1 နှစ် - ဘာသာပြန်ပါ။

သင်္ဘောသီး ဝက်သားကျန်ရောချက်

သင်္ဘောသီးကိုအခွံခွာ ရေဆေးပြီး
အထဲကအစေ့နဲ့ အဖတ်ကလေးတွေကို
ခြစ်ထုတ်ပါ
အတုံးခပ်ကြီးကြီးလေးတွေ လှီးပါ
(အသားလှီးဓားရဲ့လက်ကိုင်အောင်ဘက်က
အသွားနဲ့ထိုးပြီးဖဲ့ပါတယ်)

ငရုတ်အစိမ်းမူန့်အနည်းငယ် ငပိအနေတော်လေး
ဆား ဟင်းခပ်မူန့် ဆနွင်းမူန့် ဆီအနည်းငယ်
ရေခပ်များများလေးနဲ့ သင်္ဘောသီးနူးအိအောင်
ချက်ပေးပါ မွှေးပေးပါ
နူးအိရင် ကျန်နေတဲ့ဝက်သားအိုးထဲကိုလှယ်ပါ
အသာအယာတစ်ချက်မွှေပါ
ရှမ်းနံနံအုပ်ပြီး မီးအေးအေးနဲ့နှပ်ပါ
ရပါပြီရှင့်

image
1 နှစ် - ဘာသာပြန်ပါ။

ကြက်ဟင်းခါးသီးနှပ်
ကြက်ဟင်းခါးသီးအလုံးကြီးနှစ်လုံး ကိုနှစ်ခြမ်းခွဲအစေ့လေးတွေထုပ်ပြီး အတုံးခပ်ကြီးကြီးလေးတွေလှီးထားပါတယ်
ပြီးရင်ရေဆေးသန့်စင်ပြီးရေစစ်ထားပါ
ကြက်သွန်ဖြူနီ နဲ့ငရုပ်သီးအရောင်တင်မုန့်လေးကိုရောထောင်းပုဇွန်ခြောက်လေးပါရောထောင်းပါ
ကျွန်မပုဇွန်ခြောက်ကိုအကောင်လိုက်လေးတွေလည်းထပ်ထည့်ပါတယ်
ပြီးရင်ချက်မဲ့အိုးထဲကိုကြက်ဟင်းခါးသီးတွေထည့်ထောင်းထားတာတွေထည့် နနွင်းမုန့်အနည်းငယ်
ဆားအနည်းငယ်ကြက်သားမုန့်အနည်းငယ်
သကြားလေးအနည်းငယ်နဲ့ခရုဆီထမင်းစားဇွန်းနှစ်ဇွန်းလောက်ထည့်ပြီးအားလုံးရောနယ်ပါ
ပြီးရင်ဆီထည့်ပါ ဆီပုံမှန်ထက်နည်းနည်းများပို
ထည့်ပါရှင်
ရေကိုကြက်ဟင်းခါးသီးမြုတ်အောင်ထည့်ပြီးအဖုံးလေးအုပ်ပြီးတည်ထားပါ
မီးအနေတော်လေးနဲ့ချက်ပါ
အဖုံးကိုခဏခဏဖွင့်မကြည့်ပါနဲ့အရောင်မလှပဲနူးတာလည်းကြာတတ်လို့
ရေမခမ်းခင်အပေါ်အောက်လေးတခါလောက်လှန်ပေးပါ
ကိုယ်ထည့်ထားတဲ့ရေနဲ့တခါတည်းကြက်ဟင်းခါးသီးတွေကနူးပြီးအိသွားရင်ရေထပ်မထည့်တော့ပဲဆီပြန်အောင်ချက်ပြီးရပါပြီ
တကယ်လိုမနူးသေးရင်နည်းနည်းထပ်ထည့်ပြီးဆီပြန်အောင်ချက်ပါရှင်

image
1 နှစ် - ဘာသာပြန်ပါ။

အပြင်သွားဖို့ သမီးအဖော်လေး ရလာပြီမို့ ဘယ်သွားသွား သမီးလေးကို ခေါ်ပြီး သွားရတာ ပျော်နေတဲ့ မေမေ အိချောပို😍❤👇
#ကြီးလာရင်တော့မေမေအပြိုင်လှနေတော့မှာ?

image
1 နှစ် - ဘာသာပြန်ပါ။

ငလျ.င်ရှော.င်ယာယီစခန်းမှာ နားခိုနေတဲ့ သားသားမီးမီးများကို အလှူငွေနဲ့ ရင်ထဲအပူတွေ ခနငြိမ်းစေဖို့ ရွှေရင်အေး.ကုသိုလ်ပြုပေးခဲ့တဲ့ ပရတိတမင်းသမီးကြီး ခိုင်နှင်းဝေ

image
1 နှစ် - ဘာသာပြန်ပါ။

Republicans on Capitol Hill reacted Monday to ABC News' exclusive reporting that Pres. Trump's administration is poised to accept a luxury jumbo jet as a gift from Qatar.
When asked about the price tag of the potential gift — an estimated $400 million — Sen. John Kennedy sidestepped the issue.
"I think we ought to follow the law, whatever that is," said the Louisiana Republican. "Well, France gave us the Statue of Liberty."
Read more: https://abcnews.visitlink.me/KMwo42

image
1 နှစ် - ဘာသာပြန်ပါ။

Several over-the-counter eye products used to treat dry and irritated eyes have been voluntarily recalled following an audit by the U.S. Food and Drug Administration.
AvKARE, a pharmaceutical distributor, issued a voluntary recall notice on its website, noting that the products are being recalled due to "manufacturing deviations" found during the FDA audit.
Read more: https://abcnews.visitlink.me/B5INwK

image

#နိုင်ငံတကာသတင်း
◼အပြန်အလှန်အခွန်များလျှော့ချရန် အမေရိကန်နှင့်တရုတ်သ‌ဘောတူ
ကမ္ဘာ့အကြီးဆုံးစီးပွားရေးနိုင်ငံကြီး နှစ်နိုင်ငံက ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်ရန် ကြိုးစားနေကြစဉ် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်စည်းကြပ် ထားသော အခွန်အကောက်များကို လောလောဆယ်လျှော့ချထားရန် သဘောတူညီလိုက်ကြကြောင်း အမေရိကန်နှင့် တရုတ်တို့က ယနေ့တွင် ပြောကြားကြသည်။
အရေးယူမှုများအား ရက် ၉၀ ကြာ ရပ်တန့်ထားရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြကြောင်းနှင့် အခွန်များ ရာခိုင်နှုန်းတစ်ရာကျော် ကျဆင်းလာပြီး ၁၀ ရာခိုင်နှုန်းသာ ကျန်ရှိမည်ဖြစ်ကြောင်း ဂျီနီဗာမြို့တွင် တရုတ်အရာရှိများနှင့် တွေ့ဆုံပြီးနောက် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ပြောကြားသည်။
နှစ်ဖက်စလုံးကို ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားအား ကောင်းမွန်စွာ ကိုယ်စားပြုခဲ့ကြကြောင်း နှင့် မျှခြေညီသော ကုန်သွယ်ရေးဖြစ်ရေးဆီသို့ အမေရိကန်က ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ဘက်ဆန့်က ဆက်ပြောသည်။
ကွဲပြားခြားနားမှုများ ကျဉ်းမြောင်းအောင်လုပ်ဆောင်နိုင်ခဲ့ကြောင်း နှစ်ဖက်စလုံးက ကြွေးကြော်ခဲ့ကြသော သီတင်းပတ်ကုန် ဆွေးနွေးပွဲများအပြီးတွင် ဘက်ဆန့်က အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆန်ဂရီယာနှင့်အတူ သတင်းသမားများအား တွေ့ဆုံခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အာဏာပြန်ရလာခဲ့ပြီး တစ်ကမ္ဘာလုံးအပေါ် ကြီးမြင့်သောအခွန်အတုပ်များကို ကြေညာခဲ့ပြီး အထူးသဖြင့် တရုတ်နိုင်ငံအပေါ် ကြီးလေးသော အခွန်များ စည်းကြပ်ခဲ့ပြီးနောက် ဂျီနီဗာအစည်းအဝေးသည် နှစ်ဖက် ထိပ်တန်းစီးပွားရေးအရာရှိကြီးများကြား ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံမှုဖြစ်သည်။
ဇန်နဝါရီလတွင် ဒုတိယအကြိမ် သမ္မတပြန်ဖြစ်လာပြီးနောက်ပိုင်း ဒေါ်နယ်ထရန့်က တရုတ်ကုန်ပစ္စည်းများအပေါ် အမေရိကန်တင်သွင်းသူများ ပေးရမည့်အခွန်အား ၁၄၅ ရာခိုင်နှုန်းအထိ ဆွဲတင်ခဲ့သည်။
တရုတ်ကလည်း အမေရိကန်လက်နက် နှင့် စားသုံးသူသုံးလျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာ၌ မရှိမဖြစ်လိုအပ်သော အချို့မြေရှားသတ္တုများတင်ပို့ခြင်းကို ရပ်တန့်ခြင်း၊ အမေရိကန်ထုတ်ကုန်များအပေါ် အခွန် ၁၂၅ ရာခိုင်နှုန်း ချမှတ်ခြင်းများဖြင့် တန်ပြန်ခဲ့သည်။
ယင်းနှင့်အတူ တစ်နှစ်လျှင် ကန်ဒေါ်လာ ၆၀၀ ဘီလီယံ အထိ ရောက်ရှိခဲ့သော နှစ်ဖက်ကုန်သွယ်ရေး ရပ်တန့်လုနီးပါး ဖြစ်ကာ ၊ ထောက်ပံ့‌ရေးကွင်းဆက်များ ပြတ်တောက်ခြင်း၊ စီးပွား တန့် ငွေကြေးဖောင်းပွမှုအပေါ်စိုးရိမ်မှုများ ၊ အလုပ်သမားလျှော့ချခြင်းများ ဖြစ်ပေါ်လာခဲ့သည်။
အမေရိကန်-တရုတ်ဆွေးနွေးပွဲများကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားကျကပ်ကို ရှောင်လွှဲနိုင်မည်ဟူသော မျှော်လင့်ချက်များကို မြင့်တက်လာခဲ့ပြီးနောက် ငွေကြေးဈေးကွက်များလည်း အခြေအနေပြန်ကောင်းလာခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image
1 နှစ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ငလျင်လှုပ်ခတ်ခြင်းကြောင့်ယာယီပိတ်ထားသည့် မန္တလေးပြည်သူ့ဆေးရုံရှိကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်
ငလျင်လှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးနောက် ယာယီပိတ်ထားရသည့်မန္တလေးပြည်သူ့ဆေးရုံရှိကိုးထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ပြုပြင်ရေးအပိုင်းတွင်ပါဝင်ကူညီခဲ့သည့် ဧရာဝတီဖောင်ဒေးရှင်းက သတင်းထုတ်ပြန်သည်။
အဆိုပါအထွေထွေရောဂါကု ကိုးထပ်ဆောင်ကို ဧရာဝတီဖောင်ဒေးရှင်းမှ အင်ဂျင်နီယာနှင့်ကျွမ်းကျင်လုပ်သား ၂၀၀ ကျော်တို့က သက်ဆိုင်ရာဆရာဝန်၊ ဆရာမများနှင့်အတူ ပြီးခဲ့သည့်ဧပြီ ၃၀ ရက်မှ စတင်ကာ အပျက်အစီးများရှင်းလင်းခြင်း၊ ပျက်စီးခဲ့သည့်အစိတ်အပိုင်းများပြုပြင်မွမ်းမံခြင်း၊ လိုအပ်သည့် အဲယားကွန်းများဖြည့်စွက်တပ်ဆင်ခြင်း၊ M&E လုပ်ငန်းများစစ်ဆေးပြုပြင်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကိုတာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့်မတ်လ ၂၈ ရက်၊ ငလျင်လှုပ်ခတ်သည့်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံရှိ ၁၀ ထပ်ဆောင်၊ ကိုးထပ်ဆောင်၊ ရှစ်ထပ်ဆောင်၊ သုံးထပ်ဆောင် စသည့်အထပ်မြင့်အဆောက်အဦများမှလူနာများကို ဆေးရုံရှေ့ကွက်လပ်များရှိကားပါကင်များသို့ ယာယီပြောင်းရွှေ့ခဲ့ရကြောင်း၊ ယင်းနောက် လူနာများအားသက်ဆိုင်ရာလူနာဆောင်များသို့ပြန်ပို့ရာတွင် ထိခိုက်ပျက်စီးမှုမရှိသည့် တစ်ထပ်ဆောင်၊ နှစ်ထပ်ဆောင်နှင့် သုံးထပ်ဆောင်များသို့ပြောင်းရွှေ့ကုသပေးခဲ့ရကြောင်း၊ ထပ်မံရောက်ရှိလာသည့် ငလျင်ဒဏ်သင့်လူနာများကိုလည်း အရေးပေါ်ကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီးက သတင်းမီဒီယာတစ်ခုနှင့်အင်တာဗျူးတွင်ဖြေကြားခဲ့သည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - ဧရာဝတီဖောင်ဒေးရှင်း/FB

image
1 နှစ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ကန်ချနာဘူရီတွင်တရားမဝင် ဝင်ရောက်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင် စန်းခလာဘူရီတွင် မေ ၁၁ ရက်က တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၂ ဦးကို ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရသိရသည်။
နယ်စပ်ဒေသမှ တရားမဝင်ဖြတ်ကျော်မှုများရှိကြောင်း သတင်းများရရှိပြီးနောက် Surasee Task Force နှင့် နယ်စပ်လုံခြုံရေးအဖွဲ့က စစ်ဆေးနေစဉ် မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဝမ်ဂါမြို့နယ်ခွဲ ဘန်ဒေါင်းစက်အနီးတွင် တွေ့ရှိခဲ့ပြီး ၎င်းတို့အားလုံးတရားဝင်မှတ်ပုံတင် စာရွက်စာတမ်းများ မပါရှိကြောင်းသိရသည်။
လုံခြုံရေးအဖွဲ့စစ်ဆေးမှုများအရ မြန်မာ ၂၂ ဦးသည် စစ်ဆေးရေးဂိတ်များကိုရှောင်ရှားရန်အတွက် မြန်မာနိုင်ငံဘုရားသုံးဆူမှ မော်တော်ဆိုင်ကယ်များဖြင့် တောလမ်းကြောင်းများအတိုင်း ခရီးနှင်ခဲ့ကြောင်း သိရသည်။
၎င်းတို့သည် ထိုင်းနိုင်ငံအတွင်းသို့ ဆက်လက် သယ်ယူပို့ဆောင်ပေးမည့်လှေကို စောင့်ဆိုင်းနေကြောင်း၊ ကန်ချနာဘူရီနှင့် စမွတ်ဆာခွန်တို့တွင် အလုပ်လုပ်ရန် သွားရောက်ကြမည့်သူများဖြစ်ကြောင်း၊ ပွဲစားများရောက်ရှိချိန်တွင် ဘတ်ငွေ ၁၅ဝဝဝ မှ ၂ဝဝဝဝ အထိပေးရန် သဘောတူထားကြောင်း သိရသည်။
မြန်မာနိုင်ငံသား ၂၂ ဦးကို ဥပဒေအရ ဆောင်ရွက်နိုင်ရန် စန်းခလာဘူရီရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး တရားမဝင် ဝင်ရောက်မှုကို ကူညီဆောင်ရွက်ပေးသူများကို ဖော်ထုတ်ရန် ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - ဗန်ကောက်ပို့စ်

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ကာတာ၏ ဘိုးအင်း ၇၄၇-၈ လက်ဆောင်ကို လက်ခံရယူရန် ဒေါ်နယ်ထရန့်စီစဉ်ထား
ကာတာစော်ဘွား မိသားစုကလက်ဆောင်အဖြစ် ပေးအပ်မည့် ဘိုး အင်း-၇၄၇-၈ အမျိုးအစား လေယာဉ်သစ်တစ်စင်းကိုလက်ခံရယူရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က စီစဉ်ထားကြောင်း မေ ၁၁ ရက် သတင်းများတွင်ရေးသားတင်ပြထားသည်။
ကာတာစော်ဘွားမိသားစု၏ လက်ဆောင် အဆိုပါ ဘိုးအင်းလေ ယာဉ်ကို အမေရိကန်သမ္မတများအသုံးပြုသည့် အဲဖို့စ်ဝမ်းသမ္မတစီး လေယာဉ်အဖြစ် ပြောင်းလဲအသုံးပြုရန် အမေရိကန်အစိုးရက စီစဉ်ထားကြောင်း သိရသည်။
ယင်းလေယာဉ်ကို အဲဖို့စ်ဝမ်းလေယာဉ်အဖြစ် အသုံးပြုပြီးပါက သမ္မတ ဒေါ်နယ်ထရန့်ရာထူးမှ အနားယူပြီးနောက်ပိုင်းတွင် ၎င်း၏ သမ္မတစာကြည့်တိုက်အတွက် လှူဒါန်းရန်စီစဉ်ထားကြောင်း အမေရိကန်အစိုးရ သတင်းအရင်းအမြစ်များက ပြောကြားထားသည်။
ကာတာစော်ဘွားမိသားစု၏ လက်ဆောင်ဘိုးအင်းလေယာဉ်သည် တစ်စင်းလျှင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့်ရှိရာ အမေရိကန်အစိုးရ လက်ခံရရှိခဲ့ဖူးသမျှ လက်ဆောင်များအနက် အဖိုးအထိုက်တန်ဆုံး လက်ဆောင်များထဲတွင် တစ်ခုအပါအဝင် ဖြစ်လာလိမ့်မည်ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်ယခုသီတင်းပတ်အတွင်း ကာတာနိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းဒေသရှိ ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ကာတာဘုရင့်မိသားစုကလက်ဆောင်ပေးမည့် ဘိုးအင်း-၇၄၇-၈ လေယာဉ်ကို ကာတာနိုင်ငံ၌ သမ္မတဒေါ်နယ်ထရန့် ရောက်ရှိနေချိန်တွင် လွှဲပြောင်းပေးအပ်ခြင်း၊ လက်ခံရယူခြင်းများ ပြုလုပ်ဦးမည်မဟုတ်ကြောင်း အမေရိကန်အစိုးရ သတင်းအရင်းအမြစ်များက ပြောကြားထားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် သမ္မတရာထူးကို ပထမ အကြိမ်ရယူထားစဉ်ကာလအတွင်း အဲဖို့စ်ဝမ်းလေယာဉ်များအဖြစ် အသုံးပြုမည့်ဘိုးအင်း-၇၄၇-၈ လေယာဉ်သစ်နှစ်စင်း လွှဲပြောင်းပေးအပ်မှုလုပ်ငန်း နှောင့်နှေးကြန့်ကြာမှုအတွက် စိတ်ပျက်ကြောင်း ပြသခဲ့ဖူးသူဖြစ်သည်။
ရိုက်တာ

image