ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
၂၀၂၅ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေအတွက် ငွေကျပ် ၅၃၈ ဒသမ ၂၁ ဘီလီယံလျာထား
******************
(ပြည်တွင်း) မေလ ၂၆
၂၀၂၅ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေအတွက် ငွေကျပ် ၅၃၈ ဒသမ ၂၁ ဘီလီယံလျာထားတယ်လို့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနထံက သိရပါတယ်။၂၀၂၅ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေတွေကို တောင်သူလယ်သမားတွေဆီထုတ်ချေးပေးနေပြီဖြစ်ပေမယ့် ယခင်ကြွေးကျန်ကင်းရှင်းတဲ့သူတွေသာ ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမှာဖြစ်တယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပြောပါတယ်။
စိုက်ပျိုးစရိတ်ချေးငွေတွေကို ပြီးခဲ့တဲ့ မေလ (၁၉) ရက်နေ့က စတင်ထုတ်ချေးပေးနေပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် (၈)ခုမှာရှိတဲ့ စိုက်ဧကပေါင်း (၄၆,၄၄၉) ဧကကို ငွေကျပ် (၆၁ ဒသမ ၆၁၉) ဘီလီယံ ထုတ်ချေးပေးထားပြီးဖြစ်တယ်လို့လည်း စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနထံက သိရပါတယ်။
မိုးရာသီအလွန် လာမယ့်ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ကျပ် (၁၄၀)ဘီလီယံနီးပါးထုတ်ချေးမှာဖြစ်သလို ၂၀၂၆ ခုနှစ် မိုးကြိုရာသီ စိုက်ပျိုးစရိတ်ချေးငွေကိုလည်း ကျပ် (၁၀)ဘီလီယံထုတ်ချေးဖို့ လျာထားတယ်လို့လည်း ဝန်ကြီးဌာနရဲ့ပြောဆိုချက်အရ သိရပါတယ်။
“စိုက်ပျိုးစရိတ်ချေးငွေများကို “တောင်သူလယ်သမာတွေအနေနဲ့ ယခင်ကချေးယူထားတဲ့ ချေးငွေကြွေးကျန်ကိုအရင်ဆပ်ပြီးမှ ဒီနှစ်အတွက်ချေးငွေအသစ်ကို ထုတ်ချေးခွင့်ရရှိမှာဖြစ်လို့ ချေးငွေပေးဆပ်ဖို့ကျန်ရှိသူတွေအနေနဲ့ ချေးငွေသစ်ကို ထုတ်ယူခွင့်ရရှိမှာတော့မဟုတ်ဘူးဆိုတာကို ကြိုတင်အသိပေးထားပြီးဖြစ်ပါတယ်” လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်က စိုက်ဧက (၄) သန်းခွဲကျော်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် (၆၂၃ ဒသမ ၁၄) ဘီလီယံကျော် ထုတ်ချေးပေးခဲ့တယ်လို့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

ဥရောပသဂ္ဂနဲ့ ကုန်သွယ်ရေးဆွေးနွေးဖို့ နောက်ဆုံးရက် ဇူလိုင် ၉ ရက်ထိ ထရန့်သက်တမ်းတိုး
ဥရောပသမဂ္ဂနဲ့ ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှု နောက်ဆုံးရက်ကို ဇူလိုင် ၉ ရက်ထိ သက်တမ်းတိုးလိုက်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုပါတယ်။
ဒေါ်နယ်ထရန့်နဲ့အတူ ပြီးခဲ့တဲ့နေ့က တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ပြီး အပြုသဘောဆောင်ကြောင်း ဥရောပကော်မရှင်ဥက္ကဌ ဗွန်ဒါလီယန်က ပြောဆိုခဲ့ပြီးနောက်မှာ ထရန့်က အခုလို ထုတ်ပြန်လာတာပါ။
ထရန့်ဟာ ဥရောပသမဂ္ဂက တင်သွင်းတဲ့ကုန်စည်အားလုံးနီးပါးအပေါ် အခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ပြီးခဲ့တဲ့လက ကြေညာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နှစ်ဖက်စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့အတွက် ဇူလိုင် ၈ ရက်ထိ ၁၀ ရာခိုင်နှုန်းသာကောက်မယ်လို့ ပြောပါတယ်။
ဥရောပသမဂ္ဂနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို စိတ်ပျက်တယ်လို့ ဒေါ်နယ်ထရန့်က ပြီးခဲ့တဲ့သောကြောနေ့မှာ ထုတ်ဖော်ပြောကြားလာပြီး အခွန် ၅၀ ရာခိုင်နှုန်းထိ ဇွန် ၁ ရက်ကစပြီး တိုးမြှင့်ကောက်ခံမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်တရပ် အလျင်အမြန်ရရှိဖို့ ဥရောပသမဂ္ဂအနေနဲ့ အသင့်ရှိနေကြောင်း ၊ ဒါပေမယ့် ကောင်းမွန်တဲ့ သဘောတူညီချက်တရပ်ဖြစ်ဖို့အတွက် ဇူလိုင် ၉ ရက်ထိ အချိန်လိုတယ်လို့ ဥရောပကော်မရှင်ဥက္ကဌ ဗွန်ဒါလီယန်က ပြောပါတယ်။
ဥရောပသမဂ္ဂ ကုန်သွယ်ရေးအကြီးအကဲ ဂျမီဆင်ဂရီးရာဟာလည်း အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ဟောင်းဝပ်လပ်နစ်နဲ့ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ပြီး မျှတတဲ့ သဘောတူညီချက်ရယူဖို့ ကတိပြုေ ပြာဆိုပါတယ်။
မြောက်ကိုရီးယား စစ်သင်္ဘောပျက်စီးမှု ခဲယမ်းဌာန လက်ထောက်ညွှန်မှူးကိုပါ ဖမ်းဆီး
မြောက်ကိုရီးယား စစ်သင်္ဘောသစ် ရေချမှုမှာ မတော်တဆမှုဖြစ်ပွားပြီး ပျက်စီးမှုနဲ့ပတ်သက်ပြီး လေးယောက်မြောက် တာဝန်ရှိသူတွေကို အာဏာပို်ငတွေက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြထားပါတယ်။
အာဏာရအလုပ်သမားပါတီရဲ့ ခဲယမ်းဌာန လက်ထောက်ညွှန်ကြားရေးမှူး ရီဟောင်ဆန်ဟာ လွန်ခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ စစ်သင်္ဘောမတော်တဆမှုအတွက် အဓိကတာဝန်ရှိတယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဆိုပါတယ်။
မြောက်ကိုရီးယားစစ်တပ်ကို အဓိကကွပ်ကပ်ပြီး မူဝါဒတွေ အကောင်အထည်ဖော်ဆောင်ရတဲ့ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်လည်းဖြစ်သူ ရီဟောင်ဆန်ဟာ စစ်သင်္ဘောမတော်တဆမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ အဆင့်အမြင့်ဆုံး အရာရှိတယောက် လည်းဖြစ်ပါတယ်။
တန်ချိန် ၅၀၀၀ ရှိတဲ့ အဲဒီဖျက်သင်္ဘောဟာ အောက်ပိုင်းပျက်စီးခဲ့ပြီး ဒါဟာ နိုင်ငံဂုဏ်သိက္ခာ ကျဆင်းစေတဲ့ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောဆိုထားပြီး ပါတီမျက်နှာစုံညီအစည်းအဝေးမှာ အရေးယူဖို့ ဆုံးဖြတ်မယ်လို့ ပြောပါတယ်။
နို်ငငံမြောက်ပိုင်း ချောင်ဂျင်သင်္ဘောကျင်းမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သင်္ဘောကျင်း အင်ဂျင်နီယာချုပ် ၊ တည်ဆောက်ရေးဆိုင်ရာ အကြီးအကဲနဲ့ စီမံခန့်ခွဲရေး မန်နေဂျာတယောက်တို့ကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
သူတို့တွေကို ဘယ်လို အပြစ်ပေးအရေးယူမယ်ဆိုတာ မသိရပေမယ့် အလုပ်ကြမ်းစေခိုင်းမှု၊ သေဒဏ်ပေးမှုအပါအဝင် ပြစ်ဒဏ်ချမှတ်မှုတွေနဲ့အတူ ဆိုးရွားတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းတွေ ရှိနေပါတယ်။