Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Android UI အသစ်က မြင်လိုက်တာနဲ့ ထင်းနေတော့မှာပါ
.
Google ကနေ မကြာခင် I/O Event မှာ Android Version အသစ်မမိတ်ဆက်ခင်မှာ Android 16 လို Version အသစ်တွေမှာ ပြောင်းသုံးသွားမယ့် Material 3 Expressive ရဲ့ ဒီဇိုင်းပုံစံတွေက အရင် ပေါက်ကြားလာခဲ့ပါပြီ။
ဒီ Material 3 Expressive UI ဒီဇိုင်းပြောင်းလဲမှုက Google အတွက် တော်တော်လေးကို ကြီးမားတဲ့ဒီဇိုင်း အပြောင်းအလဲလို့ ပြောလို့ရတယ်။ Google ဘက်ကနေ လက်ရှိ "Clean" ဖြစ်ပြီး "Boring" ဖြစ်တဲ့ပုံစံကနေ လူတွေနဲ့ စိတ်ပိုင်းဆိုင်ရာပိုင်းမှာပါ ချိတ်ဆက်နိုင်တဲ့ "Emotional" ပိုပေးနိုင်တဲ့ ဒီဇိုင်းဘက်ကို ပြောင်းလဲမှာဖြစ်ပြီး ဒါကြောင့် "M3 Expressive" (သို့) "Expressive Design" ဆိုပြီး ခေါ်ဆိုထားတာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဆိုတော့ ဒီ Material 3 Expressive ရဲ့ UI Design ပြောင်းလဲမှုတွေက အဓိကအနေနဲ့ဆိုရင် အရောင်တွေက ပိုပြီး စိုတောက်လာမယ်၊ အဲ့အပြင် UI Element တွေက ရိုးရိုးရှင်းရှင်းမဟုတ်တော့ပဲ ပုံစံက ပိုပြီး ထင်းနေအောင် ပြောင်းလဲထားမှာပါ။ မြင်လိုက်တာနဲ့ အဓိကနှိပ်ရမယ့် Action Button တွေကို ထင်းနေအောင်လုပ်ဖို့က အဓိကဦးတည်ချက်တစ်ခုဖြစ်လာပါတယ်။
ဥပမာ - Email App မှာ စာရိုက်မယ်ဆိုရင်လည်း ယခင်လိုမျိုး ပုံမှန် Email ပို့တဲ့ Layout အစား Text Box ကို သီးသန့် Message ပုံစံမျိုးပြပေးတာမျိုး၊ Attachement - ဓါတ်ပုံ၊ File တွေက "🧷" အစား Icon တွေခွဲပြီး ပြပေးတာမျိုး၊ Send Button က သေးသေးလေးမဟုတ်တော့ပဲ အကြီးပုံစံပြပေးတာမျိုးတွေ ပြောင်းလဲထားမှာပါ။ Google ဘက်က အခုလို ပြောင်းလဲလိုက်တာကြောင့် အသုံးပြုသူတွေအနေနဲ့ ဘယ်ခလုတ်ကို အဓိကနှိပ်ရမလဲဆိုတာကို မြင်ဖို့ပေးရတဲ့အချိန်က (၄) ဆ ပိုမြန်ဆန်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါက Material 3 Expressive UI Design အသစ်ရဲ့ အဓိကပြောင်းလဲမှုဖြစ်လာမှာဖြစ်ပြီး နေရာတော်တော်များများမှာ ခလုတ်တွေက Consistent ဖြစ်မယ့်အစား အရေးကြီးတဲ့အပေါ်မှုတည်ပြီး အရွယ်အစားကို ပြောင်းလဲထားမှာဖြစ်သလို အရောင်တွေကလည်း ပိုပြီး စိုတောက်လာမှာပါ။ Alarm မှာဆိုရင်လည်း နာရီကို ပုံမှန်အတိုင်း Font Size အတူတူမဟုတ်ပဲ အချိန်နာရီကို မိနစ်ထက် ပိုကြီးပြီး ပြတာမျိုးတွေဖြစ်လာမယ်။
ဘာပဲဖြစ်ဖြစ် Google ဘက်က Materia 3 UI Design အသစ်ကို I/O Event မှာ တရားဝင်ကြေညာတော့မှာပါ။ ဒါပေမယ့် Google ဘက်က အသစ်ထုတ်ပေမယ့် Pixel ဖုန်းတွေပဲ သုံးပြီး တခြား Android ဖုန်းတွေက iOS 19 ပုံစံအတိုင်း လိုက်ကူးချနေရင်တော့ မသိဘူးပေါ့ 🫠
iPhone 18 Pro အတွက် မှန်ပြင်အောက် Face ID စမ်းသပ်နေ
နောက်နှစ်ထဲမှာ iPhone တွေ ဒီဇိုင်းပြောင်းလာနိုင်ပါတယ်။
၂၀၂၆ မော်ဒယ် iPhone တွေ မြင်ဖို့က တော်တော်ကြီး လိုပါသေးတယ်။ iPhone သစ် မထွက်မချင်း rumors တွေကတော့ စုံနေအောင် ကြားရဦးမှာပါ။ ဒီလို rumors တွေထဲမှာ တရုတ်ကလာတဲ့ သတင်းတစ်ခုက ထူးဆန်းပါတယ်။
iPhone 18 Pro နမူနာ prototype မော်ဒယ်မှာ Under-display Face ID စနစ်စမ်းသပ်နေတယ် ဆိုတာပါ။ ရှုပ်ထွေးတဲ့ infrared မျက်နှာပြင်ဖတ် sensors တွေကို OLED display အောက်မှာ ထားတဲ့ Face ID နည်းပညာက အင်ဂျင်နီယာပညာရပ်ဆိုင်ရာ စိန်ခေါ်မှုတွေ ရှိနေလို့ပါါ။
Face ID က ဖုန်းပိုင်ရှင်မျက်နှာကို ထောင်နဲ့ချီတဲ့ infrared dots လေးတွေနဲ့ ဖတ်ပြီး အသေးစိတ် သုံးဖက်မြင်ပုံရိပ်တစ်ခုဖော်ပါတယ်။ OLED panels က အနီအောက် infrared အလင်းတွေ အများကြီး မဖမ်းနိုင်တာ ဖြစ်လို့ မှန်ပြင်အောက်မှာ Face ID system ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ ခက်ပါတယ်။
Digital Chat Station ရဲ့ weibo အကောင့်မှာတော့ Under-display မျက်နှာဖတ်စနစ်ကို iPhone 18 Pro နဲ့ iPhone 18 Pro Max တွေမှာ စမ်းသပ်နေတာလို့ ဆိုပါတယ်။ ဒီအကောင့်က Apple supply chain ထဲက sources တွေ ရထားတာမို့ တော်တော်စိတ်ဝင်စားဖို့ ကောင်းနေတာပါ။
ဒီသတင်းအတိုင်းဆို iPhone 18 Pro မော်ဒယ်တွေက မှန်ပြင်အောက် FaceID စနစ်နဲ့အတူ အပေါ်ထိပ် ဘယ်ထောင့်မှာ ရှေ့ကင်မရာအတွက် punch-hole တစ်ခု ပါမယ့်ပုံပါ။ လက်ရှိ iPhone တွေမှာ သုံးနေတဲ့ ဆေးတောင့်ပုံ ကင်မရာ cutout လည်း ၂၀၂၆ မော်ဒယ် iPhone 18 Pro မှာ နိဌိတံဖို့ ရှိပါတယ်။
rumors တွေအတိုင်း မှန်ရင် ရှေ့ဘယ်ထောင့် punch-hole ကင်မရာသုံး iPhone တစ်လုံးက Android အငွေ့အသက်တွေ ပိုရောစွက်လာမယ့်ပုံပါပဲ။
တစ်ဘဝလုံးစာ အသည်းမာကြေးဆိုရင်တော့
မင်းက နိုင်ပါတယ် ။
မင်းပြောသလိုပဲ ဘဝက တိုပါတယ် ။
မဟုတ်တာတွေ ၊
အသုံးမလိုတဲ့အရာတွေအတွက် အချိန်ကုန်မခံပါနဲ့ ။
တကယ်လို့ ကိုယ်က မင်းအတွက်
အသုံးမလိုတော့ဘူးဆိုရင်
ကိုယ့်အတွက်လည်း အချိန်ကုန်မခံပါနဲ့တော့ ။
ကိုယ်ကတော့ ကိုယ့်ဘက်ထက်
မင်းဘက်ချည်း ငဲ့ခဲ့တဲ့ လူပါ ။
ဘယ်အခြေအနေရောက်ရောက်
မင်းနာမည်ခေါင်းစဉ်တပ်တိုင်း
နှလုံးသားမှာ ချစ်ခြင်းမေတ္တာက လွဲရင် တခြားမရှိပါဘူး ။
နာလည်း မကြည်းပါဘူး ။
မုန်းဖို့ရာ ဝေး
တစ်ဘဝလုံး ငါမေတ္တာအထားနိုင်ခဲ့ဆုံး ငါ့ရဲ့ တစ်ဦးတည်းသော ချစ်ရပါသောလေးရေ…
#နေဗလ်
ဘဝမှာ ဒရမ်မာ (Drama) ချိုးတဲ့အကျင့် နည်းလေလေ ပျော်ရွှင်ရလေလေပဲ ။ ဒရမ်မာချိုးတယ်ဆိုတာ ဘယ်လိုမျိုးကို ဆိုလိုတာလဲ ။ ကားပျက်တာလောက် ၊ ကော်ဖီခွက်မှောက်ကျတာလောက် ၊ ဆိုင်ကယ်ဘီးပေါက်သွားတာလောက်နဲ့ တစ်နေကုန် ကိုယ်ပဲ ကံအဆိုးဆုံး လူသားအဖြစ်နဲ့ နေတယ် ။ ကိုယ့်စိတ်ကို ပင်ပန်းစေတယ် ။ တခြားသူရှေ့ မှာ အဆင်မပြေမှုတွေကို ညည်းညူပြတာတွေက ဒရမ်မာချိုးတာပေါ့ ။
တစ်ခါတလေ ညည်းတာ ၊ ပေါက်ကွဲတာ ကိစ္စမရှိပေမဲ့ ကိစ္စ သေးသေးလေးကို ရင်နဲ့အမျှ ခံစားနေရင်တော့ မဟုတ်သေးဘူး ။ ဒရမ်မာခင်းတတ်တဲ့လူနဲ့ ပေါင်းသင်းရတာ ပျော်စရာ မကောင်းဘူး ။ Negative Energy တောင် ရနေဦးမယ် ။
ဒါကြောင့် ဘဝကို ပျော်ပျော်နေချင်ရင် ဒရမ်မာခင်းတာ လျှော့သင့်တယ် ။ ကိုယ့်အမှား လုံးဝမရှိတဲ့ပုံစံနဲ့ ကိုယ်ပဲ နစ်နာရသလို ၊ ကိုယ်ပဲ အဖြူစင်ဆုံး ၊ အတော်ဆုံး ၊ အထက်မြက်ဆုံး ၊ တစ်ခုခုဆို မျက်ရည်လွယ်ပြီး တစ်ဖက်သားကို လူဆိုးကြီးဖြစ်အောင် ဖန်တီးပေးခြင်း စတဲ့ ဒရမ်မာခင်းတာတွေကို လျှော့ချပါ ။
Drama ချိုးတဲ့အချိန်တွေအစား ဘဝတိုးတက်ရေးအတွက် ကြိုးစားရင် သိပ်ကို အကျိုးရှိမှာပါ ။ ဒရမ်မာနည်းတဲ့ဘဝက သင့်ကို ပိုပြီး smart ကျစေမယ် ။ ပိုပြီး ပျော်ရွှင်စေလိမ့်မယ် ။
အာရှတိုက်တွင် ဒုတိယအကြီးဆုံး ဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့က ဝန်ဖိုက်ဒီရေတော
ဝန်ဖိုက်ဒီရေတောသည် ရခိုင်ပြည် ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်မှာ တည်ရှိပြီး ဧရိယာ အားဖြင့် ၅၆၆၃၃ဧက ကျယ်ဝန်းပါပါတယ်။
ဒီရေတောများသည် ဆားငန်ရေ နှင့် သန့်ရှင်းရေး ရေဂေဟစနစ် နှစ်မျိုးစလုံးကို ထိန်းကျောင်းပြီး ရေသဘာဝအရင်းအမြစ်တစ်ခုဖြစ်ပါတယ် ။ဒီရေတောကို ( ရခိုင်ဒေသ အခေါ် လမုပင်)တွေမှာတွေ့တဲ့ ရှုပ်ထွေးနေတဲ့ အမြစ်များ သည် မြစ်၊ ချောင်း၊ အင်းအိုင်များက ပင်လယ်ဖက်ကို သယ်ဆောင်လာပြီး နိုက်ထရိတ် နှင့် ဖော့စဖိတ်ဓာတ်တွေကို စစ်ထုတ်ထားပါတယ် ။ တနည်းအားဖြင့် ပင်လယ်ပြင်ကို ညစ်ညမ်းစေတဲ့ အရာတွေကို လျော့ချပေးပါတယ်။
အဆိုပါဒီရေတောများသည် သား ၊ ငါးပုစွန်၊ တခြားတခြားသော အခွန်မာ အခွန်ပျော့ အဏ္ဏဝါသက်ရှိတွေ အတွက် မျိုးပွားရာ စံပြနေရာတစ်ခုဆိုရင်လည်း မမှားပါ၊
အဏ္ဏဝါနှင့် သစ်တော အစာကွန်ယက်အဆင့်တိုင်းမှာရှိတဲ့ ဘက်တီးရီးယားတွေ ခရင်းကောင်များ နှင့် များစွာသောဇီဝမျိုးစိတ် ထောင်ပေါင်းများစွာတွေအတွက် အဓိကနေ ဖြစ်ပါတယ်။
လမုပင်များလည်း အင်းဆက်မျိိုးစိတ်တွေကို ခိုလှုံစေပြီးတော့ ထူထည်းသိပ်သည်းနေတဲ့ အကိုင်းအခက်တွေက ငှက်မျိူးစိတ်များ ကို အကာအကွယ်ယူဖို့ ဆွဲဆောင်နေပါတယ်။
ဒီရေတောတစ်ဧကစီက နှစ်စဉ်ကြွေကျတဲ့ သစ်ရွက်တန်ချိန်များသည် မယုံနိုင်လောက်အောင် ဖြစ်ထွန်းတဲ့ အစာကွန်ရက်တွေ အတွက် အခြေခံများ ဖြစ်ပါတယ် ။
၄င်း သစ်ရွက်တွေ ဆွေးလာတဲ့အခါ သားငါးပုစွန်နဲ့ မရေမတွက်နိုင်တဲ့ အဏ္ဏဝါမျိုးစိတ်တွေ အတွက် အစာအဟာရများစွာကို ထောက်ပံ့ပေးပါတယ်။
ဒီရေတောများသည် ရေနေ သတ္တဝါတွေကိုသာ အထောက်အကူ ပြုတာ မဟုတ်ပဲ ကျွန်တော်တို့ လူသားတွေ အတွက်လေ့ အများကြီးအထောက်အကူပြုတယ်လို့ ဆိုပါတယ်။
မြေဆီလွှာတိုက်စားခြင်းကိုကာကွယ်ပေးပြီး မုန်တိုင်းများ တိုက်ခတ်လာသော အခါ ပင်လယ်ရေ အလွယ်တကူ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးတယ်လို့ သိရပါတယ် ။
လူသားတွေ နေ့စဉ် ဖမ်းဆီးနေတဲ့ စီးပွားဖြစ် သားငါးပုစွန်များ၏ 75% တွေကို ဒီရေတော(သို့) ၎င်း ကမ်းရိုးတန်းသစ်တောတွေနဲ့ ဆက်နွယ်လျှက်ရှိသော အစာကွန်ယက်များ ကို မှီခို နေတဲ့လို့ဆိုပါတယ်၊
ဒီလောက်ဆိုရင်တော့ ဒီရေတောများ ဘယ်လောက် အရေးပါလေဆိုတာကို အကြမ်းဖျင်းသိရှိနိုင်လိမ်မယ့် လို့မျှော်လင့်ပါတယ်။
ယင်းအတွက်နဲ့ ကျွန်တော်တို့ဟာ ဒီလို့ အဖိုးတန်တဲ့ သဘာဝအရင်းအမြစ်များကို ပိုင်ဆိုင်ထားတဲ့အတွက် တန်ဖိုးထား ထိန်းသိမ်းရန် ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ တာဝန်ရှိနေပါတယ်။
Ref: - H&H Vloge = မှာ ဘာသာ ပြန်ပေးသည်။
#knowledge
#knowledgesharing
အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်းရှိ ဆင်ခြေဖုံးရပ်ကွက် က နေအိမ်များဖြစ်ပါတယ်။
ဆန်းသစ်တီထွင်သော မြို့တော်ဒူဘိုင်းသည် ယခင်က သဲကန္တာရ ရှုခင်းများသာရှိပေမယ့် နှစ် ၂၀ အတွင်းမှပဲ ဇိမ်ကျသော အပန်ဖြေနေရာ၊ တာဝါအမြင့် ခေတ်မီသော လူနေခန်းများအဖြစ် ပြောင်းလဲပေးသည့်အတွက် ကမ္ဘာပေါ်တွင် အလွန်ကျော်ကြားသော မြို့တစ်မြို့ ဖြစ်ခဲ့သည်။ ဖန်တီးမှုဗိသုကာပညာပေါင်းစပ်ခြင်းဖြင့် မြို့ပြစီမံကိန်း Emirates Hills၊ Arabian Ranches နှင့် Dubai Hills ကဲ့သို့သော လူ့အဖွဲ့အစည်းများသည် ဒူဘိုင်းတွင် နေထိုင်သည့် ဆင်ခြေဖုံးရပ်ကွက်များ၏ နမူနာကို ကြည့်၍ သိနိုင်ပါတယ်။ အဆင့်မြင့် သာယာအဆင်ပြေမှုများ သက်တောင့်သက်သာရှိပြီး သီးသန့်နေထိုင်မှုပုံစံြဖစ်ကာ ဤအယူအဆသည် အနာဂတ်ပတ်ဝန်းကျင်၏ ခံစားချက်ကို ပုံဖော်နိုင်ပြီးတော့ သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတ နည်းပညာမြင့် ဇိမ်ခံအိမ်ကြီးများ၊ စမတ်အိမ်များ ထည့်သွင်းကတည်ဆောက်ထားပါသည်။
#knowledge
#knowledgesharing
W_h-i_t-e S_n-a_k-e A_F-l_o-a_t (2024)
အညွှန်း* 🔽🔽🔽
ပရိသတ်တွေ မေးမေးနေတဲ့ မြွေဖြူမလေး အတွဲ ၃ ရောက်လာပါပြီ...
ပထမတွဲမှာ ဆုံတွေ့ခဲ့တဲ့ ယုံကျိုးက မြွေဖမ်းသမားလေးအားရွှမ်းကတော့ ရှောင်ပိုင်အတွက် အသက်စတေးခဲ့တယ်...
ဒုတိယတွဲမှာ သူ့မမ မြွေဖြူမလေးကို ရှာပုံတော်ထွက်တဲ့ ရှောင်ချင်းနဲ့ ရှောင်ပိုင် ပြန်ဆုံစည်းခဲ့တယ်...ဒီတတိယတွဲမှာ မဆုံးသေးတဲ့ အားရွှမ်းရှာပုံတော်ကို မြွေဖြူမလေးက ဆက်ဖွင့်ခဲ့ပါတယ်..ကျောက်စိမ်းဆံထိုးလေးရဲ့ လမ်းပြမှုကြောင့် စေတနာသမားတော်လေး ရွှီရှန်းနဲ့ ဆုံတွေ့ခဲ့ပြီး...မြင်လျှင်မြင်ချင်း လွန်ခဲ့တဲ့ နှစ် ၅၀၀ က အားရွှမ်းဆိုတာကို သိခဲ့တယ်...ဖူးစာလူးလာ ဒူးကာမရဆိုသလို မြင်မြင်ချင်းပဲ ချစ်မိတယ် ဖြစ်သွားတဲ့ရွှီရှန်းဟာဆိုရင် သူ့ပိုင်မိန်းကလေးကို ဇနီးမယားဖြစ်လက်ထပ်ယူဖို့ခဲအိုနဲ့ မိတ်ဆက်ပေးပြီးအကြင်လင်မယားဖြစ်သွားခဲ့တယ်...
နောက်တော့
#credit
ဇာတ်ကားကြည့်ရန် 🔽🔽🔽
https://t.me/Bhone2312/279
https://t.me/Bhone2312/279
Scooby-Doo! and the Goblin King (2008)
ဒီတစ်ခေါက်မှာတော့ စကူဘီဒူးတိုအဖွဲက ကူဗေးလ်ဟော်လိုဝင်းပွဲတော်မှာ လာဆင်နွှကြပါတယ်။
မှော်ဆရာခရက်ဒ်စကီနဲ့ ပဋိပက္ခတွေဖြစ်မိရာကနေ အန္တရာယ်တွင်းထဲဆင်းကြရပြန်ပါဦးမယ်။
ဝိညာဉ်လောက မြေအောက်ကမ္ဘာကို စွန့်စားခရီးသွားကြမယ့် စကူဘီနဲ့ရှက်ဂီတို ဘာတွေကြုံတွေ့ကြရဦးမလဲ။
ဒါရိုက်တာ Joe Sichta ရဲ့ လက်ရာဆန်းတွေနဲ့အတူ musical ပိုင်းမှာလည်း အားဖြည့်ထားမြဲမို ကြည့်လိုကောင်းနေမှာပါ။
ဇာတ်ကားလင့်
https://t.me/c/2186686827/135
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
နေအဖွဲ့အစည်း ပြင်ပမှာရှိတဲ့ ကန်ခရီ ၅၅ ဆိုတဲ့ ဂြိုဟ်ကို စိန်ဂြိုဟ်ကြီးလို့ ခေါ်ကြပါတယ်။ ဒီဂြိုဟ်ဟာ ကမ္ဘာထက် ၂ဆခန့် ပိုကြီးပြီး အလင်းနှစ် ၄၀ အကွာအဝေးမှာပဲ ရှိနေတာပါ။ တခြား အလင်းနှစ် ရာချီ ထောင်ချီ သန်းချီတဲ့ ဂြိုဟ်တွေထက်စာရင်တော့ နီးတယ်ဆိုနိုင်ပေမဲ့ ကမ္ဘာမှာ အမြန်ဆုံး အာကာသယာဉ်နဲ့ အရောက်သွားဖို့ဆိုရင်တောင် လူ့သက်တမ်းများစွာ ကြာဦးမှာပါ။
ကန်ခရီ ၅၅ မှာ အပူချိန်မြင့်တက်မှုဟာ ၂၀၀၀ ဒီဂရီဆဲစီးရပ်ကျော် ဖြစ်ပြီး ဖိအားပြင်း ကာဗွန်အမြောက်အများ ပါဝင်တာကြောင့် စိန်ပုံဆောင်ခဲတွေနဲ့ ပြုလုပ်ထားတဲ့ ဂြိုဟ်လို့ ဆိုနိုင်ပါတယ်။ သီအိုရီအရတော့ ငြင်းချက်ထုတ်စရာ မရှိပေမဲ့ ဂြိုဟ်ကို အရောက်သွားပြီး စိန်တွေကို ထုတ်ယူဖို့ဆိုတာ လွယ်ကူဦးမှာ မဟုတ်သလို အာကာသထဲ ဒီလိုဂြိုဟ်တွေ ရှိကြောင်း ရှာဖွေနိုင်ခဲ့တာဟာလည်း လူသားတွေအတွက်တော့ အံ့ဩစရာ တွေ့ရှိချက်ပဲ မဟုတ်ပါလား။