#ပုစွန်၅၀၀ဖိုး
(ပုစွန်က ရက်ကျန်တွေမဟုတ်ဘူး..
အရှင်တွေအိမ်ကြမှသေကုန်တာ..)
မျှစ်၁၀၀ဖိုး..
(သူ့ဘာသာလက်ဆနဲ့ထည့်ပေးလိုက်တာ)
ချဥိပေါင်၁၀၀ဖိုး
(၄စည်း)ရောချက်လိုက်တာ..
ဆွမ်းအုပ်နဲ့အပြည့်ပဲ..
မိသားစုများတဲ့သူတွေနဲ့ကိုက်တယ်..စားပါလေ့
ချက်နည်းကတော့..
ခါတိုင်းလိုပဲ..
ချဉ်ပေါင်းကိုရေစစ်ပြီးအိုးထဲထည့်ချေ..
ချဉ်ပေါင်ကြေသွားရင်ခပ်ထား..
ခရမ်းချဉ်သီး..ကြက်သွန်နီကို.ဆား အချိုမှုန့်..ငါးပိ..ငရုတ်သီးအတောင့်ကြော်ကိုကြက်သွန်ဖြူနဲ့ရောထောင်းပြီးဆီမွှေသပ်..
ခရမ်းချဉ်သီးကြေရင်..ပုစွန်ဆိတ်လေးရောမွှေ..
ဆီထွက်လာရင်..ချဉ်ပေါင်နဲ့မျှစ်နဲ့ထည့်မွှေ..
ပြီးရင်ငံပြာရည်လေးနည်းနည်းထည့်..ဆီပြန်ထွက်လာရင်..ကချင်ငရုတ်သီးစိမ်းလေးခြွေထည့်ပြီးစားလို့ရပါပြီရှင်..
မနက်စာ..ထမင်းပူပူလေးနဲ့မြှပ်စားစား...
နေ့လည်စာ ပဲဟင်းရေကျဲလေးချက်ပြီး ရောစားစား....
ညစာ..ကြက်ဥကြော်လေနဲ့တွဲစားစား..
ရှယ်ပဲ
🙂
