1 y - Translate - Youtube

သူဌေးမိသားစုကရုတ်တရက်ဆင်းရဲသွားတဲ့အခါ (မြန်မာကာတွန်းဇာတ်လမ်း)

1 y - Translate - Youtube

ရည်းစားဟောင်းထက်ကောင်းတဲ့ဟင်း

1 y - Translate - Youtube

သူရဲကောင်းပြန်လုပ်မလား?နာမည်အပျက်ခံမလား?

1 y - Translate - Youtube

ဘရိုတို့ပဲကြည့်လိုက်တော့ airstyle Lancelot😎

1 y - Translate

◾️Baker - Yangon
Salary Range: Negotiation
https://www.joimyanmar.com/job/detail/24280

◾️Cashier - Yangon
Salary Range: Negotiation
https://www.joimyanmar.com/job/detail/24197

◾️Office Staff - Yangon
Salary Range: Negotiation
https://www.joimyanmar.com/job/detail/24287

image
1 y - Translate

ကမ္ဘာတစ်ဝန်း ရာသီဥတု ဖြစ်ပေါ်ပြောင်းလဲမှုတို့ကြောင့် နိုင်ငံများစွာတွင် ရေကြီးမှု၊ မိုးခေါင်မှု၊ လေတိုက်မှု၊ မြေပြိုမှုတို့ ဖြစ်ပေါ်နေကြရသည်။ ရာသီဥတု ပုံမမှန်ဖြစ်ပေါ်မှု၏ ဆိုးကျိုးသည် စိုက်ပျိုးသည့် မြေကြီး (မြေဆီလွှာ) ပျက်စီးမှုကို ဖြစ်ပေါ်စေသည်။ ဤတွင် ဓာတ်မြေဩဇာ အသုံးပြုမှုသည်လည်း များပြားလာသည်။
မြေမလပ် သီးနှံမျိုးစုံ ဆက်တိုက် စိုက်ပျိုးမှု၊ သီးနှံတစ်မျိုးတည်း ဆက်တိုက်မြေတစ်နေရာတည်းတွင်နှစ်ကြာရှည် စိုက်ပျိုးလာမှု၊ မြေကြီး ထိန်းသိမ်းမှုကိုမဆောင်ရွက်ကြခြင်း၊ သဘာဝမြေဩဇာအသုံးပြုမှု နည်းပါးခြင်းနှင့် ဓာတ်မြေဩဇာ စနစ်တကျ အသုံးမပြုခြင်းကြောင့်လည်း စိုက်ပျိုးမြေချို့ယွင်းလာသည်။ ပျက်စီးမှုကြုံလာရသည်။
စိုက်ပျိုးရေးသုံးဓာတ်ပစ္စည်းများကိုစနစ်တကျအကျိုးရှိအောင်ထည့်သွင်းအသုံးပြုတတ်ရန် လိုအပ်လာသည်။ မြေ၊ ရေ၊ သီးနှံနှင့်သင့်တော်သော မြေဩဇာနှုန်း ထားကို ထည့်နိုင်မှသာ အကျိုးခံစားကြရမည် ဖြစ်သည်။
စိုက်ပျိုးရေး ဓာတုဗေဒ ဆိုသည့် စိုက်ပျိုးရေးနှင့် နှီးနွယ် ဆက်စပ်သော ဘာသာရပ်သည် ယနေ့တွင် အရေးကြီးသော ဘာသာရပ် ဖြစ်လာသည်။ ထို့အတူ စိုက်ပျိုးရေး မိုးလေဝသဆိုသော ဘာသာရပ်မှာလည်း ရှေ့တန်းသို့ ရောက်လာခဲ့သည်။
ဤနှစ်ခုကို အလေးမထားဘဲ ခရီးဆက်ကြလျှင် စိုက်ပျိုးရေး၏ အခြေခံမြေယာ ချို့ယွင်း ပျက်စီးနိုင်သဖြင့် မြေဆီဩဇာ ကောင်းလာရန်၊ တိုးတက်လာရန် အလေးထားဆောင်ရွက်မှုကို ပြုလုပ်လာကြပြီ ဖြစ်သည်။
မြေကြီးကို ပြုပြင်ပေးနိုင်သည်မှာ သဘာဝ မြေဩဇာများ ဖြစ်သည်။ သီးနှံအထွက်ကို ပြုပြင်ပေးနိုင်သည်မှာ ဓာတ်မြေဩဇာဖြစ်သည်။ သီးနှံစိုက်ပျိုး၍ မြေမှလျော့နည်း သွားသောဓာတ်ကို ပြန်လည်ဖြည့်ပေးနိုင်သည်မှာ ဓာတ်မြေဩဇာဖြစ်သည်။
သီးနှံပင်များတွင် မြေမှရယူထားသော အာဟာရဓာတ်များ ပါရှိရာ တစ်ကြိမ်တစ်ခါ သီးနှံ စိုက်ပျိုးပြီးလျှင် မြေမှာရှိသော အာဟာရဓာတ်များ ယူသွားရာတွင် စပါးစိုက်လျှင် တစ်ဧကမှ ပေါင်ချိန် ထောင်ချီ၍ ယူသွားသည်။ တချို့ဆိုလျှင် သောင်းနှင့်ချီ၍ ယူသွားသည်။
ထို့ကြောင့်ရိတ်သိမ်းပြီး သီးနှံမှန်သမျှတွင် အပင်အကြွင်းအကျန်များ၌ မြေမှယူသွားသော ဓာတ်များ အကြွင်းအကျန်ရှိနေသဖြင့် ဤသည်တို့ကိုသဘာဝမြေဩဇာ ပြောင်းလဲပြီး မြေကောင်းအောင် မြေဩဇာပြန်လည်ဖြည့်ပေးနိုင်ရန် မစွန့်ပယ်ဘဲ အသုံးပြုသင့်သည်။
မြေဩဇာအသုံးပြုရာတွင် မိမိမြေတွင် မြေဆီမြေနှစ် မည်မျှရှိပါသနည်း၊ မည်သို့သော မြေဩဇာထည့်မည်နည်း၊ မည်သည့်အချိန်၌ မည်မျှပမာဏ ထည့်မည်နည်း၊ မိမိစိုက်ပျိုးသောသီးနှံသည် မည်သည့်ဓာတ်ကို များများစားသနည်း၊ နည်းနည်းပါးပါးစားသနည်း ဆိုသည်ကိုလည်း သိသင့်သည်။
သတ္တဝါမှန်သမျှ၏ စွန့်ပစ်ပစ္စည်းများ၊ မြို့ရွာဈေးများမှ ဟင်းသီးဟင်းရွက် စွန့်ပစ်ပစ္စည်းများ၊ သီးနှံပင်စိုက်ခင်းများမှ ကြေပျက်လွယ်သော ပစ္စည်းများ၊ အလေအလွင့်များ၊ အပင်ဆွေးများ၊ အမှုန့်များ၊ အခွံများ၊ အကြီးမြန်၊ အရည်ရွှမ်း၊ အရွက်ပြားကြီးသော ဆွေးလွယ်သည့် အပင်များသည် နှစ်လနှင့် မြေဆွေးရနိုင်သည်။
ချက်ပြုတ်ထားသော ဟင်းလျာများနှင့် ခုတ်ထစ်ပြီး အသားစ၊ အရိုးများကို မသုံးသင့်။ ကတ်ထူပြား၊ စက္ကူ၊ ကောက်ရိုး၊ ရွေဘော်စာတို့သည် ကာဘွန်ဓာတ် ပါရှိ၍ သုံးသင့်သည်။
သီးနှံစိုက်ပျိုးရေးတွင် အပင်များသည် လေနှင့်ရေမှ ဟိုက်ဒရိုဂျင်၊ အောက်စီဂျင်၊နိုက်ထရိုဂျင်၊ ကာဘွန်ရရှိပြီး မြေမှ ဖော့စပရပ်၊ ပိုတက်စီယမ်၊ ကယ်စီယမ်၊ ဆာလဖာ၊ ကြေးနီ၊ သွပ်၊ ကလိုရင်း၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ဘိုရွန် (လက်ခြား)၊ မဂ္ဂနီးစ်၊ မိုလစ်ဒီနမ် စသည့်ဓာတ်များ ရရှိသဖြင့်၊ မြေမှရနိုင်သော ဓာတ်သည် နည်းပါးသော်လည်း အပင်အတွက်မဖြစ်မနေ လိုအပ်ချက် ရှိနေပါသည်။ ထို့ကြောင့် မြေသည် စိုက်ပျိုးရေးတွင် အခြေပြု၍ စိုက်ပျိုးထုတ်လုပ်နေကြရဦးမည်မှာ ဖြစ်ပါတော့သည်။

image
1 y - Translate

နှင်းဆီပန်းကို
အလှပန်းအိုးနဲ့စိုက်တာပဲဖြစ်ဖြစ်
မြေမှာချစိုက်တာပဲဖြစ်ဖြစ် မြေဩဇာကို
တစ်လတခါ တစ်လခွဲတခါ
ပုံမှန်ကျွေးပေးရပါတယ်။
မြေဩဇာ ပုံမှန်ကျွေးမပေးလို့
အဖူး အပွင့်သေးသွားတယ်
အပင် ထပ်ပြီး မကြီးထွားဘူး အဲ့ဒီလိုမျိုးလည်း ဖြစ်တတ်ပါတယ်။
ဝယ်တဲ့အချိန်မှာ အပွင့် အဖူးကြီးတယ် အပင်တွေသန်တယ်ဆိုတာက ကျနော်တို့ ဒီမှာ ကျွေးပေးထားတဲ့ ဓါတ်မြေဩဇာ အရှိန်နဲ့ပါ ဒီမှာက ၃ပတ် တခါ ၁လတ‌ခါလောက် အပင်တွေကို ဓါတ်မြေဩဇာ ‌ကျွေးပေးကြပါတယ်၊ ဓါတ်မြေဩဇာ အနေနဲ့က အာမို/နိုက်ထရိုဖော်စကာ 15:15:15 ကို သုံးပါတယ်)
- နောက်တခုကအလှပန်းအိုးနဲ့ စိုက်တဲ့အခါမှာ နုန်း ဒါမှမဟုတ် မြေကြီးသက်သက်ချည်းပဲ ထည့်ရင်လည်း မြေကြပ်ပြီး အမြစ်ကောင်းကောင်း အလုပ်မလုပ်နိုင်တဲ့အတွက်အပွင့် အဖူးသေးတတ်ပါတယ်။
တခါတခါ အပင်တောင် သေသွားတတ်ပါတယ်။
နုန်း/မြေကြီး ကို ဖွဲပြာ/စပါးခွံ/မြေပဲခွံ တမျိုးမျိုးနဲ့ရောစပ်ပြီးထည့်ပေးရပါတယ်။
(နုန်း/မြေကြီး ၁ဆ ဖွဲပြာ ၂ဆ
၁ဆ ၂ဆ ၁ဆ ၃ဆ ၁ဆ ၄ဆ အဆင်ပြေသလိုရောစပ်ပြီး အသုံးပြုနိုင်ပါတယ်)
နောက်တခုက - လောင်းရိပ်
အပင်တွေက လောင်းရိပ်/အရိပ်အောက် မကြိုက်ပါဘူး။
#နေရောင်ရမှ အစာချက်နိုင်တာပါ။
လောင်းရိပ်/အရိပ်အောက် ရောက်နေရင်လည်း အပွင့်အဖူးသေးပြီး အပင်မကြီးထွားတတ်ပါဘူး။
(‌နှင်းဆီပင်ကို နေပူမှာစိုးပြီး အရိပ်အောက်မှာပဲ ထား ထားတာကို တွေ့ဖူးခဲ့ပါတယ်)
ခြုံငုံပြီး ပြောမယ်ဆိုရင်
အပင်ကို အလှပန်းအိုးနဲ့စိုက်တာပဲဖြစ်ဖြစ် မြေကြီးမှာချစိုက်တာပဲဖြစ်ဖြစ် မြေဩဇာကို တစ်လ တခါ တစ်လခွဲ တခါလောက် ပုံမှန်ကျွေးပေးရပါတယ်။
အပင်ကို အလှပန်းအိုးနဲ့ထည့်စိုက်မယ်ဆိုရင်
နုန်း/မြေကြီးနဲ့ ဖွဲပြာ/စပါးခွံ/မြေပဲခွံ တမျိုးမျိူးတို့ကိုရောစပ်ပြီးထည့်ပေးရပါတယ်။
အပင်ကို လောင်းရိပ်/အရိပ်အောက်မှာ မထားပဲေ နရောင်ရတဲ့နေရာမှာသာ ထားပေးရပါတယ်။

image
1 y - Translate

🌱 အပင်အတွက် လိုအပ်သောအာဟာရဓာတ် တွေမဖြည့်စွက်ထားလျှင် ဖြစ် နိုင်သော လက္ခဏာများ
အာဟာရဓာတ် / လုပ်ဆောင်မှု့တာဝန် / အဟာရဓါတ်ချို့တဲ့မှု့လက္ခဏာ
နိုင်ထရိုဂျင် (N)/ အရွက်ကြီးခြင်း ဖွံ့ဖြိုးခြင်း / အောက်ဆုံးအရွက်များအဝါ
ရောင်ဖြစ်လာသည်
ဖော့စဖာရပ် (P) / အမြစ်များတိုးတက် ဖူး / ပင်စည်ခရမ်းရောင်
ပြောင်းပြီးအရွက်ကြွေအ
မြစ်မလျှောက်ဖြစ်မယ်
ပိုတက်စီယမ် (K) / အသီးအရွက်ပြည့်ဝ / အရွက်ရဲ့အနားအစွယ်မှာ
အနည်းငယ်ရွက်ခြောက်မယ်
ကယ်လ်စီယမ် (Ca)/ အညွှန့်သစ်ဖွဲ့စည်းမှု / အရွက်တိန့်လိန်အညွှန့်သေ
နှင့်အပကင်ဆဲလ်ဖြည့်
မက်ဂနီစီယမ် (Mg) / အစိမ်းရောင်ဖွဲ့စည်းဖြည့် / အရွက်အလယ်ပိုင်းဝါရောင်
ရှိပြီးအလယ်ရိုးစိမ်းနေမယ်
ဆယ်ဖာ (S) / ပရိုတင်းဖြည့်စည်း / အရွက်သစ်သည်စိမ်းဖျော့၍ကြည်နေ
မယ်ပြီးတော့အပင်မသန်မာဘူးဖြစ်
သံ (Fe) / နေရောင်ခြည်ဖွဲ့ခြင်း / အရွက်ဝါပြီးအရိုးတံများအစိမ်းဖြစ်နေ
မန်ဂနနီဇ် (Mn) / တခြားအဟာရဓာတ်များ အရွက်ပေါ်တွင်အဝါအကွက်
စုပ်ယူမှု့ များတွေ့ရမည်
ဇင့်ခ် (Zn) / ဟော်မုန်းထိန်းညှိကာကွယ် / ပုံစံမမှန်ထက်အရွက်သေး၊ပင်ပု
ဘိုရွန် ( / အစာအဟာရပို့ဆောင်ခြင်း / အညွန့်သေ၊ ပန်းပွင့်ကြွေကျ
လွယ်မယ်

image
1 y - Translate

ပြတ်တောက်လက်ဖဝါး ပြန်ဆက်တဲ့ ခွဲစိတ်မှုအောင်မြင်
*****************
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပြတ်တောက်သွားတဲ့လက်ဖဝါးကို ပြန်ဆက်ပေးတဲ့ခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဘားအံမြို့မှာနေတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ မေလ ၂၄ ရက်၊ မနက် ၁၁ နာရီခန့်က ဓားခုတ်ခံရတာကြောင့် ဘယ်ဖက်လက်ဖဝါးပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

ဘားအံမြို့ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်ကုသမှုခံယူပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ညနေ ၆ နာရီ ၁၅ မိနစ်မှာ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ် လူနာဌာနမှာ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးတာတွေပြုလုပ်ပြီး ပြတ်တောက်သွားတဲ့ လက်ဖဝါးကို ပြန်ဆက်ဖို့ ခွဲစိတ်ကုသမှုကို မေလ ၂၄ ရက် ည ၁၀ နာရီခွဲအချိန်မှာ စတင်ဆောင်ရွက်ခဲ့ရာ မေလ ၂၅ ရက် မနက် ၅ နာရီခွဲမှာ အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။

ခွဲစိတ်ကုသထားတဲ့ လက်ရဲ့သွေးလည်ပတ်မှုကောင်းမွန်တာကြောင့် ဇွန်လ ၁၁ ရက်မှာ ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး ဇွန်လ ၁၆ ရက် ရက်ချိန်းပြန်လည်ပြသရာမှာလည်း လက်အခြေအနေ ကောင်းမွန် တယ်လို့ သိရပါတယ်။

အခုလို လက်ပြတ်တောက်သွားတဲ့ လူနာကဲသို့ ပြတ်တောက်သွားသည့်လက်အား ခွဲစိတ်ကုသမှုဆောင်ရွက်ဖို့အတွက် ပြည်သူ့ ဆေးရုံကြီးတွေကို လွှဲပြောင်းပေးပို့မယ်ဆိုရင် ပြတ်တောက်သွားတဲ့ လက်ကို ရေသန့်သန့် ဒါမှမဟုတ် အကြောဆေးရည်နဲ့ ဆေးပြီးနောက်အကြောဆေးရည်နဲ့ စိုစွတ်အောင်စိမ်ထားတဲ့ ခွဲစိတ်ခန်းသုံးအဝတ်စနဲ့ပတ်ပြီး သန့်ရှင်းတဲ့ ပလတ်စတစ်အိတ် ဒါမှမဟုတ် ဘူးထဲထည့်ရမှာ ဖြစ်ပါတယ်။

နောက်တစ်နည်းအနေနဲ့ အကြောဆေးရည်ထည့်ထား တဲ့ သန့်ရှင်းသော ပလတ်စတစ်အိတ် ဒါမှမဟုတ် ဘူးထဲထည့်ပြီး လုံခြုံစွာပိတ်ကာ ရေခဲပုံးအတွင်းထည့်ပြီး အမြန်ဆုံး လွှဲပြောင်းပေးပို့နိုင် တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၂၀၂၂ ခုနှစ်တုန်းက လက်ဖျံပြန်ဆက်တဲ့ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့သူ တစ်ဦး၊ ၂၀၂၃ ခုနှစ်မှာ လက်မောင်းပြန်ဆက်တဲ့ ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ သူတစ်ဦး၊ ၂၀၂၄ ခုနှစ်မှာ လက်မ ပြန်ဆက်တဲ့ ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သူတစ်ဦးနဲ့ ၂၀၂၅ ခုနှစ် အခုအချိန်အထိ လက်ဖဝါးပြန်ဆက်တဲ့ ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သူတစ်ဦးတို့ကို အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

image
1 y - Translate

လူကုန်ကူးမှုများအား ယခင်ထက် တိုးမြှင့်ဖော်ထုတ် အရေးယူနိုင်ခဲ့
*****************
(ပြည်တွင်း) ဇွန်လ ၂၆
၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လ ၂၀ ရက်အထိ ၅ လကျော်ကာလအတွင်း လူကုန်ကူးမှု အမှုပေါင်း ၈၀ အရေးယူနိုင်ခဲ့ပြီး ယခင်နှစ်ကထက် လူကုန်ကူးမှုတွေကို တိုးမြှင့်ဖော်ထုတ်အရေးယူ နိုင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်က ဇွန်လ ၂၄ ရက် နေပြည်တော်ရုံးအမှတ်(၈) မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှာ ကျင်းပတဲ့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများကို အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်၊၊

၂၀၂၄ ခုနှစ်အတွင်း လူကုန်ကူးမှုအနေနဲ့ ၅၃ မှုကို အရေးယူဆောင်ရွက်ခဲ့ပြီး ဖြစ်ပွားခဲ့တဲ့ နိုင်ငံတွေကတော့ တရုတ်နိုင်ငံမှ ၃၄ မှု၊ လာအိုနိုင်ငံမှ ၁ မှု၊ ကမ္ဘောဒီးယားနိုင်ငံမှ ၁ မှုနဲ့ ပြည်တွင်း ၁၇ မှု ဖြစ်ပွားခဲ့တယ်လို့ ဒုတိယဝန်ကြီး က ပြောကြားခဲ့ပါတယ်၊၊

အခုလိုဖြစ်ပွားခဲ့တဲ့ အမှုအမျိုးအစားတွေကတော့ အဓမ္မလက်ထပ်စေခြင်း၊ ပြည့်တန်ဆာအဖြစ် အဓမ္မပြုလုပ် စေခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ ကိုယ်ဝန်အငှားဆောင်စေခြင်းအပြင် အခြားနည်းလမ်းတွေနဲ့ ကာမဆိုင်ရာကိစ္စ အဓမ္မပြုလုပ်စေခြင်းတို့ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ ၂၁၈ မှုနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လ ၂၀ ရက်အထိ ၄၂ မှုတို့ကို အရေးယူဆောင်ရွက်ခဲ့သလို အရေးယူ ဆောင်ရွက်နိုင်ရန် ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားဖို့လိုပြီး နယ်စပ်ဝင်ပေါက်ထွက်ပေါက်တွေကနေ တရားမဝင် သွားရောက်မယ့်သူတွေကို တားဆီးအသိပညာဆောင်ရွက်ကာ နေရပ်ဒေသကို ပြန်လည် စေလွှတ်တာတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်၊၊

image