ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိနိုင်မယ့် ဒန့်သလွန်သီး
ဒန့်သလွန်သီးကလည်း လူတော်တော်များများကြိုက်နှစ်သက်ကြတဲ့ ဟင်းသီးဟင်းရွက်ပါပဲ။ ဒန့်သလွန်သီးက အာဟာရဓာတ်ပါဝင်မှုမြင့်မားတဲ့အပြင် သင့်ကိုလည်း ကျန်းမာရေးနဲ့ညီညွှတ်စေပါတယ်။ ကျွန်တော်တို့ ဒန့်သလွန်သီးကို စားသုံးဖြစ်တဲ့ပုံစံက ပဲကုလားဟင်းအနေနဲ့ ချက်စားဖြစ်ကြတာပါ။ အရည်သောက်အနေနဲ့ချက်စားဖြစ်တာများပါတယ်။ ဒန့်သလွန်သီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးကို မပြောပြခင်မှာ အာဟာရဓာတ် ဘယ်လောက်ပမာဏပါဝင်တယ်ဆိုတာကို အရင်ဆုံးမျှဝေပေးပါမယ်။
ဗီတာမင် အေ (၆.၇၈) မီလီဂရမ်
သိုင်ရာမင်း (Thiamine) (ဝ.၀၆) မီလီဂရမ်
ရီဘိုဖလာဗင် (Riboflavin) (ဝ.၀၅) မီလီဂရမ်
ဗီတာမင်စီ (၂၂၀ မိုက်ခရိုဂရမ်)
ကယ်စီယမ် (၄၄၀ မီလီဂရမ်)
ကယ်လိုရီ (၉၂)
ကာဗွန်ဟိုက်ဒရိုတ် (၁၂.၅)
အဆီ (၁.၇၀) မီလီဂရမ်
အမျှင် (ဝ.၉၀) မီလီဂရမ်
သံဓာတ် (ဝ.၈၅) မီလီဂရမ်
ပရိုတင်း (၆.၇၀) ဂရမ်
အဲဒီဓာတ်တွေအပြင် ဒန့်ဒလွန်ရွက်ကလည်း ပိုတတ်စီယမ်၊ ဇင့်၊ မဂ္ဂနီစီယမ်နဲ့ ဖော့စ်ဖရပ်စ်စတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။
အာဟာရဓာတ်ပါဝင်မှု မြင့်မားခြင်း
ဗီတာမင်ဓာတ်တွေ၊ သတ္တုဓာတ်တွေရနိုင်တဲ့ အစားအစာဆိုရင်တော့ ဒန့်သလွန်သီးပါပဲ။ ဒန့်သလွန်သီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကို ကျန်းမာရေးနဲ့ညီညွှတ်တဲ့ မုန်လာဥနီ၊ လိမ္မော်သီးနဲ့ နွားနို့တွေတောင် လိုက်မမှီပါဘူး။
အသည်းအတွက် ကောင်းခြင်း
ဒန့်သလွန်သီးက အသည်းပျက်စီးခြင်းမဖြစ်အောင် ကာကွယ်ပေးတဲ့အစားအစာဖြစ်နိုင်တယ်လို့ သုတေသီတော်တော်များများက ဆိုထားပါတယ်။ ဒန့်သလွန်သီးက အသည်းမပျက်စီးအောင် ကာကွယ်ပေးသလို ပြန်လည်ကောင်းမွန်လာအောင်လည်း ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။ အသည်းရောဂါခံစားနေရတဲ့လူနာတွေအတွက် ကောင်းပါတယ်။
အစာအိမ်ပြဿနာတွေကိုလည်း ကုသပေးနိုင်စွမ်းရှိခြင်း
အစာခြေစနစ်အတွက် ထောက်ပံ့ကူညီပေးနေတဲ့ သစ်သီးနဲ့ဟင်းသီးဟင်းရွက်တော်တော်များများရှိပါတယ်။ အဲဒီအထဲမှာမှ ဒန့်သလွန်ရွက်မှာ ပါဝင်တဲ့ အာနိသင်တွေက အစာအိမ်ပြဿနာတွေကို ကုသတဲ့နေရာမှာ အကူအညီပေးနိုင်ပါတယ်။ ဒန့်သလွန်သီးမှာ တွေ့ရှိရတဲ့ Antibacterial နဲ့ antibiotic ဓာတ်တွေက ကူးစက်ရောဂါဖြစ်စေနိုင်တဲ့ပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။
ကင်ဆာရောဂါကို ကာကွယ်ကုသပေးနိုင်ခြင်း
ဒန့်သလွန်သီးမှာ ပါဝင်တဲ့ဓာတ်တွေကလည်း ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ကုသပေးနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုထားပါတယ်။ Niazimicin ဓာတ်က ခန္ဓာကိုယ်အတွင်း ကင်ဆာဆဲလ်တွေ မတိုးပွားလာအောင် ဟန့်တားပေးနိုင်ပါတယ်။
အရိုးသန်မာခြင်း
သင့်အရိုးတွေကို ကျန်းမာသန်စွမ်းစေချင်ရင်တော့ ဒန့်သလွန်သီးက သင်စားပေးဖို့ လိုအပ်တဲ့အစားအစာပါပဲ။ သတ္တုဓာတ်ပါဝင်မှုများတဲ့အတွက် အသက်အရွယ်ရလာတာနဲ့ အရိုးအဆစ်ကျန်းမာစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ရောင်ရမ်းနာကျင်မှုကို တွန်းလှန်ပေးတဲ့အာနိသင်ပါဝင်တာကြောင့်လည်း အဆစ်ရောင်ရောဂါလို အခြေအနေမျိုးကို ကုသပေးနိုင်တဲ့အပြင် ပျက်စီးသွားတဲ့အရိုးတွေကိုလည်း ပြန်လည်ကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။
ဆီးချိုသမားအတွက် ကောင်းတယ်
ဒန့်သလွန်သီးက သွေးအတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့အတွက် ဆီးချိုသမားတွေအတွက် ကောင်းမွန်ပါတယ်။ ဆီးချိုသမားတွေက ဒန့်သလွန်ရွက်ကို ပုံမှန်စားသုံးပေးလို့ရပါတယ်။
ပန်းနာရင်ကျပ်ရောဂါကို ကုသပေးခြင်း
ဒန့်သလွန်သီးနဲ့ ထုတ်လုပ်ထားတဲ့ ဆေးတွေကို ပုံမှန်သောက်သုံးပေးတာက ပန်းနာရင်ကျပ်ရောဂါကို သက်သာသွားစေနိုင်တယ်လို့ သုတေသီတချို့က ဆိုထားပါတယ်။ ဒန့်သလွန်သီးက အဆုတ်အားကောင်းစေတဲ့အပြင် အသက်ရှုလုပ်ဆောင်ချက်တွေကိုလည်း အားကောင်းစေတယ်လို့ သိရပါတယ်။
ကလေးယူဖို့စိတ်ကူးနေတဲ့သူဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဒန့်သလွန်သီးကိုစားသုံးပေးသင့်ပါတယ်။ ရောဂါအခံရှိတဲ့သူတွေကလည်း အရင်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။

image
33 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ဂျပန်သို့ အလုပ်သမားစေလွှတ်ရာတွင် အေဂျင်စီတစ်ခုကို ၁၅ ဦးသာခွင့်ပြု
MoU နစ်ဖြင့် ဂျပန်နိုင်ငံသို့ အလုပ်သမားစေလွှတ်နေသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုစီအား တစ်လလျှင် အလုပ်သမား ၁၅ ဦးသာ တင်ပြစေလွှတ်ခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။
ယခင်က ဂျပန်လုပ်ငန်းရှင်များ၏ အလုပ်သမားခေါ်စာ (Demand Letter)ပါ အလုပ်သမားဦးရေအတိုင်း အကန့်အသတ်မရှိ တင်ပြစေလွှတ်နိုင်ခဲ့သော်လည်း ယခုကဲ့သို့ကန့်သတ်လိုက်ခြင်းကြောင့် အေဂျင်စီတစ်ခုလျှင် တစ်လအလုပ်သမား ၁၅ ဦးသာ စေလွှတ်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
အလုပ်သမားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အလုပ်ခေါ်စာ တစ်စောင်လျှင် ၁၅ ဦးထက်မပိုစေရန်နှင့် တစ်လလျှင်တစ်ကြိမ်သာတင်ပြရန်ညွှန်ကြားထားပြီးစာချုပ်ချုပ်ဆိုသည့်ရက်မတိုင်မီ ရက်သတ္တတစ်ပတ်ကြိုတင်၍ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
၂ဝ၂၅ ခုနှစ် ဇန်နဝါရီ ၃ဝ ရက်မတိုင်ခင် အလုပ်သမားခေါ်စာ (Demand Letter)တင်ပြထားသည့်အေဂျင်စီများမှာလည်း လူဦးရေ ၁၅ ဦးထက်ပိုနေပါက မတ် ၂၅ ရက်တွင် ပြင်ဆင်တင်ပြရန် ညွှန်ကြားထားပြီး ဂျပန်နိုင်ငံ၏အလုပ်ခေါ် စာအသစ်များအား မေ ၂ ရက်တွင် ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

image
33 w - Translate

✨ မိုးကုတ်သဘာဝပြောင်ခေါင်းစိမ်း ✨

#gems

image
33 w - Translate

✨ မိုးကုတ်သဘာဝပြောင်ခေါင်းစိမ်း ✨

#gems

image
33 w - Translate

✨ မိုးကုတ်သဘာဝပြောင်ခေါင်းစိမ်း ✨

#gems

imageimage
Khine Su Zin shared a post  
33 w

33 w

ရန်ဖြစ်ရင် ဘာနေနေ ဦးအောင်ချမယ့်သူနဲ့

အချက်လက်ကျကျနဲ့ ဖြေရှင်းပြီးတဖက်သားကို နာစေချင်သူများ 🥲

#lunatarot

image

အားသာချက် - ကပြာ:
အားနည်းချက် - ဘာစကာ:မှမတက်

#funny

image

တို့မေ လိမ်းပေးနေကျ ပါးပါးကြည်ကြည်လေး 🙂

image
33 w - Translate

ရန်ဖြစ်ရင် ဘာနေနေ ဦးအောင်ချမယ့်သူနဲ့

အချက်လက်ကျကျနဲ့ ဖြေရှင်းပြီးတဖက်သားကို နာစေချင်သူများ 🥲

#lunatarot

image

တစ်ခုခုဆို ငါ့ဘက်မှာ သူငယ်ချင်းတွေရှိပါတယ်လေ
မိမိသူငယ်ချင်းများ :

image