23 ပတ် - ဘာသာပြန်ပါ။

ဟောကင်း မြို့က ကလေးတစ်သိုက်နဲ့ စတင်ခဲ့တဲ့ Stranger things ဟာ ကလေးတွေလဲ လူကြီးတွေ ဖြစ်လာပြီ ဖြစ်သောကြောင့် မကြာခင် အဆုံးသတ်တော့မှာဖြစ်ပါတယ် ။
လာမဲ့ Season 5 ဟာ Stranger things ရဲ့ နောက်ဆုံး Season ဖြစ်ပြီး Episodes 8 ပိုင်းပါဝင်မှာဖြစ်ပါတယ်။
ထူးခြားတာက အပိုင်း 8 ပိုင်းဟာ ရုပ်ရှင် တစ်ကားစာနီးနီးကြာမှာပါ ။ အကြောင်းကတော့ Stranger things ရဲ့ Production အဖွဲ့ဟာ Season 5 ကို Script ရော ရိုက်ကူးရေးပိုင်းမှာ သေချာအားထည့်ထားတာကြောင့် ပရိသတ် တွေကို တဝကြီး ကြည့်ရှုနိုင်အောင်ဖြစ်ပါတယ် ။
Season 5 ရဲ့ ထုတ်လွှင့်မဲ့ နေ့ကိုတော့ အတိအကျတော့ မသိရသေးပါဘူး ။ Stranger Things ဟာ Season 5 နဲ့ ဇာတ်သိမ်းမှာဆိုပေမဲ့ Franchise ကြီးတစ်ခုလုံးအဆုံးသတ်မှာ မဟုတ်သေးဘဲ Spin-off တွေ နဲ့ Movies တွေ လာနိုင်ပါသေးတယ် ။

image
23 ပတ် - ဘာသာပြန်ပါ။

❝Brooks ဒီမှာရှိခဲ့တယ် ❞
ကိုယ့်လူတို့ရေ။ ပြင်ပလောကကြီးက အပြောင်းအလဲသိပ်မြန်တာပဲ။ ကျုပ် ကလေးဘဝတုန်းက မော်တော်ကားဆို တစ်စီးပဲတွေ့ခဲ့ဖူးတာ၊ ခုတော့ နေရာတိုင်းပါပဲလား။ ကမ္ဘာကြီးလည်ပတ်နေတာ တယ်မြန်သကိုး။ လွတ်ငြိမ်းချမ်းသာအသင်းက ကျုပ်ကို The Brewer လို့ခေါ်တဲ့အိမ်ကလေးမှာ နေရာချပေးထားတယ်၊ စတိုးဆိုင်မှာ ပစ္စည်းတွေ အိတ်ထဲထည့်ပေးတဲ့အလုပ်ကလေးနဲ့ပေါ့ကွယ်။ အလုပ်ကပင်ပန်းပေမယ့် ကျုပ်လည်းကြိုးစားလုပ်ပါတယ်၊ ဒါပေမယ့် ကျုပ်လက်တွေအမြဲလိုလို နာနေပါရော။ စတိုးဆိုင်မန်နေဂျာကြည့်ရတာ ကျုပ်ကိုသဘောကျပုံမပေါ်ပါဘူး။ တစ်ခါတစ်လေကျ အလုပ်ချိန်ပြီးသွားရင် ပန်းခြံထဲသွားပြီး ငှက်ကလေးတွေကို အစာကျွေးတတ်တယ်။ Jake ပေါ်လာပြီး လာနှုတ်ဆက်မယ်လို့ ထင်နေတုန်းပဲကွယ်။ တစ်ခါမှတော့ ပေါ်မလာခဲ့ပါဘူး။ သူ ဘယ်ရောက်နေနေ အဆင်ပြေပြီး သူငယ်ချင်းအသစ်တွေရနေဖို့ပဲ မျှော်လင့်ပါတယ်။ ကျုပ် ညတွေဆိုအိပ်မပျော်ဘူး။ အမြင့်ကပြုတ်ကျနေသလို အိပ်မက်ဆိုးတွေမက်တယ်။ နိုးလာရင် ကြောက်နေပါရောလား။ တစ်ခါတစ်လေကျ ကျုပ်ဘယ်ကိုရောက်နေတယ်ဆိုတာ မနည်းပြန်စဥ်းစားရတယ်။ သေနတ်တစ်လက်ဝယ်ပြီး စတိုးဆိုင်ကိုဓားပြပြန်တိုက်လိုက်ရင် ကျုပ်ကို ထောင်ထဲပြန်ပို့ပေးမလားမသိပါဘူးကွယ်။ အပိုဆုအနေနဲ့ မန်နေဂျာကိုပါ ပစ်ပေးဦးမယ်စိတ်ကူးတာပဲ။ ကြည့်ရတာ ကျုပ်ဒါတွေလုပ်ဖို့လည်း အသက်ကြီးနေပြီထင်ပါရဲ့။ ဒီမှာမပျော်ဘူးကွယ်။ အချိန်တိုင်းကြောက်လန့်နေရတာ ပင်ပန်းလှပါပြီ။ ကျုပ် ဆက်မနေတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ။ သူတို့လည်း ကျုပ်လိုလူအိုကြီးကို အရေးတယူအဖတ်လုပ်မယ်မထင်ပါဘူး။
စာကြွင်း။ Heywood ကို သူ့လည်မျို ဓားထောက်ခဲ့မိတဲ့အတွက် တောင်းပန်ကြောင်းပြောပေးပါ။ သူ့အပေါ် ဘာအငြိုးမှမရှိပါဘူးကွယ်။
Brooks, The Shawshank Redemption

image
23 ပတ် - ဘာသာပြန်ပါ။

Bruce Wayne : ငါကျရှုံးခဲ့တယ် အဲဖရက် .
Alfred Pennyworth : ငါတို့ဘာကြောင့်လဲကျရတာလဲ ?
လဲကျနေရာကနေပြန်ထနိုင်ဖို့ အဲ့
လို လဲကျခြင်းကမှ သင်ခန်းစာ ယူ
နိုင်မှာ ။
[ Alfred Pennyworth's Quote from The Dark Knight ]

image

#ပဲပင်ပေါက်
သွေးအားနည်းရောဂါကို သက်သာစေခြင်း
ပဲပင်ပေါက်မှာ သံဓာတ်များစွာပါင်ဝင်တာကြောင့် သွေးနီဆဲလ်မှာတွေ့ရတဲ့ ဟေမိုဂလိုဘင် တည်ဖောက်မှုမှာ အရေးပါ ပါတယ်။ ဒါ့အပြင် ပဲပင်ပေါက်မှာ ဗီတာမင်စီ မမြင့်မားတဲ့ ပမာဏ ပါဝင်မှုရှိတာကြောင့် အူကနေ သံဓာတ် စုပ်ယူမှုကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် သံဓာတ်ကြောင့် ဖြစ်တဲ့ သွေးအားနည်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်သလို ရောဂါဖြစ်နေရင်လည်း ကုသနိုင်ပါတယ်။
နှလုံးသွေးကြောများကို ကျန်းမာစေခြင်း
အသား၊ နို့နဲ့ နို့ထွက်ပစ္စည်းစတာတွေမှာ တွေ့ရများတဲ့ ပြည့်ဝဆီက မှီဝဲမှု လျော့ချရင်း ပဲပင်ပေါက်ကို ပုံမှန်စားသုံးပေးရင် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော LD ကိုလျော့ကျစေပါတယ်။ အကြောင်းကတော့ ပဲပင်ပေါက်မှာ အမျှင်ဓာတ်နဲ့ လက်စီသင် ပါဝင်လို့ဖြစ်တယ်။ ပဲပင်ပေါက်ဟာ နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာစေတာကြောင့် နှလုံးရောဂါ မှာ အဖြစ်များဆုံး ရောဂါဖြစ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
ဝမ်းမှန်မှန်သွားစေခြင်း
ပဲပင်ပေါက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အူလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်တဲ့ လက္ခဏာကို သက်သာစေပါတယ်။
ဆံပင်နှင့် လက်သည်းကို ကျန်းမာစေခြင်း
အာဟာရတချို့ ချို့တဲ့မှုကြောင့် ဆံပင်တွေ ကျိုးပြတ်တာ၊ လက်သည်း၊ ခြေသည်းတွေ ကြွပ်ဆတ်တာတို့ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပရိုတင်းဓာတ် ၊ ဗီတာမင်နဲ့ ဇင့်(သွပ်) ဓာတ်တို့ ချို့တဲ့တာ ကြောင့်ဖြစ်တတ်ပါတယ်။ ပဲပင်ပေါက်မှာ ဒီအာဟာရဓာတ်တွေ အများအပြား ပါဝင်တဲ့ အတွက် ဆံပင်သားနဲ့ လက်သည်း၊ ခြေသည်းပြဿနာတို့ မဖြစ်အောင် ကာကွယ်နိုင်သလို ဖြစ်နေရင်လည်း ကုသပေးနိုင်ပါတယ်။
အသည်းကိုကျန်းမာစေခြင်း
ပဲပင်ပေါက်မှာ လက်ဆီသင် ပမာဏ များစွာပါဝင်တဲ့ အပြင် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေကာအသည်းမှာ အဆီကပ်ငြိမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် အဖြစ်များတဲ့ အသည်း ထိခိုက်မှု အခြအနေတစ်ရပ်ဖြစ်တဲ့ အသည်းအဆီဖုံးမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
သွေးဆုံးချိန် ဝေဒနာများကို သက်သာစေခြင်း
ပဲပင်ပေါက်မှာ အီစထရိုဂျင်လို အာနိသင်ပေးနိုင်တဲ့ ဖိုင်တိုအီစထရိုဂျင်များ စွာပါဝင်ပါတယ်။ ဒါကြောင့် သွေးဆုံးချိန်နဲ့ ဆက်စပ်နေတဲ့ ရင်တုန်တာ၊ ညဘက်ပူလောင်ပြီး ချွေးထွက်တာစတဲ့ ဝေဒနာတွေ သက်သာစေပါတယ်။ သွေးဆုံး ဝေဒနာအများစုက အီစထရိုဂျင်အဆင့် လျော့နည်းလို့ဖြစ်တာတာပါ။ ပဲပင်ပေါက်မှာတွေ့ရတဲ့ ဖိုင်တိုအီစထရိုဂျင် တွေဟာ သွေးဆုံးချိန်မှာ အဖြစ်များတဲ့ အရိုးပါးရောဂါမဖြစ်အောင် လည်း ကာကွယ်ပေးပါတယ်။
အရေပြား အိုမင်းမှု တားပေးသော အစွမ်းရှိခြင်း
ပဲပင်ပေါက်မှာ အတွေ့များတဲ့ ဖိုင်တိုအီစထရိုဂျင်ဟာ အရေပြား တည်ဆောက်မှုမှာအရေးပါတဲ့ ကော်လာဂျင်၊ အီလက်စတင်နဲ့ ဟိုင်ရာလူရိုးနစ် အက်စစ် တို့ တည်ဆောက်မှုကို ကောင်းမွန်စေပါတယ်။ ပဲပင်ပေါက်ဟာ အရေပြားတင်းရင်းမှုနဲ့ အစိုဓာတ်လျော့ကျမှုကြောင့် ဖြစ်တဲ့ အရေပြားအိုမင်းတဲ့ ဖြစ်စဉ်ကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။
စိတ်ဖိစီးမှုနှင့် မောပန်းမှုကို လျော့ကျစေခြင်း
ပဲပင်ပေါက်မှာ စွမ်းအင်နဲ့ တခြား အာဟာရဓါတ်တွေ အများအပြား ပါဝင်တာကြောင့် စိတ်ဖိစီးမှုနဲ့ မောပန်းမှုတို့ကြောင့် ဖြစ်လာတဲ့ ဝေဒနာ တွေကို သက်သာလျော့ပါး စေပါတယ်။

image
23 ပတ် - ဘာသာပြန်ပါ။

(Shark တဘူး ၃၀၀၀ တဲ့)
အမောပြေတာချင်းအတူတူဆို ဘေ ၃၀၀၀ ထည့်ပီး ကိုယ့်ကောင်မလေးကိုပဲ ဖုန်းဆက်တော့မှာပေါ့🥺

စော်မရှိတဲ့ကောင်တွေကတော့ shark ပဲသောက် 😂😂

image
23 ပတ် - ဘာသာပြန်ပါ။

ကိုယ်လိုချင်တဲ့အရာမှန်သမျှကို
ကိုယ်ကလဲ ပြန်ပေးတတ်ရတယ် တဲ့
ဒါပေမဲ့လဲ ဘဝကြီးက
ကိုယ်ကရှိရှိသမျှ ပေးနေရင်တောင်
တစ်ဖက်မှာ တန်ဖိုးရှိမနေတာမျိုး ၊
မြူတစ်မူန်စာလောက်တောင်
တန်ပြန်မလာတာမျိုး …

23 ပတ် - ဘာသာပြန်ပါ။

ဆေးရုံမှာ14ချက်ချုပ်ပြီး ရှူတင်မှာပြန်ပြီးဆက်
သရုပ်ဆောင်ခဲ့ပါသေးတယ် ။

image

ကင်းမြီးကောက် ကင်းခြေများ အကိုက် ခံရပါက အမြန်အဆိပ်ဖြေနည်း
=======================
၁။ ကင်းခြေများ မတော်တဆ ကိုက်ခံရပါက –သင်္ဘောသီး အစိမ်း အခွံမှ အစေးကို ကိုက်ခံရသော နေရာတွင်လိမ်းပေး ခြင်းဖြင့် အဆိပ် ချက်ချင်း ပြေနိုင် ပါတယ်။
၂။ ကင်းမြှီးကောက် ကိုက်ခံ ရပါက –သံပုရာသီး အရည်နှင့် အချိုမှုန့် သမအောင် ရောစပ်၍ရသော အရည်ဖြင့် ကိုက်ခံရသော နေရာအား လိမ်းပေးပါက၁၀ မိနစ် အတွင်း အဆိပ်ပြေ နိုင်သည်။
၃။ ကြက်သွန်နီ ၃ လုံးကို မီးဖုတ်ပါ –မီးဖုတ်ပြီးသော ကြက်သွန်နီကို ထောင်း၍ အရည် ညစ်ယူပါ။ကြက်သွန် မီးဖုတ် အရည်ကို အကိုက် ခံရသည့် နေရာကို လိမ်းပေးပြီးအဖတ်များ ကိုလည်း အနာပေါ်ကို အုံ၍ အဝတ်ဖြင့် စည်းထားပါ။အဆိပ်ပြေ လိမ့်မည်။
၄။ မန်ကျည်းသီး အစေ့ကို သွေး၍ အရည်ကို အနာပေါ် လိမ်းပေးပါ။အဆိပ် ပြေပါ လိမ့်မည်။
(ကင်းမြီးကောက် ကို အလွယ်တကူ သိမြင်နိုင်သော်လည်း အချို့မှာကင်းခြေများနှင့် ရထားကောင်တို့ကို ဆင်တူနေသဖြင့် မှားယွင်းတတ်ကြပါသည်… သိသူများကတော့ အလွယ်တကူခွဲခြား နိုင်သော်လည်း
မသိသူများ မှတ်သားရန်မှာ… လူကို အန္တရာယ် မပေးတတ်သောရထားကောင်မှာ နှေးကွေးလေးလံစွာသွာ သွားသည့်အကောင်မျိုးဖြစ်၍ကင်းခြေများမှာတော့ သင် ဖမ်းမမီအောင် အသွားမြန်သည့် သတ္တဝါမျိုးဖြစ်ပါသည်။ ရထားကောင်က ခန္ဓာကိုယ် လုံးပြီး၊ ကင်းခြေများကတော့ပြားသော ခန္ဓာကိုယ် ရှိပါသည်။
မကြာသေးမီက ရထားကောင်ပေါ်ဖိအိပ်မိသော ကျောင်းသားလေးတစ်ဦး၏ လည်ပင်းတွင် အညိုအမည်းစွဲသည့် ဒဏ်ရာဖြစ်ကျန်ရစ်သည့် ပို့စ်ကို တင်ပေးခဲ့ပြီးဖြစ်ပါသည်။
ရထားကောင်အား ဖိအိပ်မိပြီး သူ၏ခန္ဓာကိုယ်မှ ထွက်သည့်အရည်များနှင့်အချိန်ကြာစွာ ထိမိ၍ ဤသို့ဖြစ်ရခြင်း ဖြစ်သော်လည်း သာမန်အားဖြင့်ထိုရထားကောင်များမှာ အန္တရာယ် မပေးသည့် သတ္တဝါ ဖြစ်သည့်အပြင်သူ့အား တို့ထိလိုက်ပါက သင်းခွေချပ်ကဲ့သို့ ခန္ဓာကိုယ်တခုလုံးအားခွေပြီးနေလိုက်သဖြင့် ကလေးများ၏ ဆော့ကစားခြင်းကိုပင် ခံရသည့်သတ္တဝါဖြစ်ပါသည်။
ကင်းခြေများနှင့် ကင်းမြီးကောက်ကတော့ အဆိပ်ရှိသတ္တဝါ ဖြစ်ပြီး မလွဲမရှောင်သာ တိုးမိ၍သော်လည်းကောင်း တက်နင်းမိ၍သော်လည်းကောင်း အကိုက်ခံရပါက အဆိပ်တက်နိုင်ပါသဖြင့်ထိုသတ္တဝါများကို ခွဲခြားသိမြင် ရှောင်ရှားနိုင်ကြပါစေ…)
Crd

image

ကန်စွန်းနီသည် အသည်းကို သန့်စင်ပေးပြီး အညစ်အကြေးများ၊ အဆိပ်အတောက်များနှင့် ခန္ဓာကိုယ်အတွင်းမလိုအပ်သော လေးလံတဲ့သတ္တုအဆိပ်များကို ဖယ်ရှားပေးသည်။ မောပန်းနွမ်းနယ်ခြင်း၊ နုံချိညောင်းညာခြင်း၊ ခန္ဓာကိုယ်တွင်အနီဖုများထွက်ခြင်း၊ တစ်နေကုန်အိပ်ငိုက်ခြင်း၊ ကိုယ်နံ့ဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် အိပ်မပျော်ခြင်းတို့ကို သက်သာစေသည်။
အသုံးပြုနည်း.......
ကန်စွန်းရွက်နီ လက်တစ်ဆုပ်စာကို ရေ ၁ လီတာဖြင့် ပြုတ်ပြီး တစ်နေ့တာလုံး လက်ဖက်ရည်အဖြစ် သောက်သုံးပေးပါ။ ၎င်းသည် ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို စွန့်ထုတ်ပေးမည်။
အကြံပြုချက်........။
ကန်စွန်းရွက်နီပြုတ်ရည်ကို တစ်လလျှင် တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်သာ သောက်သုံးပါ။ ၎င်းသည် အူမကြီးကို သန့်စင်ပေးပြီး ခန္ဓာကိုယ်ထဲမှာ စုပုံကျန်နေသော အဆိပ်အတောက်များနှင့် အညစ်အကြေးများ အားလုံးကို ဖယ်ရှားပေးပါလိမ့်မည်။
အကျိုးကျေးဇူး.........
ကန်စွန်းရွက်နီပြုတ်ရည်သည် ခန္ဓာကိုယ်အတွင်း သန့်စင်ပေးဖို့အတွက် အရမ်းကောင်းပါသည်။ အထူးသဖြင့် ကိုယ်နံ့ဆိုးခြင်းကဲ့သို့သော ပြဿနာရှိသူများ ပြုတ်သောက်နိုင်ပါသည်။

image
23 ပတ် - ဘာသာပြန်ပါ။

Ryan Reynolds က Star Wars မှာ R-rated ရုပ်ရှင်လုပ်ချင်တယ်လို့ ပြောလာပါတယ်။
Deadpool မင်းသားဖြစ်သူ Ryan Reynolds က The Box Office နဲ့ Podcast မှာ သူ Disney အတွက် R-rated Star Wars Project လုပ်ဖို့ အကြံပေးခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။
“ကျွန်တော် Disney ကို အကြံပေးခဲ့ပါတယ်။ ‘Star Wars မှာ R-rated ပရောဂျက်တစ်ခု လုပ်ကြည့်ရင် ဘယ်လိုလဲ’ လို့ပြောခဲ့တယ်။” သူက သူ့အကြံပြုချက်ကို ဆက်ရှင်းပြရင်း၊ “ဒါက အဓိကဇာတ်ကောင်တွေနဲ့ သိပ်ပြီးရှုပ်စရာတော့ မလိုပါဘူး။ R-rated ဆိုပြီးလည်း ရိုင်းစိုင်းတဲ့ အကြောင်းအရာတွေလိုမျိုးရိုက်ချင်တာလည်းမဟုတ်ပါဘူး။ R-rated ဆိုတာက စိတ်ခံစားမှုတွေကို ဖုံးကွယ်ထည့်သွင်းဖို့ တရိုဂျန်မြင်းလို့ ဆိုလိုတာပါ။ Studio တွေက ဘာလို့ ဒီလိုမျိုး စွန့်စားပြီး မလုပ်ကြည့်ချင်ကြတာလဲလို့ ကျွန်တော် အမြဲတွေးမိတယ်။”
Ryan Reynolds ဒီအကြံကို စိတ်အားထက်သန်နေပေမယ့်၊ သူကိုယ်တိုင် ဒီလိုမျိုး ရုပ်ရှင်မှာ သရုပ်ဆောင်ချင်တာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ဒါပေမယ့် “သူက ထုတ်လုပ်သူအနေနဲ့ပဲ ပါဝင်ချင်တယ်၊ ဒါမှမဟုတ် ဇာတ်ညွှန်းရေးသူအနေနဲ့ ပါဝင်ချင်တယ်လို့ပြောပါတယ်။
Ryan Reynolds ဟာ MCU မှာ Deadpool & Wolverine နဲ့ အချိန်တိုင်းရဲ့ ရုံဝင်ငွေအများဆုံး R-rated ရုပ်ရှင်မှာ သရုပ်ဆောင်ရုံတင်မကဘဲ၊ ဇာတ်ညွှန်းရေးပြီး ထုတ်လုပ်သူအဖြစ်လည်း ပါဝင်ခဲ့ပါတယ်။ သူဟာ R-rated ပရောဂျက်တွေနဲ့ ရင်းနှီးနေပေမယ့်၊ Star Wars မှာတော့ ဒီလို R-rated ပရောဂျက်ကို ဘယ်တုန်းကမှ မဖန်တီးခဲ့ဖူးပါဘူး။
Ryan Reynolds က လာမယ့် Deadpool ရုပ်ရှင်တစ်ကားrSm X-Men ဇာတ်ကောင်တွေကို ထပ်ထည့်ဖို့ စဉ်းစားနေတယ်လို့ The Hollywood Reporter က ဖော်ပြထားပါတယ်။ ဒီပရောဂျက်မှာ X Men ဇာတ်ကောင် ၃ ယောက်ကနေ ၄ ယောက်လောက်ပါဝင်မှာဖြစ်ပြီး၊ Ryan Reynolds ရဲ့ Deadpool ကတော့ ကြားထဲဝင်လာမယ့် ဇာတ်ကောင်ဖြစ်လာမှာဖြစ်ပါ်တယ်။

image