Indigenous people across North America are calling this week for sustained responses to the violence in their communities, much of it against women and gir
https://abcnews.go.com/US/wire....Story/indigenous-peo
ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Indigenous people across North America are calling this week for sustained responses to the violence in their communities, much of it against women and gir
https://abcnews.go.com/US/wire....Story/indigenous-peo
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အေအိုင်နည်းပညာသုံး ပုပ်ရဟန်းမင်းကြီးဓာတ်ပုံကြောင့် ဝေဖန်မှုများနှင့် ဒေါ်နယ်ထရန့် ရင်ဆိုင်နေရ
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် လူ့ဉာဏ်ရည်တု နည်းပညာကို အသုံးပြု၍ ကိုယ့်ကိုယ်ကိုယ်ပုပ်ရဟန်းမင်းကြီးပုံ ဖန်တီးထားသည့် ဓာတ်ပုံတစ်ပုံအား လူမှုမီဒီယာ စာမျက်နှာပေါ်တွင်တင်ခဲ့ရာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်း မေ ၃ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ် ကွယ်လွန်ပြီးနောက် ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ရေးအတွက်ကာဒီနယ်ဆရာတော်ကြီးများ အစည်းအဝေး မကျင်းပမီရက်အနည်းငယ်အလိုတွင် အထက်ပါဓာတ်ပုံကို သမ္မတဒေါ်နယ်ထရန့်က လူမှုမီဒီယာစာမျက်နှာပေါ်၌ တင်ခဲ့ခြင်းဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးသစ် မရွေးချယ်မီအထက်ပါဓာတ်ပုံအား လူမှုမီဒီယာ စာမျက်နှာပေါ်တွင်တင်ခဲ့ခြင်းသည် ကက်သလစ်ခရစ်ယာန်သာသနာကိုလှောင်ပြောင်မှုဖြစ်ကြောင်း ဒေါ်နယ်ထရန့်ဆန့်ကျင်ရေးအုပ်စုတစ်စုက ဝေဖန်ထားသည်။
အလားတူ အီတလီဝန်ကြီးချုပ်ဟောင်း မတ်တီယိုရမ်ဇီကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ပုပ်ရဟန်းမင်းကြီးဓာတ်ပုံ ပေါ်ထွက်လာမှုကို ဝေဖန်ခဲ့သည်။
သမ္မတဒေါ်နယ်ထရန့်၏ ပုပ်ရဟန်းမင်းကြီး ဓာတ်ပုံနှင့်ပတ်သက်၍ ဗာတီကန်နန်းတော်တာဝန်ရှိသူများက တစ်စုံတစ်ရာ မှတ်ချက်ပေးရန်ငြင်းဆိုထားသည်။
၂ဝ၁၃ ခုနှစ်မှစ၍ ရိုမန်ကက်သလစ်ခရစ်ယာန်သာသနာပိုင်အဖြစ်တာဝန်ယူခဲ့သော ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ဧပြီ ၂၁ ရက်တွင် ရုတ်တရက်နှလုံးခုန်ရပ်တန့်မှု၊ လေဖြတ်မှုတို့ကြောင့် ကွယ်လွန်ခဲ့ရပြီး ကွယ်လွန်ချိန်တွင် သက်တော် (၈၈) နှစ်ရှိပြီဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်နေရာတွင် ဆက်လက်တာဝန်ယူမည့် ပုပ်ရဟန်းမင်းကြီးသစ်ရွေးချယ်ပွဲအတွက် ကာဒီနယ်ဆရာတော်ကြီးများစည်းဝေးပွဲကို မေ ၇ ရက်တွင်စတင်မည်ဖြစ်သည်။
ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အိန္ဒိယနှင့် ဆက်ဆံရေးတင်းမာနေစဉ် ဒုံးကျည်စမ်းသပ်မှု ပါကစ္စတန်ပြုလုပ်
ပြီးခဲ့သည့်လအတွင်း ကက်ရှ်မီးယားဒေသ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ်ကို အကြောင်းပြု၍ အိမ်နီးချင်းအိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးတင်းမာနေချိန်တွင် ပါကစ္စတန်နိုင်ငံက ဘလစ်စတစ်ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း မေ ၃ ရက် သတင်းများတွင်ရေးသားတင်ပြထားသည်။
အက်ဘ်ဒါလီအမည်ရှိ အဆိုပါ ဒုံးကျည်စနစ်ကို မေ ၃ ရက်တွင် ပစ်လွှတ်စမ်းသပ်ခဲ့ရာ အကွာအဝေးကီလိုမီတာ ၄၅ဝ (မိုင် ၂၈ဝ) ခန့် အထိရောက်ရှိခဲ့ကြောင်း ပါကစ္စတန်စစ်ဘက်က သတင်းထုတ်ပြန်ထားသည်။ အိန္ဒိယနိုင်ငံဂျမူးနှင့် ကက်ရှ်မီးယားဒေသတို့၌ ဧပြီ ၂၂ ရက်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူပေါင်း ၂၆ ဦး သေဆုံးခဲ့ရပြီး ၁၇ ဦး ဒဏ်ရာများရရှိခဲ့သည်။
အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုတွင် ပါကစ္စတန်နိုင်ငံသား အကြမ်းဖက်သမားများ ပါဝင်ပတ်သက်နေကြောင်း အိန္ဒိယနိုင်ငံကစွပ်စွဲထားရာ နှစ်နိုင်ငံဆက်ဆံရေး ဆိုးဆိုးရွားရွားကျဆင်းလျက်ရှိသည်။
အက်ဘ်ဒါလီဒုံးကျည်စနစ်စမ်းသပ်မှု ပြုလုပ်ခဲ့သည့်နေရာကို ပါကစ္စတန်စစ်ဘက်က ထုတ်ဖော်ပြောကြားခြင်း ယမရှိပေ။
သို့ရာတွင်ပါကစ္စတန်စစ်ဘက်သည် ဒုံးကျည်စမ်းသပ်မှုများကို အိန္ဒိယနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသောနေရာများတွင် လုပ်လေ့မရှိဘဲ အာရေးဗီးယန်းပင်လယ်ဒေသ သို့မဟုတ် ဘလူချီစတန်ပြည်နယ် သဲကန္တာရဒေသများဘက်ဆီသို့သာ ပစ်လွှတ်စမ်းသပ်လေ့ရှိသည်။
အိန္ဒိယနှင့်ပါကစ္စတန်တို့သည် ဗြိတိသျှလက်အောက်မှ လွတ်လပ် ရေးရပြီးနောက်ပိုင်း ပိုင်ဆိုင်ခွင့်အငြင်းပွားခဲ့သည့် ကက်ရှ်မီးယားဒေသကို အကြောင်းပြု၍စစ်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ဖူးသည်။
ရိုက်တာ
အင်းလေးဒေသမှာ သောက်သုံးရေ ရှားပါးလာနေ
မေ ၅ - ၂၀၂၅
SS (VOM)
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ နွေရာသီကာလ အပူရှိန်ကြောင့်အပြင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ရေကြီးမှုအတွင်း တင်ကျန်ခဲ့တဲ့ နုံးမြေတွေကြောင့် ရေခန်းခြောက်မှု၊ ရေမသန့်ရှင်းမှုတွေ ဖြစ်ပေါ်နေပြီး သောက်သုံးရေ ရှားပါးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းလေးကန်အတွင်း ကျေးရွာတွေအနက် ဟဲယာရွာမနဲ့ မင်းချောင်းရွာမှာ ရေခန်းခြောက်မှု၊ နုံးမြေဖြစ်ထွန်းမှု အများဆုံးဖြစ်ကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ပြီး ရေစတင် ခန်းခြောက်လာနေတာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီဒေသမှာ သုံးရေအတွက် ကန်ရေကိုပဲ အဓိက မှီခိုနေရတာ။ သောက်ရေကတော့ ရေသန့် ဝယ်သောက်ကြတာ များတယ်။ အင်းရေတွေက ပြီးခဲ့တဲ့နှစ် ရေကြီးပြီးကတည်းက နုံးတွေနဲ့ မသန့်တော့ဘူးလေ။ ရေစီးဆင်းမှု ဆိုတာလည်း မရှိတော့ဘူး။ တဖြည်းဖြည်း ရေခန်းခြောက်လာနေတော့ သုံးရေအတွက်လည်း အခက်အခဲ ရှိလာသလို ဝယ်သောက်နေရပါတယ် ဆိုတဲ့ ရေသန့်ကလည်း ငလျင်ဖြစ်လိုက်တော့ ဝယ်လို့မရတော့ပြန်ဘူး။ ငလျင်ဖြစ်ပြီးကတည်းက ကုန်ပစ္စည်းအဝင် ရပ်သွားတယ်။ အဲဒါကြောင့် ရေပြဿနာ ပိုပြီးဆိုးလာတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
အင်းလေးကန်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ သုံးပတ်လောက် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့တာမှာ အင်းလေးကန်တွင်း စီးဝင်တဲ့ သဲနုံးမြေတွေကြောင့် ရေသန့်ရှင်းမှု မရှိတော့ဘူးလို့ သိရပါတယ်။
အင်းလေးဒေသဟာ အဝီစိရေ၊ ရေတွင်း၊ ရေစစ်ကန်နဲ့ ချောင်းရေစစ်ကန်တွေကိုသာ အားထား သုံးစွဲနေရတဲ့ ဒေသဖြစ်ပြီး ရေကြီးခဲ့တာကြောင့် သောက်သုံးရေ ခက်ခဲတာလို့ သူက ပြောပါတယ်။
“အခုဖြစ်နေတာက ရေကြီးလိုက်တာရဲ့ အကျိုးဆက်တွေပေါ့။ ရွာတွေမှာ ရေသန့်၊ ရေကြည် ရဖို့က ခက်ခဲသွားပြီ။ လောလောဆယ်တော့ သောက်ရေအတွက် အင်းရေကိုပဲ ညသိပ်၊ စစ်ပြီး ကျိုသောက်နေရတယ်။ ရေသန့်ကလည်း ကုန်အဝင် မရှိတော့ဘူးဆိုတော့ တဖြည်းဖြည်း ဈေးတက်လာတာ မတ်လတုန်းက ၂၀ လီတာ တဘူးကို ၁၈၀၀ ကျပ်ပဲ ရှိသေးတယ်၊ အခု ၄၀၀၀ ဖြစ်သွားပြီ။ တော်ရုံ ဝယ်မသောက်နိုင်တော့ဘူး။ ရေရှည်ဆို မလွယ်ဘူးလေ။ တအိမ်လုံးစာဆို အဲဒီ ဘူးတဘူးက တရက်လောက်ပဲ သုံးလို့ရတာ။ အခုကတော့ အလှူရှင်တွေကိုပဲ မျှော်နေရတယ်” လို့ သူက ပြောပါတယ်။
တချို့ ကျေးရွာတွေမှာ NGO၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေ လှူထားတဲ့ ရေသန့်စက်တွေ ရှိပေမယ့် လူဦးရေ များပြားလွန်းတာကြောင့် အိမ်ထောင်စုတွေအနေနဲ့ ထမင်းဟင်းချက်ဖို့၊ တကိုယ်ရေသန့်ရှင်းရေး ပြုလုပ်ဖို့အတွက် လိုအပ်ချက် များစွာ ရှိနေသေးတယ်လို့ ဆိုပါတယ်။
အင်းလေးဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက ရာစုနှစ်ပေါင်း များစွာမှာ မကြုံစဖူး ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ကာ ၁၅ ပေ ခန့်အထိ ရေမြင့်တက်ခဲ့တာကြောင့် စက်တင်ဘာ ၁၁ ရက်နေ့ကစပြီး အင်းလေးကန်နဲ့ ထိစပ်နေတဲ့ ကျေးရွာပေါင်း ၁၇၀ ကျော် ရေနစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီရဲ့အကျိုးဆက်အဖြစ် ဒေသခံတွေအနေနဲ့ ရေရှားပါးမှုဒဏ်ကို ဒီကနေ့အချိန်ထိ ရင်ဆိုင် ခံစားနေကြရတာဖြစ်သလို လက်ရှိ ကာလမှာလည်း ငလျင်ဒဏ်ကြောင့် မတ်လ ၂၈ ရက်နေ့မှ စတင်ကာ ရေသန့်ပို့လုပ်ငန်းအပြင် ကုန်စည်စီးဆင်းမှု အလုံးစုံ ပြတ်တောက်သွားတဲ့အတွက် အခက်အခဲတွေ ပိုမို ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
Photo - KKKH