ဒီဘဲက လူ၁၀ယောက်လောက်အရှောခံပြီးကျွန်းကိုသွားတာ၊ အစ်ကိုဘာလို့အဲ့လိုလုပ်တာလဲပဲမေးလိုက်ရတယ်၊ ဟိုကဘာမှပြန်မပြောသွားတဲ့အပြင် ကလေးကိုသူ့စီပို့ဖို့သတိရသွားလို့ အရောက်ပို့လိုက်တာ ကလေးတစ်ယောက်ပါအဖတ်တင်သွားတယ် 🥲
အားမရတဲ့အခန်းတွေထဲသူအဆိုးဆုံးပဲ ကျွန်းကိုဝင်စီးပြီးကယ်တော့မလား၊ အစ်ကိုကိုစိတ်နာပြီးကြိတ်တော့မလားမှတ်တာ ငါ့နှယ့် 🥲

image

တစ်နေ့မှာ ငါတို့ချစ်ရတဲ့ လူတွေဟာ
ငါတို့ဘေးကနေ ထွက်ခွာသွားကြမှာ
တချို့က ရုတ်တရက် ပျောက်ကွယ်သွားကြတယ်
တချို့က တဖြည်းဖြည်း တိတ်ဆိတ်ရင်း
ပျောက်ဆုံးသွားကြတယ် ။
အဲဒီလို အဆုံးသတ်မရောက်ဖို့
ဘယ်လိုနည်းနဲ့ တားပါစေ
အဲဒီတစ်နေ့ ရောက်လာမှာပါပဲ ။
ရုတ်တရက်တော့ သိပ်နာကျင်ရတာပေါ့ ။ တစ်ယောက်တည်းဖြစ်သွားတဲ့ ခံစားချက်မျိုး
ငါ ဒီလောက် ကောင်းပေးရဲ့သားနဲ့
စွန့်ပစ်ခံလိုက်ရသလိုမျိုး ။
ဒါပေမဲ့ လက်လွှတ်ပေးလိုက်ပါ
ငါတို့ဘဝထဲကနေရော ငါတို့စိတ်ထဲကနေပါ
ထွက်သွားခွင့်ပေးလိုက်ပါ
တကယ်နွေးထွေးပေးတဲ့သူ ရောက်လာဦးမှာပါ ။
တစ်ခါတလေကျ
ဒီလူကိုပဲ ချစ်လွန်း တွယ်တာလွန်းတာကြောင့်
ကျန်တဲ့ လူတွေကို
တံခါးပိတ်မိထားတာမျိုး ဖြစ်တတ်တယ် ။
တခြားလူတွေနဲ့ စပြီး စကားပြောရင်းနှီးပါ
သူ့ကြောင့် သေးငယ်ထားတဲ့
ကိုယ့်ကမ္ဘာလေးကို ဖွင့်လိုက်ရင်း
ပျော်ပျော်ရွှင်ရွှင်နဲ့ လူတချို့ထပ်ဝင်လာဖို့
ခွင့်ပြုလိုက်ပါ။
တိုတောင်းတဲ့ ဘဝလေးထဲမှာ
လူတချို့ကို အမြဲရှိဖို့
ငါတို့ ဘယ်လိုတတ်နိုင်ပါ့မလဲ
ထပ်ချစ်ပါ ထပ်ခင်တွယ်ပါ
ထပ်ပြီး လက်လွှတ်လိုက်ပါ ။
ဒီလူတစ်ယောက်တည်းအတွက် မရှင်သန်ပါနဲ့
တစ်ရက်ပဲ နာကျင်ခံစားလိုက်ပြီးရင်
Move on ။
ငါတို့ဖြစ်တည်မှုတွေကို
တကယ် ချစ်ပေးတဲ့သူတွေ ရဦးမှာပါ ။
သေချာပေါက် ပျော်ရွှင်ရဦးမှာ
အမှတ်တရတွေ ထပ်ဖန်တီးနိုင်ဦးမှာပါ ။
#lavenderpen #အညိုရောင်မေပလ်ရွက်လေးသို့

image

လူတစ်ယောက်ကို ကိုယ်ဖြစ်စေချင်သလို သူ မဖြစ် ၊ ကိုယ်နေစေချင်သလို သူ မနေတတ်လည်း နားလည်ပေးလိုက်ပါ။ နားလည်ပေးလိုက်ရင် သူလည်း ကိုယ့်ကြောင့် စိတ်မွန်းကျပ်တာ ၊ စိတ်ရှုပ်တာ ၊ စိတ်ပင်ပန်းဆင်းရဲတာ ၊ အနေအထိုင် အပြောအဆို ခက်တာမျိုးတွေ မဖြစ်တော့သလို ကိုယ်လည်း သူ့ကြောင့် စိတ်ရှုပ်တာ ၊ စိတ်ပင်ပန်းဆင်းရဲတာ ၊ စိတ်လေးနေတာမျိုးတွေ မဖြစ်တော့ပါဘူး ။ သူလည်း စိတ်သက်သာရာရသွားသလို ကိုယ်လည်း စိတ် သက်သာရာ ရပါတယ် ။ နားလည်ပေးတယ်ဆိုတာ ကိုယ်ချင်းစာပေးတာပါ ။ သူ့နေရာမှာ ကိုယ်စား ဝင်ခံစားပေးတာပါ ။ သူ့နေရာမှာ ကိုယ်သာဆိုရင် ကိုယ်လည်း သူလိုပဲ ဖြစ်တတ်ပါတယ်ဆိုတဲ့ စာနာစိတ်လေး ထားပေးပါ ။ သူ့အပေါ်မှာ သနားငဲ့ညှာပေးတာပါ ။ သူ့ရဲ့အားနည်းချက်ကို လက်ခံဖြည့်တွေးပေးတာပါ ။ လူတစ်ကိုယ် စိတ်တစ်မျိုး သူကမှ ကိုယ် မဟုတ်တာ ၊ သူ့အနေနဲ့ ကိုယ့်အလိုကျတော့ ဘယ်နေနိုင်ပါ့မလဲလို့ တွေးကာ ဆင်ခြင်သတိထား ဖြေသိမ့်နိုင်သွားတာပါ ။
#မောင်ဘုန်း (သပြု)

image
38 w - Translate

#knowledge #ဗဟုသုတ

image
38 w - Translate

#knowledge #ဗဟုသုတ

image
38 w - Translate

သေသွားတဲ့ ကောင်မလေးပဲ လှတယ်ထင်နေတာ၊
ရေးထားတဲ့ အကြောင်းအရာတွေက ပိုလှနေတယ်..
~~~~~~~~~~~~

နောက်ဆုံးပို့ဆောင်ဖို့
လာကြိုသည့်သူနှင့်အတူ..

မိန်းကလေးတစ်ယောက်
သေဆုံးသွားသည်။

သူ ... ဒါကို သတိထားမိတဲ့အချိန်
သေမင်းဟုယူဆရသည့်
ဝတ်ရုံနက်ခြုံထားသောလူကြီးက
သူ့ဘေးရောက်နှင့်နေပြီ။

လက်ထဲမှာလည်း
တစ်ဖက်က သူကိုင်နေကျ
တူရွှင်းအရှည်ကြီးနှင့်။
နောက်တစ်ဖက်မှာ
လက်ဆွဲသေတ္တာလေးတစ်ခုနှင့်။

သေမင်းက ...ထိုမိန်းကလေးကို
ပြောသည်၊
"လာ ... ကလေးမလေး သွားဖို့
အချိန်တန်ပြီ"

မိန်းကလေး -
"ဟင် ... မြန်လိုက်တာ ...
သမီးမှာ လုပ်စရာ အစီအစဉ်တွေ
အများကြီးကျန်သေးတယ်"

သေမင်း -
"တကယ်စိတ်မကောင်းပါဘူး။
အချိန်မရှိတော့လို့ပါ ..."

မိန်းကလေး -
"ဦးလက်ထဲက သေတ္တာထဲမှာ ...
ဘာတွေထည့်ထားတာလဲ?"

သေမင်း -
"မင်းနဲ့ ဆိုင်တဲ့ ဥစ္စာတွေ"

မိန်းကလေး -
"သမီးနဲ့ ဆိုင်တဲ့ ဥစ္စာတွေ ဟုတ်လား ?
ဦးဆိုလိုတာ သမီးရဲ့အဝတ်အစားတွေ၊
ရွှေတွေ ငွေတွေကိုလား ..."

သေမင်း -
"အဲဒီဥစ္စာတွေက
မင်းနဲ့ အစကတည်းက မဆိုင်ခဲ့ဘူး ...
အဲဒါတွေက ကမ္ဘာကြီးနဲ့ပဲဆိုင်တာ"

မိန်းကလေး -
"ဒါဆို သမီးရဲ့ မှတ်ဉာဏ်တွေလား"

သေမင်း -
"မှတ်ဉာဏ်က ...အချိန်နဲ့ပဲဆိုင်တာ"

မိန်းကလေး -
"ဒါဆို သမီးရဲ့ ပညာလား"

သေမင်း -
"ပညာက...ပတ်ဝန်းကျင်နဲ့ပဲ ဆိုင်ခဲ့တာ"

မိန်းကလေး -
"ဒါဆို သမီးရဲ့ မိတ်ဆွေတွေလား"

သေမင်း -
"မဟုတ်ဘူး... မိတ်ဆွေတွေက
မင်းဖြတ်သန်းလာခဲ့တဲ့ဘဝရဲ့
ဧည့်သည်တွေ"

မိန်းကလေး -
"ဒါဆို သမီးရဲ့ ချစ်သူ လား"

သေမင်း -
"မဟုတ်ဘူး ... သူက
မင်းရဲ့ အတွေးနဲ့ပဲဆိုင်ခဲ့တာ"

မိန်းကလေး -
"ဒါဆို ကျိန်းသေပြီ၊
အထဲထဲမှာ သမီးရဲ့
ခန္ဓာကိုယ်ပဲဖြစ်ရမယ်"

သေမင်း -
"ဟင့်အင်း ...
ခန္ဓာကိုယ်က မြေမှုန်နဲ့ပဲဆိုင်တာ"

မိန်းကလေး -
"ဒါဆို နောက်ဆုံးဖြစ်တဲ့
သမီးရဲ့ဝိညဉ်လား"

သေမင်း -
"သနားစရာကောင်းတဲ့
မိန်းကလေးရယ် ...
မင်းရဲ့ ဝိညဉ်က ငါနဲ့ပဲဆိုင်တာ"

မိန်းကလေး မျက်နှာမှာ
အကြောက်တရားတွေနဲ့
ပြည့်လာနေခဲ့ပြီး
ဇောချွေးပြန်လာသည်။

သူ မစောင့်နိုင်တော့ဘဲ
သေမင်းလက်ထဲက သေတ္တာလေးက်ို
ဆွဲယူဖွင့်လိုက်သည်။

အထဲမှာ ဘာမှ မပါ၊
ဗလာနတ္တိဖြစ်နေသည်။

သူ တုန်လှုပ်သွားသည်။
မျက်ရည်အပြည့်နဲ့
သေမင်းကို မေးလိုက်သည်။

မိန်းကလေး -
"သမီး ဘယ်တုန်းကမှ ...
ဘာမှ မပိုင်ဆိုင်ခဲ့ဘူးပေါ့လေ
ဟုတ်သလား ..."

သေမင်း -
"ဟုတ်တယ် ...
မင်း ဘယ်တုန်းကမှ
ဘယ်အရာမှ မပိုင်ဆိုင်ခဲ့ဘူး"

မိန်းကလေး -
"ဒါဆို ဘယ်အရာက ...
သမီးနဲ့ ဆိုင်ခဲ့သလဲ ..."

သေမင်း -
"မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊

မင်း အသက်ရှိစဉ်အခါက
မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို
မင်းပိုင်ဆိုင်ခဲ့တယ်၊

လူဘဝဆိုတာ
မျက်တောင် တစ်ချက်ခတ်တိုင်းမှာ
ဖြစ်ပျက်သွားကြတာပဲလေ"တဲ့ ...။

မှတ်ချက် ။ ။
သေမင်းသည် သင်တို့ထင်ခဲ့သလို
ကြောက်မက်ဖွယ်ရာ
ကောင်းသောသူမဟုတ်ပါ၊
သင့်ရဲ့ နောက်ဆုံးခရီးကို
လိုက်လံပို့ဆောင်ဖို့
လာကြိုသည့် သူသာပင်။

သင့်ရဲ့ ...စက္ကန့်တိုင်း၊ မိနစ်တိုင်းကို
ကောင်းကောင်း တန်ဖိုးထားပါ။

အသက်ကို တန်ဖိုးထားပါ။
အသက်မှာ ပျော်ရွှင်ပါ။
အသက်ကို ရှင်သန်ပါ။

သေမင်းသေတ္တာထဲမှာ
ထည့်သွားနိုင်တဲ့ ...
ဒါန၊သီလ၊ဘာဝနာ များကို ပြုပါ။

Crd

image

literally me

image

သူတင်မကဘူး team Thanos တစ်ဖွဲ့လုံး လေပေါ်လွင့်

image

ရည်းဇားလေးမှ pw တောင်းသောအခါ

အဟီးဟီး 🤭🤭

image
38 w - Translate

The Guardian Brothers (2016)

အချောချောတွေနဲ့ ………..နတ်သားလေး၂ယောက်ဟာတကယ်ပဲ
လူတွေရဲ့စိတ်ကိုပြောင်းလဲအောင်လုပ်နိုင်မလား ဘယ်လိုအန္တရယ်ဆိုးတွေနဲ့ရောကြုံရမလဲဆိုတာတော့ ပရိတ်သတ်ကြီးရေကြည့်လိုက်ပါဦးလို……. ဒီဇတ်ကားလေးကိုကြည့်ရင်း
အာရုံကိုလွှမ်းမိုးလာတာက ဖတ်ဖူးခဲ့တဲ့ သာသနာသက္ကရာဇ်နဲ့ဆိုင်တဲ့အကြောင်းလေးပါပဲသာသနာသက္ကရာဇ် ၃ဝဝဝကျော်ခဲ့ရင် လူတွေဟာအယူအဆလွဲမှားမှုတွေနဲ့ ပျက်ကိန်းဆိုက်မယ်လို ဆိုထားတာပါ ဒီဇတ်ကားလေးထဲမှာဆိုရင်လူတွေဟာ ခတ်မှီစက်ကိရိယာတွေ နည်းစနည်တွေစည်းကမ်းတွေလွှမ်းမိုးမှုအောက်မှာ ပျော်မွေ့နေလေတော့ ဘာသာရေးလိုက်စားမှု ဆိုတာမရှိသလောက်ဖြစ်နေတယ် ဇတ်ကားကျောရိုးက ပိုပိုသာသာလေးပြထားတယ်ဆိုပေမဲ့ကျွန်တော်တိုမျက်မှောက်ခေတ်အပြင်လောကနဲ့ဆက်စပ်ကြည့်တော့တော်တော်လေးလည်းမှန်နေတယ် ကောင်းမွန်တဲ့နိမိတ်ပြဇတ်ကားလေးလိုတောင်ဆိုရမယ်ထင်တယ်

😍ကြည့်ရန်နှိပ်ပါ👇

t.me/animezatcar/218

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image