Professor Snape ဇာတ်ကောင်ကို ပရိသတ်တွေက နှစ်ပေါင်းများစွာ နားလည်မှုလွဲခဲ့ကြတယ်။

သူဟာ သွေးအေးတယ်။ ဒေါသကြီးတယ်။ တခါတရံ ခက်ထန်လွန်းတယ်။ တခါတရံ အငြိုးအတေးကြီးဟန်ပေါ်တယ်။ မှောင်ရိပ်မှာ ကွယ်နေတတ်တဲ့သူ့ကို မကောင်းတာကြံနေတဲ့သူတစ်ယောက်လို့ပဲ မြင်ခဲ့မိကြတယ်။ တကယ်တော့ သူဟာ နက်ရှိုင်းလွန်းလှတဲ့ ဒဏ်ရာတွေကို ဖုံးကွယ်ထားမှန်း မသိခဲ့ကြဘူး။

သူဟာ အမှောင်နဲ့အလင်းကြားက ဓားသွားပေါ်မှာ နှစ်ပေါင်းများစွာ လျှောက်လှမ်းခဲ့တယ်။ ဘယ်တော့မှ ကျေးဇူးတင်စကားတစ်ခွန်း မတောင်းဆိုခဲ့ဘူး။ ဘယ်တော့မှ ပြန်ပေးဆပ်ဖို့ မပြောခဲ့ဘူး။ ဒါပေမယ့် သူ့ရဲ့ ရွေးချယ်မှုတိုင်းဟာ အချစ်မေတ္တာကို ဗဟိုပြုခဲ့တယ်။ သေခြင်းကို လွန်တဲ့အချစ်၊ သူ့ရဲ့ ခြေလှမ်းတိုင်းကို အဓိပ္ပါယ်ဖွင့်ဆိုခဲ့တဲ့ အချစ်။ “အခုအချိန်ထိပဲလား” ဆိုတဲ့အမေးကို “အမြဲတမ်းပါ” လို့ တုံ့ပြန်ခဲ့တဲ့ သူ့အဖြေဟာ ရေမရောတဲ့ အမှန်တရားစစ်စစ်ပဲ။​ Snape ဟာ ပြီးပြည့်စုံတဲ့လူတစ်ယောက်မဟုတ်ခဲ့ပေမယ့် နောက်ဆုံးအချိန်အထိ သစ္စာရှိပေးခဲ့သူမဟုတ်လား။

ဒီလို ခက်ထန်မှုတွေ၊ ပြိုလဲမှုတွေ၊ ဝမ်းနည်းမှု အလွှာအစုံပါဝင်တဲ့ ပဟေဠိဆန်ဆန် ဇာတ်ကောင်တစ်ယောက်ကို ပိတ်ကားပေါ်မှာ အသက်အဝင်ဆုံး ခေါ်ဆောင်လာနိုင်သူဟာ Alan Rickman ပါပဲ။ Alan Rickman ဟာ မုန်းတီးစရာကောင်းချင်လောက်တဲ့ ဇာတ်ကောင်တစ်ယောက်အတွက် ဝမ်းနည်းစရာအကောင်းဆုံး ဇာတ်လှည့်ကွက်နဲ့အတူ ပရိသတ်တွေရဲ့ မျက်ရည်ကို ခပ်ယူနိုင်ခဲ့တယ်။ ဒါကြောင့်လည်း Alan Rickman ဆို Professor Snape ဇာတ်ကောင်အတွက် သူကလွဲပြီး အခြားလူနဲ့ တွဲမြင်လို့မရနိုင်တဲ့အထိ တသားတည်းဖြစ်ခဲ့တာပါပဲ။

Alan Rickman သာ သက်ရှိထင်ရှားရှိဦးမယ်ဆိုရင် ဒီနေ့ဟာ သူ့ရဲ့ အသက် ၇၉ နှစ်ပြည့်မွေးနေ့ဖြစ်မှာပါ။ Alan ဟာ သူချစ်တဲ့အနုပညာလောကကြီးကို နှုတ်ဆက်ထွက်ခွာသွားတာ ၉ နှစ်ကြာခဲ့ပြီဆိုပေမယ့် ပရိသတ်တွေကတော့ Professor Snape ဇာတ်ကောင်နဲ့အတူ အမှတ်ရနေကြဆဲပါပဲ။ လူသာသေပေမယ့် နာမည်မသေသူတွေများစွာထဲမှာ Alan Rickman က တစ်နေရာစာ အပိုင်ယူထားတယ်ဆိုတာ နှစ်စဥ်နှစ်တိုင်း သက်သေပြနေဆဲဖြစ်ပါတယ်။ ပရိသတ်တွေက သူ့ကိုအမြဲအမှတ်ရနေမယ်ဆိုတာသိလို့ “Always” ဆိုတဲ့စကားကို ပြောခဲ့လေသလားလို့တောင် တွေးမိပါရဲ့။ တမလွန်မှာ ငြိမ်းချမ်းစွာ အနားယူပါခင်ဗျာ။

- “After all this time?”
- “Always.”

image

帕敢镇( ဖားကန့်မြို )အလှ

image

帕敢镇( ဖားကန့်မြို )အလှ

image

帕敢镇( ဖားကန့်မြို )အလှ

image

帕敢镇( ဖားကန့်မြို )အလှ

image

帕敢镇( ဖားကန့်မြို )အလှ

image

帕敢镇( ဖားကန့်မြို )အလှ

image

帕敢镇( ဖားကန့်မြို )အလှ

image

帕敢镇( ဖားကန့်မြို )အလှ

image

帕敢镇( ဖားကန့်မြို )အလှ

image