40 w - Translate

P_r-o_j-e_c-t W_o-l_f H-u_n-t_i-n_g (2022)

အညွှန်း* 🔽🔽🔽

ထောင်သားတွေထောင်ဖောက်မယ့် သင်္ဘောပေါ်မှာ မကောင်းဆိုးဝါးတစ်ကောင်ပါလာတဲ့အခါ....

ဒီဇာတ်ကားကတော့ အားလုံး ကြိုက်ကြမယ့် ကိုရီးယားဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ အက်ရှင် ဇာတ်ကြမ်းကားဖြစ်တာမလို့ စကားပြောတာမကြည့်ချင်ဘူး ဖိုက်တင်ခန်းတွေပဲ ကြည့်ချင်ပါတယ်ဆိုတဲ့ သူတွေအတွက် ကွက်တိဖြစ်စေမှာ ဖြစ်တဲ့အတွက်ကြောင့် တင်ဆက်ပေးလိုက်ရပါတယ်နော်။

ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် ဖိလစ်ပိုင်ကနေ တောင်ကိုရီးယားကို ထောင်သားတွေ တင်ပို့ ပြောင်းရွှေ့ မယ့် သင်္ဘော တစ်စီးပေါ်မှာ ထောင်သားတွေက ထောင်ဖောက်ကြဖို့အတွက် ကြိုတင် စီမံနေကြပါတယ်။

သင်္ဘောလည်း ဖိလစ်ပိုင်ကနေ စထွက်ရော ထောင်သားတွေဟာ သူတို့ အကြံအစည်တွေ အတိုင်း ထောင်ဖောက်ကြပါတော့တယ်။ ဒါပေမယ့် အဲ့သင်္ဘောကြီးပေါ်မှာ သာမန်မဟုတ်တဲ့ မကောင်းဆိုးဝါးကြီးလဲ ရှိနေပါသေးတယ်။

အဲ့နောက်မှာတော့ ထောင်သားတွေနဲ့ မကောင်းဆိုးဝါးကြီးကြား အချင်းချင်း tat ကြပြီး အသက်ရှင်ဖို့ ကြိုးစားကြတာကိုကြည့်ရှုရမှာ ဖြစ်ပါတယ်။ရဲတွေကလဲ ထောင်သားတွေကို ထိန်းဖို့ ကြိုးစားကြရင်း
နောက်ဆုံး သင်္ဘောကြီးပေါ်မှာ ဘယ်သူတွေများ အသက်ရှင် ကျန်ရစ်ကြမလဲ ဆိုတာကို ကြည့်ရှု ရမှာဖြစ်ပါတယ်ခင်ဗျာ………

#credit

image
40 w - Translate

X-Men: Apocalypse (2016)
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အီဂျစ်ပြည်မှာ ဘုရားသခင်လို ကိုးကွယ်ယုံကြည်ခံခဲ့ရတဲ့ ပထမဆုံးသော စွမ်းအားရှင် Mutantကြီး ရှိခဲ့ဖူးပါတယ်။
နာမည်ကတော့ En Sabah Nur (Apocalypse) ပိရမစ်တွေကိုလဲ သူ့အစွမ်းနဲ့ တည်ဆောက်ခဲ့သူပေါ့။
ဒါပေမယ့် သူနိုးထလာတဲ့အချိန် 1983မှာတော့ ကမ္ဘာကြီးမှာ လူသားတွေက ဟိုးအရင်တုန်းကလို မဟုတ်တော့ပါဘူး။
ဘာသာရေးကိုးကွယ်မှုတွေ၊ စစ်တပ် လက်နက်တွေနဲ့ စစ်ပွဲတွေရှိနေမှန်း သိလိုက်ရတဲ့အခါမှာတော့ စွမ်းအားရှင် Mutants တပည့်၄ယောက်ကို စုဆောင်းပြီးတော့ ကမ္ဘာဆေးဖို ပြင်ပါတော့တယ်။ Apocalypse ရဲ့အကြံကို သိသွားတဲ့အခါမှာတော့ X-Men အဖွဲက ဘယ်လိုတုံပြန်တိုက်ခိုက်ကြမယ်ဆိုတာ.....။

image
40 w - Translate

◾️Preschool Assistant Teacher - Yangon
Company: Hexagon Education Centre
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23194

◾️Junior Graphic Designer / Graphic Designer - Yangon
Company: Precision Auto Engineering
Salary Range: MMK 700,000 - 800,000
https://www.joimyanmar.com/job/detail/23193

◾️Operation Supervisor - Yangon
Company: 1 Stop Printing Service
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/23192

image
40 w - Translate

#ပြည်တွင်းသတင်း
◼စစ်ဘေးရှောင်များကိုပြန်လွှတ်ပေးရန် India For Myanmar အဖွဲ့တောင်းဆို
အိန္ဒိယနိုင်ငံမဏိပူရ်နှင့် အာသံပြည်နယ်များတွင် ဖမ်းဆီးအကျဉ်းချခံထားရသည့် မြန်မာနိုင်ငံမှစစ်ဘေးရှောင် ၁၄၇ ဦးကိုအမြန်ဆုံးပြန်လွှတ်ပေးရန် စစ်ဘေး‌‌ရှောင်များကိုကူညီနေသည့် India For Myanmar အဖွဲ့က ယနေ့ (မတ် ၁၇ ရက်) တွင် အိန္ဒိယနိုင်ငံဗဟိုအစိုးရထံတောင်းဆိုထားသည်။
အဆိုပါဖမ်းဆီအကျဉ်းချခံထားရသူများထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ထောင်တွင်း၌ မွေးဖွားခဲ့သည့်ကလေးငယ်များ၊ ကျောင်းနေအရွယ်လူငယ်များ၊ အမျိုးသမီးများနှင့် ကလေးငယ် ၅၀ ဦးကျော်နှင့် နာတာရှည်ရောဂါသည် ၁၂ ဦးပါဝင်နေကြောင်း ၎င်းတို့ထံမှသိရသည်။
၎င်းတို့ကိုအမြန်ဆုံးပြန်လွှတ်ပေးရန် India For Myanmar အဖွဲ့က အိန္ဒိယနိုင်ငံ ဗဟိုအစိုးထံ အိတ်ဖွင့်ပေးစာပေးကာ တောင်ဆိုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အိန္ဒိယနိုင်ငံ အကျဉ်းထောင်တွင်ဖမ်းဆီးခံထားရသူ စစ်ကိုင်းတိုင်းမှဦးအောင်မြင့်သည့် ဆေးကုသမှုလုံလောက်စွာမရရှိခြင်းကြောင့် ယခုမတ်လ ၁၀ ရက်တွင် သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားမျှတမှုရရှိရေးအတွက်လည်း တောင်းဆိုထားကြောင်း အဆိုပါ အိတ်ဖွင့်ပေးစာတွင်ဖော်ပြထားသည်။
အသက်(၅၇) နှစ်အရွယ်ရှိဦးအောင်မြင့်သည် အဆုတ်တွင်ရေဝင်နေသည့်ရောဂါခံစားနေရသောကြောင့် အိန္ဒိယနိုင်ငံသို့တတိယအကြိမ်ဆေးကုသမှုခံယူခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်က ပြန်လာစဉ် ဖမ်းဆီးခံရကာ Foreigners Act ဖြင့်တရားစွဲဆိုခံရပြီး အိန္ဒိယနိုင်ငံအင်းဖာလ်အကျည်းထောင်တွင် ဖမ်းဆီးခံထားရခြင်းဖြစ်သည်။
ယင်းသို့ဖမ်းဆီးခံရပြီးနောက် ကျန်းမာရေးအခြေအနေမကောင်းကြောင်း အကြိမ်ကြိမ်တင်ပြသော် လည်း ရှေ့နေငှားရမ်းခွင့်၊ ဆေးကုသခွင့်များမပေးဘဲ အကိုက်အခဲပျောက်ဆေးသာပေးခဲ့ကြောင်း၊ ထို့နောက် ကျန်းမာရေးဆိုးရွာလာချိန်တွင် အပြင်ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသခွင့်ပြုခဲ့သော်လည်း ဆရာဝန်များက အသက်ရှင်နိုင်ရန်မဖြစ်နိုင်တော့ဟုအသိပေးခဲ့ကြောင်း အဆိုပါ အိတ်ဖွင့်ပေးစာအရ သိရသည်။
ယင်းသို့အသိပေးလာချိန်တွင် ထောင်အာဏာပိုင်များက ဦးအောင်မြင့်အားလွှတ်ပေးခဲ့ပြီး တာဝန်မယူဘဲရှောင်ရှားခဲ့ရာ မိသားစုနှင့်တွေ့ဆုံခွင့်မရဘဲ မတ်လ ၁၀ ရက်တွင် ဆေးရုံ၌သေဆုံး ခဲ့သည်။ ဦးအောင်မြင့်၏ ရုပ်အလောင်းကိုပင် မိသားစုဝင်များကလာယူခွင့်မရခဲ့ကြောင်းနှင့် အိန္ဒိယ နိုင်ငံသားတစ်ဦးအကူအညီဖြင့် ခက်ခဲစွာပြန်ယူခဲ့ရကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူများထံမှ သိရသည်။
အိန္ဒိယနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံရေးအခြေအနေများကိုနားလည်မည်ဟု ယုံကြည်သောကြောင့် မြန်မာစစ်ဘေးဒုက္ဒသည်များကို ဖမ်းဆီးထောင်ချခြင်း၊ ထောင်တွင်း၌ သေဆုံး စေခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ထောင်ထဲတွင်မီးဖွားစေခြင်းနှင့် ပညာသင်ယူသူ လူငယ်များကိုထိန်းသိမ်းခြင်းသည် အိန္ဒိယနိုင်ငံအတွက် အကျိုးမရှိကြောင်းနှင့် လူ့အခွင့်အရေးကို ထိပါသည်းလုပ်ရပ်များဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင်ဖော်ပြထားသည်။
ထို့ကြောင့်ဦးအောင်မြင့်သေဆုံးမှုအတွက် တရားမျှတမှုရရှိရေးနှင့် ဖမ်းဆီးခံထားရသည်မြန်မာ စစ်ဘေးဒုက္ဒသည်များကိုအမြန်ဆုံးပြန်လွှတ်ပေးရန် India For Myanmar အဖွဲ့က အိန္ဒိယနိုင်ငံ ဗဟိုအစိုးထံအိတ်ဖွင့်ပေးစာပေးကာ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှသိရသည်။
သတင်း - နေသစ်ဦး
ဓာတ်ပုံ - India For Myanmar

image
40 w - Translate

◾️HR-Admin Manager - Yangon
Company: Grand Wynn Enterprises Ltd.
Salary Range: MMK : 1,500,000 - 2,000,000
https://www.joimyanmar.com/job/detail/23191

◾️Sale Staff - Yangon
Company: Shwe Pyi Soe စားသောက်ကုန်
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23189

◾️Tele Sale - Yangon
Company: Shwe Pyi Soe Food Indutry
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23188

image
40 w - Translate

◾️Medical Representative (Mandalay) - Mandalay
Company: Mahar Loka Company Limited
Salary Range: MMK 400,000 - 500,000
https://www.joimyanmar.com/job/detail/23187

◾️Driver - Yangon
Company: ကြည်မြန်မာ စက်ဘီးနှင့်ဆိုင်ကယ်ပစ္စည်းရောင်းဝယ်ရေး
Salary Range: MMK 400,000 - 500,000
https://www.joimyanmar.com/job/detail/23186

◾️Receptionist - Yangon
Company: Crown Advanced Construction
Salary Range: MMK 400,000 - 500,000
https://www.joimyanmar.com/job/detail/23185

image
40 w - Translate

တရုတ်နိုင်ငံသို မြန်မာ့‌ထောပတ်သီးများ တရားဝင်တင်ပိုနိုင်တော့မည်
****************
(စီပွားရေး) မတ် ၁၇
မြန်မာ့‌ဒေသထွက် ထောပတ်သီးများကို တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) သတ်မှတ်ချက်များနှင့်အညီ လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ နိုင်မှာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းမှ သိရပါတယ်။

လက်ရှိတွင်လည်း မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ ၂၀၂၂ စီမံကိန်းအရ လာမည့် ၂၀၂၆ ခုနှစ်မှစ၍ မြန်မာ့ ထောပတ်သီးကို GACC သတ်မှတ်ချက်များနှင့်အညီ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှုတွင်လည်း မြန်မာ့စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနမှ ထောပတ်ခြံများသို့ ပိုးကျခြင်း ရှိ၊ မရှိ အသေးစိတ်စစ်ဆေး၍ ကာကွယ်ရေးနည်းလမ်းများပေးလျက်ရှိပါတယ်။

ထို့သို့ တင်ပို့နိုင်ရန်အတွက် တရုတ်နိုင်ငံဘက်မှ ဗီဒီယိုဖြင့် စစ်ဆေးမှုကို လာမည့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ပြုလုပ်ရန် နှစ်ဖက်ညှိနှိုင်းထားပြီး လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ထောပတ်သီး ရာသီချိန်တွင်သာ တရားဝင် G to G တင်ပို့နိုင်မှာဖြစ်ပါတယ်။

မြန်မာ့ထောပတ်သီးကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ပါကလည်း ထောပတ်သီးပြည်ပတင်ပို့မှုဈေးကွက် ပိုမိုကြီးမားလာမှာဖြစ်သလို ထောပတ်သီးကဏ္ဍအတွက် အင်မတန်ကြီးမားသည့် အခွင့်အလမ်းနှင့် အကျိုးရလဒ်ကြီး တစ်ခုဖြစ်ပါတယ်။ လက်ရှိတွင် ထောပတ်သီးပင်များတွင် ကျရောက်တတ်သည့် အဖျက်ပိုး ထိန်းချုပ်ရေး နည်းစနစ်များကို မြန်မာနိုင်ငံ၏ ထောပတ်သီးပင် အဓိက စိုက်ပျိုးသည့် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်များတွင် စိုက်ပျိုးရေးဦးစီးဌာန၏ သီးနှံကာကွယ်ရေးဌာနမှ ပညာရှင်များနှင့် စိုက်ပျိုးရေးခြံပိုင်ရှင် များ ပူးပေါင်းကာ သုတေသနပြုလုပ်ခြင်း၊ ကာကွယ်ရေးနည်းလမ်းများ ပို့ချဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နေကြောင်း သိရပါတယ်။

image

ထို င်ထ အခါ ၂၀ လု- ပ် ပြီး နော က်
Me :

image

စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ဖို့ နေ့စဉ် လုပ်ဆောင်သင့်တဲ့ အလေ့အထများ
စိုးရိမ်ပူပန်တာ၊ စိတ်ဖိစီးတာတွေက နေ့စဉ်ဘဝမှာ မလွှဲမရှောင်သာ ကြုံရနိုင်တဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေပေါ့။ လူတစ်ယောက် နေ့စဉ်ဘဝမှာ ကျန်းမာပျော်ရွှင်စေဖို့က စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့ လိုပါမယ်။ စိတ်ကျန်းမာဖို့ကလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ ဂရု စိုက်ဖို့လိုအပ်ပါတယ်။ အထူး သဖြင့် အခုလိုမျိုး ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာပေါ့။ ဒီတစ်ခေါက်တော့ စိုးရိမ်စိတ်များတတ်သူလေးတွေအတွက် စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ဖို့ နေ့စဉ် လုပ် ဆောင်သင့်တဲ့ အလေ့အထများအကြောင်းကို ဗဟု သုတအဖြစ် ပြောပြပေးချင်ပါတယ်။

စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ဖို့ နေ့စဉ် လုပ်ဆောင်သင့်တဲ့ အလေ့အထများ

စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ဖို့ နေ့စဉ် လုပ် ဆောင်သင့်တဲ့ အလေ့အထများ က ဘာတွေဆိုတော့ –

၁ ။ ယုံကြည်ရတဲ့သူကို ရင်ဖွင့်တိုင်ပင်ပါ ။ စိုးရိမ်စိတ်များတာကို ခံစားနေရသူ အများစုက သူတို့ရဲ့ အားနည်းချက်၊ စိတ်ခံစားမှုတွေကို အခြားသူတွေကို ဝေမျှဖို့ ရှက်ကြတဲ့သူတွေပါ။ သူတို့က ခပ်ဆိတ်ဆိတ်ပဲ နေတတ်ကြပြီး အတွေးတွေများရင်း စိုးရိမ်စိတ်တွေ လွန်ကဲနေကြတာပါ။ ဒါကြောင့် စိုးရိမ်ပူပန်မှုကို လျှော့ ချနိုင်ဖို့ ဆိုရင် နေ့တိုင်း မဟုတ်ရင်တောင် အခွင့်အခါသင့်တဲ့အခါမျိုးမှာ ကိုယ်ယုံကြည်ရတဲ့သူကို ခံစားချက်တွေ ဖွင့်ဟတိုင်ပင်တာမျိုး လုပ်ပေးပါ။ ဒီလိုတိုင်ပင်လိုက်တာက စိုးရိမ်နေတဲ့အရာက တကယ်ပဲ စိုးရိမ်သင့်ရဲ့လား။ ဘယ်လို ဖြေရှင်းလို့ ရနိုင်မလဲဆိုတဲ့ အဖြေကိုပါ ရရှိမှာ ဖြစ်ပါတယ်။

၂ ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ ။ လေ့လာမှု ရလဒ်တွေအရ နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ ကျင့်ခန်း လုပ်တာက စိုးရိမ်ပူပန်မှုတွေကို လျော့ ကျစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဦးနှောက်ထဲမှာ စိတ်ပျော်ရွှင်မှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေ ထွက်ရှိစေပြီး စိုးရိမ်စိတ်ကိုရော စိတ်ဖိစီးမှုကိုပါ လျော့ပါးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ ၁၅ မိနစ် နာရီ ဝက်လောက် ကိုယ်လက်လှုပ်ရှားမှု တစ်ရပ်ရပ်ကို ပုံမှန် လုပ်ဆောင်ပေးပါ။ လမ်းလျှောက်တာ၊ အပြေးလေ့ကျင့်တာ၊ ယောဂ၊ ထိုက်ချိ နဲ့ gym ဆော့တာ၊ စက်ဘီးစီးတာမျိုးတွေပါ။

၃ ။ ကျေးဇူးတင်တတ်တဲ့ အလေ့အထလေး လုပ်ပါ ။ ကျေးဇူးတင်စကားပြောတာက ကျေးဇူး တင်ခံရသူကိုတင် စိတ်ခံစားမှု ကောင်းစေတာ မဟုတ်ပါဘူး။ ကျေးဇူးတင်စကား ဆိုသူကိုပါ စိတ်ခံစားမှု ကောင်းစေပါတယ်။ စိုးရိမ်ပူပန်မှု လျော့ကျစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ ကျေးဇူး တင်စကား ဆိုတာကိုလည်း မေ့မထားဖို့ ပြောချင်ပါတယ်။ ကျေးဇူး တင်စကား ဆိုတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

၄ ။ တစ်နေ့ကို တစ်ကြိမ် အပြင်ထွက်ပေးပါ ။ စိတ်ကျန်းမာရေး ကောင်းစေဖို့နဲ့ စိုးရိမ်ပူပန်မှုတွေ လျော့ ကျစေဖို့ တစ်နေ့ကို တစ်ကြိမ်လောက်တော့ အိမ်အပြင် ထွက်ပေးပါ။ ဒီလို အပြင်ထွက်ပေးတာက နေရောင်နဲ့ ထိတွေ့စေပြီး စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းကို ထွက်ရှိစေနိုင်ပါတယ်။ နေရောင်၊ လေကောင်းလေသန့် နဲ့ ကျေးငှက်လေးတွေရဲ့ သီချင်းသံလေးတွေ၊ ပန်းလေးတွေရဲ့ ရနံ့လေးတွေက စိတ်ခံစားမှု ကောင်းစေပြီး စိုးရိမ်စိတ် နည်းစေဖို့ ထောက်ကူပေးပါတယ်။

၅ ။ အိပ်ရေး ဝဝအိပ်ပါ ။ အိပ်ရေး ဝဝအိပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ညဘက်တွေမှာ ကောင်းကောင်း အိပ်မပျော်ကြသူတွေက စိုးရိမ်ပူပန်မှုကို တိုးစေပြီး စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ညဘက်တွေမှာ အိပ်ရေးဝဝ အိပ်ပါ။ အိပ်ရာဝင်ချိန် သတ်မှတ်ပါ။ ညဘက်တွေမှာ အိပ်ရာဝင်ချိန် ပုံမှန် သတ်မှတ်ပြီး အိပ် ရာဝင်တာက ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေမှာပါ။

၆ ။ အာဟာရ ပြည့်ဝမျှတအောင် စားပါ ။ အာဟာရ ပြည့်ဝမျှတအောင် စားသုံးတာက စိတ်ဖိစီးမှု ပြေလျော့စေသလို စိုးရိမ်စိတ် များတာကို သက်သာစေနိုင်ပါတယ်။ နောက်တစ်ချက်က ရေဓာတ် ပြည့်​အောင် ရေများများ သောက်ပေးပြီး ကဖင်း နဲ့ အယ်လ်ကိုဟော လိုမျိုး သောက်စရာတွေကို လျှော့သောက်ဖို့ပါ။ ကဖင်း များတာ၊ အယ်လ်ကိုဟော လွန်ကဲတာတွေက ရင်တုန်စေပါတယ်။ စိုးရိမ်စိတ်များတာနဲ့ ပေါင်းလိုက်တဲ့အခါ နေထိုင်မကောင်းဖြစ်စေပါတယ်။

image

ကုန်းဘောင်ကြီးကြော် ၁ ပွဲစာ ဆိုင်ကြော်နည်း
ပါဝင်ပစ္စည်းများ
အသား က/ဝ ၈ ကျပ်သား အနေတော်အတုံးလေးလှီးထားပါ
မုန်လာဥနီ ၂ ကျပ်သား
ကြက်သွန်နီ ၂ ကျပ်သား
ဂေါ်ဖီပန်း၂ ကျပ်သား
ဘိုစားပဲ ၂ ကျပ်သား
ပန်းငရုတ်ပွအစိမ်း ၂ ကျပ်သား
ပြောင်းဖူးအ​ေ သး ၂ ခုပါဝင်ပစ္စည်းများကို ပုံထဲကအတိုင်းလှီးထားပါ
အရသာ
ခရုဆီထမင်းစားဇွန်း ၁ ဇွန်း
ပဲငံပြာရည်အပျစ် ၁ တီးဇွန်း
ပဲငံပြာရည်အကျဲ ၁ ထမင်းစားဇွန်း
သကြား ၁ အချိုမှုန့် ၁ ဆီမွှေးအနည်းငယ်
ကြက်သွန်မြိတ် အနည်းငယ် ငရုတ်သီးအခြောက်တောင့် ၅ တောင့်
ကြော်နည်း
အရင်ဆုံး အသားကို ကြက်သားမှုန့်အနည်းငယ် ဆီမွှေးငရုတ်ကောင်း ပဲငံပြာရည်အပျစ်အနည်းငယ်ထည့်နယ်ပြီး ကော်မှုန့်အနည်းငယ်ထည့်နယ်ပြီး ဆီပူပူ ဆီများများမှာထည့်ကြော်ပါ
အသားကျက်လောက်ပြီဆိုမှ ငရုတ်သီးခြောက်အတောင့်နှင့်အသီးရွက်တွေကို ၃မိနစ်လောက် ထည့်ကြော်ပြီး ဇကာနဲ့ဆီပြန်ဆစ်ထားပါ
အရသာစပ်မယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပါ
နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူနဲ့ အမျှင်လှီးထားတဲ့ဂျင်းအနည်းငယ်ထည့်ပါ အနည်းငယ်နွမ်းအောင်ကြော်ပါ
အရသာတွေအကုန်ထည့်ပြီး မွှေပါ ဆီပူထိုးထားတဲ့အသီးရွက်တွေထည့်ပါ ရေအနည်းငယ်ထည့်ပြီး သမအောင်မွှေပါ
​ဆီမွှေးထည့်မယ် ကြက်သွန်မြိတ်ထည့်မယ် မီးပျင်းပျင်းလေးနဲ့ အနည်းငယ်ကြော်ပေးလိုက်ရင်တော့ အနံ့အရမ်းမွှေးပြီး
စားလို့အရမ်း​တဲ့ ကုန်းဘောင်ကြီးကြော်ရပါပြီခင်ဗျာ

image