41 ပတ် - ဘာသာပြန်ပါ။

နွေရာသီရဲ့အပူဒဏ်ကိုဘယ်လိုကာကွယ်ကြမလဲ
အခုလိုပူပြင်းတဲ့နွေရာသီကိုရောက်လာရင် အပူဒဏ်ကြောင့်များစွာစိတ်ညစ်ရပါတယ်။အပြင်သွားခါနီး အဝတ်အစားဝတ်တာကအစ အိမ်မှာနေတာအဆုံး ချွေးထွက်များရင်စိတ်အတော်ကိုညစ်ရတာပါ။ဒါကြောင့်ဘယ်လို နည်းလမ်းလေးတွေနဲ့ကာကွယ်ရမလဲ ဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။

၁။ ရေများများသောက်ပါ
အဓီကအရေးကြီးဆုံးအချက်တစ်ခုဟာရေများများသောက်ဖို့ပါပဲ။ရေသောက်များလို့အကျိုးမဲ့စေတာမရှိပါဘူး ကုန်ဆုံးသွားတဲ့ချွေးဓာတ်တွေကြောင့် ရေကိုမဖြစ်မနေကိုသောက်သုံးပေးဖို့လိုအပ်ပါတယ်။
• ရေဓာတ်ခမ်းခြောက်ခြင်း (Dehydration) မဖြစ်အောင် တစ်နေ့ကို အနည်းဆုံး ၂-၃ လီတာ ရေသောက်ပါ။
• အချိုရည်နဲ့ ကဖင်းဓာတ်များတဲ့ အအေးတွေထက် သန့်ရှင်းသောရေ၊ သစ်သီးဖျော်ရည် (ဥပမာ သံပုရာရည်,ရာသီပေါ်သီးနှံတွေနဲ့ဖျော်ထားတဲ့ဖျော်ရည်) ကို ပိုသောက်ပါ။

၂။ သင့်တော်သော ပွပွယောင်းယောင်းအဝတ်အစားများဝတ်ပါ
• ပွပွချောင်ချောင်၊ဒါမှမဟုတ် အဖြူရောင် (သို့) အရောင်ဖျော့ဖျော့ အဝတ်တွေက နွေရာသီအတွက် သင့်တော်ပါတယ်။အပူစုပ်တဲ့ အရောင်တောက်တောက်တွေ၊အမဲရောင်၊ကျပ်လွန်းတဲ့အဝတ်အစားတွေကိုရှောင်ရပါမယ်
• ချည်သား၊ လီနင်သား လို လေဝင်လေထွက်ကောင်းတဲ့ အထည်တွေကို ရွေးချယ်ဝတ်ဆင်ပါ။

၃။ အေးမြသော အစားအစာများစားပါ
• သခွားသီး၊ ဖရဲသီး၊ သံပုရာသီး သ ‌ေင်္ဘာသီး ရေဓာတ်ပြည့်ဝတဲ့ အသီးအနှံတွေ စားပေးရပါမယ်။
• အပူအစပ်နဲ့ အဆီများတဲ့ အစားအစာတွေ ဥပမာ- ခေါက်ဆွဲအစပ်တွေ၊ငရုပ်သီးနဲ့လုပ်ထားတဲ့အစားစားတွေ ကို ရှောင်ပါ။
၄။ အပူဒဏ်ကို ရှောင်ပါ
• နေ့လည် ၁၁:၀၀ မှ ၄:၀၀ အထိ နေပူထဲ အလုပ်လုပ်ခြင်း၊ လမ်းလျှောက်ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။ ခရမ်းလွန်ရောင်ခြည် (UV) ကာကွယ်သည့် နေကာမျက်မှန်၊ ဦးထုပ်နဲ့ အဝတ်အစားတွေ ဝတ်ဆင်ပါ။ အေးမြတဲ့အရိပ်ရှိတဲ့အပင်အောက် ဒါမှမဟုတ် အရိပ်ကောင်းကောင်းရတဲ့နေရာအောက်မှာ အလုပ်လုပ်ပါ
• အပြင်သွားရင် ထီး၊ ဦးထုပ် ဆောင်းပါ။ SPF 30+ ပါဝင်တဲ့ ဒါမှမဟုတ် အဲ့ထက်မြင့်တဲ့ နေလောင်ကာခရင်မ် (Sunscreen) ကို အသုံးပြုပါ။ မဖြစ်မနေအပြင်ထွက်ရင်လိုအပ်တဲ့အကာကွယ်တွေဆောင်သွားပါ။
၅။ အိမ်/အခန်းကို အေးမြအောင်ထားပါ
• မနက်ခင်း/ညနေ လေအေးပေးစက်ဖွင့်ပါ မရှိရင် ပြတင်းပေါက်ဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင်လုပ်ပါ။မနက်ပိုင်းမှာရေဖြန်းထားပေးပါ။
• အခန်းအပူချိန် ၂၄-၂၆°C အတွင်း ထိန်းထားပါ။
• သင်ပင်တွေကဒီနေရာမှာအကျိုးပြုပါတယ် ဒါကြောင့် အပင်များများစိုက်ပါ။
နွေရာသီကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ! ☀️💦

image

blade runner 2049

41 ပတ် - ဘာသာပြန်ပါ။

အိုကေပါ

image
41 ပတ် - ဘာသာပြန်ပါ။

ထွက်ထားတာတော့နည်းနည်းကြာပြီဆိုပေမယ့် အခုမှကြည့်ဖြစ်လို့ပါ။ အိန္ဒိယကားတွေအခုမှပြန်ကြည့်ဖြစ်တဲ့အထဲမှာမှ အပြောင်းအလဲလေးဖြစ်နေတဲ့ကားပေါ့။ သိပ္ပံခေတ်လွန်ဆန်ဆန်ရုပ်ရှင်တွေဟာ Bollywoodမှာမြင်ရခဲတဲ့အပြင် ရိုက်လိုက်တဲ့ကားတွေဆိုလည်း failတာများပါတယ်။ Actorတွေရှယ်သုံးထားရင်တောင်CGIများများသုံးရတဲ့ဇာတ်ကားတွေမှာ CGI တွေဂွမ်းနေရင် ပရိသတ်ကလက်မခံကြတာမ​ျားလာပါတယ်။ ပရာဘတ်စ်အရှေ့မှာထွက်ခဲ့တဲ့ရာမကားဆိုတော်တော်ကြီးကို ဂွမ်းတာပါ။ဒါပေမဲ့ဒီကားကတော့ Marvel DCတို့ရဲ့စံနူန်းတွေနဲ့အပြည့်အဝမယှဥ်ပဲ နည်းနည်းတထစ်ချပြီးကြည့်မယ်ဆိုရင်တော့တော်တော်ကြီးအဆင်ပြေတယ်လို့ပြောရပါမယ်။CGI တွေ effectတွေသုံးထားတာတော်တော်အဆင်ပြေပြီး Doom vibeဆန်ဆန်ကိုမှ madmax styleလေးပါပြီး အိန္ဒိယ ပုံစံနဲ့နတ်ဘုရားတွေရဲ့တန်ခိုးစွမ်းအားတွေကိုချိတ်ဆက်ထားတဲ့ပုံစံမျိုးပါ။ ဇာတ်လမ်းလည်းကောင်းမွန်ပြီး အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ပရာဘတ်စ် ၊အမီတာဘဂျမ်း၊ဒီပိီကား တို့ထက် ဗီလိန်နေရာကလာမယ့် ကမားလ်ဟာစန်ကပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။ မကြိုက်တာကတော့ထုံးစံအတိုင်း ဖိုက်တင်ခန်းတွေကအိုဗာဖြစ်နေတာရယ်နဲ့ဇာတ်ကောင်တွေရဲ့ချိတ်ဆက်မူကို 1မှာသေချာမပြသွားတာရယ်ပါ။ Kalki 3အထိထွက်မှာဖြစ်ပြီး လက်ရှိမှာတော့ ကုဋေ၁၀၀၀ကေျာ်ရထားတဲ့ရုပ်ရှင်တခုလည်းဖြစ်လို့ ကြည့်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။

image
41 ပတ် - ဘာသာပြန်ပါ။

Budget $150M သုံးပြီး Globally အနေနဲ့ $700M ပြန်ရနေတဲ့ " A Minecraft Movie " 🤩 အမှန်အတိုင်းဆို အခုလောက်ထိ ဝင်ငွေရမယ်လို့ မင်မင်ထင်မထားဘူး။ Part (2)(3) တွေနဲ့ ရေခပ်ကြအုံးမယ် ထင်ပါတယ်။ 😁

image

#cute

41 ပတ် - ဘာသာပြန်ပါ။

ပေါ့ပေါ့ပါးပါးနဲ့ အပျင်းလည်းပြေ အိန္ဒိယအချစ်ဇာတ်ကားလေးကြည့်ချင်တဲ့မိတ်ဆွေတို့အတွက် 14Days Girlfriend Intloဆိုတဲ့ဇာတ်ကားလေးကို မိတ်ဆက်ပေးလိုက်ပါတယ်။
လူငယ်သဘာဝ Dating Appတစ်ခုကနေ သိလာတဲ့ ဟာရှာနဲ့ အဟာနာတို့ဟာ စကားပြောရင်းပြောရင်းနဲ့ အချင်းချင်းသံယောဇဉ်တွေတွယ်လာကြပါတယ်။ တစ်ရက်တော့ အဟာနာရဲ့ မိဘတွေဟာ ခရီးရှည်ထွက်စရာရှိတာမို့ အိမ်မှာမိဘတွေမရှိတုန်း ပါတီပွဲလုပ်ပါတော့တယ်။ အဲ့ပါတီကိုလည်း ဟာရှာကို လာဖို့ဖိတ်ထားပါတယ်
ဒီလိုနဲ့ အဲ့ညမှာပဲ အပျိုလူပျိုသဘာဝ ဟာရှာနဲ့ အဟာနာဟာ အတူနေမိသွားပါတယ်။ မနက်ရောက်တော့ ခရီးရှည်ထွက်သွားတဲ့ အဟာနာရဲ့မိဘတွေဟာ ရုတ်တရက်ကြီးအိမ်ပြန်ရောက်လာပါတယ်။ အဲ့လိုနဲ့ အဟာနာ့ရဲ့ အခန်းထဲမှာရှိနေတဲ့ ဟာရှာဟာ အပြင်ထွက်မရဖြစ်ပြီး အခန်းထဲမှာပဲ ပိတ်မိ နေပါတော့တယ်။ ကွန်ဒိုတိုက်ခန်းဖြစ်လို့ အိမ်တံခါးတစ်ခုတည်းနေပဲ အပြင်ထွက်လို့ရတာမလို့ ဟာရှာအတော်လေးတိုင်ပတ်နေပါတယ်။ ဒီအခန်းကျဉ်းကျဉ်းလေးထဲမှာ အဟာနာ့မိဘတွေတွေအောင် ဟာရှာနဲ့ အဟာနာ ဘယ်လိုရှောင်တိမ်းကြမလဲဆိုတာကို ရင်သပ်ရှုမောစွာနဲ့ပဲ ဒီကာလေးထဲမှာ ခံစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်ကာလကြီးဖြစ်တာမို့ အဟာနာတို့မိသာစုတစ်ခုလုံး ကွာရန်တင်းဝင်ဖို့ အကြောင်းဖန်လာပါတယ်။ အဟာနာတို့ ကွာရန်တင်းဝင် နေတဲ့ ၁၄ရက်လုံးမှာ အဟာနာရဲ့ အမေဟာ သူ့ရဲ့အိမ်ကိုစိတ်မချလို့ဆိုပြီး အပြင်ကနေပါ တံခါးကိုသော့ခတ်ထားခဲ့ပါသေးတယ်။ အဲ့လိုနဲ့ ဟာရှာဟာ အဟာနာ့ရဲ့အိမ်မှာ ၁၄ရက်လုံး နေဖို့ဖြစ်လာပါတော့တယ်။ အဲ့၁၄ရက်အတွင်းမှာ ဟာရှာ ဘယ်လို Surviveဖြစ်အောင်နေသွားမလဲဆိုတာကိုလည်း ဟာသလေးတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
ကိုဗစ်နဲ့တင်မပြီသေးဘဲ ကံအကြောင်းမလှစွာနဲ့ပဲ အဟာနာ့မှာ ကိုယ်ဝန်ရှိလာပြန်ပါတယ်။ ဒီကိုယ်ဝန်ကိစ္စကိုလည်း ဟာရှာနဲ့ အဟာနာတို့နှစ်ဦး ဘယ်လိုတိုင်ပင်ဖြေရှင်းသွားမလဲ၊ ဆုံးဖြတ်ချက် တွေချသွားမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ အသေးစိတ်ကြည့်ရှုလိုက်ကြပါတော့နော်။

image
41 ပတ် - ဘာသာပြန်ပါ။

" Supergirl: Woman Of Tomorrow " အတွက် LOGO ပါ။ 80th Style မျိုးသွားထားတာပါ။ 😎

image
41 ပတ် - ဘာသာပြန်ပါ။

စစ်ကိုင်းငလျင်ဘေး စစ်ကောင်စီနောက်ဆုံးထုတ်ပြန်ချက် သေဆုံး/ဒဏ်ရာရစာရင်း

image

#နိုင်ငံတကာသတင်း
◼အမေရိကန် နှင့် အခွန်ကိစ္စဆွေးနွေးညှိနှိုင်းမှုများကို ရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းဝန်ကြီးချုပ်ပြောကြား
အရေးကြီးသောကိစ္စရပ်များအား ပြန်လှန်သုံးသပ်ရန် အမေရိကန် က တောင်းဆိုခဲ့ပြီးနောက် ကြီးလေးသောအခွန်များနှင့်ပတ်သက်၍ ဝါရှင်တန်နှင့် ထိုင်းနိုင်ငံတို့ကြား ညှိနှိုင်းဆွေးနွေးမှုများအား ရွှေ့ဆိုင်းထားလိုက်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်က ယနေ့တွင်ပြောကြားလိုက်သည်။
တွေ့ဆုံပွဲ နေ့ရက်အသစ်ကို စီစဉ်နေကြကြောင်း ပေထုန်တန်က ပြောကြားပြီးယခင် သတ်မှတ်ထားသော နေ့မှာ ဧပြီ ၂၃ ရက် ဖြစ်ကြောင်းသိရသည်။
ထိုင်းနိုင်ငံသည် အမေရိကန်အခွန်စည်းကြပ်မှုများ အများဆုံးချမှတ်ခံရသော အရှေ့တောင်အာရှနိုင်ငံများတွင် ပါဝင်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အမေရိကန်၏အခွန်စည်းကြပ်မှု ဆိုင်းငံ့ထားခြင်းများ ဇူလိုင်လတွင် သက်တမ်းမကုန်ဆုံးမီ အခွန်လျှော့ပေါ့ပေးရေးကို မညှိနှိုင်းနိုင်ပါက ၃၆ ရာခိုင်နှုန်း စည်းကြပ်မှုနှင့် ရင်ဆိုင်နေရသည်။
“ကျွန်မတို့က နှေးကွေးလွန်းနေတာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ အခွန်စည်းကြပ်မှုအပါအဝင် အရေးကြီးတဲ့ကိစ္စတွေကို ပြန်လှန်သုံးသပ်နေတာပါ။ ကျွန်မတို့ရဲ့ အခွန်တွေကိုလည်း သင့်တော်သလို ပြန်ညှိပေးသွားပါမယ်။” ဟု ပေထုန်တန် က ပြောကြားပြီး ထိုင်းစိုက်ပျိုးရေးထုတ်ကုန်များနှင့် အခြားသွင်းကုန်များကို လေ့လာဆန်းစစ်နေကြောင်း ဆက်ပြောသည်။
အမေရိကန်သည် ယမန်နှစ်က ထိုင်းနိုင်ငံ၏ အကြီးဆုံးပြည်ပတင်ပို့မှုဈေးကွက် ဖြစ်ခဲ့ကာ ထိုင်းနိုင်ငံမှတင်ပို့မှုစုစုပေါင်း၏ ၁၈ ဒသမ ၃ ရာခိုင်နှုန်းကို လက်ခံခဲ့ပြီး ထိုင်းနိုင်ငံက ဝင်ငွေအမေရိကန်ဒေါ်လာ ၅၄ ဒသမ ၉၆ ဘီလီယံ ရရှိခဲ့သည်။
ထိုင်းနိုင်ငံနှင့်ကုန်သွယ်မှုတွင် မိမိတို့ဘက်၌ ဒေါ်လာ ၄၅ ဒသမ ၆ ဘီလီယံ လိုငွေ ပြသခဲ့ကြောင်း ဝါရှင်တန်က ပြောသည်။
“ကျွန်မတို့က ပညာရှင်တွေ ၊ အခြားသက်ဆိုင်သူတွေနဲ့လည်း တိုင်ပင်နေပြီး ဒီလိုအခြေအနေမှာ အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းအကျိုးစီးပွားတွေကို အတတ်နိုင်ဆုံး ကာကွယ်နေပါတယ်။” ဟု ပေထုန်တန် က ပြောကြားကာ ညှိနှိုင်းဆွေးနွေးမှုများမှာ နှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းသင့်ကြောင်း ၎င်းက ဆက်ပြောသည်။
ထိုင်းဆန် နိုင်ငံခြားတင်ပို့မှုများသည် ပထမသုံးလပတ်တွင် ၃၀ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီး အခွန်စည်းကြပ်မှုများကြောင့် တစ်နှစ်ပတ်လုံးတင်ပို့ရန် လျာထားသည့် တန်ပေါင်း ၇ ဒသမ ၅ သန်း ထက် များစွာလျော့နည်းနိုင်ကြောင်း ထိုင်းဆန် နိုင်ငံခြားတင်ပို့ရေးအစည်းအရုံးက ပြောကြားသည်။
ပြီးခဲ့သည့်နှစ်တွင် ထိုင်းနိုင်ငံက ဆန်တန်ချိန်သန်းပေါင်း ၉ ဒသမ ၉၄ တန်အား နိုင်ငံခြားသို့ တင်ပို့ခဲ့ပြီး ဘတ်ငွေ ၂၂၅ ဒသမ ၆၅ ဘီလီယံ ရရှိခဲ့ကာ အမေရိကန်နိုင်ငံက တတိယမြောက် အများဆုံး ဝယ်ယူသည့်နိုင်ငံဖြစ်သည်။
နှစ်နိုင်ငံကြားဆွေးနွေးမှုများကို ရွှေ့ဆိုင်းထားလိုက်သော်လည်း အောက်ခြေလုပ်ငန်းအဆင့်တွင် ဆွေးနွေးမှုများ ဆက်ရှိနေကြောင်း ထိုင်းဘဏ္ဍာရေးဝန်ကြီး ပီချိုင်း ချွန်ဟာဗာဂျီရာက ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား- Reuters

image