38 w - Translate

နောက်ကျောအဆီများ နေတဲ့ အမျိုးသမီးများအတွက်လမ်းညွှန်
နောက်ကျောအဆီ များခြင်းနဲ့ မထိန်းချုပ်နိုင်တဲ့ ဆာလောင်မှုလွန်ကဲခြင်း (Cravings) ဆိုတာဟော်မုန်းမညီမျှခြင်း နဲ့ အာဟာရချို့တဲ့ခြင်းကြောင့်ပါပဲ။အဲ့တာတွေကို ဖြစ်စေတဲ့ ပြသနာတွေအများကြီး
ထဲကမှ အမျိုးသမီးတွေ အများဆုံးကျူးလွန်တတ်တာက အစားအရမ်းလျော့/အငတ်ခံ ခြင်းပါပဲ။လုပ်ရပ်အမှားတွေကြောင့် ရလာတဲ့ကျောအဆီ တွေကိုလျော့ချနိုင်မဲ့ သဘာဝနည်းလမ်း (9) မျိုး ရှိပါတယ်။
၁။ နောက်ကျောအဆီနဲ့ ဆာလောင်မှုလွန်ကဲခြင်းဆိုတာ စိတ်ဓာတ်ခွန်အားနဲ့ မဆိုင်ပါဘူး – ဒါတွေဟာ သတိပေးလက္ခဏာတွေပါ။
ခန္ဓာကိုယ်က ဟန်ချက်ညီဖို့ အော်ဟစ်နေတာ၊ အပြစ်ပေးဖို့ မဟုတ်ပါဘူး။ ဒါတွေဘာကြောင့် ဖြစ်နေလဲ နဲ့ ရေရှည်မှာ ဘာက တကယ်အလုပ်ဖြစ်လဲ ဆိုတာကို ဆန်းစစ်ကြည့်ရမှာပါ။
၂။ သွေးတွင်းသကြားဓာတ် (blood sugar) ကို အရင်ပြင်ပါ။
အစားအစာ skip လုပ်တာတဲ့အကျင့်၊ ကာဗိုဟိုက်ဒရိတ် (carbs) များများစားတဲ့အကျင့်တွေက insulin ကို တက်စေပြီး အဆီတွေကို ပိုစုစေပါတယ်။ အထူးသဖြင့် နောက်ကျောမှာပေါ့။
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပြီး ဆာလောင်မှုကို မြန်မြန်လျှော့ချဖို့ အစားတိုင်းမှာ protein နဲ့ fiber ကို စားပါ။
၃။ Cortisol က ခန္ဓာကိုယ်ကို အဆီပိုတွေနဲ့ ကပ်ငြိနေစေပါတယ်။
နာတာရှည် စိတ်ဖိစီးမှုက cortisol ကို မြင့်တက်စေပြီး ခန္ဓာကိုယ်ကို အဆီစုထားဖို့ ပြောနေပါတယ်။ အထူးသဖြင့် နောက်ကျောနဲ့ ဗိုက်တစ်ဝိုက်မှာပေါ့။
နေ့စဉ် breathwork လုပ်တာ၊ မနက်ခင်းနေရောင်ခံတာ (သို့) ခဏလေးလမ်းလျှောက်တာကတောင် မိနစ်ပိုင်းအတွင်း cortisol ကို လျှော့ချပေးပါတယ်။
၄။ အိပ်စက်ခြင်းဟာ သင့်အတွက် လျှို့ဝှက်လက်နက်ပါ။
တည-ရ နာရီအောက် အိပ်မယ်ဆိုရင် သင့်ရဲ့ hunger hormones တွေ သောင်းကျန်းလာမှာပါ။ Leptin ကျသွားလို့ ဘယ်တော့မှ ဗိုက်မပြည့်သလို ခံစားရပြီး ghrelin က မြင့်တက်လာလို့ သကြားဓာတ်ကို တမ်းတနေပါလိမ့်မယ်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းကို ဦးစားပေးပါ။ ဒါဟာ အဆီကျဖို့အတွက် ရွှေပါပဲ။
၅။ Minerals (သတ္တုဓာတ်) တွေက ထင်တာထက် ပိုအရေးကြီးပါတယ်။
Magnesium, potassium, နဲ့ sodium တွေက ဆာလောင်မှုလွန်ကဲခြင်း (cravings) နဲ့ ရေသိုလှောင်မှု (water retention) ကို တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။
Magnesium နည်းရင် အချိုတွေတပ်မက်တာနဲ့ ချရခက်တဲ့ နောက်ကျောအဆီတွေကို စုစေပါတယ်။အရွက်စိမ်းတွေ၊ ထောပတ်သီးနဲ့ ပင်လယ်ဆားလိုမျိုး mineral-rich foods တွေကို နေ့စဉ်ထည့်စားပါ။
၆။ Protein က မရှိမဖြစ်ပါပဲ။
Protein က ဟော်မုန်းတွေကို တည်ငြိမ်စေပြီး ဇီဝဖြစ်စဉ် (metabolism) ကို မြှင့်တင်ကာ အဆီဆဲလ်တွေကို ကျုံ့စေဖို့ ကူညီပေးပါတယ်။
အမျိုးသမီးအများစုက အသားနည်းနည်းပဲ စားကြပါတယ်။
တစ်နပ်ကို 30g စားဖို့ ပစ်မှတ်ထားပါ။ ့ ဆာလောင်မှုလွန်ကဲခြင်း (နဲ့ နောက်ကျောအဆီ) က ပြသနာတွေကိုရှင်းနိုင်လာမှာပါ။
ရ။ Toxic cardio တွေကို ဖြတ်ပါ။
နာရီပေါင်းများစွာ cardio လုပ်တာက adrenals ကို ဖိစီးစေပြီး cortisol ကို မြင့်တက်စေကာ ရလာဒ်ကို နောက်ပြန်ဆုတ်စေနိုင်ပါတယ်။အစားထိုးအနေနဲ့ တစ်ပတ်ကို ၃ ကြိမ် strength training လုပ်ပြီး နေ့စဉ် ဖြေးဖြေးလျှောက်ပါ။ ဒါက insulin ကို ဟန်ချက်ညီစေပြီး lean muscle တွေ တည်ဆောက်ဖို့ ကူညီပေးပါတယ်။
၈။ အသည်း (liver) ကို ပံ့ပိုးပါ။
သင့်အသည်းက ပိုလျှံနေတဲ့ estrogen ကို အဆိပ်ထုတ်ပေးပါတယ်။ ဒါက ဘရာစီယာကြိုးနားတစ်ဝိုက် အဆီစုတဲ့သူတွေအတွက် အဓိကကျပါတယ်။
Arugula, lemon water, နဲ့ cruciferous veggies လိုမျိုး ခါးတဲ့အစားအစာတွေကို ထည့်စားပါ။ ဒါက အဆီစုတဲ့ ဟော်မုန်းတွေကို သဘာဝအတိုင်း ဖယ်ရှားပေးဖို့ ခန္ဓာကိုယ်ကို ကူညီပေးပါလိမ့်မယ်။
၉။ Hydration (ရေဓာတ်ပြည့်ဝခြင်း) ဆိုတာ ရေချည်းပဲ မဟုတ်ပါဘူး။ဆာလောင်မှုလွန်ကဲခြင်းကို ထိန်းချုပ်ပြီး အဆီကျဖို့အတွက် ရေနဲ့ electrolytes တွေ လိုအပ်ပါတယ်။
မနက်ခင်းရေထဲကို Sea salt လေးနည်းနည်းနဲ့ သံပုရာရည်လေးထည့်ပြီး သောက်ကြည့်ပါ။ ဒါက ခန္ဓာကိုယ်ကို အဆီလောင်ကျွမ်းဖို့ ဘေးကင်းတယ်လို့ အချက်ပြပေးပါတယ်။

38 w - Translate

အရက်က သင့်ဘဝရဲ့ နံပါတ် ၁ ပြဿနာလား။
ကမ႓ာကျော် Coach တယောက်ဖြစ်တဲ့ Jay Ferruggia ရဲ့ အဆိုအရ၊ ပုံမှန် အရက်သောက်နေတုန်းပဲဆိုရင် ဒါက သင့်ရဲ့ #1 problem ပါတဲ့။ဘာလို့လဲဆိုတော့ အရက်က သင့်ရဲ့ health/fitness၊ business နဲ့ relationships တွေကို ဆိုးရွားစွာ ထိခိုက်စေလို့ပါ။
ဒီပြဿနာကို မရှင်းနိုင်သေးသရွေ့ တခြား ဘာမှ အရေးမကြီးဘူးလို့ သူက ဆိုထားပါတယ်။
သင်ရော ဘယ်လိုထင်လဲ။ ဒီအချက်ကို သဘောတူလား၊ မတူဘူးလား။ Comment မှာ ပြောပြခဲ့နော်! (အပြုသဘောဆောင်သော
မန့်တွေဖြစ်စေချင်ပါတယ်)

ကျွန်တော်သာ
ငှက်လေးတစ်ကောင်ဆို
ခင်များရှိတဲ့အရပ်ဆီပဲ
ခရီးနှင်ခဲ့မယ်

ဘာမှမစွမ်းလို့ပေါ့ အချစ်ရယ်
တစ်ခုခုသာစွမ်းခဲ့ရင်
ဘုရားတားလဲ
မင်းကိုပဲ အနားပြန်ခေါ်ထားတယ် ။     

အေးစက်သွားတဲ့ကော်ဖီတစ်ခွက်မှာ

ရှိထိုက်တာထက် ခါးသီးမှုတို့ကကြီးစိုးလာတယ်

‌ပြေးလွင့်သွားတဲ့ တိမ်တွေနောက်မှာတော့

စူးရှလွန်းတဲ့ နေရောင်က
ကိုယ်ချင်းမစာ အလင်းထိုးနေရဲ့

ရာသီအထပ်ထပ် ကူးပြောင်းခဲ့ပေမဲ့

မကူးပြောင်းနိုင်ရက်တာတော့

တစ်ယောက်သောသူအပေါ်အမြစ်တွယ်ခဲ့တဲ့ မြတ်နိုးယုယမှုတွေပေါ့

သူမရဲ့အပြုံးတွေအောက်က
နောက်ကျောကိုထိုးမယ့်ဓါးတွေ
အသင့်ရှိနေတော့လည်း
ကျွန်တော့်နောက်ကျောကိုပဲ ခံနိုင်အောင်
လေ့ကျင့်ပေးထားရတော့မှာပေါ့လေ။

- ဟေဇယ်

နေကြာပန်းတွေရဲ့ အဓိပ္ပါယ်က
"မင်းကိုပျော်ရွင်စေချင်တယ်..''တဲ့

အများကြီးမဟုတ်တောင်မှ
ကိုယ်တက်နိုင်သလောက်
မင်းကိုပျော်ရွှင်စေချင်တယ် 💛🌻💨

ငါ့နေရာနဲ့ပဲငါတန်ပါတယ်
စက်ဘီးစီးနေကြတဲ့လူတွေထဲ
ငါလမ်းလျှောက်ပြိုင်ခဲ့တာပေါ့
ပြိုင်ပွဲမှားခဲ့တယ် ငါရှုံးတယ်။.     

ဘဝတကွေ့ ကြုံရ ဆုံရ
သံသရာတစ်ပတ် ပြည့်ပြန်တော့
ခွဲရ လွမ်းရ
အခိုက်အတန့်တွေဟာ
တထစ်ချ ပုံသေကမ္ဘာထဲရောက်နေသလို
ဒီလူကို ချစ်တယ်ပြောခဲ့ပြီး
နောက်လူကိုလည်း
ထပ်ပြီး ချစ်တယ် ပြော‌နေဦးမှာပဲ
ဘာထူးလို့လဲ ။

ကျနော့်မှာ အိပ်မက်လေး တစ်ခုရှိတယ်၊

တစ်နေ့ နယ်မြို့တောင်ပေါ်ရွာလေး

တစ်ရွာမှာ အခြေချမယ်၊

ခြံလေး တစ်ခြံပိုင်ဆိုင်ဖို့ ကြိုးစားမယ်။

ပြီးရင် အသီးအနှံလေးတွေ စိုက်မယ်၊

ကျနော်ချစ်ရတဲ့သူနဲ့ နေဝင်ချိန်ကို

အတူတူ ကြည့်မယ်၊ ကျနော်နေချင်တဲ့

အေးချမ်းတဲ့ ဘဝလေးဆိုတာ ဒါပါပဲ ။

#crd