41 w - Translate

The King of Kings (2025)

ဒီကာတွန်းဇာတ်ကားလေးမှာတော့ နာမည်ကျော် ဂျိမ်းဘွန်းမင်းသား ပီရာ့စ် ဘရိုစနန်တို Moon Knight မင်းသား အော်စကာ အိုင်းဆက်တို ပါဝင်ကာ အသံသရုပ်ဆောင်ထားပြီးတော့ IMDb မှာ 7.1/10 နှင့် Rotten Tomatoes မှာ 63% တောင် ရရှိထားပြီး ပူပူနွေးနွေး ထွက်ရှိထားတဲ့ ကာတွန်းကောင်းလေးဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း
+++++++++++++

ပြဇာတ်ရုံပိုင်ရှင် ချားစ်ဆိုတဲ့ ပုံပြောဆရာက အဆော့မက်ပြီးတော့ ဘုရင်အာသာနဲ့ လက်စွဲတော်မှော်ဝင်အက်စ်ကာလီဘာဓားကို ရူးသွပ်နေတဲ့ သားဖြစ်သူ ဝေါ်တာလေးကို လိမ္မာရေးခြားရှိအောင်
ဘုရင်များရဲ့ ဘုရင်ဆိုတဲ့ ပုံပြင်တစ်ပုဒ်ကို ပြောပြရာက အစချီထားပြီးတော့ ဘုရားသား‌တော် ယေရှု ခရစ်တော် (Jesus Chist) မွေးဖွားလာရာကစလို သေဆုံးချိန်အထိ ဖြစ်ကြောင်းကုန်စင်ကို
စိတ်ဝင်စားဖွယ်ရာ ဗဟုသုတရဖွယ်ရာ ကာတွန်းရုပ်ရှင်အနေနဲ့ ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်။
ခရစ်ယာန်ဘာသာဖြစ်တည်လာတဲ့သမိုင်းကြောင်းကို စိတ်ပါဝင်စားပြီးတော့ အထူးတလည် ရှာမဖတ်ချင်ဘူးဆိုရင် ပုံပြင်ထဲက ပုံပြင်ပုံစံလိုပြောပြထားတဲ့ ဒီကာတွန်းကားလေးကို ကြည့်လိုက်ရုံပါပဲ။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/zatcarmovie1/58

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
41 w - Translate

Noah’s Ark (2024)

ဘိုင်ဘယ်စာအုပ်ထဲက နိုးအာ့ ပုံပြင်ကို စိတ်ခံစားမှုတွေနဲ့ ပြန်လည်ဖန်တီးပြုထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
ရုပ်ရှင်မှာ နိုးအာ့က ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မျိုးစိတ်တွေကို မုန်တိုင်းကြီးမှ ကာကွယ်ဖို လုပ်ဆောင်တဲ့ ကမ္ဘာအကြီးဆုံး အုတ်မြစ်တစ်ခုဖြစ်လာမယ့်ပုံစံကို ဖော်ပြထားသည်။
ရုပ်ရှင် အနုပညာအပိုင်းကတော့ ထူးထူးခြားခြားဖြစ်ပြီး တိရစ္ဆာန်တွေကို ပြတဲ့ အခန်းတွေမှာတော့မိုက်တယ်။
ရုပ်ရှင်က ယုံကြည်မှု၊ အသက်ရှင်ခြင်းနှင့် လူ့သဘာဝတွေ သေချာစဉ်းစားသင့်တဲ့အကြောင်းအရာတွေကို ရှင်းပြထားတာပါ။
ရုပ်ရှင်က အနုပညာနှင့် ယုံကြည်မှုဆက်စပ်တဲ့ အရာတွေကို အဓိက ထင်ဟပ်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/animezatcar/34

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
41 w - Translate

Sneaks (2025)

ဒီဇာတ်ကားလေးကတော့ Sneaker ချစ်သူတွေ ဖြစ်ကြတဲ့ Sneakerhead တွေဆို
ပိုလိုတောင်အကြိုက်တွေ့ဦးမယ့် Animation ကားလေးဖြစ်ပါတယ်။ တစ်နှစ်တစ်ခါ
SneakerHead တွေစုပြီး ကျင်းပတဲ့ SneakerHead Gala ဆိုတဲ့ပွဲတစ်ခုရှိပါတယ်။
ဒီတစ်နှစ်ပွဲမှာတော့ အက်ဆွန်ဆိုတဲ့ ဘတ်စကတ်ဘောဝါသနာရှင် ဖိနပ်ချစ်သူ
တစ်ယောက်လည်းဖြစ်တဲ့ အက်ဆွန်ဆိုတဲ့ကောင်လေးကလည်း သွားပါတော့တယ်။
ဒီပွဲမှာတော့ နာမည်ကြီးဘတ်စကတ်ဘောကစားသမားဟောင်းလည်းဖြစ်
ကိုယ်ပိုင်ဖိနပ်တွေကိုထုတ်နေတဲ့ Chris Paul ကနေပြီး ဒီပွဲအတွက် သီးသန့်အနေနဲ့
Alchemy 24 ဆိုတဲ့ ဖိနပ်တစ်ရံကို မဲဖောက်ပေးပါတယ်။ ပွဲထဲမှာ ဖိနပ်စုဆောင်းတဲ့သူ
အကြီးစားကြီးတွေကလည်း ဒီဖိနပ်အတွက်ရောက်လာကြပါတော့တယ်။
ဖြစ်ချင်တော့ အက်ဆွန်က ဒီဖိနပ်ကိုမဲပေါက်သွားပြီး ပိုင်ဆိုင်သွားတဲ့အခါမှာ
ဖိနပ်စုဆောင်းတဲ့လူကြီးက အက်ဆွန့်ဆီကနေ လိုက်ဝယ်ပါတော့တယ်။
လိုက်ဝယ်လိုမရတဲအခါ်မှာတော့ သူက ဖိနပ်ကို ရတဲ့နည်းနဲ့ယူပါတော့တယ်။
ဒါက ဇာတ်လမ်းအညွှန်းသာဖြစ်ပြီး ဒီဇာတ်လမ်းရဲ့တကယ်ထူးခြားချက်ကတော့
ဖိနပ်တွေရဲ့ POV ကနေ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဖိနပ်လေးတွေအကုန်လုံးက
ကိုယ်ပိုင်အတွေးအမြင်တွေရှိနေတဲ့ လူတစ်ယောက်လိုမျိုး ပုံဖော်ထားပါတယ်။
အက်ဆွန်အနိုင်ရသွားတဲ့ Alchemy24 ဖိနပ်တွေကလည်း တိုင်ဆိုတဲ့တစ်ဖက်နဲ့
မက်စင်းဆိုတဲ့ တစ်ဖက်ရှိနေပါတော့တယ်။ တိုင်ကတော့ သီးသန့်ထုတ်ထားတဲ့ဖိနပ်
ဖြစ်တာကြောင့် အလှပြခံချင်နေတဲ့ကောင်လေးဖြစ်ပြီး မက်စီကတော့ သူတိုကို
တကယ့်လူတော်တစ်ယောက်က စီးနင်းပြီး အောင်မြင်မှုရစေနေချင်သူပါ။
အဲ့လိုနဲ့ ဖိနပ်ကို လာခိုးတဲစုဆောင်းသူဆီကနေ တိုင်နဲ့ မက်စင်းတိုနှစ်ယောက်က
ထွက်ပြေးကြရင်း ကွဲကုန်ကြပါတော့တယ်။ သူ့ကိုယ်သူအထူးထုတ်လုပ်မှုပါဆိုပြီး
ဂုဏ်မောက်နေတဲ့တိုင်တစ်ယောက် လမ်းဘေးရောက်သွားပါတော့တယ်။
တိုင်တစ်ယောက် လမ်းဘေးကနေ သူ့ရဲ့နောက်တစ်ဖက်ဖြစ်တဲ့ မက်စင်းဆီကို
ဘယ်လိုပြန်လာနိုင်မလဲဆိုတာကို ဖိနပ်လေးတစ်ဖက်ရဲ့ ကြိုးစားအားထုတ်မှုအဖြစ် ကြည့်ရှုကြရမှာလည်းဖြစ်ပါတယ်….။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/animezatcar/48

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
41 w - Translate

Frankenweenie (2012)

ဒီရုပ်ရှင်ထဲက ခွေးပိုင်ရှင် ဗစ်တာဟာ Corpse Bride ထဲက ဗစ်တာနဲ့အတူတူပဲလိုလည်း Rumor တွေရှိပါတယ်။ဒီရုပ်ရှင်အတွက် အန်နီမေးရှင်းဆွဲ သရုပ်ဖော်ဖို အန်နီမိတ်တာဟာ Classic Monster တွေကိုပါ လေ့လာခဲ့ရတာမို ကလပ်စစ်ဆန်ဆန်အရသာလည်းရမှာပါ။ ထူးထူးခြားခြား သရီးဒီကိုမှ အဖြူအမဲနဲ့ပုံဖော်ထားတဲ့ကားလည်းဟုတ်ပါတယ်။ တင်ဘာတန်ဟာ ဒီရုပ်ရှင်ကို ၆၀ခုနှစ်က ကလပ်စစ် မွန်းစတားကားတွေကို Homage ပေးတဲ့အနေနဲ့ ရိုက်ချင်ခဲ့တာပါ။ ဒီထဲကခွေးလေးဟာလည်း တင်ဘာတန်ငယ်ငယ်က ခွေးလေးကို အခြေတည်ပြီး သရုပ်ဖော်ထားတဲ့ ခွေးကလေးဖြစ်ပါတယ်။ ဘာတန်အရသာအပြည့်နဲ့ တင်ဘာတန်ကားမို ဘာတန် ပရိသတ်တွေ သဘောကျကြမှာပါ။နောက် ဒီကားဟာ 1984 မှာ ပွဲဦးထွက်အနေနဲ့ ဖရန်ကင်ဝီနီဆိုပြီး ရိုက်ခဲ့တဲ့ လူကားရဲ့ အန်နီမိတ်ဗားရှင်းလည်း ဟုတ်ပါတယ်။ဖရန်ကင်စတိန်းကိုမှ Pet Semetary ပေါင်းပြီး ဘာတန်စတိုင်အပြည့်နှောရိုက်ထားတဲ့ကားဖြစ်သလို ခွေးချစ်တဲ့သူတွေအတွက်လည်း ရင်ထဲ တော်တော်ထိမယ့်ကားပါပဲ။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/animezatcar/52

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
41 w - Translate

D›uckTales: The Movie - T›reasure of the L›ost Lamp (199

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/animezatcar/50

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
41 w - Translate

Ella and the Little Sorcerer (2022)

ကြားဖူးနေကျ မင်းသားလေး ၊ မင်းသမီးလေးနဲ့ စုန်းမကြီးတိုကားမျိုးပါပဲ ၊ တစ်ခါတုန်းကပေါ့ကွယ် အဲလက်စ်လိုခေါ်တဲ့ မင်းသားချောလေးရှိသတဲ့ ၊ တစ်နေ့မှာ စုန်းမဆိုးကြီးတစ်ယောက်က မင်းသားလေးကို ကြွက်အဖြစ်ပြောင်းလိုက်ပြီး အိုလက်ဖ်လိုခေါ်တဲ့ မင်းသားအတုနဲ့ သူ့နေရာမှာ အစားထိုးခဲ့သတဲ့ ဒီလိုနဲ့ အယ်လာနဲ့ သူ့သူငယ်ချင်းတွေဟာ အဲလက်စ် လူပြန်ဖြစ်ဖိုနည်းလမ်းကို နေ့တိုင်းရှာဖွေနေကြတာပေါ့ ၊ ကောင်းနိုးရာရာနည်းလမ်းတွေ တွေ့လိုက် စမ်းကြည့်လိုက်နဲ့ နောက်ဆုံး ဒေါက်တာအကုန်သိ လိုခေါ်တဲ့ ပညာရှိလိပ်ကြီးဆီ အကူအညီတောင်းဖို ရောက်သွားကြသတဲ့ ၊ ဒေါက်တာအကုန်သိ ပြောတဲ့နည်းအတိုင်း သူတိုလိုက်လုပ်ရင်း ဘယ်လိုအခက်အခဲတွေ စွန့်စားခန်းတွေနဲ့ကြုံရမလဲ ၊ ဟာသလေးတွေနှောပြီး ရိုက်ကူးပြထားတာမို ကြည့်ရတာ အပျင်းလည်းပြေမယ့်ကားပါ။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/animezatcar/54

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
41 w - Translate

Belle (2021)

IMDb Rating(7.2) / Rotten Tomatoes (93%) / Anilist (78%)

စုဇု (Suzu Naito) ဆိုတာ အသက် ၁၇ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်းက အမေဖြစ်သူ ဆုံးပါးခဲ့တာကြောင့် ဝမ်းနည်းကြေကွဲစွာနဲ့ ရှင်သန်နေရတဲ့ ကောင်မလေးပေါ့…

ကျောင်းမှာလည်း လူတောသိပ်မတိုး အရှက်အကြောက်ကလည်းကြီးသေး…. ဒါပေမဲ့ တနေ့မှာ သူ့ရဲ့သူငယ်ချင်းမတစ်ယောက်က U ဆိုတဲ့ App တစ်ခုကို မိတ်ဆက်ပေးခဲ့တယ်…

U ဆိုတာ သာမန်ဆိုရှယ်မီဒီယာ App မဟုတ်ပဲ လူကိုယ်တိုင် အဲ့ဒီကမ္ဘာထဲကို ရောက်ရှိသွားသလိုခံစားစေရမယ့် အဆင့်မြင့် App တစ်ခုဖြစ်နေတယ်…

ဒီ App ကို စုဇုတစ်ယောက် အသုံးပြုကြည့်လိုက်တဲ့အခါမှာတော့….

အခု ပရိတ်သတ်ကြီး ရင်ခုန်ခံစားရမယ့် ဟောဒီ BELLE ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်စတင်မွေးဖွားလာပါတော့တယ်….

ဇာတ်လမ်းအရရော အန်နီမေးရှင်း၊ နောက်ခံတီးလုံး၊ ဇာတ်ဝင်တေးတွေရဲ့ ကောင်းမွန်မှုတွေကြောင့် ကြည့်ရှူသူတွေကို ကောင်းကောင်းကြီး ဆွဲခေါ်သွားနိုင်တယ်…

ယနေ့ခေတ် ဆိုရှယ်မီဒီယာတွေရဲ့ အကျိုးအပြစ်တွေ သဘောသဘာဝတွေကိုလည်း ထည့်ပြထားတာမို ပရိသတ်ကြီး သဘောတွေ့စေမှာပါ….

ကဲ စုဇုလေးတစ်ယောက် ဘာတွေဖြစ်လာမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/animezatcar/64

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
41 w - Translate

Minions (2015)

ဒီကားလေးကတော့ မီနီယမ်လေးတွေရဲ့အကြောင်းကို ရိုက်ကူးပုံဖော်ပေးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ မီနီယမ်လေးတွေဟာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကမ္ဘာမြေကြီးပေါ်မှာနေထိုင်ခဲ့ကြပြီး သေးငယ်တဲ့အဝါရောင်ကောင်လေးတွေဖြစ်ကြပါတယ်။ သူတိုတွေရဲ့ဖြစ်တည်မှုဟာ သူတိုအလုပ်အကျွေးပြုရမယ့်ဘော့စ်တစ်ယောက်ကို ပျော်ရွှင်အောင်ထားဖိုအတွက်ပါပဲ။ ဒါပေမယ့် နှစ်သန်းပေါင်းများစွာတိုင်အောင် သူတိုနဲ့ကိုက်ညီတဲ့ဘော့စ်ကိုရှာမတွေ့ခဲ့ဘဲ ဘော့စ်တွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းနေခဲ့ရပါတယ်။ တစ်နေ့မှာတော့ မီနီယမ်လေးတွေဟာ ခိုလှုစရာဂူကြီးတစ်ခုကိုတွေ့သွားပြီး ကိုယ်ပိုင်နေထိုင်မှု ဘဝလေးတွေကိုထူထောင်ခဲ့ကြပေမယ့်လည်း ဘော့စ်တစ်ယောက်မရှိတဲ့ဘဝက ရည်မှန်းချက်တွေမျှော်လင့်ချက်တွေ ဘာမှမရှိတဲ့ဘဝတစ်ခုလိုဖြစ်နေတာကြောင့် မီနီယမ်လေးတွေဟာ စိတ်ဖိစီးလာခဲ့ကြတယ်။ အဲ့လိုအခြေအနေကြီးမှာ ကယ်လ်ဗင်၊ စတူးဝတ်နဲ့ ဘော့ဆိုတဲ့မီနီယမ်လေးသုံးကောင်က သူတိုရဲ့မျိုးစုလေးကိုကယ်တင်ဖိုရာ ဂူကြီးထဲကထွက်လာခဲ့ပြီး ဝေးလံတဲ့အရပ်ကိုခရီးဆန်ကာ ဘော့စ်ရှာဖွေရေးစွန့်စားခန်းကြီးကို စတင်ထွက်ခဲ့ကြပါတယ်။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/animezatcar/68

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
41 w - Translate

All Creatures Big And Small (2015)

Nestrian မျိုးစိတ်ဖြစ်တဲ့ ဖင်နီတစ်​ယောက် အ​​​ဖေဖြစ်သူနဲ့ ​နေရပ်အမှန်ကိုလိုက်ရှာ​နေခဲ့ပါတယ်။ ဖင်နီမှာ မိတ်​ဆွေဖွဲတတ်တဲ့ စိတ်​လေးရှိ​ပေမယ့် ​နေရပ်အမှန်ကိုလိုက်ရှာရတဲ့အတွက် ခဏခဏ ​နေရာ​​ပြောင်း​နေရတဲ့အတွက် သူငယ်ချင်းမရဖြစ်​နေပါ​တော့တယ်။ ​တစ်ဖက်မှာလည်း တော​ကြောင်မျိုးရိုးက​ပေါက်ဖွားလာတဲ့ လီယာတစ်​ယောက် မိမိမျိုးစိတ်ဓ​လေ့အရ အုပ်စုဖွဲမ​နေရဘူး။ အ​ကြောက်တရားဆိုတာမရှိရဘူးလို မိခင်ဖြစ်သူက ဆုံးမထားတာ​ကြောင့် အတွင်းစိတ်က ​ပျော့​ပြောင်း​နေ​ပေမယ့် အပြင်ပိုင်းမှာ မိခင်အလိုအရ ခက်ထန်ပြ​နေရပါတယ်။ တစ်​နေ့ ကမ္ဘာကြီး​ရေလွှမ်းမှု​အောက်ကို​ရောက်မယ့်အချိန် သတ္တဝါအားလုံးကို ကယ်တင်ဖို သ​ဘော်ဆီ အားလုံးကိုဖိတ်​ခေါ်လိုက်ပါတယ်။ ကံမ​​ကောင်းစွာနဲ့ပဲ ဖင်နီတိုသားအဖနှစ်​ယောက် သ​ဘော်​ပေါ်တက်ရမယ့်စာရင်းထဲမှာမပါခဲ့ပါဘူး။ သားဖြစ်သူကို သ​ဘော်​ပေါ်လိုက်ရမယ်ဆိုတဲ့ ကတိ​ကြောင့် ​တော​ကြောင်​တွေအဖြစ်အ​ယောင်​ဆောင်ကာ သ​ဘော်​ပေါ်တက်ရင်း လီယာတိုသားအမိနဲ့ သွားဆုံကြပါတယ်။ လီယာတစ်​ယောက် အ​မေဖြစ်သူစကားကိုမယုံလို ​ရေတကယ်ကြီးမကြီးကိုသွားကြည့်ရင်း ကံဆိုးစွာပဲ

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/animezatcar/60

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
41 w - Translate

ဟိုးတုန်းက ကလေးတွေကို လိုက်ပိုပေးတဲ့ ငှက်တွေက ဒီဘက်ခေတ်မှာ OS Deli သမားလေးတွေ ဖြစ်သွားသောအခါ....

Storks ( 2016 ) 📱
==============

ဟိုးအရင်တုန်းက ကလေးမရနိုင်တဲ့သူတွေ ဆုတောင်းရင် သိုမဟုတ်
ကလေးငယ်တွေက ညီလေး ညီမလေးတွေလိုချင်တယ်လို ဆုတောင်းခဲ့မယ်ဆိုရင် ငှက်ကြားဖြူ တွေဟာ ကလေးငယ်တွေကို နှုတ်သီးဖြင့် သယ်ယူလာပြီး ၊

အိမ်ခေါင်းတိုင်မှ ဖြစ်စေ အိမ်ရှေ့တံခါးမှ ဖြစ်စေ ပိုပေးဖူးတယ်လို ပုံပြင်တွေထဲမှာ ရှိခဲ့ဖူးပါတယ်….

ဒါပေမယ့် အဲ့ဒါတွေဟာ ယနေ့ခေတ်မှာ ပျောက်ကွယ်သွားပါပြီ ။

ငှက်ကြားဖြူတွေဟာ အလုပ်ရှုပ်ပြီး တာဝန်ကြီးတဲ့ ကလေးပိုတဲ့ အလုပ်တွေ မလုပ်တော့ပါဘူး ။

Online Shopping လုပ်ငန်းက ပစ္စည်းတွေကို ပိုပေးတဲ့ Stork.com ကပစ္စည်းပိုဆောင်ရေး ငှက်တွေ ဖြစ်ကုန်ကြပါပြီ

ထိုငှက်တွေ အားလုံးကို အုပ်ချူပ်တဲ့သူကို Boss လို ခေါ်ကြပြီး သူတို အားလုံးရဲ့ Boss ဟာဟန်တာ ဆိုတဲ့ ငှက်ကြားဖြူကြီး ဖြစ်ပါတယ်….

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/animezatcar/74

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image