#cute

51 w - Translate

extension cord
🔥 Power Universal Socket Extension - သင့်အိမ်နဲ့ရုံးအတွက် အကောင်းဆုံး Power Solution! 🔥

📢 Power Universal Socket Extension နဲ့ သင့်လျှပ်စစ်ပစ္စည်းတွေကို စမတ်ကျကျ စီမံလိုက်ပါ။ ဒီ multi-function power strip က သင့်လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးမှာပါ။

✅ **Versatile Design**: 6 universal sockets + 4 USB ports ပါဝင်ပြီး တချိန်တည်းမှာ ပစ္စည်း 10 ခုအထိ သုံးလို့ရပါတယ်။ Laptop, smartphone, tablet အကုန်လုံးအဆင်ပြေ။
✅ **Premium Quality**: အရည်အသွေးမြင့် copper conductor နဲ့ပြုလုပ်ထားပြီး တာရှည်ခံပါတယ်။
✅ **Wide Voltage**: 110-220V နဲ့အဆင်ပြေ၊ Rated Power 1500W ထိပံ့ပိုးပေးနိုင်ပါတယ်။
✅ **Safety First**: 3C certified ဖြစ်တာကြောင့် လုံခြုံစိတ်ချစွာ အသုံးပြုလို့ရပါတယ်။
✅ **Convenience**: 1.8m ကြိုးအရှည်နဲ့ USB ports တွေ ပါဝင်လို့ အသုံးပြုရလွယ်ကူပါတယ်။

🎯 **သတ်မှတ်ချက်များ** 🎯
- 4 USB Ports (1 typeC) + 6 Power Ports
- ကြိုးအရှည်: 2.6m (Overload Protection ပါ)
- Rated Current: 16A
- Rated Voltage: 250V

🏠 အိမ်၊ ရုံး၊ ဟိုတယ် စသဖြင့် နေရာအနှံ့အသုံးပြုလို့ရတဲ့ ဒီ power strip က သင့်မိသားစုရဲ့ အကောင်းဆုံး အဖော်ဖြစ်လာမှာပါ။
📦 **ပါဝင်ပစ္စည်း**: 1 Power Universal Socket Extension
#zeuspower #powerstrip #universalsocket #usbpower #homeessentials #officegadgets #myanmarshopping #techlovers

Eda Min shared a post  
51 w

51 w

ကောက်ကျစ်တဲ့သူတွေပဲ
လူမုန်းများမယ်ထင်ခဲ့တာ
တကယ်တော့
ရိုးသားလွန်းတဲ့သူတွေကိုလည်း
တော်တော်များများက မလိုလားကြပြန်ဘူး ။
လောကမှာ
ပျင်းတဲ့သူတွေကိုပဲ
လူတွေမကြိုက်ကြဘူးလို့ထင်ခဲ့တာ
တကယ်တော့
တကယ်ကြိုးစားတဲ့သူတွေကိုလည်း
ကြည့်မရကြပြန်ဘူး ။
လောကမှာ
တုံးအတဲ့သူတွေပဲ အထင်သေးခံရတယ်ထင်ခဲ့တာ
တကယ်တော့ ထက်မြက်တဲ့သူတွေကိုလည်း
အမြင်ကပ်ကြပြန်ရော...
လောကမှာ
အရည်အချင်းမရှိတဲ့သူတွေကိုသာ
နေရာမပေးချင်ဘူးထင်ခဲ့တာ
တကယ်တော့
အရည်အချင်းရှိတဲ့သူကျတော့လည်း
မနာလိုဖြစ်နေပြန်ရော...
တကယ့်လက်တွေ့လောကမှာ
လူတစ်ယောက် ကောင်းမကောင်း
သတ်မှတ်တဲ့စံနှုန်းဟာ
သူတို့အလိုကို ဘယ်လောက်အထိ
လိုက်လျောပေးနိုင်သလဲဆိုတာနဲ့ပဲ
တိုင်းတာလာကြတော့တာပဲ...
အရေးကြီးဆုံးကတော့
ကိုယ့်ကိုယ်ကို ပျောက်ဆုံးမနေဖို့ပါပဲ ။
#crd

မိန်းကလေးတွေရဲ့ကံဇာတာကို အိမ်ထောင်ကျမှသိနိုင်တာ <br>မွေးဖွားလာတဲ့မိသားစုကိုရွေးချယ်ခွင့်မရှိပေမယ့် <br>အိမ်ထောင်ဖက်ခင်ပွန်းကိုတော့ရွေးချယ်လို့ရတာမို့ သေချာစဉ်းစားပြီးရွေးချယ်ပါအမျိုးသမီး

51 w - Translate

အမရပူရမြို့မှ ဆင်ကျုံးသွင်းပွဲတစ်ခု(1887-1897)

#crd

image
51 w - Translate

ယနေ့ နံနက်ပိုင်းအချိန်အထိ နောက်ဆက်တွဲငလျင်အကြိမ်ရေ (၇၁)ကြိမ်အထိ လှုပ်ခတ်
စစ်ကိုင်းနှင့် မန္တလေးမြို့တို့တွင် မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် ရစ်(ခ်)တာစကေး ၇ ဒဿမ ၇ ရှိ အလွန်အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ပြီးနောက်ပိုင်း ယနေ့ ဧပြီ(၄)ရက် နံနက်ပိုင်းအချိန်အထိ နောက်ဆက်တွဲငလျင် အရေအတွက် (၇၁)ကြိမ် လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မိုး/ဇလ၏ အသိပေးချက်အရ သိရသည်။
အဆိုပါ နောက်ဆက်တွဲ ငလျင်ငယ်များသည် မိတ္ထီလာ၊ သံတောင်ကြီး၊ ထီးချိုင့် ၊ စစ်ကိုင်း၊ နေပြည်တော်၊ မလှိုင်၊ တပ်ကုန်း၊ ပျဉ်းမနား၊ မြို့လှ၊ ဧလာ၊ ရေတာရှည်၊ ရွာငံ၊ ဝမ်းတွင်း၊ ကျောက်ဆည် ၊ ထန်းတပင်၊ ပုသိမ်ကြီး၊ ကျောက်မြောင်း ၊ ဝက်လက် ၊ သာဂရ၊ နထိုးကြီး၊ စဉ့်ကိုင်၊ တောင်ငူ၊ သာစည်၊ အုတ်တွင်း၊ မတ္တရာ၊ ဖြူး၊ ပြင်စလူမြို့စသည်တို့တွင် အမြင့်ဆုံး ရစ်(ခ်) တာစကေး ၇ ဒဿမ ၅ အဆင့်မှ အနိမ့်ဆုံး ရစ်(ခ်) တာစကေး
၂ ဒဿ မ ၈ အဆင့်အထိ နောက်ဆက်တွဲငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယနေ့ နံနက်ပိုင်းအချိန်တွင် သာစည်မြိူ့၏ အရှေ့ အရှေ့မြောက်ဘက် (၁၀)ခန့်အကွာတွင် ရစ်(ခ်) တာစကေး ၃ ဒဿမ ၀ အဆင့်ရှိ ငလျင်တစ်ခုနှင့် မြန်မာပင်လယ်ပြင် ပြင်စလူမြို့၏ အနောက် အနောက်တောင်ဘက် (၇၄) မိုင်အကွာတွင် ဗဟိုပြု၍ ရစ်(ခ်) တာစကေး ၄ဒဿမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုး/ဇလ ၏ ငလျင်မှတ် တမ်းများအရ သိရသည်။
နှစ်ပေါင်း(၁၀၀)အတွင်း ပထမဆုံး ပြန်လည်လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ယမန်နေ့ ဧပြီ (၃) ရက်၊ နံနက် (၈) နာရီ အချိန်အထိ ကောက်ယူရရှိသော စာရင်းများအရ ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများ အားလုံး၌ အသက်ဆုံးရှုံးခဲ့ရသူ (၃,၀၈၅) ဦး၊ ဒဏ်ရာရရှိသူ (၄,၇၁၅) ဦး၊ ပျေ-ာက်ဆုံးနေသူ (၃၄၁) ဦး ရှိလာကြောင်း န.စ.က သတင်းထုတ်ပြန်ရေးအဖွဲ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် ငလျင်ဒဏ်အတွက် နိုင်ငံပေါင်း(၁၇)နိုင်ငံမှ ကယ်ဆယ်ရေးဝန် ထမ်းပေါင်း (၂,၀၀၀)နီးပါး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး၊ နိုင်ငံတွင်းဝင်ရောက်ကူညီကယ်ဆယ်မည့် အဖွဲ့များကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ချိတ်ဆက်
ဆောင်ရွက်လျက်ရှိနေသည်။

image

#cute

Khine Su Zin shared a post  
51 w

51 w

Double cleansing ကို ညဘက်ပဲပြုလုပ်ပေးသင့်တယ်ဆိုတာ ရှေ့မှာပြောခဲ့ပြီနော်။

DC လုပ်တဲ့အခါ 1st step cleanser ကို များသောအားဖြင့် micellar water / cleansing milk / cleansing balm / cleansing oil တွေရွေးတတ်ကြတယ်📌 အကုန်လုံးက သုံးနေကျ water based cleanser မတိုင်ခင် သုံးရမှာဖြစ်ပြီး ဘယ်လိုအသုံးပြုရမလဲဆိုရင်...

✓ Micellar water - Cotton pad ထဲလိုသလောက်ထည့်ပြီး ခြောက်သွေ့နေတဲ့မျက်နှာပေါ် အနှံ့ပွတ်ပေးရမယ်။ ပြီးရင် ရေဆေးချပြီး မျက်နှာသစ်လိုက်သုံးပေးရုံပဲ။

✓ Cleansing Milk - အပေါ်က micellar water လိုသုံးချင်လဲဖြစ်တယ်။ မဟုတ်ဘဲ လက်နဲ့ပဲသုံးချင်တယ်ဆိုရင် လက်ထဲသင့်တင့်တဲ့ပမာဏထည့်ပြီး ခြောက်သွေ့နေတဲ့မျက်နှာပေါ်တင်, အနှံ့ပွတ်ပေးရမယ်။ ပြီးရင် ထုံးစံအတိုင်း ရေဆေးချပြီး မျက်နှာသစ်သုံးပေးရုံပါပဲ။

✓ Cleansing Balm - လက်ထဲကို အနဲအကျဉ်းယူပြီး အဆီအဖြစ်ပြောင်းလဲသွားအောင် အရင်ပွတ်ပေးရမယ်။ ပြီးရင် ခြောက်သွေ့နေတဲ့မျက်နှာပေါ်တင်, 30-60sec လောက် massage လုပ်ပြီး ရေဆေးချရုံပါပဲ။ အဲ့ဒါပြီးမှ မျက်နှာသစ်လိုက်သုံးပေးပေါ့နော်။

✓ Cleansing Oil - Cleansing balm လိုပဲ ခြောက်သွေ့နေတဲ့မျက်နှာပေါ် လိုသလောက်တင်, 30-60sec လောက် massage လုပ်ပေးပြီး ရေဆေးချရုံပါပဲ။ ပြီးရင်တော့ နောက်ကနေ water based cleanser တခုလိုက်သုံးပေးပါ။

ဒီမှာ ❗တခုသိစေချင်တာက တချို့သော cleansing oil/balm တွေက ရေဆေးချပြီးလဲ အသားပေါ်မှာ oily residue အနည်းငယ်ကျန်တတ်လို့ ကိုယ်က cleansing oil/balm သုံးမယ်ဆိုရင် နောက်ကလိုက်မယ့် water based cleanser ကို အရမ်းတွေ soap free ဘာညာလုပ်လို့မရဘူး။ အမြုပ်တထောင်းထောင်းထပြီး super duper deep cleansing ဖြစ်ဖို့ထိတော့ မလိုပေမဲ့ proper cleansing လောက်တော့နိုင်တဲ့ gel type လောက်တော့ သုံးပေးသင့်ပါတယ်။

#crd
#skincarereview

🍗 ဆေးဖက်ဝင် ကျန်းမာရေး ကြက်ပေါင်း 🍗
*********
💖 ( ဆီးချို သွေးတ်ိုးသမားများအတွက် ) 💖

အရသာရှိတဲ့ အစားအသောက်တွေ တင်ခဲ့ပြီးပါပြီ။
ဒီတစ်ခါတော့ ကျန်းမာရေးအတွက် ဆေးဖက်ဝင်လှတဲ့
ကျန်းမာရေး ကြက်ပေါင်းလုပ်နည်းကို တင်ပေးပါမယ်။

ဒီနည်းဟာ မြန်မာဆေးဆရာကြီး
ဆရာကမ္ဘာအေးအောင်မြင့်ကျော်မှ
ဆီးချို သွေးတိုးသမားများအတွက်
ဓါတ်စာအဖြစ် စားသုံးခိုင်းတဲ့
ဆေးဖက်ဝင် ကျန်းမာရေး ကြက်ပေါင်း လုပ်နည်းပဲ ဖြစ်ပါတယ်။

ကျမအိမ်မှာ ဆီးချို သွေးတိုးရှိတဲ့
ကျေးဇူးရှင် မိခင်ကြီးကို
တစ်ပတ်လျှင် ၃ ကြိမ် ပြုလုပ်ပြီးတိုက်ရင်းနဲ့
အများ သူငါ အတွက်ပါ စေတနာအရင်းခံဖြင့်
လုပ်နည်းကို မျှဝေပေးခြင်းဖြစ်ပါတယ်။

လုပ်နည်းကတော့
💖 မြန်မာကြက် အသားချည်းပဲ ၂၅ ကျပ်သား ( ခုတ်ထစ်ထား )
💖 သံပုရာသီး ၃ လုံး ( ပါးပါးလွီးထား )
💖 ဂျင်း ( အချောင်းလိုက် လှီးထား )
💖 အရသာ ( အချို, အငံ သင့်ရုံ )

အသင့်ပြင်ထားတွေကို ပေါင်းအိုးထဲထည့်ရပါမယ်။
ကြက်သားကို အရသာနယ်၍
အသင့်ပြင်ထားတဲ့ ဂျင်း, သံပုရာကွင်းများပါထည့်ပြီး
အဖုံးအုပ်၍ အနည်းဆုံး ၃ နာရီကြာ ပေါင်းရပါမယ်။
ရေထည့်စရာ မလိုပါဘူး။
အသားထဲက ကြက်ပေါင်းရည်လေးများ ထွက်လာပါလိမ့်မယ်။

အရသာကတော့ ချဉ်ခါးခါး ရှိပါမယ်။
သို့သော် ကျန်းမာရေးအတွက်တော့
အင်မတန် ဆေးဖက်ဝင်လှတာမို့
ဆီးချို သွေးတ်ိုးသမားများအတွက်
အထူး သင့်လျှော်လှပါကြောင်းနှင့်
အရည် အသား အဖပ်များအားလုံး
တစ်ထိုင်တည်း အကုန်စားရမည် ဖြစ်ပါကြောင်း။

ပေါင်းအိုးကတော့ သံစျေးမှာ ဝယ်ယူရရှိနိုင်ပါတယ်။

#credit ပဲခူး ဒေါ်ထွေးရီ

image