ရသေးဘူး။ပြန်ဆောက်တာလည်းမတွေ့သေးဘူး။မြို့နယ်ရော ခရိုင်ရောစာတင်ထားတာပါ။အဆောက်အဦးကို မူလအရွယ်အစားတိုင်းပြန်ဆောက်ဖို့ဆိုပြီး အကြောင်းကြားစာတွေတော့ရောက်တဲ့နေရာရောက်နေကြပြီ။ မူလပုံစံအတိုင်း မပျက်ဆောက်ဆိုလည်းကျွန်တော်တို့က ပြန်ဆောက်မှာပါအစည်းဝေးထိုင်ထားတယ် ။ဗလီအကျယ်အဝန်းနဲ့လက်ရှိလူဦးရေက ပြေတယ်။မူအတိုင်းကိုပြန်ဆောက်ခွင့်ရရင်ပြေတယ်။ခုက ဖြိုခွင့်လည်းမရသေးဘူး။ပြန်ဆောက်ခွင့်လည်းစာမကျသေးဘူး။" လို့ ကျောက်ဆည်မြို့က ဗလီတခုမှ တာဝန်ရှိသူကပြောပါတယ်။
နောက်ပြီး အချို့သော ဗလီတွေက လက်ရှိများပြားလာတဲ့လူဦရေအရ အဆောက်အဦးကို ထပ်မံချဲ့ပြီးဆောက်ဖို့ လိုအပ်မှုရှိလို့ မူလအရွယ်အစားသာပြန်ဆောက်ခွင့်ပြုမယ်ဆိုတာ အဆင်ပြေမှုမရှိကြောင်း ၊ အချို့ဗလီတွေကတော့ မူလအရွယ်အစားတိုင်းဆောက်ခွင့်ပေးတာ အဆင်ပြေကြောင်းနဲ့ အဓိက အာဏာပိုင်တွေအနေနဲ့ ဗလီတွေကို ဖြိုဖျက်ခွင့်ပြုပြီး အမြန်ဆုံးတည်ဆောက်ခွင့်ပြုပေးဖို့လိုအပ်နေတာဖြစ်တယ် လို့ဆိုပါတယ်။
လက်ရှိမှာတော့ ငလျင်ကြောင့် ဗလီပျက်စီးခဲ့ရတဲ့ ဒေသက အစ္စလာမ်ဘာသာဝင်တွေက ယာယီတဲတွေဆောက်လုပ်ပြီး ဝတ်ပြုခြင်း ၊ မြေကွက်လပ်တွေပေါ်မှာ ဝတ်ပြုနေရတယ်လို့သိရပါတယ်။
ခရစ်ယာန်ကျောင်းတွေကတော့ ဖြိုချခွင့်နဲ့ ပြန်တည်ဆောက်ခွင့်အပေါ် စာနဲ့တရားဝင်ခွင့်ပြုတာမျိုးမဟုတ်ဘဲ နူတ်ကတိနဲ့ လုပ်ဆောင်ခွင့်ပြုပေးနေတဲ့အတွက် အဆောက်အဦး ဖြိုချတဲ့လုပ်ငန်းတွေကို လုပ်ကိုင်နေပြီး ပြန်တည်ဆောက်ရေးအတွက်လည်း ကုန်ကျမှုအပိုင်း၊ အဆောက်အဦးဒီဇိုင်း စတာတွေကို တွက်ချက်ရေးဆွဲနေတယ်လို့သိရပါတယ်။
"နူတ်မိန့်နဲ့ပဲ စာတွေဘာတွေနဲ့တော့မလာဘူး။အဲလိုတော့ညွှန်ကြားလာတာရှိတယ်။အခုကတော့ ပြန်ဆောက်ဖို့အသင်းတော်တွေကိုတွက်ချက်ခိုင်းထားတယ်။အခုက ငလျင်ဒဏ်ခံနိုင်အောင်ပြန်ဆောက်မှာပေါ့။တထပ်ပဲရှိတဲ့အဆောက်အဦးဆိုတထပ်ပဲပြန်ဆောက်ရမှာပေါ့။နှစ်ထပ်ဆောက်လို့မရဘူးပေါ့။လက်ရှိဖြိုဖျက်နေတာရှိတယ်။ပြန်ဆောက်ရင်စည်ပင်တို့ဘာတို့တင်ရမယ်ဆိုတာတော့ရှိတာပေါ့။ပြန်ဆောက်ရင်မူလအဆောက်အဦးဧရိယာအကျယ်အဝန်းပဲဆောက်မှာပါ။ငလျင်ဒဏ်ခိုင်ခံ့မှုကိုပဲဦးစားပေးလုပ်သွားမှာပါ။" လို့ မြန်မာနိုင်ငံနှစ်ချင်းခရစ်ယာန်အသင်းတော်များအဖွဲ့ချုပ်မှ တာဝန်ရှိသူကပြောပါတယ်။
မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအပါအဝင် နေရာဒေသအချိူ့မှာ ဗလီနဲ့ ခရစ်ယာန်ကျောင်းပေါင်း ရာဂဏန်းအထိပြိုကျပျက်စီးခဲ့ရပြီး ဝတ်ပြုဆုတောင်းသူ အများအပြား လည်းသေဆုံးခဲဲကြရပါတယ်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ဗလီနဲ့ ခရစ်ယာန်ကျောင်းတွေကို ဖြိုဖျက်ရေး၊ပြန်လည်တည်ဆောက်ရေးကို အလှူရှင်တွေရဲ့လှူဒါန်းမှုနဲ့ လုပ်ဆောင်ဖို့ ကြိုးစားနေကြရတာဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ - CJ

image
1 y - Translate

အပိုင်း ၁ ပိုင်းကို frame ပေါင်း ၃ သောင်းအထိပြုလုပ်ထားပြီး Solo Leveling ရဲ့ Animation Level ကိုပါကျော်ဖို နာမည်ကြီးနေတဲ့ Lord of Mysteries Anime

Solo Leveling တုန်းကတောင် အပိုင်းတစ်ခုကို frame 17,000 လောက်ပဲသုံးထားတာပါ။

အခုက frame ပေါင်း 3 သောင်းထိသုံးထားတာပါ။ ဒါကတော့ တရုတ်က Anime ဖြစ်ပြီးတော့ လာမယ့် July လထဲမှာထွက်မှာပါ။

image
1 y - Translate

President Trump meets with Saudi Crown Prince Mohammed bin Salman as he arrives in Riyadh, Saudi Arabia to begin a multi-nation tour of the Gulf region focused on expanding economic ties and reinforcing security cooperation with key U.S. allies.

Follow live updates: https://abcnews.visitlink.me/GhYExT

image
1 y - Translate

အနိမ့်ဆုံးလုပ်ခလစာကို ပြန်လည်သုံးသပ်ရန် ဥရောပကုန်သည်ကြီးများအသင်း တိုက်တွန်း
ရန်ကုန်၊ မေ ၁၃
ပို့ကုန်ဦးစားပေး အထည်ချုပ်ကဏ္ဍမှာ တရားဝင် အနိမ့်ဆုံးလုပ်ခလစာကို ပြန်လည်သုံးသပ်ဖို့ ဥရောပကုန်သည်ကြီးများအသင်း (EuroCham Myanmar) က တိုက်တွန်းထားပါတယ်။
လက်ရှိ အနည်းဆုံးအခကြေးငွေမလုံလောက်မှုဟာ လစာနည်းခြင်းအပါအဝင် လုပ်ငန်းခွင်ပဋိပက္ခတွေ၊ ပြောင်းရွှေ့မှုမြင့်မားခြင်း၊ ကျွမ်းကျင်လုပ်သားဆုံးရှုံးခြင်း စတဲ့ ပြဿနာများစွာရဲ့ အရင်းခံဖြစ်ပြီး မကြာသေးမီ နှစ်များအတွင်း ရရှိခဲ့တဲ့ ကုန်ထုတ်စွမ်းအားကို ပျက်ပြားစေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အနည်းဆုံးအခကြေးငွေနှုန်းထားအဖြစ် အလုပ်လုပ်ချိန် ၈ နာရီ (တစ်ရက်) အတွက် ၄၈၀၀ ကျပ် သတ်မှတ်ထားပြီး အပိုထောက်ပံ့ကြေး ၂၀၀၀ ကျပ်ကို ထပ်ဆောင်းခံစားခွင့် ပြုထားပါတယ်။
သို့ပေမယ့် စက်ရုံအများအပြားက အပိုထောက်ပံ့ကြေးအပါ တစ်ရက်လုပ်ခ ၆၈၀၀ ကျပ်ကို အချိန်ပို (O.T) အတွက် အခြေခံလုပ်အားခအဖြစ် သတ်မှတ်ပေးချေခြင်းမရှိတာကြောင့် လုပ်သားများအတွက် သိသိသာသာ ဆုံးရှုံးမှုဖြစ်ပေါ်လျက်ရှိပါတယ်။
အထည်ချုပ်ကဏ္ဍ ဈေးနှုန်းစာချုပ်တွေမှာ အဓိကကျတဲ့ အချက်ဖြစ်တဲ့ အနိမ်ဆုံးအခကြေးငွေဟာ ၂၀၁၈ ခုနှစ်ကတည်းက မပြောင်းလဲဘဲ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။
ဒါ့ကြောင့် အနည်းဆုံးအခကြေးငွေကို တိုးမြှင့်ခြင်းဟ အလုပ်သမားတွေရဲ့ ထိန်းသိမ်းမှုကို မြှင့်တင်ပေးကာ ပိုမိုတည်ငြိမ်တဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေပြီး ကျန်းမာသန်စွမ်းတဲ့ လုပ်သားအင်အားကို အထောက်အကူဖြစ်စေတယ်လို့ EuroCham Myanmar က ထောက်ပြထားပါတယ်။
လက်ရှိ အနိမ့်ဆုံးလုပ်ခလစာဟာ မြန်မာနိုင်ငံမှ ရင်းမြစ်ဖြစ်တဲ့ ကုန်အမှတ်တံဆိပ်တွေရဲ့ နာမည်ဂုဏ်သတင်းကို ကြီးမားစွာ ထိခိုက်စေပြီး နိုင်ငံရဲ့ ပို့ကုန်ကို မောင်းနှင်တဲ့ အထည်ထုတ်လုပ်သူများအတွက် စီးပွားရေးအန္တရာယ်အဖြစ် ပြောင်းလဲသွားတယ်လို့ ဆိုထားပါတယ်။

image

#နိုင်ငံတကာသတင်း
◼အိန္ဒိယအပေါ်စစ်ဆင်ရေး အောင်မြင်ခဲ့ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ကြေညာ
ပါကစ္စတန်၏ အိန္ဒိယအပေါ် စစ်ဆင်ရေးသည် ကြီးမားသောအောင်မြင်မှု ဖြစ်ကြောင်း နှင့် ယင်းအောင်မြင်မှုအား နှစ်စဉ် မေ လ ၁၀ ရက်တွင် အောင်ပွဲခံအခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘက်ဇ်ရှာရစ်ဖ် က ယနေ့ တွင်ပြောကြားသည်။
မေလ ၁၀ ရက် သည် အိမ်နီးချင်းနှစ်နိုင်ငံကြားတွင် အပစ်အခတ်ရပ်စဲမှုကို သဘောတူညီခဲ့သော နေ့ဖြစ်သည်။ ပါကစ္စတန် က အိန္ဒိယအပေါ် စစ်ဆင်ရေးတစ်ရပ် စတင်လိုက်ပြီးနောက် နာရီပိုင်းအတွင်းမှာပင် ယင်းသဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ကာ အဆိုပါစစ်ဆင်ရေးအတွင်း အိန္ဒိယဒုံးကျည်သိုလှောင်စခန်းတစ်ခုနှင့် လေတပ်စခန်းများအား တိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန်က ပြောကြားခဲ့သည်။
“ ‘အမှန်တရားအတွက် ရုန်းကန်ခဲ့သောနေ့’ အား အမျိုးသားစည်းလုံးညီညွတ်မှုစိတ်ဓါတ်၊ စိတ်အားထက်သန်မှု များဖြင့် နှစ်စဉ် နိုင်ငံနှင့်အဝှမ်းကျင်းပသွားမည်” ဖြစ်ကြောင်း အစိုးရက ဆိုရှယ်မီဒီယာ X ပေါ်တွင် ပြောကြားသည်။
နျူလက်နက်ပိုင်ဆိုင်သော ရန်ဘက် နှစ်နိုင်ငံကြား ၁၉၉၉ ခုနှစ် နောက်ပိုင်းအဆိုးရွားဆုံး ထိပ်တိုက်တွေ့မှု၌ တိုက်လေယာဉ်များ ၊ ဒရုန်းများ၊ ဒုံးကျည်များ၊ လက်နက်ကြီးများဖြင့် လေးရက်ကြာ ပြင်း ထန်စွာတိုက်ခိုက်ခဲ့ကြပြီးနောက် ရရှိခဲ့သော အပစ်ရပ်မှုူသည် ယမန်နေ့အထိ ဆက်လက်တည်မြဲနေပုံရသည်။
ဧပြီ ၂၂ ရက် က အိန္ဒိယနိုင်ငံပိုင် ကက်ရှ်မီးယားဒေသတွင် ခရီးသွား ၂၆ ဦး သေဆုံးခဲ့သော တိုက်ခိုက်မှုတစ်ခုဖြစ်ပေါ်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား ပဋိပက္ခဖြစ်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုအား ပါကစ္စတန်က အားပေးခဲ့ကြောင်း အိန္ဒိယက စွပ်စွဲခဲ့ပြီး အစ္စလာမာဘတ် က ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့သည်။
ယမန်နေ့က နိုင်ငံသို့ မိန့်ခွန်းပြောကြားရာ၌ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ က အနာဂတ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာပါကလည်း အခိုင်အမာတုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့ပြင် ပါကစ္စတန်နှင့် ထပ်မံ၍ ပဋိပက္ခဖြစ်ခဲ့ပါက နျူးကလီးယားဖြင့် အနုကြမ်းစီးမှုမျိုးကို အိန္ဒိယက သီးခံမည်မဟုတ်ကြောင်း မိုဒီ က ဆက်လက်ပြောကြားသည်။
“ အကယ်၍များ အိန္ဒိယအပေါ် နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရင် ခိုင်မာတဲ့တုံံ့ပြန်မှု လုပ်ဆောင်သွားမယ်” ဟု မိုဒီ က ပြောကြားသည်။
မိုဒီ၏မှတ်ချက်များနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံရေးသမားများက ပြင်းထန်စွာတုံ့ပြန်ကြသည်။
မိုဒီ က လက်ထဲဘာမှမကျန်တော့လောက်‌အောင် ရှုံးနိမ့်သွားသော လောင်းကစားသမားတစ်ဦးကဲ့သို့ ပြောဆိုနေကြောင်း ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ကာဝါဂျာအာဆစ်ဖ် က ပြောသည်ဟု Geo သတင်းဌာနက ဖော်ပြခဲ့သည်။
မိုဒီ၏ မိန့်ခွန်းသည် သိက္ခာကျခဲ့သည့်ရှုံးနိမ့်မှုအား ရှင်းလင်းစွာဝန်ခံခြင်း ဖြစ်ကြောင်း အထက်လွှတ်တော်အမတ် အာဖန်ဆီဒစ်ကျူ က လည်း ဆိုသည်။
နှစ်နိုင်ငံစလုံးကို ၎င်းတို့ အပြည့်အဝပိုင်ဆိုင်ကြောင်း ပြောကြားကြပြီး လက်တွေ့တွင် ထက်ဝက်စီသာ အုပ်ချုပ်နေကြသော ကက်ရှ်မီးယားဒေသသည် အိန္ဒိယနှင့် ပါကစ္စတန် ကြား စစ်ပွဲနှစ်ပွဲ ဆင်နွဲခဲ့ရသည့် အဓိကအကြောင်းရင်း ဖြစ်သလို တင်းမာမှုများ၏ အရင်းအမြစ်လည်း ဖြစ်သည်။
သတင်း-ရဲမင်း
ကိုးကား-CNA

image

ငိုနေတဲငါတောင်ထရီးမိ