ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အံ့အားသင့်ဖွယ်အစီရင်ခံစာတခုတွင် 'တရုတ်သူလျှို' များသည် ကျော်ကြားသော အမေရိကန်တက္ကသိုလ်သို့ ကျယ်ကျယ်ပြန့်ပြန့်စိမ့်ဝင်နေသည်။
တရုတ်ကွန်မြူနစ်ပါတီမှ သူလျှိုများ၏ သြဇာလွှမ်းမိုးမှုကို စတန်းဖို့ဒ်တက္ကသိုလ်မှ အစီရင်ခံစာတွင် ကျောင်းသားသတင်းစာက ထောက်လှမ်းရေးစုဆောင်းရန် နိုင်ငံတစ်ဝှမ်းရှိ ဂုဏ်သိက္ခာရှိသော အဖွဲ့အစည်းနှင့် အခြားတက္ကသိုလ်များကို စိမ့်ဝင်နေဖွယ်ရှိသည်ဟု ဖော်ပြခဲ့သည်။
မေလ၁၃ရက်နိုင်ငံတကာသတင်းတိုများ
၁။ဗြိတိန်ဝန်ကြီးချုပ်စတာမာ၏အိမ်ကိုမီးရှိသူဟုသံသယရှိသူအသက်၂၁နှစ်အရွယ်အမျိုးသားတစ်ဦးကိုဖမ်းဆီးလိုက်ကြောင်းဗြိတိန်ရဲကကြေညာသည်။
၂။အမေရိကန်သမ္မတထရမ့်သည်သူ၏အရှေ့အလယ်ပိုင်းခရီးစဥ်အဖြစ်ဆော်ဒီနိုင်ငံရီယာ့ဒ်မြိုသိုယနေ့ရောက်ရှိပြီးဆော်ဒီအိမ်ရှေ့မင်းသားနှင့်တွေ့ဆုံဆွေးနွေးသည်။
၃။အမေရိကန်သမ္မတထရမ့်ကဆော်ဒီတွင်လက်ခံတွေ့ဆုံမည့် ISISအကြမ်းဖက်ခေါင်းဆောင်အဖြစ်မှဆီးရီးယားသမ္မတဖြစ်လာသူအယ်လ်ရှာရာသည်အမေရိကန်ကယခုအချိန်အထိအကြမ်းဖက် သမားစာရင်းသွင်းထားသူဖြစ်ကြောင်းThe Timesသတင်းစာကဖော်ပြလိုက်သည်။
၄။လစ်ဗျားနိုင်ငံတည်ငြိမ်ရေးအတွက်လစ်ဗျားအစိုးရကငွေကြေးထောက်ပံ့ထားသောပြည်သူ့စစ်ခေါင်းဆောင်အက်ဘက်ဂါရီအယ်လ်ကစ်ကလီသည်ယနေ့ထရီပိုလီမြိုတော်ပစ်ခတ်မှုတစ်ခုအတွင်းသေဆုံးသွားသည်။
၅။အယ်လ်ဂျာဇီးယားရုပ်သံသည်ပါလက်စတိုင်းနယ်မြေတွင်ထုတ်လွှင့်ခွင့်ပြန်လည်ရရှိပြီဖြစ်ကြောင်းသတင်းဌာနအကြီးအကဲကကြေညာသည်။
NOM
မေလ၁၃ရက်နိုင်ငံတကာသတင်းတိုများ
၁။ဗြိတိန်ဝန်ကြီးချုပ်စတာမာ၏အိမ်ကိုမီးရှိသူဟုသံသယရှိသူအသက်၂၁နှစ်အရွယ်အမျိုးသားတစ်ဦးကိုဖမ်းဆီးလိုက်ကြောင်းဗြိတိန်ရဲကကြေညာသည်။
၂။အမေရိကန်သမ္မတထရမ့်သည်သူ၏အရှေ့အလယ်ပိုင်းခရီးစဥ်အဖြစ်ဆော်ဒီနိုင်ငံရီယာ့ဒ်မြိုသိုယနေ့ရောက်ရှိပြီးဆော်ဒီအိမ်ရှေ့မင်းသားနှင့်တွေ့ဆုံဆွေးနွေးသည်။
၃။အမေရိကန်သမ္မတထရမ့်ကဆော်ဒီတွင်လက်ခံတွေ့ဆုံမည့် ISISအကြမ်းဖက်ခေါင်းဆောင်အဖြစ်မှဆီးရီးယားသမ္မတဖြစ်လာသူအယ်လ်ရှာရာသည်အမေရိကန်ကယခုအချိန်အထိအကြမ်းဖက် သမားစာရင်းသွင်းထားသူဖြစ်ကြောင်းThe Timesသတင်းစာကဖော်ပြလိုက်သည်။
၄။လစ်ဗျားနိုင်ငံတည်ငြိမ်ရေးအတွက်လစ်ဗျားအစိုးရကငွေကြေးထောက်ပံ့ထားသောပြည်သူ့စစ်ခေါင်းဆောင်အက်ဘက်ဂါရီအယ်လ်ကစ်ကလီသည်ယနေ့ထရီပိုလီမြိုတော်ပစ်ခတ်မှုတစ်ခုအတွင်းသေဆုံးသွားသည်။
၅။အယ်လ်ဂျာဇီးယားရုပ်သံသည်ပါလက်စတိုင်းနယ်မြေတွင်ထုတ်လွှင့်ခွင့်ပြန်လည်ရရှိပြီဖြစ်ကြောင်းသတင်းဌာနအကြီးအကဲကကြေညာသည်။
NOM
"ဇလင်စကီးသည်ပူတင်နှင့်တိုက်ရိုက်ဆွေးနွေးပွဲကိုလက်လွှတ်မခံသင့်ဟုဗြိတိန်အလုပ်သမားပါတီခေါင်းဆောင်ကပြော"
( ဘာသာပြန်ဆောင်းပါး)
ယူကရိန်းသမ္မတဇလင်စကီးသည် ရုရှားသမ္မတပူတင်၏ တိုက်ရိုက်ဆွေးနွေးပွဲ ပြန်လည်စတင်ရန် အဆိုပြုချက်ကို အခွင့်အရေးအဖြစ် အသုံးချသင့်ကြောင်း၊ အကြောင်းမှာ ယူကရိန်းသည်"နယ်ပယ်အားလုံးတွင် ရှုးနိမ့်နေသော အခြေအနေ" ရှိနေသောကြောင့်ဖြစ်သည်ဟု ဗြိတိန်အလုပ်သမားပါတီခေါင်းဆောင် ဂျော့ချ် ဂယ်လိုဝေးက ပြောကြားခဲ့သည်။
တနင်္ဂနွေနံနက်စောစောတွင် ရုပ်မြင်သံကြားမှ ပြုလုပ်သော မိန့်ခွန်းတစ်ခုတွင် ပူတင်က ယူကရိန်းအား "၂၀၂၂ ခုနှစ်က သူတိုချိုးဖျက်ခဲ့သော ဆွေးနွေးပွဲများကို မည်သည့်ကန့်သတ်ချက်မျှမထားဘဲ ပြန်လည်စတင်ရန်" အခွင့်အလမ်းပေးခဲ့ပြီး အစ္စတန်ဘူလ်တွင် ကြာသပတေးနေ့၌ ဆွေးနွေးပွဲများ ပြုလုပ်နိုင်ကြောင်း အဆိုပြုခဲ့သည်။
တနင်္လာနေ့တွင် RT နှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ဂယ်လိုဝေးက "သူ၏ ဥရောပမိတ်ဆွေများက သမ္မတဇယ်လင်စကီးအား အမေရိကန်သမ္မတဒေါ်နယ်ထရမ်ပ်က ပြောခဲ့သကဲ့သို ဤအခွင့်အလမ်းကို လက်မလွှတ်သင့်ကြောင်း မပြောခဲ့သည်မှာ ဝမ်းနည်းစရာပါ" ဟု ပြောကြားခဲ့သည်။ ဗြိတိန်လွှတ်တော်အမတ်ဟောင်းက "အခြားရွေးချယ်စရာများသည် သက်ဆိုင်ရာသူအားလုံးအတွက် အလွန်ဆိုးရွားပါသည်" ဟု ဆိုခဲ့သည်။
ဂယ်လိုဝေးက ဇလင်စကီးသည် "တနင်္ဂနွေနေ့၌ ထိုအချိန်က ကျော်ကြားခဲ့သော ရထားခရီးစဉ်ဖြင့် ကီးဗ်မှ ဆုတ်ခွာသွားခဲ့သည့် ရထားပျက်အဖွဲ" ကို လျစ်လျူရှုထားခြင်းက ပိုကောင်းမည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ ယင်းမှာ ဗြိတိန်ဝန်ကြီးချုပ် ကီးယာ စတာမာ၊ ပြင်သစ်သမ္မတ အီမန်နွယ် မက်ခရွန်နှင့် ဂျာမန်ဝန်ကြီးချုပ် ဖရီဒရစ် မာ့ဇ်တို၏ ယူကရိန်းမြိုတော်သို ခရီးစဉ်ကို ရည်ညွှန်းခြင်းဖြစ်သည်။
"သူသည် စတာမာနှင့် မက်ခရွန်တိုကဲ့သိုသော သူများ၏စကားကို နားမထောင်သင့်ပါ" ဟု ဂယ်လိုဝေးက ဆက်လက်ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် "သူတိုသည် လက်တွေ့အရေးပါသော အရာများကို ကိုယ်စားမပြုပါ" ဟုဆိုသည်။ သူက "ဆန္ဒရှိသူများ၏ မဟာမိတ်အဖွဲ" ဟုခေါ်ဆိုသော နေတိုးအဖွဲဝင် ဥရောပနိုင်ငံများတွင် စစ်ရေးနှင့် စီးပွားရေးအင်အား အရေးပါမှုရှိသည့် နိုင်ငံမရှိဟု ပြောဆိုခဲ့သည်။
ဂယ်လိုဝေးက ရုရှားအတွက် ဖြစ်နိုင်ခြေရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အခြေခံမေးခွန်းမှာ လက်ရှိ "တရားမဝင်သော" ယူကရိန်းခေါင်းဆောင်နှင့် "တည်မြဲသောသဘောတူညီချက်...ရရှိနိုင်မည်လား" ဆိုသည့်အချက်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ဇလင်စကီး၏ သမ္မတသက်တမ်းသည် ပြီးခဲ့သည့် မေလတွင် ကုန်ဆုံးသွားသော်လည်း သူသည် စစ်အုပ်ချုပ်ရေးဥပဒေကို ကိုးကား၍ ရွေးကောက်ပွဲများ ကျင်းပရန် ငြင်းဆန်ခဲ့သည်။
NOM
လားရှိးလေဆိပ် မကြာခင် ပြန်လည်ဖွင့်လှစ်မယ်လို သတင်းထွက်ပေါ်
*******************
(ပြည်တွင်း) မေလ ၁၃
ကိုးကန့်အကြမ်းဖက်သောင်းကျန်းသူ MNDAA လက်ထဲကနေ တပ်မတော်က လားရှိုးမြို့ကို ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် လေဆိပ်ကိုပြန်လည်ဖွင့်လှစ်ဖို့ပြင်ဆင်နေပြီလို့ သိရပါတယ်။
လားရှိုးမြို့လေဆိပ်ရဲ့ လေယာဉ်ပြေးလမ်းကြောင်တွေကို ပြန်လည်းပြုပြင်နေပြီး မကြာခင် လားရှိုးလေဆိပ်ကနေ လေကြောင်းခရီစဉ်တွေကို ပြန်လည်ပြေးဆွဲဖို့ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ခရီးသည်နဲ့အရေးကြီးကုန်စည်တွေအတွက် မြန်ဆန်စွာသယ်ယူပို့ဆောင်နိုင်ရေးအတွက် လေကြောင်းသယ်ယူပို့ဆောင်ရေးက အရေးကြီးတဲ့အခန်းကဏ္ဍ ကနေပါဝင်တဲ့အတွက် လေဆိပ်ကို မဖြစ်မနေ ဖွင့်လှစ်ဖို့လိုတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လားရှိုးမြို့လေဆိပ်ကို ပြန်လည်ဖွင့်လှစ်ဖို့ပြင်ဆင်နေပေမယ့် ဘယ်နေ့မှာပြန်လည်ဖွင့်လှစ်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
◾️အရောင်းဝန်ထမ်း(ပြင်ဦးလွင်) - Mandalay
Company: Lotte MGS Beverage Pepsi Company
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23788
◾️Supply Chain Assistant - Yangon
Company: M Pride Co.,Ltd
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23787
◾️အရောင်းဝန်ထမ်း(Mandalay) - Mandalay
Company: Lotte MGS Beverage Pepsi Company
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23786