Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အကျိုးသက်ရောက်ပြီ
ဂျေရုဆလင်၊ဇန်နဝါရီ ၁၉
ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေးသည် တိုက်ပွဲကာလ ၁၅ လကြာပြီး လူအေ-သအပျောက်များ များစွာဖြစ်ပေါ်ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် စတင်အကျိုးသက်ေရာက်ခဲ့ပြီဖြစ်ကြောင်းသိရသည်။
ဟားမတ်စ်ဘက်မှ ယမန်နေ့ညနေပိုင်းတွင်လွှတ်ပေးမည့် ဓ-ါးစာခံအမျိုးသမီး ၃ ဦး၏အမည်ကို ထုတ်ပြန်ကြေငြာပြီးနောက် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုဘက်ကလည်း ဂါဇာအပစ်အခတ်ရပ်စဲရေးကို စတင်ပြီ ဖြစ်ကြောင်း တရာကြေငြာခဲ့သည်။
ကာတာ၊အီဂျစ်နှင့်အမေရိကတို့၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် အသက်ဝင်အကောင်အထည်ဖော်နိုင်ခဲ့သော အပစ်အခတ်ရပ်စဲရေးစာချုပ်သည် ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် စတင်အကျိုးသက်ရောက်သည်။
သို့သော်လည်း အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကမူ ၎င်း၏တပ်ဖွဲ့များအနေဖြင့် ဟားမတ်စ်ဘက်မှ တိကျသေချာသည့် ဓ-ါးစာခံစာရင်း ကို မထုတ်ပြန်မချင်း တိုက်ပွဲများဆက်လက်ဖော်ဆောင်တိုက်ခိုက်သွားရန်လည်း ညွှန်ကြားထားသည်ဟုသိရသည်။
ဟားမတ်စ်၏ထုတ်ပြန်ကြေငြာချက်အရ ၎င်းတို့အနေဖြင့် ဓ-ါးစာခံစာရင်းထုတ်ပြန်ကြေငြာရန် နှောင့်နှေးနေရခြင်းမှာ နည်းပညာဆိုင်ရာအခက်အခဲတစ်ခုကြောင့်ဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။
ယင်းအချိန်ကာလအတွင်း အစ္စရေးဘက်က ဂါဇာတစ်ဝန်းလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် လူရှစ်ဦးထက်မနည်းေ-သဆုံးခဲ့သည်ဟုလည်းသိရသည်။
သမ္မတတာဝန်ယူပြီးပါက တရုတ်သို့သွားလည်လိုဟုထရမ့်ပ်ဆို
ဝါရှင်တန်၊ဇန်နဝါရီ ၁၉
အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ပ်က သမ္မတတာဝန်ယူပြီးပါက ၎င်းအနေဖြင့် တရုတ်သို့သွားရောက်လိုကြောင်းပြောကြားခဲ့သည်ဟု Wall Street ဂျာနယ်သတင်းတစ်ရပ်အရသိရသည်။
ထရမ့်ပ်သည် ၎င်း၏ တာဝန်ထမ်းဆောင်မှုပထမဆုံးရက် ၁၀၀ အတွင်း တရုတ်နိုင်ငံသို့ခရီးထွက်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သော်လည်းဆုံးဖြတ်ချက်ကိုမူ မချရသေးကြောင်း သတင်းရင်းမြစ်များကဆိုသည်။
ထရမ့်ပ်သည် လာမည့်တနင်္လာနေ့၌ သမ္မတရာထူး ကို ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုရန်လည်း စီစဉ်ထားသည်။ထရမ့်ပ်သည် ၎င်း၏ပထမသမ္မတသက်တမ်းအတွင်း ၂၀၁၇ ခုနှစ်ကလည်း ပေကျင်းသို့ သွားရောက်ခဲ့သေးကြောင်းသိရသည်။
အမေရိကန်ဘက်မှ ဖိတ်ကြားချက်အရ တရုတ်သမ္မတရှီ၏ အထူးကိုယ်စားလှယ် ဒုတိယသမ္မတဟန်ကျန်းသည် ဇန်နဝါရီ ၂၀ ရက်တွင် ဝါရှင်တန်ဒီစီ၌ပြုလုပ်မည့် ထရမ့်ပ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။
ပြီးခဲ့သည့် သောကြာနေ့နှောင်းပိုင်းကလည်း သမ္မတရှီသည် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်၏ဖုန်းခေါ်ဆိုမှုကို လက်ခံစကားပြောကြားခဲ့သည်ဟုသိရသည်။
20 Jan 25
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````
USD Buy - MMK 4,530
USD Sell - MMK 4,630
EUR Buy - MMK 4,655
EUR Sell - MMK 4,780
SGD Buy - MMK 3,270
SGD Sell - MMK 3,370
THB Buy - MMK 131.58
THB Sell - MMK 135.14
JPY Buy - MMK 29.03
JPY Sell - MMK 29.81
MYR Buy - MMK 1,005
MYR Sell - MMK 1,032
CNY Buy - MMK 619
CNY Sell - MMK 636
Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 6,115,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,500,000
*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application