50 ပတ် - ဘာသာပြန်ပါ။

Great Wall ဟိုတယ်ပြိုကျပျက်စီးမှုတွေကို ဖယ်ရှားပြီးနောက် ရုပ်အလောင်း ၈၀ ထက်မနည်းတွေ့ရှိ 🥹💔
ဧပြီလ ၆ ရက်နေ့ ဒီနေ့ တနင်္ဂနွေနေ့ မှာ ယိမ်းထိုးနေသော အဆောက်အအုံတစ်ဘက်အခြမ်းကို ဖြိုချဖျက်စီးပြီးတဲ့နောက် ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဖယ်ရှားရှင်းလင်းမှုကို တရုတ်၊ ရုရှားနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့ဝင်များနဲ့အတူ နာရေးကူညီမှုအသင်းမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း Great Wall ဟိုတယ်ပြိုကျပြီးနောက် အထဲမှာကျန်ရစ်နေသော မိသားစုဝင်များကို ရှာဖွေကယ်ဆယ်ပေးရန်မိသားစုဝင်များက ရက်သတ္တပတ် ၉ ရက်ကြာနီးပါးလောက်တောင်းဆိုခဲ့ကြရပါတယ်။

#crd
#celenews

image
50 ပတ် - ဘာသာပြန်ပါ။

Nail gallery

image
50 ပတ် - ဘာသာပြန်ပါ။

Nail gallery

image
50 ပတ် - ဘာသာပြန်ပါ။

Nail gallery

image
50 ပတ် - ဘာသာပြန်ပါ။

Nail gallery

image
50 ပတ် - ဘာသာပြန်ပါ။

Nail gallery

image
image
image
image
50 ပတ် - ဘာသာပြန်ပါ။

နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီက အပစ်ရပ်ထားသော်လည်း KIA ၊ TNLA ၊ KNPP ၊ KNU နှင့် PDF များက စစ်တပ်ကို ဝိုင်းဝန်း တိုက်ခိုက်နေဟု အကြမ်းဖက် ဇော်မင်းထွန်း ပြောပြန်
ရန်ကုန်၊ ဧပြီ ၇
မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီက အပစ်ရပ်ထားသော်လည်း KIA ၊ TNLA ၊ KNPP ၊ KNU နှင့် PDF များက စစ်တပ်ကို ဝိုင်းဝန်း တိုက်ခိုက်နေကြောင်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုပြန်သည်။
ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ စစ်တပ်က ငလျင်ဒဏ်သင့် ပြည်သူများ ကူညီကယ်ဆယ်ရေးနှင့် ပြန် လည် ထူထောင်ရေးအတွက် အပစ်အခတ်ရပ်စဲကာလအဖြစ် သတ်မှတ်ထားသော်လည်း နိုင်ငံတစ်ဝန်း လုံးတွင် စစ်တပ်ကို တိုင်းရင်းသားများနှင့် PDF များ က၀ိုင်းဝန်းတိုက်ခိုက်နေသည်ဟု အကြမ်းဖက် ဇော်မင်းထွန်းက ဆိုသည်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် KIA က စစ်ကောင်စီတပ်စခန်းများကို အကြိမ်ကြိမ် လာရောက် တိုက်ခိုက်လျက်ရှိကြောင်း ဇော်မင်းထွန်းက ဆက်လက်ပြောဆိုသည်။
" KIA အနေနဲ့ ဧပြီလ ၃ ရက်နေ့ ညနေ ၄ နာရီ ၂၀ မှာ ဗန်းမော်မှာရှိတဲ့ တပ်ဌာနချုပ် ၂ ခုကို ၈၂ မီလီမီတာ စိန် ပြောင်းနဲ့ ၇ လုံး ပစ်ခတ်ခဲ့ပါတယ်။ ဧပြီလ ၄ ရက်နေ့ မနက် ၁၀ နာရီခွဲမှာလည်း ဗန်းမော်တက္ကသိုလ် နားလေးမှာ လုံခြုံရေး နေရာယူထားတဲ့ နေရာကို KIA အဖွဲ့က လူအင်အား ၃၀ လောက်နဲ့ တစ်ကြိမ်၊ နောက်လူအင်အား ၅၀ လောက်နဲ့ တစ်ကြိမ်၊ လာရောက်ပစ်ခတ်ခဲ့တာတွေ့ရပါတယ်" ဟု ၎င်းက ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းတွင် TNLA က တပ်စခန်းများကို လာရောက်တိုက်ခိုက်ခဲ့ ကြောင်း၊ KNPP ကလည်း ဖားဆောင်းရှိ တပ်စခန်းဌာနချုပ်ကို တိုက်ခိုက်ကြောင်း၊ AA ကလည်း ဧရာ၀တီတိုင်းရှိ စစ်တပ်စခန်းနေရာများကို တိုက်ခိုက်နေကြောင်း စစ်ကောင်စီက စွပ်စွဲပြောဆိုသည်။
"TNLA အဖွဲ့အနေနဲ့လည်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော် လုံခြုံရေးစခန်းကို TNLAနဲ့ PDF အကြမ်းဖက်သောင်းကျန်းသူ ၄၅ ဦးလောက်က လာရောက်ပြီးတော့ ပစ်ခတ်တာရှိပါတယ်။ KNPP အဖွဲ့အနေနဲ့လည်း ဖားဆောင်းမှာရှိတဲ့ တပ်ဌာနချုပ်ကို လာရောက်ပစ်ခတ်တာရှိပါတယ်။ AA အဖွဲ့အနေနဲ့ကတော့ ဧရာ၀တီတိုင်းဘက် လုံခြုံရေးယူထားတဲ့နေရာတွေကို လာရောက်ပြီးတော့ ပစ်ခတ်ခဲ့တာ တွေ့ရပါတယ်" ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောသည်။
PDF တပ်များကမူ မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ်ရှိ စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲချခဲ့ကြောင်း ၊ KNU အနေဖြင့်လည်း စစ်တပ်၏ ကတိုင်တိစခန်းကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
"ဧပြီလ ၄ ရက်နေ့ မနက် ၃ နာရီခွဲအချိန်မှာ ကျနော်တို့ မကွေးတိုင်း ဆင်ဖြူကျွန်းမြို့နယ်ရဲ့ အနောက်မြောက်ဘက်မှာ ရှိတဲ့ တပ်မတော်ရဲ့ လုံခြုံရေးစခန်းနေရာတစ်ခုကို PDF က ဒရုန်းနဲ့ ၅ ကြိမ် လာရောက် Drop ဗုံးချခဲ့တာ တွေ့ရပါတယ်။ KNLA/KNU အဖွဲ့အနေနဲ့လည်း ကတိုင်တိ လုံခြုံရေးစခန်းကို လာရောက်ပစ်ခတ်ခဲ့တာတွေ့ရပါတယ် ။ ဒီအချိန်မှာ တပ်မတော်အနေနဲ့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ တပ်မတော်ရဲ့ လုံခြုံရေးစခန်းကို တိုက်ခိုက်လာရင် ပြန်လည် တုံ့ပြန်မှု လုပ်သွားမယ်လို့ ပြောခဲ့တာရှိပါတယ်" ဟု ၎င်းက ပြောဆိုသည်။
တိုင်းရင်းသားအဖွဲ့များကမူ စစ်တပ်အနေဖြင့် ယာယီအပစ်ရပ်စဲသည်ဟု ကြေညာထားသော်လည်း လေကြောင်း တိုက်ခိုက်ခြင်း၊ စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများဖြင့် ၎င်းတို့ကိုယ်တိုင် ကြေညာထားသော အပစ်ရပ် ကြေညာချက်ကို ချိုးဖောက်နေကြောင်း ထုတ်ပြန်ပြောဆိုသည်။

image
50 ပတ် - ဘာသာပြန်ပါ။

ရွှေစာရံဘုရား

image
50 ပတ် - ဘာသာပြန်ပါ။

ရွှေစာရံဘုရား

image
50 ပတ် - ဘာသာပြန်ပါ။

ရွှေစာရံဘုရား

image