Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ (၉၇)ကြိမ်မြောက် အော်စကာဆုပေးပွဲ ကျင်းပ
(၉၇)ကြိမ်မြောက် အော်စကာရုပ်ရှင်ဆုပေးပွဲ အခမ်းအနား ကျင်းပခဲ့ရာ Anora ဟာသဒရာမာဇာတ်ကားက အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုနှင့် အကောင်းဆုံးဒါရိုက်တာဆု အပါအဝင် အော်စကာဆု ငါးဆုအထိရရှိခဲ့ကြောင်း သိရသည်။
Anora ဇာတ်ကားသည် The Brutalist နှင့် Emilia Perez ကဲ့သို့ နာမည်ကြီးဇာတ်ကားများကို ကျော်ဖြတ်၍ ယခုနှစ် အော်စကာဆုပေးပွဲ၏ အကောင်းဆုံးဒါရိုက်တာဆု၊အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု၊ အကောင်းဆုံးတည်းဖြတ်မှုဆုနှင့် အကောင်းဆုံးမူလဇာတ်ညွှန်း ဆုများကို ရရှိခဲ့သည်။
ရုရှားသူကြွယ်တစ်ဦး၏ သားဖြစ်သူနှင့် လက်ထပ်ခဲ့သော လိင်ဖျော်ဖြေရေးလုပ်သားတစ်ဦး၏ အဖြစ်ကို ဇာတ်အိမ်ဖွဲ့ထားသော Anora ဇာတ်ကားကို ဒါရိုက်တာ ရှောင်ဘေကာက ရိုက်ကူးခဲ့ပြီး မင်းသမီး မစ်ကေးမက်ဒီဆင်က အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။
(၉၇) ကြိမ်မြောက် အော်စကာရုပ်ရှင်ဆုပေးပွဲ၏ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို The Brutalist ဇာတ်ကားဖြင့် မင်းသား အက်ဒရီယန်ဘရော့ဒီက ရရှိခဲ့ပြီး အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို မင်းသမီး ဇိုးဆယ်လ်ဒါနာက Emilia Perez ဇာတ်ကားဖြင့် ရရှိခဲ့သည်။
အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို A Real Pain ဇာတ်ကား ဖြင့် မင်းသားကီရန်းကူလ်ကင်ကရရှိခဲ့ပြီး အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားဆုကို ဘရာဇီးရုပ်ရှင်ဇာတ်ကား I'm Still Here ဇာတ်ကားက ရရှိခဲ့သည်။
အကောင်းဆုံးမှတ်တမ်းရုပ်ရှင် ဇာတ်ကားဆုကို အစ္စရေး-ပါလက် စတိုင်းပဋိပက္ခနှင့်ပတ်သက်၍ ရိုက်ကူးထားသော No Other Land မှတ်တမ်းရုပ်ရှင်ကရရှိခဲ့သည်။
(၉၇) ကြိမ်မြောက် အော်စကာဆုပေးပွဲကို လော့စ်အိန်ဂျလိစ်နယ်မြေ ဘီဗာလီဟေးလ်မြို့ ဘီဗာလီဟီလ်တန်ဟိုတယ်၌ မတ်၂ ရက်တွင် ကျင်းပခဲ့ရာ အေဘီစီရုပ်သံဌာနက တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။
အေပီ