ဒီလို #ဘဲဥငါးခြောက်အာလူးချဉ်ဟင်း ကြိုက်တဲ့သူများရှိကြလားနော် 😋
ချက်နည်း
---------------
နှစ်သက်ရာ ငါးခြောက်ကို လို သလို
အတုံးလေးတွေ တုံးထားပီး
အငံ ပေါ့အောင် ရေအရင်စိမ်
ပီးရင် အရသာမှုန့် နဲ့ ဆနွင်း နယ်ထားရပါမယ်
ချက်မယ့် ဘဲဥ ကြက်ဥကို ဆားထည့်ပြုတ်
ပီး အခွံ နွာထားပါ, အနည်းငယ်
ပတ်ပတ်လည် မွန်းထားပါနော်( တခြမ်း ခြမ်းပီးချက်လည်း ရပါတယ် နော်)
အနေတော် အာလူးကို ၄စိတ် စိတ်ပီး
အရသာနယ် ထားရပါမယ်
ကြက်သွန် ဖြူ - နီ - ဂျင်းလက် တစ်ဆစ်စစ်
ရော ထောင်း ထားရပါမယ်
မရမ်းသီး နဲ့ မကျည်းသီးမှည့်ကို
ရေနွေး နဲ့ စိမ်ထားရပါမယ်
ရုံး ပတီသီး ကိုလည်း ရေစိမ်ပီးမှ
လို အပ်တဲ့ ဆိုဒ် ဖြတ်ထားပါနော်
(မကျည်းသီးပဲ ထည့်ရင် ဟင်းက
သိပ်မချဉ်လို့ မရမ်းသီး ထည့်တာပါရှင်)
# အရင်ဆုံး ဆီထည့်ပီး ဆူလာရင်
ငါးခြောက်ကို မမာ မပျော့ အနေတော်လေး
ကြော်ပါမယ် , ပီးရင် သပ်သပ် ဆီစစ်
ဆယ်ထားပီး ကျန်နေတဲ့ အိုးထဲက ဆီနဲ့
ကြက်သွန်ဖြူ နီ ဂျင်း ထောင်းထားတာကို
ဆီသတ်ပါမယ် , ငရုပ်သီး အရောင်မှုန့် ထည့်ပါမယ် , မဆလာ နည်းနည်းလေး ထည့်ပါမယ်(ငါးခြောက်နံ့
ပျောက်အောင်ထည့်တာပါ) , အကုန် မွှေး လာရင်တော့
အာလူး နယ်ထားတာ ထည့်ပါမယ်
အစိမ်း နံ့ ပျောက်အောင် ခဏ ထားပီး
ခုန ငါးခြောက် ကြော်ထားတာ ပြန်
ထည့်ပါမယ် , ပီးရင် ရေအနည်းငယ် ထည့်ပါမယ်
# ရေဆူလာပီး အာလူး နူးပီဆိုရင်
အချဉ် ဖျော်ထားတာကို ထည့်ပါမယ်
(အာလူးမနူးခင် အချဉ်ထည့်ရင်
အာလူး မာတတ်ပါတယ်နော်)
ပီးရင် ပြုတ်ထားတဲ့ ဥ တွေကို ထည့်ပါမယ်
အပေါ့အငန် မြည်းပီး အချိုလိုရင်
အချိုမှုန့် အငန်လိုရင် ငံပြာရည် ထည့်ပါမယ်နော် တခါတလေ ငါးခြောက်က ငန် တတ်လို့ပါနော်
ထပ်ဆူလာပီဆိုရင် ရုံပတီသီး များကို ထည့်ပါမယ် ခဏ ထားပီး မဆလာ ကြိုက်ရင် မဆလာ ထပ် ထည့်ပါရှင်
နံံနံပင် ကြိုက်ရင်လည်း ထည့်လို့ရပါတယ်နော်
အားလုံး အဆင်ပြေကြပါစေနော် 😍
