Warner Bros. ရဲ့ Mortal Kombat II ရုပ်ရှင်က Johnny Cage, Kitana, Shao Kahn, Liu Kang နဲ့ Scorpion တို့ရဲ့ first look များ

image

Warner Bros. ရဲ့ Mortal Kombat II ရုပ်ရှင်က Johnny Cage, Kitana, Shao Kahn, Liu Kang နဲ့ Scorpion တို့ရဲ့ first look များ

image

Warner Bros. ရဲ့ Mortal Kombat II ရုပ်ရှင်က Johnny Cage, Kitana, Shao Kahn, Liu Kang နဲ့ Scorpion တို့ရဲ့ first look များ

image

Warner Bros. ရဲ့ Mortal Kombat II ရုပ်ရှင်က Johnny Cage, Kitana, Shao Kahn, Liu Kang နဲ့ Scorpion တို့ရဲ့ first look များ

image
image
image
image

Peaky Blinders: The Immortal Man ကို ရုံတင်ဖို့ ဆန္ဒပြင်းပြနေတဲ့ ဖန်တီးသူ Steven Knight
Tommy Shelby ဦးဆောင်တဲ့ Peaky Blinders ဂိုဏ်းသားတွေ သောင်းကျန်းကြမယ့် Peaky Blinders: The Immortal Man လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ကို ပိတ်ကားပေါ်တင်ပြီးတော့ ပရိသတ်တွေကို ရုံမှာလာကြည့်စေချင်တယ်လို့ ရှိုးဖန်တီးသူ Steven Knight က သတင်းစကားပါးလိုက်ပါတယ်။
၂၀၁၃ -၂၀၂၂ အတွင်း Netflix မှာ ပြသခဲ့ပြီးတော့ နာမည်ကြီး လူကြိုက်များတဲ့အပြင် ဇာတ်လမ်းတွဲ (၆) ခုအထိ ရှိခဲ့တဲ့ Peaky Blinders ကို စာရေးဆရာဖြစ်တဲ့ Steven Knight က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
Steven Knight ရဲ့ အဆိုအရ အရင်က ထွက်ရှိခဲ့တဲ့ Peaky Blinders ဇာတ်လမ်းတွဲတွေကို ရုပ်ရှင်ပရိသတ်တွေအနေနဲ့ အင်တာနက်ပေါ်ကနေပဲ ကြည့်ခဲ့ရတာဖြစ်ပြီးတော့ ထွက်ရှိလာမယ့် ရုပ်ရှင်အသစ်ကို သူ့အနေနဲ့ ရုံတင်ပြသစေချင်ပြီး ဒါမှသာ လူတွေက တစ်နေရာတည်းမှာ အတူထိုင်ပြီးတော့ ရုပ်ရှင်အရသာကို အပြည့်အဝခံစားစေချင်တယ်လို့ သူက ဆိုပါတယ်။
Peaky Blinders ရုပ်ရှင်မှာ အဓိက သရုပ်ဆောင်ဖြစ်တဲ့ Cillian Murphy က ပြန်လည်ပါဝင်လာမှာဖြစ်တဲ့အပြင် ဒီရုပ်ရှင်ကို သူကပဲ ထုတ်လုပ်သွားမှာဖြစ်ပြီးတော့ ဒါရိုက်တာ Tom Harper က ရိုက်ကူးထားတာပါ။
လက်ရှိအချိန်မှာ Peaky Blinders: The Immortal Man ရုပ်ရှင်ကို ရိုက်ကူးရေးပြီးဆုံးသွားပြီလို့ ယူဆရပြီး ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရုပ်ရှင်ပရိသတ်တွေအနေနဲ့ ပိတ်ကားပေါ် မြင်ရဖို့ ရှိနေပါတယ်။

image

#funny

ဘိုင်ပြတ်နေပေမယ့် ဗိုက်ဆာသောအခါ
Me: ကိုကို ဟိုရာလေးစားချင်လို့ 👉👈

image

ရေသောက်ပြီးမှအပေါ့သွားပါ
အပေါ့မသွားခင်ရေသောက်ပါ
သိပြီးပြီလား
မတ်တပ်ရပ်နေစဉ်
ရေမသောက်သင့်တဲ့အကြောင်း
ကျန်းမာရေးကောင်းဖို့အတွက် တစ်နေ့ကို ရေ(၈)ခွက်သောက်တာက ပြဿနာမဟုတ်ပါဘူး။
ပြဿနာက ရေသောက်တဲ့အခါ ဘယ်လိုအနေအထားမျိုးနဲ့ သောက်ဖြစ်နေလဲဆိုတာပါပဲ။
လူတော်တော်များများဟာ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး သိပ်ပြီး မသိရှိကြသလို သတိလည်း မထားမိတတ်ကြပါဘူး။
သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်တွေအရ ရေသောက်တဲ့အခါမှာ မတ်တပ်ရပ်အနေအထားနဲ့ မသောက်သင့်ဘူးဆိုတာကို အံ့အားသင့်စွာ တွေ့ရှိခဲ့ပါတယ်။
💧၁။ အဆစ်ရောင်ခြင်းကို ဖြစ်စေနိုင်
မတ်တပ်ရပ်အနေအထားဖြင့် ရေသောက်တဲ့အလေ့အထဟာ ကြာလာတဲ့အခါမှာ အဆစ်ရောင်တဲ့ ဝေဒနာကို ခံစားလာရနိုင်ပါတယ်။ မတ်တပ်ရပ်ပြီး ရေသောက်ခြင်းက ခန္ဓာကိုယ်အတွင်းရှိ အဆစ်အဆက်များဆီသို့ အရည်ဓာတ်စီးဆင်းမှုကို အနှောက်အယှက်ဖြစ်ရာမှတစ်ဆင့် အဆစ်ရောင်ရောဂါအတွက် အစလမ်းကြောင်းကိုဖြစ်စေပါတယ်။
💧၂။ အစာခြေစနစ်ကို ထိခိုက်စေ
မတ်တပ်ရပ်ပြီး ရေသောက်ခြင်းကြောင့် ရေတွေဟာ အစာအိမ်နံရံတွေမှာ ပိုပြီး မြန်မြန်ဆန်ဆန် စီးဆင်းစေပါတယ်။ ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ စီးဆင်းမှုဟာ အချိန်ကြာလာတဲ့အခါမှာ အစာအိမ်နံရံကို ထိခိုက်စေကာ အစာခြေစနစ်ကို အနှောက်အယှက်ဖြစ်လာစေနိုင်ပါတယ်။
💧၃။ ရေဆာနေမြဲဖြစ်
မတ်တပ်ရပ်ပြီး ရေသောက်တဲ့အခါမှာ ရေဆာတဲ့စိတ်က ပျောက်မ သွားပါဘူး။
မကြာခဏ ရေထပ်ထပ်သောက်နေရပါတယ်။ ဒါ့ကြောင့် ရေသောက်တဲ့အခါ ထိုင်ပြီးသောက်တာက ရေဆာမှုကို ပိုပြီးပြေလျော့စေပါတယ်။ အနားမှာရေဘူးထားပြီး ထိုင်သောက်တတ်တဲ့အကျင့်ကို မွေးမြူထားတာ အကောင်းဆုံးပါ။
💧၄။ အစာမကြေခြင်း မကြာခဏဖြစ်စေ
နံပါတ် ၂ အချက်မှာ ပြောခဲ့သလိုပါပဲ မတ်တပ်ရပ်ပြီး ရေသောက်ခြင်းကြောင့် အစာအိမ်နံရံကို ထိခိုက်စေကာ မကြာခဏ အစာမကြေခြင်းကိုဖြစ်စေမှာပါ။ ထိုင်ပြီးရေသောက်တဲ့အခါ သင့်ရဲ့ကြွက်သားတွေနဲ့ အာရုံကြောတွေကို ပိုပြီး အနားရစေပြီး အစာမြန်မြန်ခြေဖို့ကို အာရုံကြောများက အထောက်အကူဖြစ်စေမှာပါ။
💧၅။ ကျောက်ကပ်မှ ကောင်းစွာမစစ်ထုတ်နိုင်ခြင်း
မတ်တပ်ရပ်အနေအထားဖြင့် ရေသောက်ခြင်းက ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တွေကို များစွာ အနှောက်အယှက်ဖြစ်စေပါတယ်။ ဒီလိုသောက်တဲ့အခါမှာ ကျောက်ကပ်မှ ကောင်းစွာစစ်ထုတ်မှုမပြုနိုင်တဲ့အတွက် အညစ်အကြေးတွေဟာ ကျောက်ကပ်နှင့် ဆီးအိမ်မှာ ကျန်ရှိနေနိုင်ပါတယ်။ ထိုမှတစ်ဆင့် ဆီးရောဂါဆိုင်ရာ ပြဿနာများကိုပါ ခံစားရစေနိုင်ပါတယ်။
💧၆။ ခန္ဓာကိုယ်ရှိ acid level ကို မလျော့ကျစေ
ပုံမှန်ထိုင်ပြီး ရေသောက်တဲ့အခါမှာ ခန္ဓာကိုယ်အတွင်းရှိ Acid level ကို ပိုနှေးကွေးပြီး လျော့နည်းစေနိုင်ပါတယ်။ မတ်တပ်ရပ်သောက်တဲ့အခါမှာတော့ ဒီလုပ်ဆောင်ချက်က အထောက်အကူဖြစ်စေမှာ မဟုတ်ပါဘူး။
💧၇။ အပူဖုနှင့် ရင်ပူရင်ကယ်ဖြစ်စေနိုင်ခြင်း
မတ်တပ်ရပ်ပြီး ရေသောက်ခြင်းကြောင့် အစာအိမ်နှင့် အစာပြွန်ကြား အဆက်နေရာကို အနှောက်အယှက်ဖြစ်စေနိုင်ကာ အစာအိမ်အတွင်းရှိ အက်ဆစ် များ နောက်ပြန်စီးဆင်းပြီး အစာပြွန်ကို ပူလောင်ခံစားစေရပါတယ်။ ထို့ကြောင့် ရင်ပူရင်ကယ်ဖြစ်ခြင်းနှင့် ခန္ဓာကိုယ် အပူဖုများဖြစ်ပေါ်လာနိုင်ပါတယ်။
💧၈။ အာရုံကြောများ ဖိစီးစေခြင်း
ထိုင်ပြီးရေသောက်တဲ့အခါမှာ ကြွက်သားနှင့် အာရုံကြောတွေကို အနားရစေပါတယ်။ ဒီလိုမဟုတ်ဘဲ မတ်တပ်ရပ်သောက်တဲ့အခါ အာရုံကြောတွေမှာ tension ပိပြီး ဖိအားများဖြစ်စေပါတယ်။
ကဲ . ကိုယ့်မိသားစု၊ သူငယ်ချင်းတွေ မတ်တပ်ရပ်ပြီး ရေသောက်နေတာမြင်ရင် ထိုင်ပြီး သောက်ဖို့ သတိပေးဦးနော်....

image
33 w - Translate

တည့်နေရင်အကောင်း မတည့်ရင်တောဖောက်ပြီ
😆

33 w - Translate

ဂေါ်ဖီထုပ် စိုက်ပျိုးနည်း

နိဒါန်း
မြန်မာနိုင်ငံ တွင် ဒုတိယ အများဆုံး စိုက်ပျိုးသော ဟင်းသီး ဟင်းရွက် အမျိုးအစား ဖြစ်သည်။ ဂေါ်ဖီ ထုပ်ကို တစ်နှစ် ပတ်လုံး ဈေးကွက်တွင် တွေ့မြင် ရပြီး အစိမ်း လိုက် တို့မြုပ်၍ စားခြင်း၊ အသုပ်သုပ် စားခြင်း၊ ကြော် ချက်၍ စားခြင်း၊ အရည်သောက် အဖြစ်ပြုပ်စားခြင်းနှင့် အခြောက်လှမ်းစားခြင်း စသည်ဖြင့် နည်းမျိုးစုံနှင့် စားသုံး ကြသည်။

စိုက်ပျိုးချိန်
မြေပြန့်ဒေသ - စက်တင်ဘာ၊ အောက်တိုဘာ
တောင်ပေါ်ဒေသ - မတ်လမှ အောက်တိုဘာထိစိုက်ပျိုးနိုင်သည်။

မျိုးစေ့နှုန်း
ပိုးမွှားနှင့် ရောဂါ ဒဏ်ခံ နိုင်သော မျိုးကို ရွေးစိုက်ပါ။ တစ်ဧက အတွက် မျိုးစေ့ ၄၀၀ ဂရမ် ပျိုးထောင်ပါ။

ပျိုးထောင်ခြင်း
ဘောင်နှင့် ပျိုးထောင် လေ့ရှိသည်။ အကျယ် သုံးပေ၊ အမြင့် ခြောက်လက် မရှိ ပျိုးဘောင်ဖော်ပေး ရမည်။ ပျိုးဘောင် အတွင်းသို့ သဘာ၀ မြေသြဇာကို အောက်ခံ မြေနှင့် ဆတူရောစပ်၍ထည့်ပေးရမည်။ မြေကို မှုန့်ညက် အောင် ဆွ၍ ပေါင်း၊ မြက်နှင့် အမှိုက်၊ ကျောက်ခဲများကို ကောက်ပစ်ရမည်။ ပျိုးဘောင်ပေါ်တွင် လေးလက်မကွာ၍ လက်မဝက်အနက်ရှိသည့် မြောင်းငယ်များကို ဝါးခြမ်းပြားဖြင့် ကန့်လန့်ဖြတ်ဆွဲပါ။ မျိုးစေ့ကို တစ်လက် မကြားချပါ။ မြေပါးပါးပြန်ဖုံးပါ။ ရေကို ရေပန်းခရားအပေါက်သေး ဖြင့် နေ့စဉ် နှစ်ကြိမ်လောင်းပါ။ နေလောင်ဒဏ်၊ မိုးဒဏ်ခံနိုင်ရန် ကောက်ရိုးနှင့် အရိပ်မိုးပေးထားပါ။

သုံးရက်ခန့်တွင် အပင်ပေါက်လာပြီး ငါးရက်တွင် အပင်ပေါက်စုံလာမည်။ ပျိုးသက် ၁၄ ရက်သားတွင် အချိုးညီ (၂၀ း ၂၀ း ၂၀)ရွက်ဖျန်း မြေသြဇာပက်ဖျန်းပေးပါ။ ရေကိုနေ့စဉ်မပြတ်အောင် လောင်းပြီး ပိုးမွှားရောဂါကာကွယ် ဂရုစိုက်ပါ။

မြေပြုပြင်ခြင်း
စိုက်ခင်းမြေကိုလည်း အကြိမ်ကြိမ် ထယ်ထိုး၊ ထွန်မွှေ၍ မှုန့်ညက်အောင် ပြုလုပ်ရမည်။ ပေါင်းမြက်နှင့် ပင်ကြင်းပင်ကျန်များ ဖယ်ရှားထားရပါမည်။ ရေသွင်း၊ ရေထုတ်မြောင်းများပြုလုပ်၍ မိုးစိုက်တွင်စိုက်ကျင်းများ ကြိုဖော်ထားပြီး သဘာဝမြေသြဇာနှင့် တီစူပါထည့်ထားရမည်။ မြေချဉ်ပါက မြေအချဉ်အငန်ဓာတ် ၆ ဒသမ ၅ တွင် ထိန်းထားရန် ထုံးထည့်ပေးပါ။

မြေသြဇာထည့်သွင်းခြင်း
ဂေါ်ဖီထုပ် တစ်ဧကအတွက် မြေခံအဖြစ် သဘာဝမြေသြဇာ ငါးတန်၊ ယူရီးယား ၃၆ တန်၊ တီစူပါ ၄၅ ကီလိုနှင့် ပိုတက်ရှ် ၃၆ ကီလိုထည့်ပေးပါ။ ထို့နောက် ရွှေ့စိုက်ပြီး ၁၀ ရက်သားတစ်ကြိမ် ၂၅ ရက်သားတွင် တစ်ကြိမ်ယူရီးယား ကိုး ကီလိုစီ ထပ်မံထည့် ပေး၍ ခေါင်းအထုပ်စတင်ဖြစ်ချိန်တွင် ပိုတက်ရှ် ၂၇ ကီလိုနှင့် ယူရီးယား ၁၈ ကီလိုအား အပင်သန်စွမ်းမှုကိုကြည့်၍ ထည့်ပေးပါ။

စိုက်ပျိုးခြင်း
ပျိုးသက် ၂၅ ရက်သားတွင် ရေဖြတ်ပြီး ၃၀ ရက်သားတွင် စိုက်ခင်းသို့ ရွှေ့စိုက်ပါ။ ရွှေ့စိုက်ပြီးပြီးချင်း ရေဝအောင်လောင်းပါ။ သုံးရက်ဆက်တိုက် အစိုဓာတ်မပြတ်ရန် ဂရုစိုက်ပါ။ ရွှေ့ပြောင်းစိုက်ရာတွင် မျိုးကို လိုက်၍ ပင်ကြား နှစ်ပေ၊ တန်းကြား (၂ - ၂ ဒသမ ၅)ပေထိထားပါ။ တစ်ဧကတွင် အပင်ဦးရေ (၁၀,၀၀၀- ၁၂,၀၀၀)အထိ စိုက်ပါ။

အပင်ပြုစုခြင်း
ပေါင်းကို ရွှေ့စိုက်ပြီး ၁၀ ရက်မှစ၍ အပင်များ အရွက်ချင်း မထိခင်အထိ ဂရုတစိုက်ရှင်းပေးရမည်။ အပင်၊ အရွက်၊ အမြစ်များ မထိခိုက် စေရန် မြေဆွပေး၍ ဓာတ်မြေသြဇာကိုပါ တစ်ပါတည်းထည့်ပေးရသည်။ ရေကိုမပြတ်လောင်းခြင်း၊ သွင်းခြင်းဖြင့် အစိုဓာတ် မပြတ်စေရန် ဂရုစိုက်ပါ။ အထုပ်စတင်ကြီးထွားချိန် တွင် ရေပိုမိုလိုအပ်ပြီး ရင့်ခါနီးတွင် ရေလျော့ပေးရမည်။ အစိုဓာတ်များလွန်း နေပါက အထုပ်မကွဲစေရန် အထုပ်ကိုနှဲ့ပေးပါ။

ဂေါ်ဖီထုပ်တွင် စိန်ကွက်ဖလံ၊ ဂေါ်ဖီထုပ်ဖလံ၊ လှေးကျိုင်း၊ ငမြောင်တောင်များ ကျရောက်ဖျက်ဆီးတတ် ၍ တမာပိုးသတ်ဆေးကို တစ်ပတ်တစ်ကြိမ်ကာကွယ်ဆေးဖျန်းပေးပါ။ ဆိုးရွားစွာကျရောက်ပါက နီးစပ်ရာ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆက်သွယ်၍ နှိမ်နင်းပါ။

ဂေါ်ဖီထုပ်အပျော့ပုပ်၊ ဒေါင်းနီရွက်ခြောက်၊ ခြေထောက်ပုပ်၊ တင်းပုပ်ရောဂါများ ဖြစ်ပွားတတ်ပြီး တစ်နေရာတည်းတွင် ဆက်တိုက်စိုက်ခြင်း ရှောင်ပါ။ ရောဂါ ကာကွယ် ဆေးများဖြင့် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ် ထားပါ။ မြေချဉ်လွန်းပါက တင်းပုပ်ရောဂါ ကျတတ်သဖြင့် မဖောက်ထုံးကို ရွှေ့ပြောင်းမစိုက်မီ ကြိုတင်ထည့် ပေးပါ။

ခူးယူခြင်း
သက်လျင်မျိုးကို (၉၀-၁၀၀)ရက်၊ သက်လတ်နှင့်သက်ကြီးကို (၁၃၀-၁၅၀)ရက်တွင် ခုတ်သိမ်းနိုင် သည်။ ရင့်လာသောအထုပ်ကို အပေါ်မှ နှိပ်ကြည့်၍ အထုပ်ကျစ်လစ်မှုကို ခန့်မှန်း၍ခုတ်သိမ်းနိုင်သည်။ စိုက်ခင်းမှ ပွဲရုံ၊ ကားတင်သည့်နေရာ စသည့်နေရာများသို့ သယ်ဆောင်ရာတွင် မထိခိုက်စေရန် အထုပ်ကို ဂရုတစိုက်ကိုင်တွယ်ရမည်။ အောက်ရွက်ပါအောင် ခုတ်၍ အထုပ်ကို အောက်ဆုံးအထပ်တွင် အတည့်၊ ဒုတိယအထပ်တွင် ပြောင်းပြန်လှန်ထပ်၍ မျက်နှာချင်းဆိုင် တစ်လှည့်စီထပ်၍ ထည့်ခြင်းဖြင့် အထုပ်များကို ထိခိုက်မှု သက်သာစေပါသည်။

မျိုးစေ့ ထုတ်ယူခြင်း
ဒေသမျိုး ကိုသာ မျိုးစေ့ထုတ်သင့်သည်။ နိုင်ငံရပ်ခြားမျိုးများကို မထုတ်သင့်ပါ။ မျိုးစေ့ထုတ်ခင်းကို သီးသန့်ထား၍ အချိန်တူပန်း ပွင့်နိုင်သော တခြားမျိုးတူပင်များ မရှိစေရပါ။ မျိုးထုတ်ယူမည့်အပင်သည် အမျိုးအစားပုံသဏ္ဌာန်မှန်ရမည်။ အထုပ်ကျစ်လစ်ကြီး
မားရမည်။ ခါးတံ ခြောက်လက်မရှိရမည်။ ရောဂါပိုးမွှားကင်းစင်ရမည်။

ရွေးချယ်ထားသော အပင်ကိုအောက်ရွက်များ အားလုံးလှီးပစ်ပြီး အထုပ်၏အလယ် ပင်စည်တိုင်အသားကို (၁-၂)လက်မချန်၍ လေးထောင့်ပုံဖြစ်အောင် လှီးပစ်ပါ။ ပျိုးပင်ကို မြေလုံးမပျက်ယူ၍ စိုက်ဘောင်သို့ရွှေ့စိုက်ပါ။ ပင်ကြား၊ တန်းကြား(၂ x ၂)ပေ စိုက်သင့်ပြီး အမြစ် စွဲကောင်းအောင် ရေမပြတ်လောင်းပါ။

နေဒဏ်၊ ဆီးနှင်းဒဏ်ကာကွယ်နိုင်ရန် အရိပ်လုပ်ပေးပါ။ အမြစ်စွဲပြီးနောက်တွင် တဖြည်းဖြည်းပွင့်တန်များထွက်လာမည်။ သန်မာ
သော သီးကိုင်းများကိုယူပါ။ ကောင်းစွာရင့်မှည့်ချိန်၊ အစေ့အများစု အညိုရင့်ရောင် ပြောင်းချိန်တွင် ရိတ်သိမ်းအခြောက်ခံသန့်စင်၍ သန့်ရှင်းသော လေလုံပုံးများတွင်ထည့်၍ သိုလှောင်ပါ။ အပင်တစ်ပင်မှ မျိုးစေ့ ၂၅ ဂရမ်ခန့်ရရှိသည်။

- ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)

#crd
#greengarden

image