Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မနေ့ကကစားခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ် ကိုလံဘတ်စ်ခရူ(၂-၃)အင်တာမိုင်ယာမီပွဲမှာ အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီက အသင်းအတွက် (၂)ဂိုးသွင်းခဲ့ပြီး ဒုတိယဂိုးကို ဖရီးကစ်ကနေတစ်ဆင့် လှလှပပသွင်းယူခဲ့တာပါ။
ဒီဂိုးအပါအဝင် မက်ဆီရဲ့ကစားသမားဘ၀ ဖရီးကစ်ဂိုးအရေအတွက်က (၆၆)ဂိုးအထိ ရှိလာပါတယ်။
>>>>>
မက်ဆီအနေနဲ့ ကစားသမားဘ၀ ဖရီးကစ်ဂိုးအများဆုံးကစားသမားစာရင်းမှာ အရင်မှတ်တမ်းတူဖြစ်နေတဲ့(သူ့ရဲ့ကလပ်အသင်း အင်တာမိုင်ယာမီအသင်းပူးတွဲပိုင်ရှင်) အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူဟောင်းဒေးဗစ်ဘက်ခမ်(၆၅ ဂိုး)ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် မက်ဆီအနေနဲ့ ကစားသမားဘ၀ ဖရီးကစ်ဂိုးအများဆုံးသွင်းယူထားတဲ့ ဂျူနင်ဟို(၇၇ ဂိုး)၊ ပီလီ(၇၀ ဂိုး)တို့နောက် တတိယနေရာကိုရာက်လာခဲ့ပါတယ်။
ကစားသမားဘ၀ ဖရီးကစ်ဂိုးအများဆုံးစာရင်းမှာ အာဂျင်တီးနား ဂန္ထဝင်ကစားသမား လီဂရော့တာဂလီ၊ ဘရာဇီးလ် ဂန္ထဝင်ကစားသမားရော်နယ်ဒင်ဟိုတို့ကလည်း (၆၆)ဂိုးစီသွင်းထားကြပြီး မက်ဆီက ဒီကစားသမား (၂)ဦးနဲ့အတူ တတိယနေရာမှာ ပူးတွဲရပ်တည်နေတာဖြစ်ပါတယ်။
မက်ဆီနဲ့ ခေတ်ပြိုင်ကစားသမားတစ်ဦးဖြစ်တဲ့ အယ်လ်နာဆာနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်ဒိုက ကစားသမားဘ၀ ဖရီးကစ်ဂိုး(၆၄)ဂိုးသွင်းယူထားပြီး မက်ဆီနဲ့ (၂)ဂိုးအကွာမှာ ရှိနေပါတယ်။