Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Superman အသစ်ကို အကြံမပေးခဲ့တဲ့ Superman အဟောင်းတွေ
ဇူလိုင် ၅၊ ၂၀၂၅။
Superman ဇာတ်ကောင်နေရာမှာ အသစ်သရုပ်ဆောင်မယ့် David Corenswet ဟာ သူ့အရင်က သရုပ်ဆောင်ခဲ့တဲ့ Henry Cavill နဲ့ Tyler Hoechlin တို့ဆီက အကြံဉာဏ်တောင်းခဲ့ပေမယ့် သူတို့က တိတိကျကျ အကြံဉာဏ်တွေ မပေးခဲ့ဘူးလို့ ပြောကြားလိုက်ပါတယ်။ ဒီအကြောင်းကို James Gunn ရဲ့ Superman ရုပ်ရှင် London Premiere မှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။
Corenswet က အင်တာဗျူးတစ်ခုမှာ Cavill နဲ့ Hoechlin တို့နှစ်ယောက်လုံးက သူ့ကို အားပေးခဲ့ပေမယ့် "မင်းကို ငါတို့ ဘာအကြံဉာဏ်မှ ပေးမှာမဟုတ်ဘူး" ဆိုတဲ့ သဘောမျိုးနဲ့ ပြောခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။
Corenswet က ဒီလိုအကြံမပေးတာဟာ "Superman ဆန်တဲ့ လုပ်ရပ်တစ်ခုပဲ" လို့ ဆိုပါတယ်။ "Superman ဆိုတာ တခြားသူတွေ ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို အကြံပေးနေ၊ ချုပ်ကိုင်နေတဲ့သူမျိုး မဟုတ်ဘူးလေ" လို့ သူက ဆက်ပြောခဲ့ပါတယ်။
သူတို့က "ဒီဇာတ်ကောင်နဲ့ ပျော်အောင်သာ သရုပ်ဆောင်ပါ" ဆိုတဲ့ အားပေးစကားပဲ ပြောခဲ့ကြတယ်လို့ Corenswet က ဆိုပါတယ်။ တစ်နေ့နေ့မှာ သူတို့နဲ့ အပြင်မှာ တွေ့ဆုံချင်တယ်လို့လည်း သူက ပြောခဲ့ပါသေးတယ်။
James Gunn ရိုက်ကူးတဲ့ Superman ရုပ်ရှင်ကို ဇူလိုင်လ ၁၁ ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ David Corenswet အပြင် Rachel Brosnahan က Lois Lane အဖြစ်၊ Nicholas Hoult က Lex Luthor အဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဝက်သားချဉ်စပ် Soup
ဝက်သားများကို သကြား ဆား အရသာမှုန့် ဂျင်း ရေ ထည့်ပြီး နူးသည်အထိပြုတ်။ နူးပြီဆိုမှ စားနိုင်သလောက် ရေအနည်းငယ်ထက်ထည့်။ အပေါ်ကဝေ့တက်လာတဲ့အမဲဖတ်တွေဖယ်ထုပ်ပစ်ပါ။ ရှောက်ရွက် ကြက်သွန်မြိတ် ငရုတ်သီးစ်ိမ်း ခရမ်းချဉ်သီးစိတ် နံနံပင် ညှပ်ထည့်။ ငရုတ်ကောင်းမှုန့်လေးဖြူးပြီး ရှုးရှဲစားလို့ရပါပြီနော်။ ရှယ်ဘဲ။
🦐 ချဉ်စပ် ဟင်းချို 🦐
*****************
၁- အသား
ကြက်သား, ပြည်ကြီးငါး, ပုစွန်
၂- ဟင်းသီး ဟင်းရွက်
ပန်းဂေါ်ဖီ, မုန်ညင်းဖြူထုပ်,မှို
၃- ဟင်းခပ် အမွှေးအကြိုင် ( ၆ ) မျိုး
ကြက်သွန်ဖြူထောင်း, ဂျင်းထောင်း
စပါးလင်, ရှောက်ရွက်
ရှမ်းနံနံ, နံနံပင်
၄- အရသာ
သကြား,အရသာမှုန့်,ငံပြာရည်
ငရုတ်သီးစိမ်း ( မညက်တညက် ထောင်းထားပါ )
သံပုရာသီး
၅- တုန်ရမ်းအနှစ်
( မထည့်လဲ ရပါသည် )
_________________________________________________
👉 ချက်ပါတော့မယ်
***************
အိုးထဲရေထည့်ပီး ဗွမ်းဗွမ်းဆူအောင်တည်ပီးနောက်
ဂျင်းထောင်း, ကြက်သွန်ဖြူထောင်း, ထုခွေထားတဲ့ စပါးလင်ထည့်ပါ။
၃ မိနစ်ခန့်ကြာသော်
အသားလွှာထားသော ကြက်သားထည့်ပါ။
၁ မိနစ်ခန့်ကြာသော်
သန့်စင်ထားသော ပြည်ကြီးငါးထည့်ပါ။
၁ မိနစ်ခန့်ကြာသော်
သန့်စင်ထားသော ပုစွန်ထည့်ပါ။
၁ မိနစ်ခန့်ကြာသော်
အသီးအရွက်များ ထည့်လိုက်ပါ။
သကြား,အရသာမှုန့်,ငံပြာရည်
မညက်တညက် ထောင်းထားတဲ့ ငရုတ်သီးစိမ်း
ညှစ်ထားတဲ့ သံပုရာသီး တို့ဖြင့်
ချဉ် ငံ စပ် အရသာကို မိမိနှစ်သက်တဲ့အရသာ စပ်၍ ထည့်ပါ။
တုန်ရမ်းအနှစ် ကတော့ မထည့်လဲ သောက်လို့ ကောင်းပါတယ်။
ဝယ်ရတာ လွယ်ရင်တော့ထည့်ပါ။
အရွက်လေးများ နူးစပြုချိန်မှာ
ရှောက်ရွက်,နံနံပင်,ရှမ်းနံနံထည့်မွှေပီးရင်တော့
အရသာရှိလှတဲ့ ချဉ်စပ်ဟင်းချိုရပါပီ။
🦐 ချဉ်စပ် ဟင်းချို 🦐
*****************
၁- အသား
ကြက်သား, ပြည်ကြီးငါး, ပုစွန်
၂- ဟင်းသီး ဟင်းရွက်
ပန်းဂေါ်ဖီ, မုန်ညင်းဖြူထုပ်,မှို
၃- ဟင်းခပ် အမွှေးအကြိုင် ( ၆ ) မျိုး
ကြက်သွန်ဖြူထောင်း, ဂျင်းထောင်း
စပါးလင်, ရှောက်ရွက်
ရှမ်းနံနံ, နံနံပင်
၄- အရသာ
သကြား,အရသာမှုန့်,ငံပြာရည်
ငရုတ်သီးစိမ်း ( မညက်တညက် ထောင်းထားပါ )
သံပုရာသီး
၅- တုန်ရမ်းအနှစ်
( မထည့်လဲ ရပါသည် )
_________________________________________________
👉 ချက်ပါတော့မယ်
***************
အိုးထဲရေထည့်ပီး ဗွမ်းဗွမ်းဆူအောင်တည်ပီးနောက်
ဂျင်းထောင်း, ကြက်သွန်ဖြူထောင်း, ထုခွေထားတဲ့ စပါးလင်ထည့်ပါ။
၃ မိနစ်ခန့်ကြာသော်
အသားလွှာထားသော ကြက်သားထည့်ပါ။
၁ မိနစ်ခန့်ကြာသော်
သန့်စင်ထားသော ပြည်ကြီးငါးထည့်ပါ။
၁ မိနစ်ခန့်ကြာသော်
သန့်စင်ထားသော ပုစွန်ထည့်ပါ။
၁ မိနစ်ခန့်ကြာသော်
အသီးအရွက်များ ထည့်လိုက်ပါ။
သကြား,အရသာမှုန့်,ငံပြာရည်
မညက်တညက် ထောင်းထားတဲ့ ငရုတ်သီးစိမ်း
ညှစ်ထားတဲ့ သံပုရာသီး တို့ဖြင့်
ချဉ် ငံ စပ် အရသာကို မိမိနှစ်သက်တဲ့အရသာ စပ်၍ ထည့်ပါ။
တုန်ရမ်းအနှစ် ကတော့ မထည့်လဲ သောက်လို့ ကောင်းပါတယ်။
ဝယ်ရတာ လွယ်ရင်တော့ထည့်ပါ။
အရွက်လေးများ နူးစပြုချိန်မှာ
ရှောက်ရွက်,နံနံပင်,ရှမ်းနံနံထည့်မွှေပီးရင်တော့
အရသာရှိလှတဲ့ ချဉ်စပ်ဟင်းချိုရပါပီ။