1 y - Translate

ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ဗလီနဲ့ ခရစ်ယာန်ကျောင်းတွေကို မူလအရွယ်အစားအတိုင်းသာ ပြန်လည်ဆောက်လုပ်ခွင့်ပြုမယ်
မေ - ၁၃ ၊ ၂၀၂၅
GG (VOM)
ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ဗလီနဲ့ ခရစ်ယာန်ကျောင်းတွေကို မူလအရွယ်အစားအတိုင်းသာ ပြန်လည်ဆောက်လုပ်ခွင့်ပြုမှာဖြစ်ကြောင်း သက်ဆိုင်ရာ သာသနာရေးမှူးရုံးတွေက အသိပေးထားပြီး ပျက်စီးအဆောက်အဦးကို ဖြိုဖျက်ခွင့်နဲ့ ပြန်တည်ဆောက်ခွင့်ပြုပေးမှုအပိုင်း ကြန့်ကြာမှုရှိနေ တယ်လို့သိရပါတယ်။
လက်ရှိမှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ဗလီအချို့ကို ဖြိုချခွင့် နဲ့ ပြန်တည်ဆောက်ခွင့်အတွက် သက်ဆိုင်ရာ မြို့နယ်နဲ့ခရိုင်ကို စာတင်ထားပေမယ့် ခွင့်ပြုမိန့် ချပေးခြင်းမရှိတာကြောင့် ဖြိုချခြင်းလုပ်ငန်းလည်းမလုပ်နိုင်သေးဘဲ ပြန်လည်ထူထောင်ရေးအပိုင်းမှာအခက်ကြုံနေရတယ်လို့ ဗလီအချို့ဆီက သိရပါတယ်။
" ဗလီပြန်ဖျက်ခွင့်ရော ပြန်တည်ဆောက်ခွင့်က ခုထိမကျသေးဘူး။စာတင်ထားတာကြာပြီ။ဆောက်လုပ်ဖို့ကအဆင်သင့်ဖြစ်နေပြီ။ခုက ဘာမှလုပ်မရဘူး။ကျောက်ဆည်မှာ ဘယ်ဗလီမှဖြိုတာမတွေ့ရသေးဘူး။ပြန်ဆောက်တာလည်းမတွေ့သေးဘူး။မြို့နယ်ရော ခရိုင်ရောစာတင်ထားတာပါ။အဆောက်အဦးကို မူလအရွယ်အစားတိုင်းပြန်ဆောက်ဖို့ဆိုပြီး အကြောင်းကြားစာတွေတော့ရောက်တဲ့နေရာရောက်နေကြပြီ။ မူလပုံစံအတိုင်း မပျက်ဆောက်ဆိုလည်းကျွန်တော်တို့က ပြန်ဆောက်မှာပါအစည်းဝေးထိုင်ထားတယ် ။ဗလီအကျယ်အဝန်းနဲ့လက်ရှိလူဦးရေက ပြေတယ်။မူအတိုင်းကိုပြန်ဆောက်ခွင့်ရရင်ပြေတယ်။ခုက ဖြိုခွင့်လည်းမရသေးဘူး။ပြန်ဆောက်ခွင့်လည်းစာမကျသေးဘူး။" လို့ ကျောက်ဆည်မြို့က ဗလီတခုမှ တာဝန်ရှိသူကပြောပါတယ်။
နောက်ပြီး အချို့သော ဗလီတွေက လက်ရှိများပြားလာတဲ့လူဦရေအရ အဆောက်အဦးကို ထပ်မံချဲ့ပြီးဆောက်ဖို့ လိုအပ်မှုရှိလို့ မူလအရွယ်အစားသာပြန်ဆောက်ခွင့်ပြုမယ်ဆိုတာ အဆင်ပြေမှုမရှိကြောင်း ၊ အချို့ဗလီတွေကတော့ မူလအရွယ်အစားတိုင်းဆောက်ခွင့်ပေးတာ အဆင်ပြေကြောင်းနဲ့ အဓိက အာဏာပိုင်တွေအနေနဲ့ ဗလီတွေကို ဖြိုဖျက်ခွင့်ပြုပြီး အမြန်ဆုံးတည်ဆောက်ခွင့်ပြုပေးဖို့လိုအပ်နေတာဖြစ်တယ် လို့ဆိုပါတယ်။
လက်ရှိမှာတော့ ငလျင်ကြောင့် ဗလီပျက်စီးခဲ့ရတဲ့ ဒေသက အစ္စလာမ်ဘာသာဝင်တွေက ယာယီတဲတွေဆောက်လုပ်ပြီး ဝတ်ပြုခြင်း ၊ မြေကွက်လပ်တွေပေါ်မှာ ဝတ်ပြုနေရတယ်လို့သိရပါတယ်။
ခရစ်ယာန်ကျောင်းတွေကတော့ ဖြိုချခွင့်နဲ့ ပြန်တည်ဆောက်ခွင့်အပေါ် စာနဲ့တရားဝင်ခွင့်ပြုတာမျိုးမဟုတ်ဘဲ နူတ်ကတိနဲ့ လုပ်ဆောင်ခွင့်ပြုပေးနေတဲ့အတွက် အဆောက်အဦး ဖြိုချတဲ့လုပ်ငန်းတွေကို လုပ်ကိုင်နေပြီး ပြန်တည်ဆောက်ရေးအတွက်လည်း ကုန်ကျမှုအပိုင်း၊ အဆောက်အဦးဒီဇိုင်း စတာတွေကို တွက်ချက်ရေးဆွဲနေတယ်လို့သိရပါတယ်။
"နူတ်မိန့်နဲ့ပဲ စာတွေဘာတွေနဲ့တော့မလာဘူး။အဲလိုတော့ညွှန်ကြားလာတာရှိတယ်။အခုကတော့ ပြန်ဆောက်ဖို့အသင်းတော်တွေကိုတွက်ချက်ခိုင်းထားတယ်။အခုက ငလျင်ဒဏ်ခံနိုင်အောင်ပြန်ဆောက်မှာပေါ့။တထပ်ပဲရှိတဲ့အဆောက်အဦးဆိုတထပ်ပဲပြန်ဆောက်ရမှာပေါ့။နှစ်ထပ်ဆောက်လို့မရဘူးပေါ့။လက်ရှိဖြိုဖျက်နေတာရှိတယ်။ပြန်ဆောက်ရင်စည်ပင်တို့ဘာတို့တင်ရမယ်ဆိုတာတော့ရှိတာပေါ့။ပြန်ဆောက်ရင်မူလအဆောက်အဦးဧရိယာအကျယ်အဝန်းပဲဆောက်မှာပါ။ငလျင်ဒဏ်ခိုင်ခံ့မှုကိုပဲဦးစားပေးလုပ်သွားမှာပါ။" လို့ မြန်မာနိုင်ငံနှစ်ချင်းခရစ်ယာန်အသင်းတော်များအဖွဲ့ချုပ်မှ တာဝန်ရှိသူကပြောပါတယ်။
မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအပါအဝင် နေရာဒေသအချိူ့မှာ ဗလီနဲ့ ခရစ်ယာန်ကျောင်းပေါင်း ရာဂဏန်းအထိပြိုကျပျက်စီးခဲ့ရပြီး ဝတ်ပြုဆုတောင်းသူ အများအပြား လည်းသေဆုံးခဲဲကြရပါတယ်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ဗလီနဲ့ ခရစ်ယာန်ကျောင်းတွေကို ဖြိုဖျက်ရေး၊ပြန်လည်တည်ဆောက်ရေးကို အလှူရှင်တွေရဲ့လှူဒါန်းမှုနဲ့ လုပ်ဆောင်ဖို့ ကြိုးစားနေကြရတာဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ - CJ

image
1 y - Translate

အပိုင်း ၁ ပိုင်းကို frame ပေါင်း ၃ သောင်းအထိပြုလုပ်ထားပြီး Solo Leveling ရဲ့ Animation Level ကိုပါကျော်ဖို နာမည်ကြီးနေတဲ့ Lord of Mysteries Anime

Solo Leveling တုန်းကတောင် အပိုင်းတစ်ခုကို frame 17,000 လောက်ပဲသုံးထားတာပါ။

အခုက frame ပေါင်း 3 သောင်းထိသုံးထားတာပါ။ ဒါကတော့ တရုတ်က Anime ဖြစ်ပြီးတော့ လာမယ့် July လထဲမှာထွက်မှာပါ။

image
1 y - Translate

President Trump meets with Saudi Crown Prince Mohammed bin Salman as he arrives in Riyadh, Saudi Arabia to begin a multi-nation tour of the Gulf region focused on expanding economic ties and reinforcing security cooperation with key U.S. allies.

Follow live updates: https://abcnews.visitlink.me/GhYExT

image
1 y - Translate

အနိမ့်ဆုံးလုပ်ခလစာကို ပြန်လည်သုံးသပ်ရန် ဥရောပကုန်သည်ကြီးများအသင်း တိုက်တွန်း
ရန်ကုန်၊ မေ ၁၃
ပို့ကုန်ဦးစားပေး အထည်ချုပ်ကဏ္ဍမှာ တရားဝင် အနိမ့်ဆုံးလုပ်ခလစာကို ပြန်လည်သုံးသပ်ဖို့ ဥရောပကုန်သည်ကြီးများအသင်း (EuroCham Myanmar) က တိုက်တွန်းထားပါတယ်။
လက်ရှိ အနည်းဆုံးအခကြေးငွေမလုံလောက်မှုဟာ လစာနည်းခြင်းအပါအဝင် လုပ်ငန်းခွင်ပဋိပက္ခတွေ၊ ပြောင်းရွှေ့မှုမြင့်မားခြင်း၊ ကျွမ်းကျင်လုပ်သားဆုံးရှုံးခြင်း စတဲ့ ပြဿနာများစွာရဲ့ အရင်းခံဖြစ်ပြီး မကြာသေးမီ နှစ်များအတွင်း ရရှိခဲ့တဲ့ ကုန်ထုတ်စွမ်းအားကို ပျက်ပြားစေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အနည်းဆုံးအခကြေးငွေနှုန်းထားအဖြစ် အလုပ်လုပ်ချိန် ၈ နာရီ (တစ်ရက်) အတွက် ၄၈၀၀ ကျပ် သတ်မှတ်ထားပြီး အပိုထောက်ပံ့ကြေး ၂၀၀၀ ကျပ်ကို ထပ်ဆောင်းခံစားခွင့် ပြုထားပါတယ်။
သို့ပေမယ့် စက်ရုံအများအပြားက အပိုထောက်ပံ့ကြေးအပါ တစ်ရက်လုပ်ခ ၆၈၀၀ ကျပ်ကို အချိန်ပို (O.T) အတွက် အခြေခံလုပ်အားခအဖြစ် သတ်မှတ်ပေးချေခြင်းမရှိတာကြောင့် လုပ်သားများအတွက် သိသိသာသာ ဆုံးရှုံးမှုဖြစ်ပေါ်လျက်ရှိပါတယ်။
အထည်ချုပ်ကဏ္ဍ ဈေးနှုန်းစာချုပ်တွေမှာ အဓိကကျတဲ့ အချက်ဖြစ်တဲ့ အနိမ်ဆုံးအခကြေးငွေဟာ ၂၀၁၈ ခုနှစ်ကတည်းက မပြောင်းလဲဘဲ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။
ဒါ့ကြောင့် အနည်းဆုံးအခကြေးငွေကို တိုးမြှင့်ခြင်းဟ အလုပ်သမားတွေရဲ့ ထိန်းသိမ်းမှုကို မြှင့်တင်ပေးကာ ပိုမိုတည်ငြိမ်တဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေပြီး ကျန်းမာသန်စွမ်းတဲ့ လုပ်သားအင်အားကို အထောက်အကူဖြစ်စေတယ်လို့ EuroCham Myanmar က ထောက်ပြထားပါတယ်။
လက်ရှိ အနိမ့်ဆုံးလုပ်ခလစာဟာ မြန်မာနိုင်ငံမှ ရင်းမြစ်ဖြစ်တဲ့ ကုန်အမှတ်တံဆိပ်တွေရဲ့ နာမည်ဂုဏ်သတင်းကို ကြီးမားစွာ ထိခိုက်စေပြီး နိုင်ငံရဲ့ ပို့ကုန်ကို မောင်းနှင်တဲ့ အထည်ထုတ်လုပ်သူများအတွက် စီးပွားရေးအန္တရာယ်အဖြစ် ပြောင်းလဲသွားတယ်လို့ ဆိုထားပါတယ်။

image

#နိုင်ငံတကာသတင်း
◼အိန္ဒိယအပေါ်စစ်ဆင်ရေး အောင်မြင်ခဲ့ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ကြေညာ
ပါကစ္စတန်၏ အိန္ဒိယအပေါ် စစ်ဆင်ရေးသည် ကြီးမားသောအောင်မြင်မှု ဖြစ်ကြောင်း နှင့် ယင်းအောင်မြင်မှုအား နှစ်စဉ် မေ လ ၁၀ ရက်တွင် အောင်ပွဲခံအခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘက်ဇ်ရှာရစ်ဖ် က ယနေ့ တွင်ပြောကြားသည်။
မေလ ၁၀ ရက် သည် အိမ်နီးချင်းနှစ်နိုင်ငံကြားတွင် အပစ်အခတ်ရပ်စဲမှုကို သဘောတူညီခဲ့သော နေ့ဖြစ်သည်။ ပါကစ္စတန် က အိန္ဒိယအပေါ် စစ်ဆင်ရေးတစ်ရပ် စတင်လိုက်ပြီးနောက် နာရီပိုင်းအတွင်းမှာပင် ယင်းသဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ကာ အဆိုပါစစ်ဆင်ရေးအတွင်း အိန္ဒိယဒုံးကျည်သိုလှောင်စခန်းတစ်ခုနှင့် လေတပ်စခန်းများအား တိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန်က ပြောကြားခဲ့သည်။
“ ‘အမှန်တရားအတွက် ရုန်းကန်ခဲ့သောနေ့’ အား အမျိုးသားစည်းလုံးညီညွတ်မှုစိတ်ဓါတ်၊ စိတ်အားထက်သန်မှု များဖြင့် နှစ်စဉ် နိုင်ငံနှင့်အဝှမ်းကျင်းပသွားမည်” ဖြစ်ကြောင်း အစိုးရက ဆိုရှယ်မီဒီယာ X ပေါ်တွင် ပြောကြားသည်။
နျူလက်နက်ပိုင်ဆိုင်သော ရန်ဘက် နှစ်နိုင်ငံကြား ၁၉၉၉ ခုနှစ် နောက်ပိုင်းအဆိုးရွားဆုံး ထိပ်တိုက်တွေ့မှု၌ တိုက်လေယာဉ်များ ၊ ဒရုန်းများ၊ ဒုံးကျည်များ၊ လက်နက်ကြီးများဖြင့် လေးရက်ကြာ ပြင်း ထန်စွာတိုက်ခိုက်ခဲ့ကြပြီးနောက် ရရှိခဲ့သော အပစ်ရပ်မှုူသည် ယမန်နေ့အထိ ဆက်လက်တည်မြဲနေပုံရသည်။
ဧပြီ ၂၂ ရက် က အိန္ဒိယနိုင်ငံပိုင် ကက်ရှ်မီးယားဒေသတွင် ခရီးသွား ၂၆ ဦး သေဆုံးခဲ့သော တိုက်ခိုက်မှုတစ်ခုဖြစ်ပေါ်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား ပဋိပက္ခဖြစ်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုအား ပါကစ္စတန်က အားပေးခဲ့ကြောင်း အိန္ဒိယက စွပ်စွဲခဲ့ပြီး အစ္စလာမာဘတ် က ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့သည်။
ယမန်နေ့က နိုင်ငံသို့ မိန့်ခွန်းပြောကြားရာ၌ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ က အနာဂတ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာပါကလည်း အခိုင်အမာတုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့ပြင် ပါကစ္စတန်နှင့် ထပ်မံ၍ ပဋိပက္ခဖြစ်ခဲ့ပါက နျူးကလီးယားဖြင့် အနုကြမ်းစီးမှုမျိုးကို အိန္ဒိယက သီးခံမည်မဟုတ်ကြောင်း မိုဒီ က ဆက်လက်ပြောကြားသည်။
“ အကယ်၍များ အိန္ဒိယအပေါ် နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရင် ခိုင်မာတဲ့တုံံ့ပြန်မှု လုပ်ဆောင်သွားမယ်” ဟု မိုဒီ က ပြောကြားသည်။
မိုဒီ၏မှတ်ချက်များနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံရေးသမားများက ပြင်းထန်စွာတုံ့ပြန်ကြသည်။
မိုဒီ က လက်ထဲဘာမှမကျန်တော့လောက်‌အောင် ရှုံးနိမ့်သွားသော လောင်းကစားသမားတစ်ဦးကဲ့သို့ ပြောဆိုနေကြောင်း ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ကာဝါဂျာအာဆစ်ဖ် က ပြောသည်ဟု Geo သတင်းဌာနက ဖော်ပြခဲ့သည်။
မိုဒီ၏ မိန့်ခွန်းသည် သိက္ခာကျခဲ့သည့်ရှုံးနိမ့်မှုအား ရှင်းလင်းစွာဝန်ခံခြင်း ဖြစ်ကြောင်း အထက်လွှတ်တော်အမတ် အာဖန်ဆီဒစ်ကျူ က လည်း ဆိုသည်။
နှစ်နိုင်ငံစလုံးကို ၎င်းတို့ အပြည့်အဝပိုင်ဆိုင်ကြောင်း ပြောကြားကြပြီး လက်တွေ့တွင် ထက်ဝက်စီသာ အုပ်ချုပ်နေကြသော ကက်ရှ်မီးယားဒေသသည် အိန္ဒိယနှင့် ပါကစ္စတန် ကြား စစ်ပွဲနှစ်ပွဲ ဆင်နွဲခဲ့ရသည့် အဓိကအကြောင်းရင်း ဖြစ်သလို တင်းမာမှုများ၏ အရင်းအမြစ်လည်း ဖြစ်သည်။
သတင်း-ရဲမင်း
ကိုးကား-CNA

image

ငိုနေတဲငါတောင်ထရီးမိ

1 y - Translate

စာကျက်ပျင်းတဲ့ ကျောင်းသားတွေ သုံးသင့်တဲ့ AI
ဒီ AI သုံးတတ်ရင် ကျောင်းစာတွေ မခက်တော့ဘူး။
ကျောင်းစာတွေ အလွတ်ကျက်ရမှာကို ဆေးခါးကြီး သောက်ရသလို ကြောက်ခဲ့တဲ့သူတွေအတွက် တော်တော်လေးကောင်းတဲ့ AI ပါ။ Google Gemini 2.0 နဲ့ ဖန်တီးထားတဲ့ Language Model ဖြစ်ပြီး လုံးဝ Free သုံးလို့ ရပါတယ်။
NotebookLM လို့ ခေါ်ပါတယ်။ နာမည်အတိုင်း မှတ်စုထုတ်တာကို AI က သူ့ဘာသာ လုပ်ပေးတဲ့ AI ပါ။ UI က ရိုးရိုးလေး ဖြစ်ပြီး သုံးရတာလည်း လွယ်ပါတယ်။ gmail အကောင့်နဲ့တင် စာတွေ note ထုတ်လို့ ရပါတယ်။
notebooklm.google.com ကို သွား Create Notebook ဖွင့်ပြီး ကိုယ်လေ့လာချင်တဲ့ စာဖိုင်တင်ပြီး အကြောင်းအရာ အနှစ်ချုပ် နဲ့ အဓိကအချက်တွေ ဆွဲထုတ်ခိုင်းနိုင်ပါတယ်။ chat ထဲမှာလည်း ကိုယ်သိချင်တဲ့ စကားလုံးဖြစ်ဖြစ် အကြောင်းအရာဖြစ်ဖြစ်လည်း ပြန်ရှင်းပြခိုင်းလို့ ရပါတယ်။
ပိုမိုက်တာက စာဖိုင်တွေကို Audio Overview နဲ့ podcast ဆန်ဆန် ဆွေးနွေးခိုင်းလို့လည်း ရတာပါ။ အခုဆို Audio Overview မှာက မြန်မာလိုပါ ပါလာတာ တော်တော်လေးကို အသုံးဝင်ပါတယ်။ default language က အင်္ဂလိပ်ဖြစ်နေလို့ မြန်မာလို နားထောင်ချင်တယ် ၊ ဆွေးနွေးချင်တယ်ဆိုရင် Settings ထဲက Output Language သွားပြောင်းရုံပါပဲ။
စာဖိုင် နဲ့ လင့်ခ်တွေ ပို့ပြီး မြန်မာလို Audio Overview ထုတ်ခိုင်းတာလည်း တော်တော်လေး အဆင်ပြေတာ တွေ့ရပါတယ်။ ရယ်စရာပါလာရင် ဟာသစွက်ပြီး ဆွေးနွေးတာ ၊ အပြန်အလှန် အချိတ်အဆက်မိမိ စကားဝိုင်းဖွဲ့သွားတာတွေက ချီးကျူးစရာ တော်တော်ကောင်းပါတယ်။ Google က ပြောသလိုဆို ဘာသာစကား ၅၀ ကျော်တောင် ရတယ်လို့ ဆိုပါတယ်။
ကိုယ်တင်တဲ့ စာဖိုင်ထဲက အကြောင်းအရာတွေကို ကျက်စရာမလိုဘဲ မှတ်မိချင်တယ်ဆိုရင် built in ပါတဲ့ mind map ကို သွား Generate လုပ်ပြီး အချက်အလက်တွေ ဆွဲထုတ်ခိုင်းရုံပါပဲ။ ပြီးရင် mind map လေး ဒေါင်းလုပ်ဆွဲပြီး စာလုပ်သွားမယ်ဆို စာကျက်ရတာ မခက်တော့ပါဘူး။
NotebookLM မှာက စာတမ်းတွေ ၊ tutorial lesson တွေကို text ဖိုင်ရော ၊ mp3 အသံဖိုင် ၊ ဝက်ဘ်ဆိုက် links နဲ့ YouTube ဗွီဒီယိုတွေကအစ အကုန်တင်ပြီး စာလုပ်လို့ ရပါတယ်။ Chat ထဲမှာ AI နဲ့ ဆွေးနွေးဖို့ Suggested လုပ်ထားတဲ့ မေးခွန်းလေးတွေလည်း အသင့်ပါပြီးသားပါ။
AI ဆီက ထုတ်ပေးတဲ့ notes တွေကို Studio ထဲမှာ save ထားပြီး ပြန်လေ့လာရင် စာလုပ်ရတာ တော်တော်လေး လွယ်သွားပါလိမ့်မယ်။ လောလောဆယ်တော့ NotebookLM က browser ကနေပဲ သုံးလို့ ရဦးမှာပါ။
သတင်းကောင်းတစ်ခုက ဒီလ ၂၀ ရက်နေ့မှာ Android နဲ့ iOS အတွက် Apps အနေနဲ့ သီးသန့်ထွက်လာတော့မယ် ဆိုတာပါ။ ဒီ AI က ကျောင်းသား ၊ ဆရာနဲ့ သုတေသနသမားတွေအတွက်တော့ ရွှေပါပဲ။

image

" သင့်ဘဝကို ပြောင်းလဲပစ်နိုင်မယ့် Happy Money ရဲ့နောက်ဆက်တွဲစာအုပ်သစ် "
" ဒီလောကမှာ ငွေရှိရုံနဲ့ မပြီးဘူး ၊ တကယ့်စစ်မှန်သော ကြွယ်ဝခြင်းနဲ့ ပျော်ရွှင်ချင်တယ်ဆိုရင် ဒီစာအုပ်ကို ဖတ်ပါ"
အမျှော်အမြင်ကြီးတဲ့ အဘိုးတစ်ဦးရဲ့ မြေးဖြစ်သူအတွက် ချန်ထားရစ်ခဲ့တဲ့ အဖိုးတန်သင်ခန်းစာ (၉)ခုနဲ့ စစ်မှန်တဲ့ကြွယ်ဝမှုရဲ့အဓိပ္ပါယ်ကို ဒီစာအုပ်ထဲမှာ အကျယ်တဝင့် လေ့လာနိုင်မှာဖြစ်ပါတယ်။
"Happy Money စာအုပ်က သင့်ကို ငွေကြေးအပေါ် အမြင်သစ်ပေးခဲ့ရင် စစ်မှန်သောကြွယ်ဝခြင်း(True Wealth) စာအုပ်က သင့်ဘဝတစ်ခုလုံးကို ပြောင်းလဲပစ်ပါလိမ့်မယ်"။
တကယ်လို့ သင်ဟာ ...
• ဘဝအဓိပ္ပါယ်ပျောက်ဆုံးနေသလို ဖြစ်နေတယ်
• ရှေ့ဆက်ဘာလုပ်ရမယ်မှန်းမသိ ဝေဝေဝါးဝါးဖြစ်နေတယ်
• ဘဝရဲ့တကယ့်အနှစ်သာရကို ရှာဖွေနေတယ်ဆိုရင် ဒီစာအုပ်က သင့်အတွက် ရည်ရွယ်ပါတယ်။
✨ ဘယ်သူတွေဖတ်သင့်သလဲ? ✨
✅ ငွေကြေးပြဿနာတွေကြားမှာ စိတ်ဖိစီးနေရသူများ
✅ ငွေကြေးရှိနေပေမယ့် စိတ်ချမ်းသာမှု မရသေးသူများ
✅ ပင်ပင်ပန်းပန်းအလုပ်လုပ်နေပေမယ့် ပျော်ရွှင်မှုမရှိလို့ အဓိပ္ပာယ်ရှိတဲ့ဘဝအတွက် ရှာဖွေနေသူများ
✅ "ဘဝပျော်ရွှင်မှု"နဲ့ "ချမ်းသာကြွယ်ဝမှု" နှစ်မျိုးလုံးကို တစ်ပြိုင်နက် လိုချင်သူများ။
📌 ဒီစာအုပ်ထဲမှာ ပိုက်ဆံရှိပေမယ့် လုံးဝမပျော်ရွှင်တဲ့သူတွေနဲ့ ပိုက်ဆံမရှိပေမယ့် အစစ်အမှန်ပျော်ရွှင်နေကြသူတွေကြားမှာ.. ဘာတွေကွာခြားချက်ရှိလဲဆိုတာကို ရှာဖွေဖော်ထုတ်ပြီး ဂျပန်နိုင်ငံက သန်းကြွယ်အဘိုးတစ်ယောက်ရဲ့ ဇာတ်လမ်းကျောရိုးလေးနဲ့အတူ စိတ်ဝင်စားဖွယ် တင်ပြထားပါတယ်။
#ဉာဏ #teamnyana
#စစ်မှန်သောကြွယ်ဝခြင်း

image
1 y - Translate

၁၀ နှစ်ကြာမှ ပြောင်းလိုက်တဲ့ Google logo
အောက်မှာ တွေ့ရမှာက ကမ္ဘာ့အကြီးဆုံးကုမ္ပဏီကြီးတစ်ခုရဲ ၁၀ နှစ်နီးပါးအကြာမှ ပြောင်းသွားတဲ့ logo ပါ။
Google က ၂၀၁၅ ကတည်းက သုံးခဲ့တဲ့ သူ့နီဝါစိမ်းပြာ G လိုဂိုကို အရောင်အကန့်အကန့်ကနေ gradient ပုံစံ ပြောင်းလိုက်တာပါ။
Pixel ဖုန်းတွေနဲ့ iOS ပေါ်မှာ ဒီ logo ပုံစံသစ်ကို တွေ့နေရပြီလို့လည်း ဆိုပါတယ်။

image

gym မှာမလုပ်သင့်သော exertcise များ